၁၉၃၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နေ့ခင်းတွင် ငယ်ရွယ်သော မိုးလေဝသ ခန့်မှန်းသူ ပညာရှင် Charles Pierce က နယူးအင်္ဂလန်ဆီသို့ မြောက်ဘက်မှ အင်အားနှစ်ဆရှိ သည့် ဟာရီကိန်းမုန်တိုင်းဝင်လာမည့်ဟု အမေရိကန်နိုင်ငံ မိုးလေဝသဌာနအား သတိပေးလိုက်သည်။ သို့သော် မိုးလေဝသခန့်မှန်းသည့်ဌာနအကြီးအကဲမှုးသည် Charles Pierce ၏ခန့်မှန်းချက်ကို သရော်လိုက်သည်။ အပူပိုင်းမုန်တိုင်းသည် မြောက်စွန်းဘက်မှဘယ်သောအခါမှ မတိုက်ခတ်သောကြောင့်ဖြစ်သည်။
နှစ်နာရီအကြာတွင် ဟာရီကိန်းမုန်တိုင်းကြီးဝင်ပြီး Long Island တွင် မြေပြိုခဲ့သည်။ ညနေ ၄ နာရီတွင် နယူးအင်္ဂလန်သို့ မုန်တိုင်းဝင်ရောက်ခဲ့ပြီး သင်္ဘောများ မြေပေါ်သို့မှောက်လှန်လျက်၊ အိမ်ခြေများလည်း အပိုင်းပိုင်းအစစ ဖြစ်ကုန်တော့ သည်။ လူပေါင်း ခြောက်ရာကျော် သေဆုံးခဲ့ကြသည်။ ခိုင်လုံသော အချက်အလက်နှင့် စေ့စပ်သောမြေပုံကိုအခြေခံပြီး သတိပေးခဲ့သော Pierce ၏ သတိပေးမှုကို ရခဲ့မည် ဆိုပါက ၎င်းတို့အသက်ရှင်ကောင်းရှင်ကြလိမ့်မည်။
မည်သူ့စကားကို နာခံလိုက်နာရမည်ကို နှုတ်ကပတ်တော်၌ ဖော်ပြထားသည်။ ယေရမိခေတ်အခါက ဘုရားရှင်သည် လွဲမှားသောပရောဖက်နှင့်ပတ်သက်ပြီး သတိပေး ခဲ့သည်။ “ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းအနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျှောက် ရူပါရုံကိုမြင်သည်အတိုင်း ဟောပြော တတ်ကြ၏” (ယေ ၂၃:၁၆)၊ “ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင် ငါ့စကားကို ငါ၏ လူမျိုးအား ဆင့်ဆို”(:၂၂)လိမ့်မည်ဟု ဘုရားရှင်မိန့်မြွက်သည်။
ကျွန်ုပ်တို့အထဲတွင် “လွဲမှားသောပရာဖက်များ” ရှိနေဆဲဖြစ်သည်။ ထိုဆရာကြီးများ က ဘုရားရှင်ကိုမျက်ကွယ်ပြုလျက် (သို့) ဘုရားစကားများကို သူတို့ ရည်ရွယ်ချက်အတိုင်း မုသာနှောအသွင်ပြောင်းကာ အကြံပေးနေသည်။ နှုတ်ကပတ်တော်နှင့် ဝိညာဉ်တော် အားဖြင့် ဘုရားရှင်သည် ကျွန်ုပ်တို့အား အမှန်တရားထဲ၌ပါနေသည့် အမှားများကို ပိုင်းခြား တတ်အောင် ဖွင့်ပြမည်ဖြစ်သည်။ ဘုရားရှင်၏နှုတ်ကပတ် အမှန်တရားကို ဆုတ်ကိုင်လျှင် ကျွန်ုပ်တို့ပြောသောစကားနှင့် အသက်တာများသည် သမ္မာတရားကို တဖြည်းဖြည်း တိုးလျက် တစ်ပါးသူတို့အား ထင်ဟပ်ပြလိမ့်မည် ဖြစ်သည်။