ကြီးမားသော ဝက်သစ်ချပင်တစ်ပင်ကို မီးဖိုချောင်စားပွဲပေါ်၌ထားနိုင်မည့် သေးငယ်သောအရွယ်အပင်အဖြစ် မြင်ယောင်ကြည့်ပါ။ ၎င်းသည် တော၌ တွေ့ရသည့်အပင်ကို အလှစိုက်အပင်ငယ်အဖြစ် တွေ့ရသည့် သက်ကြီးပင်ပု ဘွန်ဆိုင်းပင် (bonsai)ဖြစ်သည်။ ဘွန်ဆိုင်းပင်နှင့် ၎င်း၏မူရင်း အရွယ်အစားရှိသည့်အပင်တို့ကြားတွင် မျိုးရိုးဗီဇ ကွာခြားမှု မရှိပါ။ ရိုးရိုးလေးပါ။ အိုးအသေး၊ အကိုင်းချိုင်ခြင်းနှင့် ကြီးထွားမှုကို ကန့်သတ်သော အမြစ်ညှိခြင်းတို့ကြောင့် အပင်သည် သေးငယ်စွာ ကျန်ခဲ့သည်။

ဘွန်ဆိုင်းပင်များသည် လှပသော ဆွဲဆောင်မှုရှိသည့်အပင်များဖြစ်ပြီး ၎င်းအပင်က တစ်စုံတစ်ရာ၏ထိန်းချုပ်မှုတန်ခိုးကိုလည်း ဖော်ပြနေသည်။ အပင်များ၏ပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုကိုလိုက်ပြီး ၎င်းတို့၏ကြီးထွားမှုကို လိုသလို ချယ်လှယ်နိုင်သည်မှန်သော်လည်း စင်စစ် ဘုရားသခင်သည်သာ အပင်ကို ကြီးထွားစေသူဖြစ်သည်။

ပရောဖက်ယေဇကျေလအား “ငါထာဝရဘုရားသည် မြင့်သောအပင်ကို နှိမ့်၍ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း” (ယေ ၁၇:၂၄) ဘုရားသခင် မိန့်ကြားခဲ့သည်။ ဗာဗုလုန်လူမျိုးများ၏ ကျူးကျော်ဝင်ရောက်မှုကို ခွင့်ပြုခြင်းအားဖြင့် ဣသရေလပြည်ကို “အမြစ်မှနှုတ်ပစ်”မည့် အနာဂတ်အဖြစ်အပျက်ကို နမိတ်ပြခဲ့သည်။ သို့သော်လည်း အခက်အလက်အရိပ်၌ ငှက်မျိုးအပေါင်းတို့ နားခိုပြီး အသီးသီးမည့်အပင်ကို အနာဂတ်ဣသရေလပြည်တွင် ဘုရားသခင် အသစ်တစ်ဖန် စိုက်မည်ဖြစ်သည် (:၂၃)။ ဖြစ်ပျက်လာမည့်အရာများက မည်မျှပင် ထိန်းချုပ်၍မရဟု ထင်ရသော်လည်း သူတာဝန်ယူဆဲဖြစ်ကြောင်း ဘုရားရှင် မိန့်တော်မူသည်။

မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့်၊ ကြိုးကိုင်ချယ်လှယ်လွှမ်းမိုးမှုဖြင့် အခြေအနေများကို ထိန်းချုပ်ရန် လောကကြီးက ပြောနေသည်။ သို့သော် အပင်များကို ကြီးထွားစေနိုင်သည့် တစ်ဦးတည်းသောသူ ဘုရားရှင်ထံသို့ ထိန်းချုပ်မှုကို ပေးအပ်ခြင်းဖြင့်သာ စစ်မှန်သော ငြိမ်သက်ခြင်းနှင့်ရှင်သန်ခြင်းကို ရှာတွေ့မည်ဖြစ်သည်။