​(၁၆)နှစ်အရွယ် ဘရာဇီး စကိတ်ဘုတ်ကစားသမား Felipe Gustavo (ဖိလစ် ဂူစတာဗို)သည် “ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး စကိတ်ဘုတ်ကစားသမားများ အနက် တစ်ယောက်ဖြစ်လာမည်” ဟု မည်သူမျှ ယုံမည် မဟုတ်ပါ။ ဂူစတာဗို၏ဖခင်က သူ့သား၏ ကျွမ်းကျင်စွာစကိတ်စီးနိုင်ခြင်း အိပ်မက်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ယုံကြည်သော်လည်း သူတို့ ငွေကြေးမတတ်နိုင်ပါ။ ထို့ကြောင့် သူ၏ဖခင်က သူတို့၏ကားကိုရောင်းပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရေဒါပြည်နယ်၏ နာမည်ကြီး Tampa Am စကိတ်စီး ပြိုင်ပွဲသို့ သားကို ခေါ်ဆောင်ခဲ့သည်။ ဂူစတာဗို အနိုင်မရရှိမီအထိ မည်သူမျှ သူ့ကို မသိပါ။ သို့နှင့် ထိုအောင်မြင်မှုသည် သူ့အား အံ့ဩဖွယ်ကောင်းသော အသက်မွေးမှုလမ်းကြောင်းသို့ ပို့ဆောင်ပေးခဲ့သည်။

ဂူစတာဗို၏ဖခင်သည် သူ့သား၏ဝါသနာနှင့် စိတ်ထက်သန်မှုကို မြင်နိုင်စွမ်းရှိခဲ့သည်။ ဂူစတာဗိုက “တစ်နေ့ ကျွန်တော်ဖခင်တစ်ဦးဖြစ်လာတဲ့အခါ အဖေ့ရဲ့ (၅) ရာခိုင်နှုန်းလောက်ပဲ ကျွန်တော်ဖြစ်ချင်တယ်” ဟုပြောခဲ့သည်။

သုတ္တံကျမ်းတွင် သူမတူသောနည်းလမ်းဖြင့် ဘုရားရှင်ဖန်ဆင်းထားသော သားသမီးတို့၏နှလုံးသား၊ ကိုယ်ရည်ကိုယ်သွေးနှင့် အစွမ်းအစများကို သူတို့ပိုင်းခြားသိမြင်အောင် ကူညီပေးရန် မိဘများအား အခွင့်အရေးပေးထားပြီး၊ အလိုတော်အတိုင်း သူတို့အားဖြစ်တည်စေသည့် ဘုရားသခင်၏ဘုန်းထင်ရှားစေရေး သူတို့ကိုတည့်မတ်လမ်းညွှန်လျက် အားပေးမစရန် ဖော်ပြထားသည်။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသော အခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်”ဟု သုတ္တံဆရာက ဆိုသည် (၂၂:၆)။

ကြီးမားသော အရင်းအမြစ်များ သို့မဟုတ် လေးနက်သော အသိပညာကို ကျွန်ုပ်တို့ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်မည်။ သို့သော် ဘုရားသခင်၏ဉာဏ်ပညာ (:၁၇-၂၁)နှင့် ကျွန်ုပ်တို့၏ဂရုပြုစောင်မသောမေတ္တာအားဖြင့် ကျွန်ုပ်တို့လွှမ်းမိုးနိုင်သောနယ်ပယ်အတွင်း ကျွန်ုပ်တို့၏သားသမီးများနှင့် အခြားကလေးသူငယ် တို့အား ဘုရားသခင်ကိုယုံကြည်ရန်နှင့် ဘဝတစ်လျှောက်လုံး သူတို့လိုက်လျှောက်နိုင်မည့်လမ်းကို ပိုင်းခြားသိအောင် သူတို့အား ကူညီပေးခြင်းဟူသည့် (၃:၅-၆) လက်ဆောင်ကြီးကြီး ပေးနိုင်ပါသည်။