‘အမှန်တိုင်းအကုန်ပြောပါ၊ ဒါပေမယ့် စောင်းငဲ့ပြီးပြောပါ’ ဟုကဗျာစာဆို Emily Dickinson (အမ်မလီ ဒစ်ကင်စင်)က ရေးသားခဲ့သည်။ အကြောင်းမှာ ဘုရားသခင်၏ အမှန်တရားနှင့်ဘုန်းအသရေသည် အားနည်းသောလူသားအတွက် ချက်ချင်း နားလည်ရန် (သို့) လက်ခံနိုင်ရန် ‘အလွန်တောက်ပလွန်းသည်’ ဟု အကြံ ပြုထားသည်။ ကျွန်ုပ်တို့လက်ခံနိုင်ရန်နှင့် ဘုရားသခင်၏ကျေးဇူးတော်နှင့် အမှန်တရားကိုဝေငှရန် အကောင်းဆုံးမှာ ကြင်နာစွာစောင်းငဲ့ပြီး သွယ်ဝိုက်သောနည်းလမ်းများဖြစ်သည်။ “အမှန်တရားသည် ဖြည်းဖြည်းချင်း စူးရှတောက်ပရမည်၊ သို့မဟုတ် လူတိုင်းမျက်စိကန်းသွားမည်ဖြစ်သည်။”

အလားတူအဆိုကို ဧဖက်ဩဝါဒစာ ၄ တွင် တမန်တော်ရှင်ပေါလုက ယုံကြည်သူများအား “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံပြီး မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက် သည်းခံ”ရန် (:၂) အကြံပြုခဲ့သည်။ ယုံကြည်သူများ၏နူးညံ့သိမ်မွေ့မှုနှင့် အချင်းချင်းကို ကျေးဇူးပြုခြင်း၏ အခြေခံအုတ်မြစ်သည် ကျွန်ုပ်တို့အပေါ်ထားသည့် သခင်ယေရူ၏ကျေးဇူးတော်နည်းလမ်း ပင်ဖြစ်ကြောင်း ရှင်ပေါလုရှင်းပြခဲ့သည်။ သခင်၏လူ့ဇာတိခံယူခြင်း (:၉-၁၀)တွင် လူသားများ သူ့ကို ယုံကြည်လက်ခံလာရေး သခင်ယေရှုသည် ဆိတ်ငြိမ်သိမ်မွေ့သောနည်းလမ်းများဖြင့် သူ့ကိုယ်သူ ထုတ်ဖော်ပြသခဲ့သည်။

ထို့ပြင် သူ့လူများဆက်လက်ကြီးထွားရင့်ကျက်ရန် ဆုကျေးဇူးများ ပေးသနားပြီး အားပေးမစလျက်၊ နူးညံ့သိမ်မွေ့ပြီး နှစ်သက်ဖွယ်နည်းလမ်းများဖြင့် သူ့ကိုယ်သူ ဆက်လက်ထင်ရှားပြသသည်။ သို့မှသာ “ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြ”မည်ဖြစ်သည် (:၁၃)။ ကျွန်ုပ်တို့ ရင့်ကျက်လာသည်နှင့်အမျှ လေတိုက်၍ ဖရိုဖရဲ လွင့်သွားသော သူငယ်မဖြစ်ဘဲ (:၁၄)၊ ယေရူ၏နူးညံ့သိမ်မွေ့သော ချစ်ခြင်းစံနမူနာကို လိုက်လျှောက်ရန် ယုံကြည်စိတ်ချမှု ပိုရှိလာမည်ဖြစ်သည် (:၁၅-၁၆)။