သခင်ယေရှုကို အစေခံခြင်းကြောင့် ဒရူး ထောင် (၂) နှစ် ကျခဲ့သည်။ သာသနာပြု များ အကျဥ်းချခံရစဥ် အမြဲဝမ်းမြောက်ကြောင်းကို သူဖတ်ဖူးသည်။ သို့သော် သူကထို့ကဲ့သို့ မခံစားရကြောင်း၊ သူ့အတွက် ဒုက္ခခံမည့်သူကို ဘုရားသခင် လူရွေးမှားပြီဟု သူက သူ့မိန်းမအား ဆိုသည်။ သူ့မိန်းမက “မဟုတ်ဘူး။ ဘုရားသခင် လူရွေးတာမှန်တယ်လို့ ထင်တယ်။ ဒါမတော်တဆ မဟုတ်ဘူး” ဟုဆိုသည်။
ယုဒပြည်အား သူတို့၏ဒုစရိုက်မှုများအတွက် ဘုရားသခင်အပြစ်ပေးမည်ဟုသတိပေးလျက် ဘုရားသခင်အား သစ္စာရှိစွာအစေခံခဲ့သော ပရောဖက်ယေရမိကို ဒရူးစာနာနိုင်ပေလိမ့်မည်။ ဘုရားသခင်ပြင်ဆင်သောဘေးဒဏ် မကျရောက်သေးချိန်တွင် ယုဒပြည်ခေါင်းဆောင်တို့သည် ယေရမိအား ရိုက်နှက်ပြီး ထိပ်တုံးခတ်ထား သည်။ ယေရမိက “ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်(လှည့်ဖြား)တော်မူသည်” ( :၇) ဟု ဘုရားသခင်အား အပြစ်တင်ခဲ့သည်။ ဘုရားသခင်သည် သူမိန့်မှာသည့်အတိုင်း မလုပ်ဟု ယေရမိမှတ်ယူခဲ့သည်။ “ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဥ်ပြက်ပြယ်ခြင်းကို ခံစရာအကြောင်း ဖြစ်ပါ၏” (: ၈)။ “ငါဖွားသောနေ့ရက်သည် အမင်္ဂလာရှိပါစေသော။” “ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို ခံရမည်အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကို လွန်စေရမည်အကြောင်း အဘယ့်ကြောင့် ဖွားမြင်ရပါသနည်း” (: ၁၄၊ ၁၈)ဟု သူဆိုခဲ့သည်။
နောက်ဆုံးတွင် ဒရူး လွတ်မြောက်လာခဲ့သည်။ သို့သော် သူသည် ပရောဖက်ယေရမိကဲ့သို့ အားနည်းသူဖြစ်ခြင်းကြောင့် သူ့ဒုက္ခမှတစ်ဆင့် ဘုရားသခင်က သူ့အား တမင်ရွေးချယ်ခြင်း ဖြစ်နိုင်ကြောင်း သူနားလည်စပြုလာသည်။ သူနှင့် ယေရမိကသာ ပင်ကိုအားဖြင့် သန်မာပါက သူတို့၏အောင်မြင်မှုအတွက် သူတို့ ချီးကျူးခံရပေလိမ့်မည်။ သို့သော် သူတို့သည် ပင်ကိုအားနည်းသဖြင့် သူတို့၏ ကြံ့ကြံ့ခံနိုင်မှုသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစရာသာ ဖြစ်လိမ့်မည် (၁ ကော ၁:၂၆-၃၁)။ သူ၏အားနည်း ခြင်းကြောင့် သူသည် ယေရှုခရစ်တော် အသုံးပြုရန် အသင့်တော်ဆုံးသူ ဖြစ်လာပါသည်။