တစ်ဦးတည်း ရုန်းကန်လှုပ်ရှားနေရသောမိခင် မာရီးသည် ဘုရားကျောင်းတက်ခြင်းနှင့် ကျမ်းစာလေ့လာခြင်း၌ ပျက်ကွက်ခဲသည်။ အပတ်စဉ် သားသမီး ငါးယောက်နှင့်အတူ ဘတ်စ်ကားစီးလာပြီး ပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးတွင် ကူလုပ်ပေးသည်။
တစ်ခုသောတနင်္ဂနွေနေ့၌ သင်းအုပ်ဆရာက အသင်းတော်မှအသင်းသားအချို့တို့ သူတို့မိသားစုအတွက် လက်ဆောင်များ လှူဒါန်းထားကြောင်း မာရီးအားပြောပြသည်။ ဇနီးမောင်နှံနှစ်ဦးက သက်သာသောဈေးနှုန်းဖြင့် သူတို့မိသားစုကို အိမ်ငှားသည်။ အခြားဇနီးမောင်နှံက သူတို့၏ကော်ဖီဆိုင်၌ သူမကို ခံစားခွင့်များနှင့် အလုပ်ခန့်သည်။ လူငယ်တစ်ဦးက သူပြန်လည်မွမ်းမံထားသော ကားအဟောင်းကို ပေးသည့်အပြင် သူ၏စက်ပြင်ဆရာအဖြစ် လုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့သည်။ ဘုရားရှင်နှင့်အချင်းချင်းကို ကူညီရိုင်းပင်းအစေခံသော ဤအသိုင်းအဝိုင်း၌ ပျော်ရွှင်စွာနေထိုင်ရ၍ မာရီးသည် ဘုရားသခင်အား အလွန်ကျေးဇူးတင်မိသည်။
မာရီး၏အသင်းတော်မိသားစုကဲ့သို့ ကျွန်ုပ်တို့ရက်ရောစွာ ပေးကမ်းနိုင်ချင်မှပေးကမ်းနိုင်မည်ဖြစ်သော်လည်း ဘုရားသားသမီးများအချင်းချင်း မစရန် ဘုရားရှင် အကြံအစည်ရှိပါသည်။ ယုံကြည်သူများအား “တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း”၊ “အပေါင်းအသင်းဖွဲ့ခြင်း” တို့၌ “စိတ်နှစ်မြှုပ်”ထားကြသူများဟု ခရစ်ဝင် ကျမ်းရေးသူ ရှင်လုကာက ဖော်ပြခဲ့သည် (တ ၂:၄၂)။ ကျွန်ုပ်တို့၏အရင်းအမြစ်များကို စုပေါင်းလိုက်သောအခါ ကနဦးယုံကြည်သူများနည်းတူ လိုအပ်သူများကို စုပေါင်းအားနှင့်ကူညီနိုင်မည် (:၄၄-၄၅)။ ဘုရားရှင်နှင့်၊ အချင်းချင်းနှင့် အကျွမ်းဝင်ရင်းနှီးလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး ဂရုစိုက်လာနိုင်ပါမည်။ ဘုရားလူတို့မှတစ်ဆင့် ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို သက်သေပြခြင်းသည် အခြားသူများအား သခင်ယေရှု၏ကယ်တင်ခြင်းနှင့် ဆက်ဆံရေးသို့ လမ်းပြပေးနိုင်ပါသည် (:၄၆-၄၇)။
အပြုံးတစ်ပွင့် (သို့) ကြင်နာသောအပြုအမူဖြင့် အခြားသူကို ကျွန်ုပ်တို့အစေခံနိုင်ပါသည်။ ငွေကြေးအကူအညီ (သို့) ဆုတောင်းပေးရန် ကမ်းလှမ်းနိုင်သည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အတွင်း၌၊ ကျွန်ုပ်တို့အားဖြင့် လုပ်ဆောင်ေနေခြင်းကြောင့် ရိုးရှင်းစွာပင် ကျွန်ုပ်တို့၏ပေါင်းစည်းခြင်းက ပို၍ကောင်းပေ၏။