‘Rest’ (အနားယူပါ) ကဗျာတွင် “အမှန်ပင်ပန်းစွာလုပ်ကိုင်သူအတွက် အမှန်အနားယူချမ်းသာရာ မရှိသလော” ဟုမေးကာ “အားလပ်ချိန်”နှင့် “အလုပ်”ကို ခွဲခြား တတ်သည့်သဘောကို ကဗျာဆရာက အသာအယာ သတိပေးစိန်ခေါ်ထားသည်။ စစ်မှန်သည့်အနားယူမှုကို ခံစားချင်ပါက ဘဝ၏တာဝန်ဝတ္တရားများကို ရှောင်တိမ်းရန် ကြိုးစားမည့်အစား “အကောင်းဆုံးလုပ်ပါ၊ အသုံးချပါ၊ အချည်းနှီးမဖြစ်ပါစေနှင့်၊ သို့မဟုတ်ပါက အနားမရနိုင်။ သင့်အနီးဝန်းကျင်မှ အလှတရားကို ခံစားရပြီလား၊ ထမ်းဆောင်စရာတာဝန်ရှိမှသာ ထိုအလှကိုတွေ့ရမည်”ဟု စပ်ဆိုထားသည်။

မေတ္တာပြခြင်းနှင့် အစေခံခြင်းအားဖြင့် စစ်မှန်သော အနားယူခြင်းနှင့် ဝမ်းမြောက် ခြင်းကို ရှာဖွေတွေ့ရှိနိုင်သည်ဟု ကဗျာဆရာက နိဂုံးချုပ်ထားသည်။ ထိုသဘော တရားကို သက်သာလောနိတ်မြို့သားများထံသို့ ရှင်ပေါလု၏အားပေးစာတွင် တွေ့ရသည်။ တမန်တော်ကြီးက ယုံကြည်သူများ “အပြစ်တင်ခွင့်နှင့်ကင်းလွတ်”သော အသက်တာဖြင့် အသက်ရှင်ရေး တိုက်တွန်းအားပေးရန် (၁ သက် ၂:၁၀-၁၂) သူ့ကို ဘုရားရှင်စေစားကြောင်း ဖော်ပြပြီးနောက် ဆက်လက်၍ အသေးစိတ်ဖော်ပြခဲ့သည်။

ထိုကဲ့သို့သောဘဝကို ငြိမ်ဝပ်စွာဖြင့် သမာသမတ်ကျသော၊ မေတ္တာပြသော၊ အစေခံသောဘဝအဖြစ် ရှင်ပေါလုက ပုံဖော်ထားသည်။ သူက “သင်တို့သည် အချင်းချင်းကိုလည်းကောင်း၊ သူတစ်ပါးအပေါင်းတို့ကိုလည်းကောင်း ချစ်၍၊ ချစ်ခြင်း မေတ္တာနှင့်အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း” ဘုရားရှင်မစရန် ဆုတောင်း ခဲ့သည် (၃:၁၂)။ ထို့ပြင် သခင်ယေရှုကို ယုံကြည်သူတို့အား“ငြိမ်ဝပ်စွာနေ၍ ကိုယ်အမှုကိုဆောင်ရွက်လျက် ကိုယ်လက်နှင့်လုပ်ဆောင်”ရန် (၄:၁၂) တိုက်တွန်းထား သည်။ ထိုသို့ ဘုရားရှင်ကျွန်ုပ်တို့ကို တတ်စွမ်းနိုင်စေသည့်အတိုင်း ငြိမ်ဝပ်စွာ ချစ်ခြင်းမေတ္တာပြ၍ အစေခံသောဘဝမျိုးသည် ယုံကြည်ခြင်းဖြင့် အသက်ရှင်သည့် အသက်တာ၏ အလှတရားကို အခြားသူများအား ပြသပေသည် (:၁၀-၁၁)။

သို့မဟုတ်ပါကလည်း ကဗျာဆရာသီကုံးထားသည့်အတိုင်း မှန်သောဝမ်းမြောက်ခြင်းဆိုသည်မှာ “မေတ္တာပြ၍ အစေခံခြင်း၊ အမြတ်ဆုံးနှင့်အကောင်းဆုံး ပြုမူခြင်းဖြစ်ပြီး၊ ထိုသို့ မပြောင်းမလဲ ရှေ့သို့ချီခြင်းသည် မှန်သောနားနေ ချမ်းသာရာပင်ဖြစ်တော့သည်”။