၂၀၁၀ ခုနှစ်တွင် Laszlo Hanyecz (လက်ဇလို ဟန်ရက်ချ်)သည် (တစ်ပြား ၏တစ်စိတ်တစ်ပိုင်း တန်ဖိုးရှိသော ဒစ်ဂျစ်တယ်ငွေကြေး) bitcoin (ဘစ်ကွိုင်) ဖြင့် ပထမဆုံး စျေးဝယ်ခဲ့ပြီး (၂၅) ဒေါ်လာတန် ပီဇာနှစ်ခုအတွက် ဘစ်ကွိုင် ၁၀,၀၀၀ ပေးချေခဲ့သည်။ ၂၀၂၁ ခုနှစ်တွင်၊ တစ်နှစ်တာအတွင်း ၎င်း၏အမြင့်ဆုံးတန်ဖိုးဖြင့်၊ ထိုဘစ်ကွိုင်များသည် ဒေါ်လာ သန်း (၅၀၀) ကျော် တန်ဖိုးရှိမည်ဖြစ်သည်။ တန်ဖိုး တစ်ဟုန်ထိုးတက်မလာမီ သူသည် ပီဇာဖိုးကို အကြွေစေ့များဖြင့် ဆက်လက်ပေးချေခဲ့ပြီး ဘစ်ကွိုင် စုစုပေါင်း ၁၀၀,၀၀၀ သုံးခဲ့သည်။ အကယ်၍ အဆိုပါ ဘစ်ကွိုင်များကို သူသိမ်းဆည်းထားမည်ဆိုပါက ၎င်းတို့၏တန်ဖိုးသည် သူ့ကို ဘီလျံနာ (၆၈) ကြိမ်မက ဖြစ်လာစေပြီး၊ Forbes (ဖော့ဘ်စ်) ဝဘ်ဆိုဒ် ၏ “ကမ္ဘာ့အချမ်းသာဆုံးလူများ” စာရင်းတွင် သူပါဝင်လာမည်ဖြစ်သည်။ ဖြစ်လာမည့်အရာကို သူသိခဲ့မည် ဆိုလျှင်ပေါ့။

အမှန်ပင်၊ ဟန်ရက်ချ် မသိနိုင်ပါ။ မည်သူမျှလည်း မသိနိုင်ပါ။ အနာဂတ်ကို နားလည်ရန်၊ ထိန်းချုပ်ရန် ကျွန်ုပ်တို့ကြိုးစားသော်လည်း “ဖြစ်လတံ့သောအရာကို လူသည် မပြောနိုင်ရာ”(၁၀:၁၄) ဟု ဒေသနာကျမ်းတွင် အမှန် အကန်ဖော်ပြထားသည်။ အချို့က မိမိပြုသည်ထက် မိမိပို၍သိသည်ဟု ထင်မြင်ခြင်းဖြင့် မိမိကိုယ်မိမိ လှည့်စားကြသည်။ ပိုဆိုးသည်မှာ အခြားသူတစ်ဦး၏ဘဝ (သို့) အနာဂတ်နှင့်ပတ်သက်၍သိသည့် အထူးထိုးထွင်းဥာဏ် ပိုင်ဆိုင်သည်ဟု ထင်မြင်ခြင်းဖြင့် မိမိကိုယ်မိမိ လှည့်စားကြသည်။ သို့သော် ဒေသနာဆရာက “လူနောက်၌ အဘယ်သို့ဖြစ်လတံ့သည်ကို အဘယ်သူပြောနိုင်သနည်း” ဟုထောက်ပြ၍ မေးထားသည် (:၁၄)။ မည်သူမျှ မသိပါ။

သမ္မာကျမ်းစာမှ ပညာရှိနှင့် မိုက်မဲသူကို ခွဲခြားဖော်ပြပြီး၊ ၎င်းတို့နှစ်ဦးကြားရှိ ခြားနားချက်များစွာအနက် တစ်ခုမှာ အနာဂတ်နှင့်ပတ်သက်၍ နှိမ့်ချမှုရှိခြင်း/မရှိခြင်း ဖြစ်သည် (သု ၂၇:၁)။ ပညာရှိသူက ဆုံးဖြတ်ချက်များချရာတွင် ဘုရားသခင်တစ်ပါးတည်းသာ ရလဒ်ကို အမှန်တကယ်သိကြောင်း လက်ခံသည်။ မိုက်သောသူတို့မူကား၊ ထိုအသိကို မိမိပိုင်ဆိုင်သည့်အစွမ်းအစဟု မှတ်ယူတတ်သည်။ ကျွန်ုပ်တို့၏အနာဂတ်ကို အမှန်တကယ်သိတော်မူသောအရှင်ကို ယုံကြည်ကိုးစား၍ ပညာရှိသူများဖြစ်ကြပါစေ။