အလုပ်များလှသော ခရစ္စမတ်မတိုင်မီနေ့တစ်နေ့တွင် အဘွားအိုတစ်ဦးသည် ကျွန်ုပ်တို့ ရပ်ကွက်ရှိ လူစည်ကားသောစာတိုက်၏ စာတိုက်ကောင်တာသို့ ချဉ်းကပ်လာသည်။ သူမ၏နှေးကွေးသောပုံသဏ္ဌာန်ကို ကြည့်ပြီး စိတ်ရှည်သောစာတိုက်စာရေးက သူမကို “မင်္ဂလာပါ မိန်းမပျိုလေး” ဟု နှုတ်ဆက်သည်။ သူ၏စကား များသည် ဖော်ရွေသော်လည်း “ပိုငယ်တဲ့မိန်းမပျိုလို့ပြောတာက ပိုကောင်းတာပေါ့” ဟုဆိုလို၍ပြောလိုက်ခြင်းကို လူတစ်ချို့က ကြားနိုင်သည်။

ရင့်ကျက်ကြီးရင့်သောအရွယ်သည် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို တွန်းအား ပေးနိုင်ကြောင်း သိမြင်ရန် သမ္မာကျမ်းစာက ခွန်အားပေးထားသည်။ မွေးကင်းစသူငယ်တော်ယေရှုကို သန့်ရှင်းစေလျက် ဘုရားသခင်ထံဆက်ကပ်ရန် ယောသပ်နှင့်မာရိတို့က ဗိမာန်တော်သို့ခေါ်ဆောင်လာသည်တွင် (လု ၂:၂၃၊ ထွက် ၁၃:၂၊ ၁၂) အသက်ကြီး ယုံကြည်သူနှစ်ဦးသည် ရုတ်တရက် အဓိကနေရာကို ယူလိုက်သည်။

ရှေ့ဦးစွာ၊ မေရှိယကိုတွေ့ရန် နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူ ရှုမောင်က —“ယေရှုကို လက်နှင့်ချီပိုက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင် ပေးတော်မူ၏။ … လူအမျိုးမျိုးတို့ ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏” (လု ၂:၂၈-၃၀)။

ရှုမောင်သည် မာရိနှင့်ယောသပ်တို့နှင့် စကားပြောနေစဉ်တွင် “အသက်ကြီးရင့်”သော ပရောဖက်မ အန္န ရောက်လာသည် (:၃၆)။ အိမ်ထောင်သက် (၇) နှစ်သာ ရှိခဲ့သော မုဆိုးမတစ်ဦးသည် အသက် (၈၄) နှစ်အရွယ်အထိ ဗိမာန်တော်၌နေပြီး “ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့်မခွာဘဲ” နေခဲ့သည် (:၃၇)။ သခင်ယေရှုကို မြင်သောအခါတွင် သူမသည် “ယေရုရှလင်မြို့၌ ရွေးနှုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကို ပြောလေ၏” (:၃၈)။

မည်သည့် အသက်အရွယ်ဖြစ်ပါစေ ကြီးစွာသောမျှော်လင့်ချက်ဖြင့် ဘုရားရှင်အားစောင့်စားမှုကို ဘယ်သောအခါမျှ မရပ်တန့်ရန် မျှော်လင့်ချက်အပြည့်နှင့် ဤငယ်သားကောင်းနှစ်ဦးက ကျွန်ုပ်တို့ကို သတိပေးနေသည်။