William Shatner (ဝီလျံရှက်တ်နာ)သည် Star Trek ရုပ်သံဇာတ်လမ်းတွဲ၌ ကက်ပတိန်ကာ့ခ်နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း လက်တွေ့သွားရောက်ရမည့် အာကာသခရီးစဥ်အတွက် သူကြိုတင်ပြင်ဆင်မှု မရှိခဲ့ပေ။ ကမ္ဘာ့ဂြိုဟ်ပတ်လမ်း တစ်စိတ်တစ်ပိုင်းသို့ (၁၁) မိနစ်ကြာပျံသန်းခဲ့သည့် ခရီးစဥ်အား “တကယ်ဖြစ်လာတဲ့ ကြီးကျယ်အခမ်းနားဆုံး အတွေ့အကြုံဖြစ်တယ်”ဟု သူဆိုသည်။ “အာကာသဒုံးပျံထဲက ထွက်လိုက်တော့ အပြာရောင်က ကိုယ့်ဘေးကနေ ဖြတ်သန်းသွားပြီး ကိုယ်က အမှောင်ထုထဲကို ငေးစိုက်ကြည့်နေရတယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ။ အောက်ကိုကြည့်ရင် အပြာရောင်ကိုတွေ့ရပြီး အပေါ်ကို ပြန်ကြည့်တော့ အမည်းရောင်ကို တွေ့ရတယ်။ လှပတဲ့အရောင်ရဲ့ပါးလွှာမှုထဲ တခဏလေးအတွင်းမှာ ကိုယ်ဖြတ်သွားနေရတယ်” ဟု သူ အံ့သြမိန်းမောခဲ့ရကြောင်းပြောသည်။

ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် ဥဿုံအမှောင်ထုက ဝန်းရံထားသည့် အပြာရောင် အစက်တစ်စက်ဖြစ်အနေနှင့် လှုပ်ရှားနေသည်။ အပြာရောင် ကောင်းကင်မှ အမှောင်ထုထဲသို့ ပျံသန်းသွားရခြင်းသည် သေခြင်းတရားဆီသို့ ပျံသန်းသွားရသလိုပင်ဟု ရှက်တ်နာက ဆိုသည်။ “ချက်ခြင်းဆိုသလို ဖြတ်သန်းနေရတာကို ‘ဟာ ဒါဟာ သေခြင်းတရားပဲ’ ဆိုပြီး ကျွန်တော်မြင်မိတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ ဒီအတွေ့အကြုံက ကျွန်တော့်အတွက် မယုံနိုင်လောက်အောင်ပါပဲ”ဟု သူက ဆိုသည်။

ရှက်တ်နာ၏ မိန်းမောအံ့သြဖွယ် အာကသခရီးစဥ်က ဘဝအသက်တာကို အခြားတစ်နည်းဖြင့် ရှုမြင်စေသည်။ ကျွန်ုပ်တို့သည် စကြဝဠာကြီးထဲ၌ သေးငယ် သောအရာမျှသာ ဖြစ်သော်လည်း အလင်းကို ဖန်ဆင်းကာ အလင်းနှင့်အမှောင်ကိုခွဲခြားခဲ့သူ ဖန်ဆင်းရှင်၏ချစ်မြတ်နိုးမှုကို ခံကြရသည် (က ၁:၃-၄)။ ကျွန်ုပ်တို့၏အဘ ဘုရားသခင်သည် မှောင်မိုက်နေရာကို သိသကဲ့သို့ ထိုနေရာသို့ သွားသည့်လမ်းကိုလည်းသိသည် (ယောဘ ၃၈:၁၉-၂၀)။ ကိုယ်တော်သည် “နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်” မြေကြီးအမြစ်ကိုတည်ခဲ့သူ ဖြစ်သည် (:၄-၇)။

စကြဝဠာတစ်ခုလုံးကို သူ၏လက်တော်၌ ထိန်းချုပ်ထားသည့် ဘုရားသခင်ထံ ကျွန်ုပ်တို့၏သေးငယ်သော ဘဝအသက်များကို ယုံကြည်ခြင်းဖြင့် အပ်နှံကြပါစို့။