ကျွန်မ၏သူငယ်ချင်း Ira (အီရာ)သည် ၂ဝ၂၂ ခုနှစ်တွင် ရန်သူဝိုင်းထားခြင်းခံရသည့် ယူကရိန်းနိုင်ငံ၏မြို့တော် Kyiv (ကိဗ်)၌ရှိသော သူမ၏အိမ်မှ ထွက်ခွာခဲ့ပြီး ရက်ပိုင်းအတွင်းတွင် အပြေးပြိုင်ပွဲတစ်ခုပြီးဆုံးပြီးနောက် သူမ၏နိုင်ငံတော်အလံကို ကိုင်မြှောက်ထားသည့် ယခင်က ဓာတ်ပုံတစ်ပုံကို အင်တာနက်၌ တင်ခဲ့ပြီး “ကျွန်မတို့ဟာ ဘဝဆိုတဲ့ မာရသွန်ပြေးပွဲကို ကိုယ့်အစွမ်းအစရှိသမျှ အကောင်းဆုံးအားထုတ်ပြီး ပြေးနေကြတဲ့သူတွေဖြစ်တယ်။ ခုအချိန်မှာ ပိုပြီးကောင်းအောင် အားစိုက်ထုတ်ပြီး ပြေးကြရမှာဖြစ်တယ်။ ကျွန်မတို့နှလုံးသားထဲမှာ ဘယ်တော့မှ မသေဆုံးသွားမဲ့ တစ်စုံတစ်ရာအားဖြင့်ပေါ့” ဟု ရေးသားခဲ့သည်။ ၎င်းကို ဖတ်မိပြီးနောက် ကျွန်မ မျက်ရည်မကျဘဲ မနေနိုင်တော့ပါ။ သူမသည် သူမ၏တိုင်းပြည်ရှိ ဒုက္ခဝေဒနာခံစားနေကြရသူများအတွက် မည်သို့ဆုတောင်းပေးရန်၊ မည်သို့ပံ့ပိုးကူညီနိုင်သည်ကို ကျွန်မတို့အား ဆက်လက် အသိပေးဝေမျှခြင်းအားဖြင့် ကျွန်မ၏သူငယ်ချင်းသည် ထိုပြေးပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြေးနေကြောင်း ကျွန်မတွေ့ရှိခဲ့ရသည်။
အီရာ၏စကားလုံးများက ဟေဗြဲသြဝါဒစာ ၁၂ မှ “အားမလျော့ဘဲပြေး”ရန် ယုံကြည်သူတို့အား တိုက်တွန်းထားချက်ကို ပိုမိုလေးနက်စေပါသည် (:၁)။ အခန်းကြီး ၁၁ ၌ပါရှိသော မိမိတို့၏အသက်အန္တရာယ်ကိုပင် မမှုဘဲ ရဲရင့်လျက် (၁၁:၃၃-၃၈) မြဲမြံတည်ကြည်သော ယုံကြည်ခြင်းဖြင့် အသက်ရှင်ခဲ့ကြသည့် “များစွာသော သက်သေအပေါင်းတို့” ဖြစ်သည့် (၁၂:၁) စိတ်လှုပ်ရှားဖွယ်ယုံကြည်ခြင်းသူရဲကောင်းတို့၏အကြောင်း ဖော်ပြချက်နောက်တွင် ထိုတိုက်တွန်းချက်က လိုက်ပါလာသည်။ ထိုသူတို့သည် “(ဘုရားသခင်၏ကတိတော်များကို) အဝေးကမျှော်မြင်လျက်၊ စိတ် နှလုံးနှင့်ဖက်ယမ်း” ခဲ့ကြသော်လည်း (၁၁:၁၃) သူတို့သည် ထာဝရတည်သော ဘယ်တော့မှ မသေဆုံးသည့် တစ်စုံတစ်ရာအတွက် အသက်ရှင်ခဲ့ကြသည်။
သခင်ယေရှု၌ယုံကြည်သူအားလုံးသည် ထိုကဲ့သို့အသက်ရှင်ရန် ခေါ်တော်မူခြင်းခံရသည်။ အကြောင်းမှာ ဘုရားသခင့်နိုင်ငံတော်၏ ကြီးပွားတိုးတက်ခြင်းနှင့် ‘shalom’ (ငြိမ်သက်ခြင်း) အတွက် ကျွန်မတို့အားလုံး၌ ရှိသမျှကို ပေးအပ်ရန် ထိုက်တန်ပါသည်။ ကျွန်မတို့အား ထိန်းသိမ်းတည်စေသည့်အရာမှာ ခရစ်တော်၏ ပုံသက်သေနှင့်တန်ခိုးပင် ဖြစ်သည် (၁၂:၂-၃)။
ရဲရင့်သောယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်ကဲ့သို့သော
ပုံသက်သေများကို သင်တွေ့မြင်ခဲ့ဘူးသနည်း။
သခင်ယေရှု၏ပုံသက်သေက သင့်အား
မည်ကဲ့သို့ မျှော်လင့်ချက်ပေးနိုင်သနည်း။
ချစ်လှစွာသော ဘုရားသခင်၊ နှလုံးကြေကွဲဖွယ်အခြေအနေများ၌ ကိုယ်တော်၏လူတို့၏ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းကို ကျွန်ုပ်မြင်တွေ့ရသည့်အခါ ပြောစရာစကားလုံးမရှိတော့ပါ။ ကိုယ်တော့်နောက်တော်သို့ ထိုကဲ့သို့ လိုက်လျှောက်နိုင်ရန် ရဲရင့်ခြင်းခွန်အားကို ပေးသနားတော်မူပါ။
ဟေဗြဲဩဝါဒစာ ၁၂:၁ ရှိ “များစွာသောသက်သေအပေါင်း”၏ အခန်းကဏ္ဍမှာ အဘယ်နည်း။ ဘုရားသခင် ကျွန်ုပ်တို့ကို ခေါ်ယူစေစားသောပြေးပွဲတွင် သစ္စာရှိစွာပြေးနိုင်ရေး ၎င်းတို့သည် ကျွန်ုပ်တို့စံထားရမည့် ပုံသက်သေကောင်းများအဖြစ် ကျွန်ုပ်တို့အား အထောက်အကူပြုသည့်အရာများဟု ကျွန်ုပ်တို့ ထင်မြင်ယူဆနိုင်သည်။ သို့သော်လည်း သူတို့၏ ဇာတ်လမ်းအဖြစ်အပျက်များသည် သခင်ယေရှုကို ယုံကြည်သူဂျူးလူမျိုးများ၏ အပြေးပြိုင်ပွဲ၌ သူတို့၏တည်ရှိမှုနှင့် ဆက်စက်လျက်ရှိပုံတို့ကို ပြောပြီးနောက် (တစ်ဆင့်တက်၍ ကျွန်ုပ်တို့နှင့်လည်း ဆက်စပ်လျက်ရှိသည်။
အခန်းကြီး ၁၁ ကို ရှု)၊ ကျွန်ုပ်တို့သည် သခင်ယေရှုကို စေ့စေ့ထောက်ရှုကာ ကျွန်ုပ်တို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှာ အားမလျှော့ပဲ ပြေးကြရန်ဖြစ်သည်
(၁၂:၁-၂)။ ထို့အပြင် ကျွန်ုပ်တို့ရှေ့တွင်ရှိသော ပြေးပြိုင်ပွဲကြောင့် ကျွန်ုပ်တို့ ပင်ပန်းနွမ်းနယ်ကာ အားလျှော့စိတ်ပျက်ကြသောအခါ ကျွန်ုပ်တို့၏သခင်ကို ထောက်ရှုဆင်ခြင်ရမည် ဖြစ်သည်
(:၃)။ ကျွန်ုပ်တို့အရင် လွန်သွားလျက် ယုံကြည်ခြင်းကို စံနမူနာပြခဲ့သူများက ကျွန်ုပ်တို့အား စိတ်ဓာတ်ခွန်အားပေးသည် မဟုတ်ပါ။ ရဲရင့်မှုနှင့်ခွန်အားအတွက် ကျွန်ုပ်တို့ကိုစောင့်ကြိုနေသည့်စုံလင်မှုကို ကျွန်ုပ်တို့ မျှော်ကြည့်ရန် မဟုတ်ပါ။ ကျွန်ုပ်တို့၏ခွန်အားအစွမ်းသတ္တိကို သခင်ခရစ်တော်တစ်ပါးတည်းထံမှသာလျှင် တွေ့ရှိနိုင်ပါသည်။ သက်သေဆိုသည်မှာ တစ်စုံတစ်ရာကို ကြားသိကြုံတွေ့ရသူကို ရည်ညွှန်းသည်။ သက်သေများသည် ဘုရားသခင်၏သစ္စာရှိခြင်းတို့ကို တွေ့မြင်ခဲ့ပြီး သခင်ယေရှုကို မျက်မှောက်ပြုရန် လိုအပ်ကြောင်း သက်သေထင်ရှား စေသူများဖြစ်သည်။ ထိုသက်သေများက ကျွန်ုပ်တို့အား ခရစ်တော်ကို ညွှန်ပြနေပါသည်။
J.R. Hudberg