အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ Emory တက္ကသိုလ်မှ သုတေသီများသည် MRI စက်ကို အသုံးပြုပြီး ဘွားဘွားများ၏ ဦးနှောက်ကိုလေ့လာခဲ့သည်။ သုတေသီများက ဘွားဘွားတို့၏မြေးပုံ၊ သူတို့၏အရွယ်ရောက်ပြီဖြစ်သော သားသမီးပုံနှင့် အမည်မသိ ကလေးတစ်ဦး၏ဓာတ်ပုံတို့ကို အသုံးပြုပြီး စာနာစိတ်ဖြင့် တုံ့ပြန်မှုကို တိုင်းတာခဲ့ကြသည်။ ထိုလေ့လာမှုအရ အဘွားများသည် သူတို့၏အရွယ်ရောက်သားသမီးများထက် မြေးများအပေါ် စာနာမှု ပိုမိုမြင့်မားကြောင်း ဖော်ပြနေသည်။ ၎င်းကို “ချစ်စရာကောင်းသောအကြောင်းရင်း” ဟုသတ်မှတ်ခေါ်ဆိုပြီး သားသမီးများထက် မြေးက ပိုချစ်စရာကောင်းသည့် အဓိပ္ပာယ်ဖြစ်သည်။

“ကောင်းပြီ” ဟုမပြောမီ ထိုလေ့လာမှုကို လုပ်ဆောင်ခဲ့သူ James Rilling (ဂျိမ်းစ်ရီးလင်း)၏စကားများကို ဆင်ခြင်ကြည့်ကြပါစို့။ “သူတို့မြေးက ပြုံးနေတယ်ဆိုရင် အဘွားက ကလေးရဲ့ပျော်ရွှင်မှုကို ခံစားရတယ်။ မြေးက ငိုနေတဲ့အခါ အဘွားက ကလေးရဲ့ နာကျင်မှုနှင့်ပူပန်သောကတွေကိုပါ လိုက်ခံစားနေရတယ်” ဟုဆိုသည်။
သူ၏လူမျိုးတော်ကိုကြည့်ပြီး “MRI ပုံ” ၌ ပြန်ပေါ်နေသော ဘုရားသခင်၏ ခံစားချက်များအကြောင်းကို ပရောဖက်တစ်ဦးက “သင်၌ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်” ဟု ပုံဖော်ခဲ့သည် (ဇေ ၃:၁၇)။ အချို့ဘာသာပြန်ဆိုချက်၌ “သင်က သူစိတ်နှလုံး၌ ဝမ်းမြောက်ခြင်းဖြင့် ပြည့်စေပြီး သူကျယ်လောင်စွာ သီချင်းဆိုမည်” ဟု ဖော်ပြထားသည်။ စာနာမှုအပြည့်နှင့် အဘွားကဲ့သို့ပင် ဘုရားရှင်သည်လည်း ကျွန်ုပ်တို့၏နာကျင်မှုများကို နားလည်ခံစားပေးပါသည်။ “အမှုရောက်လေရာရာ၌ သူတို့ကို ညှဥ်းဆဲတော်မမူ” (ဟေရှာ ၆၃:၉)။ ကျွန်ုပ်တို့၏ ဝမ်းမြောက်ခြင်းကိုလည်း ခံစားပေးသည်။ “ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏” (ဆာ ၁၄၉:၄)။

ကျွန်ုပ်တို့ စိတ်ဓာတ်ကျစိတ်ပျက်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အမှန်ခံစားရကြောင်း သတိရပါ။ သူသည် အေးစက်ပြီး‌ အဝေး၌နေသောဘုရားမဟုတ်ပါ။ ကျွန်ုပ်တို့ကို ချစ်ပြီး ကျွန်ုပ်တို့၌ အားရဝမ်းမြောက်တော်မူသော ဘုရားဖြစ်သည်။ ကိုယ်တော့်ထံသို့ ချဥ်းကပ်ပြီး ကိုယ်တော့်အပြုံးနှင့် ကိုယ်တော်၏ သီချင်းဆိုသံတို့ကို နားဆင်ရန် အချိန်ကျရောက်လာပါပြီ။