အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်မှ ရေကူးနည်းပြတစ်ဦးသည် Newark (နယူးအာ့ခ်) ပင်လယ်အော်တွင် ကားတစ်စီး နစ်မြှုပ်သွားသည်ကို မြင်ပြီး၊ SUV ကားလေးက နှောက်ကျိသောရေထဲသို့ လျှင်မြန်စွာ နစ်မြှုပ်နေစဥ် ကားအတွင်းမှ “ကျွန်တော် ရေမကူးတတ်ဘူး” ဟူသော ကားမောင်းသူ၏အော်သံကို ကြားလိုက်ရသည်။ လူအုပ်ကြီးက ကမ်းစပ်မှကြည့်နေစဉ် Anthony (အန်တိုနီ)သည် ကမ်းစပ်တစ်လျှောက်ရှိ ကျောက်ဆောင်များသို့ ပြေးသွား၍ ခြေတုခြေထောက်ကို ဖယ်ရှားပြီး ရေထဲခုန်ဆင်းကာ၊ အသက် (၆၈) နှစ်အရွယ် အမျိုးသားကို ကယ်ပြီး သူ့အား ကမ်းစပ်သို့ ဘေးကင်းစွာကူညီပေးခဲ့သည်။ အခြားသူကို ကယ်တင်နိုင်ခဲ့ခြင်းအတွက် အန်တိုနီ၏ ပြတ်ပြတ်သားသား လုပ်ရပ်ကို ကျေးဇူးတင်ရမည်။

ကျွန်ုပ်တို့၏ရွေးချယ်မှုသည် အရေးကြီးပါသည်။ (၁၇) နှစ်သား ယောသပ်ကို ပွင့်လင်းစွာ မျက်နှာသာပေးခဲ့သည့် သားများစွာ၏ဖခင် ဘိုးဘေးယာကုပ်ကို ဆင်ခြင်ကြည့်ပါ။ ယောသပ်အတွက် “အဆင်းအရောင်ထူးခြားသောအင်္ကျီ”ကို မိုက်မဲစွာ ချုပ်ပေးခဲ့သည် (က ၃၇:၃)။ ရလဒ်မှာ အဘယ်နည်း။ ယောသပ်၏ ညီအစ်ကိုများသည် သူ့ကို မုန်းတီးကြသည် (:၄)။ အခွင့်ကြုံသောအခါ သူ့ကို ကျွန်အဖြစ် ရောင်းစားကြသည် (:၂၈)။ အစ်ကိုများက သူ့ကို အန္တရာယ်ပြုရန် ကြံရွယ်ခဲ့သည့်တိုင်၊ ယောသပ်ဘဝက အီဂျစ်ပြည်၌ အဆုံးသတ်သွားသောကြောင့် ခုနစ်နှစ်ကြာအစာခေါင်းပါးမှုအတွင်း ဘုရားသခင်က သူ့ကို ယာကုပ်၏မိသားစုနှင့် အခြားလူများစွာကို ထိန်းသိမ်းရန် သူ့ကို အသုံးပြုခဲ့သည် (၅၀:၂၀)။ ပေါတိဖာ၏ ဇနီးထံမှ ထွက်ပြေးရန် ယောသပ်၏ ချီးမွမ်းဖွယ်ဆုံးဖြတ်ချက်မှာ အဖြစ်အပျက်အားလုံးကို လှုပ်ရှားဖြစ်ပျက်စေသော ရွေးချယ်မှုဖြစ်သည် (၃၉:၁-၁၂)။ ရလဒ်မှာ ထောင်ကျခဲ့ရပြီး (၃၉:၂၀)၊ နောက်ဆုံးတွင် ဖာရောဘုရင်နှင့် တွေ့ဆုံခဲ့ခြင်းပင်ဖြစ်သည် (အခန်းကြီး ၄၁)။

အန်တိုနီအနေနှင့် လေ့ကျင့်မှုရှိခဲ့ခြင်းကြောင့် တစ်ပန်းသာနေခဲ့သော်လည်း ရွေးချယ်မှုကိုတော့ သူပြုခဲ့ရသည်။ ဘုရားသခင်ကိုချစ်ပြီး ကိုယ်တော်အား အစေခံရန် ကျွန်ုပ်တို့ရှာကြံသောအခါ၊ ‌ကောင်းကျိုးဖြစ်စေပြီး ဘုရားရှင်ကို ချီးမြှောက်သည့် ရွေးချယ်မှုများပြုလုပ်နိုင်အောင် ကိုယ်တော်မစပေသည်။ ထိုရွေးချယ်မှု မပြုရသေး ပါက၊ ရှင်ယေရှုကို ယုံကြည်ရန်ရွေးချယ်ခြင်းဖြင့် စတင်နိုင်သည်။