ရထားပေါ်သို့ ကြိတ်ကြိတ်တိုးတက်နေသည့် လူအုပ်ကြီးနှင့် မနက်ခင်းကို ကြည့်ပြီး စိတ်ဓာတ်ကျဖွယ်တနင်္လာနေ့ စတင်ပြီဟု ကျွန်တော်ခံစားလိုက်ရသည်။ ပြည့်ကြပ်နေသောရထားတွဲ၌ ငိုက်မြည်းလျက် အလိုမကျဖြစ်နေသော မျက်နှာများကို ကြည့်ခြင်းဖြင့် မည်သူမျှ အလုပ်သွားရန် မျှော်လင့်မနေကြောင်း ပြောနိုင်သည်။ လူအချို့က အထဲတိုးဝင်ရန်ကြိုးစားကြသောအခါ လူတို့မျက်မှောင်ကြုတ်ကုန်သည်။ ‘အလုပ်တွင် နောက်ထပ် နိစ္စဓူဝ နေ့တစ်နေ့ ရောက်လာပြန်ပါပြီ။’
ရှေ့တစ်နှစ်က ကိုဗစ်-၁၉ ကန့်သတ်မှုများကြောင့် ကျွန်ုပ်တို့၏နေ့စဉ် လုပ်ရိုးလုပ်စဉ်များ ဝရုန်းသုန်းကားဖြစ်ပြီး ရထားများစီးသူမရှိဖြစ်သွားသည်ကို ရုတ်တရက် ကျွန်ုပ်သတိရမိသည်။ အပြင်ထွက်၍ စားသောက်၍မရ၊ အချို့က ရုံးသွားရခြင်းကို ပြန်တမ်းတနေကြသည်။ သို့သော် ယခုတွင် ကျွန်တော်တို့ ပုံမှန် ပြန်ဖြစ်လုနီးပါးဖြစ်ပြီး လူအတော်များများက ခါတိုင်းကဲ့သို့ အလုပ်သွားကြပြီ။ “လုပ်ရိုးလုပ်စဉ်”သည် သတင်းကောင်းဖြစ်ပြီး “ငြီးငွေ့ဖွယ်ကောင်းခြင်း”သည် ကောင်းချီးတစ်ခုဖြစ်ကြောင်း ကျွန်တော်နားလည်ခဲ့သည်။

ရှောလမုန်မင်းသည် နေ့စဥ်ကြိုးစားအားထုတ်မှု၏ အဓိပ္ပာယ်ကင်းမဲ့ပုံကို သုံးသပ်ပြီးနောက် အလားတူကောက်ချက်ချခဲ့သည် (ဒေ ၂:၁၇-၂၃)။ တစ်ခါတစ်ရံတွင် ၎င်းသည် အဆုံးမရှိ၊ “အနတ္တအမှု”နှင့် အကျိုးမရှိသည့်အမှု ဖြစ်လာသည် (:၂၁)။ သို့သော် နေ့ရက်တိုင်း ရိုးရှင်းစွာ စားနိုင်၊ သောက်နိုင်၊ အလုပ်လုပ်နိုင်ခြင်းသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာဖြစ်‌ကြောင်း သူသိရှိခဲ့သည် (:၂၄)။

ကျွန်ုပ်တို့၏ လုပ်ရိုးလုပ်စဉ်များ ပိတ်ပင်ခံရသောအခါ၊ ဤရိုးရှင်းသော လုပ်ရပ်များကို ဇိမ်ခံစရာအဖြစ် ကျွန်ုပ်တို့ရှုမြင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုတိုင်း၌ စားနိုင်သောက်နိုင်လုပ်ကိုင်နိုင်သည့်အမှုတိုင်းတွင် ဘုရားသခင်၏လက်ဆောင်ဖြစ်သည့် ကျေနပ်‌ရောင့်ရဲမှုကို ရှာတွေ့နိုင်ခြင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြပါစို့ (၃:၁၃)။