ကောလိပ်ကျောင်း ရေကူးသမားတစ်ဦးသည် သူမ၏ရေကူးနှုန်း အလွန်နှေးခြင်းကြောင့် “အိုလံပစ်အားကစားပွဲမှာ ငါပါနိုင်မှာလား” ဟု ပူပန်မိသည်။ သို့သော် သင်္ချာ ပါမောက္ခ Ken Ono (ခန်အိုနို)က သူမရေကူးသည့် နည်းစနစ်ကို လေ့လာသုံးသပ်ပြီးနောက်တွင် ပြိုင်ပွဲအဆင့်၌ အဓိကကျသော ခြောက်စက္ကန့်အချိန်ပြည့်ကွဲပြားမှုဖြင့် သူမ၏အချိန်ကို တိုးတက်စေနိုင်မည့် နည်းလမ်းကို တွေ့ခဲ့သည်။ ရေကူးသမား၏ နောက်ကျောတွင် အာရုံခံကရိယာကို ချည်နှောင်ထားပြီး၊ သူမ၏အချိန်ကို တိုးတက် စေရန် အဓိကကျသော အပြောင်းအလဲကို ခွဲခြမ်းစိတ်ဖြာခြင်း မပြုခဲ့ပေ။ ထိုအစား အိုနိုသည် အမှန်ကို ပြုပြင်ပေးသည့် လုပ်ဆောင်ချက် အသေးအမွှားကို ဖော်ထုတ်ပြပြီး၊ အကယ်၍ ၎င်းကို လက်တွေ့လုပ်ဆောင်ပါက ရေကူးသမားသည် ရေထဲတွင် ပို၍ထိရောက်စွာ စွမ်းဆောင်နိုင်မည်ဖြစ်ပြီး နိုင်ခြေရလဒ်ကွဲပြားမည်ဖြစ်သည်။
ဝိညာဥ်ရေး၌လည်း အမှန်ကိုပြုပြင်သည့် အပြုအမူအသေးအမွားများသည် ကျွန်ုပ်တို့အတွက် အပြောင်းအလဲကြီးကြီးမားမားကို ဖြစ်စေနိုင်သည်။ ဖမ်းဆီးသိမ်းသွားခံရာမှ ပြန်လာပြီးနောက် ဘုရားသခင်၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက် သူ ဇေရုဗဗေလနှင့် အတူရုန်းကန်နေကြရသည့် စိတ်ဓာတ်ကျနေသော ကျန်ကြွင်းသူ ဂျူးလူမျိုးများကို ပရောဖက်ဇာခရိက အလားတူနိယာမကို သွန်သင်ခဲ့သည်။ “ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဥ်အားဖြင့် ဖြစ်လိမ့်မည်” (ဇာ ၄:၆)။
“အမှုငယ်ပြုသောနေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း” (:၁၀) ဟု ဇာခရိ ကြေညာခဲ့သည်။ ရှောလမုန်မင်းလက်ထက်က ဗိမာန်တော်ကဲ့သို့ မဖြစ်မည်ကို သူတို့စိုးရိမ်ခဲ့ကြသည်။ အိုနို၏ရေကူးသမားသည် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်နိုင်ကာ အနည်းငယ်သော အမှားပြင်ပေးမှုကို လိုက်နာခဲ့ပြီးနောက်တွင် တံဆိပ်ဆုကို ရရှိခဲ့သည်။ ထိုနည်းတူ အကယ်၍ ကျွန်ုပ်တို့၏ သေးငယ်သောလုပ်ဆောင်မှုများသည် ဘုရားဘုန်းတော်ထင်ရှားစေပါက သေးငယ်ပြီး မှန်ကန်သော လုပ်ဆောင်မှုများသည် ဘုရားရှင်၏မစမှုဖြင့် အောင်မြင်မှု၊ ဝမ်းမြောက်မှုကို ဖြစ်စေနိုင်ကြောင်းကို ဇေရုဗဗေလ၏ တည်ဆောက်သူအဖွဲ့သားများ သိနားလည်ခဲ့ကြသည်။ ဘုရားရှင်အား ဖြင့် အသေးအမွှားအရာများသည် ကြီးမြတ်လာသည်။