အငြိမ်းစားဆရာမ Debbie Stephens Browder (ဒယ်ဘီ စတီဖန်စ် ဘရောက်ဒါ)သည် သစ်ပင်စိုက်ရန် စည်းရုံးနိုင်သမျှ လူတိုင်းကို လိုက်လံစည်းရုံးနေသည်။ အကြောင်းပြချက်မှာ အပူရှိန်ကြောင့်ဖြစ်သည်။ လွန်ကဲသောအပူချိန်သည် အမေရိကန်နိုင်ငံတွင် ရာသီဉတုနှင့်ဆက်နွယ်သည့် လူသေဆုံးမှု၏ ထိပ်ဆုံးအကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် သူမက “သစ်ပင်စိုက်ခြင်းနှင့် အစပြုမည်” ဟု ဆိုခဲ့သည်။ အပူရှိန်ကာကွယ်ပေးသော အမိုးအကာဖြစ်သည့် သစ်ပင်များသည် ပတ်ဝန်းကျင်ကို ကာကွယ်ရန် အရေးပါသည့်နည်းတစ်ခု ဖြစ်သည်။ “ဒါက သေရေး ရှင်ရေးကိစ္စပါ။ ပတ်ဝန်းကျင်ကို အလှဆင်တာပဲ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အပူရှပ်နိုင်ခြေအမြဲတမ်းရှိသည့် အရှေ့အလယ်ပိုင်းဒေသမှ ဆာလံကျမ်း ၁၂၁ ကို ရေးသားခဲ့သည့်ဆာလံဆရာက အရိပ်အာဝါသသည် အားပြည့်လန်းဆန်းစေရုံမျှမက အသက်ကယ်နိုင်သည် ဟူသောအချက်ကို ကောင်းစွာသိလိမ့်မည်။ “နေ့အချိန်၌ နေအားဖြင်လည်းကောင်း၊ ညဉ့်အချိန်၌ လအားဖြင့်လည်းကောင်း၊ အထိအခိုက်မရှိ”အောင် (:၆) ဂရုစိုက်တော်မူသောဘုရားသခင်ကို ကျွန်မတို့၏အားအထားရဆုံး ခိုလှုံရာအဖြစ် ဆာလံကျမ်းမှ ပြောင်မြောက်စွာ ဖော်ပြရေးသားထားမှုကို အထက်ပါအချက်က ပိုမိုလေးနက်စေပါသည်။

ဤကျမ်းချက်က သခင်ယေရှု၏နောက်လိုက်များသည် တစ်နည်းနည်းဖြင့် ဘဝတွင် နာကျင်ဆုံးရှုံးမှုမရှိနိုင် (သို့) အပူရှိန်သည် အန္တရာယ်မရှိနိုင်ဟု ဆိုလိုခြင်း မဖြစ်နိုင်။ “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်” ဟု သခင်ယေရှု ဆိုခဲ့သည် (ယော ၁၆: ၃၃)။ သို့သော် ဘုရားသခင်အား ခိုလှုံရာအရိပ်ကဲ့သို့ တင်စားမှုက ကျွန်မတို့မည်သည်ကိုပင် ရင်ဆိုင်ရပါစေ၊ ကျွန်မတို့၏ ဘဝများကို ထာဝရဘုရားစောင့်ထိန်း‌ေနေကြောင်း ကျွန်မတို့အား အထင်အရှား အာမခံချက်ပေးသည် (၁၂၁:၇-၈)။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ကျွန်မတို့အား မည်သည့်အရာကမှ မခွဲနိုင်ဟု သိမှတ်လျက်၊ ကိုယ်တော်အား ကိုးစားယုံကြည်ခြင်းဖြင့် ငြိမ်သက်ချမ်းသာရာကို ကျွန်မတို့ရှာတွေ့နိုင်ပါသည် (ယော ၁၀:၂၈၊ ရော ၈:၃၉)။