ခရစ်ယာန် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ လူတိုင်းက ခရစ်စမတ်ပွဲတော် ဆင်နွဲကြသည်။ ၎င်းသည် အံ့ဩစရာ မဟုတ်ပေဘူးလား။

လောကကမ္ဘာမြေ၌ ပထမဦးဆုံးသော ခရစ်စမတ်အချိန်က လူပေါင်းများစွာတို့သည် ဘုရားသခင်ကို မယုံကြည်ပါ။ သို့သော် လူတိုင်း ပါဝင်ဆင်နွဲထိုက်သည့် ပွဲတော်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားတစ်ယောက်စီတိုင်းအား သူ့သားတော်နှင့်အတူ ထာဝရအသက်ကို ပေးရန် ကမ်းလှမ်းနေခြင်းကြောင့်ဖြစ်သည်။

ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေမည်ဟု ကတိစကားဆိုရာတွင် သခင်ယေရှုက သူ့ကို ယုံကြည်သောသူ မည်သူမဆိုသည် ထိုလက်ဆောင်ကို ရရှိမည်ဟု အလေးအနက်မိန့်ဆိုခဲ့သည်။

ဘုရားသခင်၏ ကယ်တင်ခြင်းအကြံအစည်တော်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်စေရပါ။ မိမိမည်သူဖြစ်ဖြစ်၊ ဘယ်ကလာလာ၊ အတိတ်က ဘာဘဲလုပ်ခဲ့လုပ်ခဲ့၊ ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိစ္စမရှိပါ။ စင်စစ် အပြစ်သားများအတွက် သခင်ယေရှု ကြွလာခဲ့ခြင်းဖြစ်သည်။ `ယေရှုကလည်း ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏´(လု ၅း၃၁)။

အံ့ဩဖွယ်ကောင်းသော၊ စိန်ခေါ်သကဲ့သို့ ခံစားရစေသော သမ္မာတရားတည်း။ ဆိုလိုသည့်အဓိပ္ပာယ်မှာ မည်သူတစ်ဦးတစ်ယောက်မျှသည် ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းနှင့် မလွတ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အတွက် စိတ်နှလုံးကို ဖွင့်ပေးရန် ဆန္ဒရှိသူ မည်သူမဆိုသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်း သခင်ခရစ်တော်က ရှင်းလင်းစွာ မိန့်ကြားခဲ့ပြီး ဖြစ်သည်။ ထိုမျှမက ဤအဖိုးမဖြတ်နိုင်သော လက်ဆောင်ကို လူတို့ရရှိရေးအတွက် ကျွန်ုပ်တို့အနေဖြင့် ဤသမ္မာတရားကို ဝေမျှရန်ဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။ ခရစ်စမတ် သတင်းစကားကို သင်တွေ့ဆုံရသည့် မည်သူမဆိုအား ဝေငှပါမည်လား။