စာရေးသူ

အားလုံးမြင်နိုင်ရန်
Adam R. Holz

အေဒမ် အာရ် ဟို့

ဆရာ အေဒမ် အာရ် ဟို့ (Adam R. Holz) သည် Focus on the Family's မီဒီယာ၏ ပြန်လည်သုံးသပ်ခြင်း ဝက်ဘ်ဆိုဒ် ဖြစ်သော Plugged In ဝက်ဘ်ဆိုဒ်၏ ဒါရိုက်တာလူကြီး ဖြစ်သည်။ Discipleship Journal တွင်လည်း တွဲဖက်စာတည်းအဖြစ် ဆောင်ရွက်သေးသည်။ သူသည် NavPress မှ ရိုက်နှိပ်ထုတ်ဝေသည့် သမ္မာကျမ်းစာလေ့လာခြင်းစာစဉ် Beating Busyness ကိုလည်း ရေးသားပြုစုသူဖြစ်သည်။ သူ့ဇနီးမှာ ဂျဲနီဖာ (Jennifer)ဖြစ်သည်။ သူတို့၌ ရေကူးခြင်း၊ ကျွမ်းဘားအားကစားခြင်း၊ ရုပ်ရှင်ဇတ်လမ်းကြည့်ခြင်း နှင့် စန္ဒရားတီးခတ်ခြင်း ကိုနှစ်သက်ပြီး ထမင်းစားပြီးလျှင် ဘာအချိုတည်းရမည်နည်းဟု အဖေဖြစ်သူကို မေးတတ်သည့် ကလေး (၃) ဦး ရှိသည်။ ဆရာသည် သူ၏အားလပ်ချိန်များတွင် လျှပ်စစ်ဂီတာတီးခြင်းဖြင့် အချိန်ကုန်နေတတ်သည်။

စာမူ/ အကြောင်းအရာ များ အေဒမ် အာရ် ဟို့

တစ်စစ ယိုယွင်းလာခြင်း

လည်ချောင်းယားခြင်းမှ အစပြုသည်။ အမလေး။ လည်ချောင်းယားခြင်းက တုပ်ကွေးသို့ ပြောင်းသွားသည်။ ၄င်းသည် လေပြွန်ဆိုင်ရာရောဂါ၏ အစဖြစ်သည်။ တုပ်ကွေးမှတစ်ဆင့် ကြက်ညှာချောင်းဆိုး၊ ထိုကြက်ညှာချောင်းဆိုးမှ အဆုတ်ရောင်ရောဂါအဖြစ်သို့ ဆိုက်ရောက်သွား၏။

ကြက်ညှာချောင်းဆိုးဟု အကြောင်းမဲ့ခေါ်ခြင်းမဟုတ်ပါ။ ရှစ်ပတ်ကြာ ချောင်းတဟွပ်ဟွပ်ဆိုးခြင်းကြောင့် ကျွန်ုပ်ငြိမ်ကုပ်သွားသည်။ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဟု မခံယူသော်လည်း သက်ကြီးပိုင်းသို့ ခြေဦးလှည့်နေပြီဟု စဉ်းစားရတော့မည့် အရွယ်တော့ရောက်နေပါပြီ။ အသင်းတော်ရှိ ကျွန်ုပ်တို့အဖွဲ့ငယ်လေး၏ အဖွဲ့ဝင်တစ်ဦးက အသက်ရလာသည်နှင့်အမျှ ကြုံလာရသည့် ကျန်းမာ‌ရေးကိစ္စ အတွက် "တစ်စစယိုယွင်းလာခြင်း"ဟု ရယ်စရာအမည်ပေးထားသည်။ "လက်တွေ့" တွင်မူ တစ်စစကျန်းမာရေး ယိုယွင်းလာသည့်အဖြစ်က ရယ်စရာမဟုတ်ပါ။

ကောရိန္သုသြဝါဒစာဒုတိယစောင် အခန်းကြီး ၄ ၌ ရှင်ပေါလုကလည်း "ပျက်စီးယိုယွင်းလာခြင်း"နှင့်ပတ်သက်ပြီး သူ့နည်းသူ့ဟန်နှင့်ရေးသားထားသည်။ သူနှင့် သူ့အဖွဲ့သားများကြုံရသည့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းအကြောင်းစုံကို ရေးသား ထားသည်။ သာသနာလုပ်ငန်းပြီးမြောက်အောင် အဖိုးအခကြီးစွာ ပေးဆပ်ရသည်။ "ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်"ရသည်ဟု သူဝန်ခံခဲ့သည်။ အသက်အရွယ်၊…

နွေးထွေးစွာ ပွေ့ဖက်ခြင်း

"သမီးကို စာဖတ်ပြပေးမလား၊ ဖေဖေ" ဟု ကျွန်တော့်သမီးက မေးလာသည်။ ထိုမေးခွန်းသည် ကလေးငယ်များက မိဘကို ထူးထူးခြားခြားမေးသော မေးခွန်းမျိုး မဟုတ်ပါ။ သို့သော် သမီးသည် ယခု အသက် ၁၁နှစ် ရှိပြီဖြစ်သောကြောင့် ထိုမေးခွန်းကို သူငယ်စဉ်က မေးသောအကြိမ်ရေထက် ယခုအခါလျော့နည်းသွားပါပြီ။ "ဖတ်ပေးမှာပေါ့၊ သမီးလေးရယ်" ဟုရွှင်လန်းစွာဖြေလိုက်သည့်အခါ သူမသည် ကုတင်ပေါ်တွင် တွန့်လိမ်ပြီး ကျွန်တော့်အနီးသို့ လူးလှိမ့်လာသည်။

သူ့အား The Fellowsip of the Ring စာအုပ်မှစာသားများကို ဖတ်ပြသောအခါ သူစိတ်ကျေနပ်နူးညံ့သွားသည်။ ၎င်းသည် မိဘအနေဖြင့် အလွန်အံ့မခမ်း ခံစားရသည့် အခိုက်အတန့်လေးဖြစ်ပြီး၊ ကျွန်ုပ်တို့အတွက် အဘဘုရား၏ စုံလင်သော မေတ္တာတော်၊ သူ့မျက်မှောက်တော်နှင့် မေတ္တာတော်သို့ ကျွန်ုပ်တို့တိုးဝင် ပွေ့ဖက်စေလိုသည့် ကိုယ်တော်၏စိတ်ဆန္ဒကို အရိပ်အမြွက်လေး ခံစားရသည်။

ထိုအချိန်တွင် ကျွန်တော်သည် ၁၁ နှစ်အရွယ် သမီးနှင့်အလွန်တူသည်ကို…

စိုးရိမ်ကြောက်ရွံ့မှုမုန်တိုင်းများ

ရုပ်သံကြော်ငြာတစ်ခုတွင် အမျိုးသမီးတစ်ဦးက တီဗွီကြည့်နေသူများထဲမှ တစ်ယောက်အား "မာခ့် ဘာတွေရှာနေတာလဲ" ဟု သာမန်ကာလျှံကာ မေးလိုက်သည်။ တကယ်တော့ "ဘယ်ရုပ်သံအစီအစဥ်ကို ရှာနေတာလဲ" ဟု မေးခြင်းကို သတိမထားမိဘဲ ထိုသူက အတည်ပေါက်ကြီးနှင့် "မကြောက်ရွံ့ဘဲ ဆုံးဖြတ်ချက် ချမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပုံစံတစ်ခုကို ရှာနေတာ" ဟုပြန်ဖြေသည်။

တီဗွီကြော်ငြာတစ်ခုက ကျွန်တော့်ကို ဤသို့လေးလေးနက်နက် ထိမှန်စေ လိမ့်မည် ဟုမထင်ခဲ့ပါ။ သို့သော် သနားစရာ မာခ့်ကို ကျွန်တော် နားလည်ပေးနိုင်ပါသည်။ တစ်ခါတစ်ရံ ကြောက်ရွံ့မှုများက ဘဝကို ပဲ့ကိုင်နေသယောင် ဖြစ်နေမှု များကြောင့် ကျွန်တော်လည်း ရှက်ရွံ့ခဲ့ဖူးသည်။

သခင်ယေရှု၏တပည့်တော်များသည် ကြောက်ရွံ့မှု၏ကြီးမားသော တန်ခိုးကို ကိုယ်တိုင်ခံစားခဲ့ရသည်။ တစ်ခါက သူတို့ဂါလိလဲပင်လယ်ကိုဖြတ်ကာ ကမ်းတစ်ဘက်သို့ကူးစဉ် (မာ ၄:၃၅) "ပြင်းစွာသော မိုးသက်မုန်တိုင်း" ကျသည် (:၃၇)။ သူတို့သည် အလွန်ကြောက်ရွံ့သဖြင့် အိပ်ပျော်နေသော သခင်ယေရှုအား…

ကြီးထွားသန်မာရန်အလို့ငှာ ခုတ်ချိုင်ပစ်ခြင်း

ခရမ်းပြာပန်းချုံပေါ်သို့ ပျားမျိုးနွယ်အင်းဆက်လေး ညင်သာစွာ သက်ဆင်းသည်ကို ကြည့်ရင်း သန်စွမ်းသောအကိုင်းအခက်များကိုတွေ့ရ၍ ကျွန်တော် အံ့ဩမှင်သက်ခဲ့ရသည်။ တောက်ပသောအပြာရောင်ပန်းပွင့်များသည် ပျားများနှင့် အမြင်အာရုံကို ဆွဲဆောင်လှသည်။ မနှစ်က ဆောင်းရာသီ၌ ကျွန်တော့်ယောက္ခမများက အပင်ကို အငုတ်မျှသာကျန်သည်အထိ ရိတ်ဖြတ်ပစ်ရာ၊ ဤအပင်ကို ဖယ်ရှားရန် ခုတ်ပစ်ခြင်းဟု ကျွန်တော်ထင်မှတ်ခဲ့သည်။ ခရမ်းပြာပန်းများ မပွင့်နိုင်တော့ဟုလည်းတွေးခဲ့မိသည်။ သို့သော် ရက်စက်သည့်သုတ်သင်ခြင်းဟု ကျွန်တော် ထင်ခဲ့သည့်အရာ၏ တောက်ပသောရလဒ်ကို ယခု မျက်ဝါးထင်ထင် တွေ့မြင်ရပါပြီ။

ကြမ်းတမ်းစွာ ခုတ်ဖြတ်ခံရခြင်းမှထွက်ပေါ်လာသည့် အံ့ဖွယ်အလှ။ ၎င်းသည် ယုံကြည်သူတို့ကြား ဘုရားသခင်၏လုပ်ဆောင်ပေးမှုကို ဖော်ပြရန် အပင်ချိုင်ခြင်းပုံပမာကို ‌သခင်ယေရှုပေးစေခဲ့သည့် အကြောင်းရင်းတစ်ခု ဖြစ်ပေလိမ့်မည်။ “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏” (:၁-၂) ဟု သခင်မိန့်မြွက်သည်။

ကျွန်တော်တို့အထဲ၌ ဝိညာဉ်ရေးရာအားသစ်လောင်းလျက် ပြောင်းလဲမှုနှင့်…

သခင်ယေရှု၏ အလျင်နှင့် ရွေ့ခြင်း

မကြာမီက ကားပြင်ရန် အိမ်အနီး ၁ မိုင် အကွာရှိဝပ်ရှော့၌ ကားအပ်ပြီး အိမ်သို့ ကျွန်ုပ်လမ်းလျှောက်ပြန်ခဲ့သည်။ ပျားပန်းခတ်နေသောလမ်းတွင် လမ်းလျှောက်ရင်း လူတိုင်း အလျင်အမြန်လှုပ်ရှားသွားလာနေကြောင်းကို သတိပြုမိသည်။

နားလည်ရန်ခက်သောအရာ မဟုတ်ပါ။ ကားက လမ်းလျှောက်သူထက်ပိုမြန်သည်။ စိမ်ပြေနပြေလမ်းလျှောက်ရင်း ကျွန်ုပ်တို့သည် အမြဲလိုလို အလျင်စလိုဖြစ်လျက် အလျင်အမြန်လှုပ်ရှားမှုနှင့်မစိမ်းဟု နားလည်မိသည်။ နောက်ထပ်သိလိုက်ရသည်မှာ မကြာခဏဆိုသလို ဘုရားသခင်အား မြန်မြန်အလုပ်လုပ်ရန် ကျွန်ုပ်မျှော်လင့်တတ်ခြင်းပင်ဖြစ်သည်။ ဘုရား၏အကြံအစည်ကို အရှိန်ဖြင့် သွားနေသော မိမိ၏ဇယားအတိုင်း ကွက်တိနေရာကျစေချင်သည်။

သခင်ယေရှု လောက၌ အသက်ရှင်ကျင်လည်စဉ်က သူ၏တုံ့နှေးသော ခြေလှမ်းများကြောင့် တစ်ခါတစ်ရံ သူ့မိတ်ဆွေများ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ယောဟန် ၁၁ တွင် မာရိနှင့်မာသသည် သူတို့၏မောင်လာဇရု နေမကောင်းဖြစ်နေကြောင်း သခင့်ထံစကားပါးလိုက်သည်။ ယေရှုမစပေးနိုင်ကြောင်း သူတို့သိသည် (:၁-၃)။ သို့သော် သခင်ယေရှုသည် လာဇရုသေဆုံးပြီး နောက် ၄ ရက်ကြာမှ နောက်ကျပြီးရောက်လာသည်(:၁၇) ။…

ကြက်ဆင်ပေးသောသင်ခန်းစာ

ကြက်ဆင်တစ်အုပ်ကို မည်ကဲ့သို့ခေါ်ဆိုသည်ကို သင်သိပါသလား။ ‘Rafter’ ဟု ခေါ်ပါသည်။ ကြက်ဆင်အကြောင်းကို ကျွန်တော်ရေးသားရခြင်းမှာ လွန်ခဲ့သော စနေတနင်္ဂနွေပိတ်ရက်က တောင်ပေါ်စခန်းတစ်ခုသို့ သွားလည်ခဲ့ရာ၊ ကျွန်တော်တည်းခိုသည့်အခန်း၏ဆင်ဝင်ကိုဖြတ်ပြီး တန်းစီသွား‌ေနေသည့် ကြက်ဆင်များကို တွေ့ပြီး တအံ့တသြကြည့်မိသည်။

ယခင်က ကျွန်တော်ကြက်ဆင်များကို သတိထားမကြည့်ခဲ့ဘူးပါ။ ၎င်းတို့သည် အံ့ဖွယ်ခြေသည်းကြီးများနှင့် မြေကြီးကို ပြင်းထန်စွာ ကုတ်ခြစ်သည်။ ထို့နောက် အစာကို နှုတ်သီးဖြင့်ထိုးဆိတ်၍စားသည်ဟု ကျွန်တော်ထင်ပါသည်။ (ကျွန်တော့် အတွက် ပထမဆုံးအကြိမ် ကြက်ဆင်များကို လေ့လာခြင်းဖြစ်သဖြင့် ရာနှုန်းပြည့် တော့ မသေချာပါ)။ အရိုးအပြိုင်းပြိုင်းနှင့်ကြုံလှီသောချုံပုတ်များကို ကြည့်ပြီး ဤအရပ်၌ ၎င်းတို့အသက်ရှင်နိုင်မည်ပုံမပေါ်ပါ။ သို့သော် ဤနေရာတွင် တစ်ဒါဇင် မကသောကြက်ဆင်များ ဝဝဖြိုးဖြိုးလှလှပပနှင့်အသက်ရှင်နေသည်ကိုတွေ့ရသည်။

ဝလင်စွာစားသောက်ရသော ထိုကြက်ဆင်များကိုကြည့်ပြီး မဿဲ ၆:၂၆ မှ သခင်ယေရှု၏စကားက အတွေးထဲဝင်လာသည်။ “မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကို…

သီဆိုသူ၏နှလုံးသား

စနေနေ့မနက် ၆:၃၃ နာရီတွင် အိမ်အောက်ထပ်မှ ချီးမွမ်းသီချင်းသံလေး လွှင့်ပျံ လာသည်။ မည်သူမျှမနိုးသေးဟု ထင်မိသော်လည်း သမီးထွေး၏မသေမသပ် အသံလေးက ကျွန်တော့်အထင်မှားကြောင်းပြနေသည်။ အိပ်ယာမှနိုးကာစ ဖြစ်သော်လည်း သူမ၏နှုတ်ခမ်းထက်၌ သီဆိုစရာသီချင်းရှိပြီးသားဖြစ်သည်။

ကျွန်တော်၏သမီးထွေးသည် အဆိုတော်ဖြစ်သည်။ သီချင်းမဆိုဘဲ သူမနေနိုင်။ သူနိုးလာတိုင်း သီချင်းဆိုသည်။ ကျောင်းသွားတိုင်း၊ အိပ်ယာ ဝင်တိုင်း သီချင်းဆိုသည်။ သူ့နှလံုးသား၌ မွေးရာပါ ဆိုစရာသီချင်းများ ရှိသည်။ ထို့ပြင် သူဆိုသည့် သီချင်းများက အများအားဖြင့် သခင်ယေရှုကို မျက်မှောက် ပြုသည်။ ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို ဘုရားသခင်ကို သူချီးမွမ်းသည်။

ရိုးသားစွာ၊ ကိုးကွယ်သောစိတ်နှင့် စိတ်ပါဝင်စားစွာ ချီးမွမ်းသည့် သမီး၏ အသံကို ကျွန်တော်ချစ်သည်။ သူ့အလိုလို ဝမ်းမြောက်စွာချီးမွမ်းသည့် သီချင်းသံက သမ္မာကျမ်းတစ်အုပ်လံုး၌ တွေ့ရသည့် ဘုရားရှင်ကို ချီးမွမ်းရန် ဖိတ်ခေါ်ချက်ကို ထင်ဟပ်ပြနေသည်။ ဆာလံ ၉၅ တွင်…

ပြဿနာများရှိစေ‌တော့

အိမ်ရောက်ခါနီးမှ ကားအပူချိန်ပြဒိုင်ခွက်မှမြားက အရှိန်မြင့်တက်နေသည်ကို သတိပြုမိသဖြင့် ကားထိုးလိုက်ပြီး စက်သတ်ကာ ကားထဲမှ ထွက်လိုက်ကြသည်။ ကားစက်ဖုံးမှအငွေ့များ ထွက်လာပြီး ကားအင်ဂျင်မှာ အသားပြားကင်သကဲ့သို့ တရှဲရှဲမြည်နေတော့သည်။ ကားကို နောက်သို့ ပေအနည်းငယ်ဆုတ်လိုက်ရာ ကားအောက်တွင် ဆီအိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော် ချက်ချင်း သိလိုက်သည်။ အင်ဂျင်စက်မှ ဂတ်စကတ်ခေါင်းကြီး ကွဲသွားခြင်းဖြစ်ပါသည်။

ကျွန်တော်စိတ်ပျက်ပျက်နှင့် သက်ပြင်းချမိသည်။ အခြားဈေးကြီးသောပြုပြင်ရေးများအတွက် ငွေများစွာသုံးခဲ့ပြီးပြီ။ “ဟာ... ပျက်ပြန်ပြီ။ မပျက်စီးဘဲ မနေနိုင်ဘူးလားကွာ” ဟု ခါးသည်းစွာနှင့် ကျွန်တော် ညည်းညူလိုက်မိသည်။

သင်ကော ထိုသို့ဖြစ်ဖူးပါလား။ တစ်ခါတစ်ရံ ကျွန်တော်တို့ ပြဿနာတစ်ခုကို လွှဲရှောင်ပြီး အခြားတစ်ခုကို ဖြေရှင်းတတ်သည်။ ပမာဏများသည့် ကုန်ကျစရိတ်ကို အရင်ပေးချေကာမှ အခြားစရိတ်ပေါ်လာပြန်သည်။ မထင်မှတ်ထားသောရောဂါအဖြေသိရခြင်း၊ အချိန်မတန်ဘဲ ကွယ်လွန်သွားခြင်းနှင့် ကြီးမားသောဆုံးရှုံးမှုကြုံရ ခြင်း စသည်ဖြင့် ပြဿနာများက စက်ပစ္စည်းများပျက်စီးခြင်းထက် ပိုကြီးမားသည်။

ထိုအချိန်မျိုးတွင် ကြေကွဲမှု…

ဝိညာဥ်ရေးရာ ယာဥ်မောင်းခြင်း

ကားမောင်းသင်စဥ်က သင်ခန်းစာအသေးစိတ်ကိုမမှတ်မိသော်လည်း အကြောင်း‌ကြောင်းကြောင့် S.I.P.D.E ဆိုသည့် စာအတိုကောက်က ခေါင်းထဲမြဲစွာ ကျန်ခဲ့သည်။

“Scan-စစ်ဆေး။ Identify-ပိုင်းခြား။ Predict-ခန့်မှန်း။ Decide-ဆုံးဖြတ်။ Execute-ဆက်လုပ်။” စသည့်အချက်များမှာ ကျွန်ုပ်တို့အစဉ်မပြတ်လေ့ကျင့်ရသည့် သင်ခန်းစာ ဖြစ်သည်။ လမ်းကြောကို စစ်ဆေးရမည်။ အန္တရာယ်ရှိမရှိ ပိုင်းခြားရ မည်။ ထိုဘေးအန္တရာယ်ကြောင့် ဘာဖြစ်သွားနိုင်သည်ကို ခန့်မှန်းရမည်။ ပြီးနောက် မည်သို့တုံ့ပြန်လုပ်ဆောင်မည်ကို ဆုံးဖြတ်ပါ။ ထိုဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်ပါ။ ၎င်းသည် မတော်တဆမှုများကိုရှောင်နိုင်ရန် ပို့ချခဲ့သည့်ဗျူဟာဖြစ်သည်။

ကျွန်ုပ်တို့၏ဝိညာဉ်အသက်တာအတွက် ထိုဗျူဟာကို မည်သို့အဓိပ္ပာယ် ကောက်မည်နည်း။ ရှင်ပေါလုက ဧဖက်မြို့သားယုံကြည်သူများအား “...ပညာမဲ့ ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့” (ဧ၅:၁၅)ဟု ဆိုထားသည်။ သခင်ယေရှုနှင့်အတူလျှောက်လှမ်းမည့် အသက်တာသစ်နှင့်မဆီလျော်၊ ညစ်ညူးသောအသက်တာဟောင်းဖြင့် အသက်ရှင်နေသည့်အန္တရာယ်က ဧဖက်မြို့သားတို့ကို ရွေ့လျော့စေမည်ကို သူသိ သည် (:၈၊ ၁၀-၁၁)။ ထို့ကြောင့် တစ်စစကြီးထွားလာသည့်အသင်းတော်အား သတိပြုရန်…

စိမ်းလန်းသောသစ်ပင်

ကျွန်ုပ်၌ ပစ္စည်းစုဆောင်းလိုစိတ်အမြဲရှိသည်။ ငယ်စဉ်က တံဆိပ်ခေါင်းများ၊ ဘေ့စ်ဘော ကတ်များ၊ ကာတွန်းစာအုပ်များကို စုခဲ့သည်။ ယခု မိဘဖြစ်လာချိန်တွင် ကျွန်ုပ်ကလေးများ၌ အလားတူစိတ်ထက်သန်မှုရှိသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ ဝက်ဝံရုပ် နောက်တစ်ရုပ် တကယ်ပဲလိုအပ်ရဲ့လား ဟု ကျွန်ုပ်တွေးမိသည်။

စင်စစ် ၎င်းသည် လိုအပ်မှုနှင့်မသက်ဆိုင်ပါ။ ပစ္စည်းသစ်တစ်ခုခု၏ ဆွဲဆောင်မှု၊ သို့မဟုတ် သွားရည်ကျလောက်သည့် ရှေးဟောင်းရှားပါးပစ္စည်း၏ဆွဲဆောင်မှု ဖြစ်သည်။ တစ်စုံတစ်ခုက စိတ်ကိုဖမ်းစားထားလျှင် မိမိ၌ "ထိုအရာ"သာရှိလျှင် ဘဝကပိုကောင်းလာမည်ဟု ယုံမှတ်ရန်၊ ကျွန်ုပ်တို့ပျော်ရွှင်မည်၊ ကျေနပ်မည်ဟု သွေးဆောင်ခံရသည်။

သို့သော် မျှော်မှန်းထားသလို ဘယ်တော့မှဖြစ်မလာပါ။ အဘယ်ကြောင့်နည်း။ မိမိ၏လိုအင်ဆန္ဒများကို ကျေနပ်စေမည်ဟု‌ လောကမှပြောလာသည့် အရာဝတ္ထု များနှင့် မဟုတ်ဘဲ ကိုယ်တော်နှင့်ပြည့်ဝနေစေရန် ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်ဆင်း ထားခြင်းကြောင့် ဖြစ်သည်။

ဤအားပြိုင်မှုက အသစ်မဟုတ်ပါ။ သုတ္တံကျမ်းက ကြွယ်ဝမှုနောက်လိုက် သည့်ဘဝနှင့် ဘုရားသခင်အားချစ်ခြင်းနှင့် ရက်ရောစွာပေးကမ်းခြင်း၌တည်သော ဘဝဟူသည့်…