စာရေးသူ

အားလုံးမြင်နိုင်ရန်
Amy Boucher Pye

အေမီဘိုချာပိုင်

အေမီဘိုချာပိုင် (Amy Boucher Pye)သည် စာရေးဆရာနှင့် ဟောပြောပို့ချသူဖြစ်ပြီး အင်္ဂလန်နိုင်ငံ မြောက်ပိုင်းတွင် နေထိုင်သည်။ သူမသည် A Loving Look at Life in Britain စာအုပ်၊ ဆုရစာအုပ်ဖြစ်သည့် Finding Myself in Britain: Our Search for Faith, Home, and True Identity နှင့် The Living Cross: Exploring God's gift of forgiveness and new life စာအုပ်တို့ကို ရေးသားခဲ့သည်။ သူမသည် the University of London မှ MA in Christian spirituality ဘွဲ့ကိုရရှိခဲ့ပြီး ယူကေတွင် Woman Alive စာအုပ်အသင်းကို ထူထောင်လုပ်ကိုင်လျက် မိသားစုနှင့်အတူ သာသနာအိမ်တွင် နေထိုင်လျက်ရှိသည်။ သူမအကြောင်းကို amyboucherpye.com (သို့) Facebook (သို့) Twitter ၌ (@amyboucherpye) တွင် ရှာကြည့်နိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ အေမီဘိုချာပိုင်

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏

သင်းအုပ်ဆရာ Bob (ဘော့ဘ်)သည် ထိခိုက်မှုဒဏ်ရာကြောင့် သူ့အသံပျောက်သွားသောအခါ၊ သူသည် (၁၅) နှစ်ကြာမျှ အခက်အခဲနှင့် စိတ်ဓာတ်ကျမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ စကားမပြောနိုင်သော သင်းအုပ်ဆရာတစ်ယောက်သည် ဘာလုပ်ရမည်နည်း ဟူသော မေးခွန်းနှင့်ရုန်းကန်ခဲ့ရပြီး သူ၏ဝမ်းနည်းမှုနှင့် စိတ်ရှုပ်ထွေးမှုများကို ဘုရားသခင်ထံ ပုံအပ်ခဲ့သည်။ “လုပ်ရမည့်အရာတစ်ခုကို ငါသိတယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နောက် လိုက်လျှောက်ဖို့ပဲ” ဟု သူပြန်ပြောင်းပြောပြသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် အချိန်ကုန်စေသည်နှင့်အမျှ ဘုရားရှင်အပေါ် သူ၏ချစ်ခြင်းလည်း တိုးပွားလာသည်။ “အသက်တာတစ်ခုလုံးကို သမ္မာကျမ်းစာမှာပဲ စွဲမြဲနှစ်မြှုပ်ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်ခြင်းဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြားနာခြင်းကပဲ လာတာမို့ပါ” ဟု သူဆိုသည်။

ရောမမြို့သို့ပေးပို့သော တမန်တော် ရှင်ပေါလု၏စာတွင် “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” ဟူသောစကားရပ်ကို တွေ့ရသည်။ သူ၏ လူမျိုးချင်းဖြစ်သော ယုဒလူမျိုးအားလုံး ခရစ်တော်ကို ယုံကြည်ပြီး ကယ်တင်ခြင်းသို့ ရောက်စေရန် ရှင်ပေါလုလိုလားခဲ့သည် (ရော…

ဒုက္ခဆင်းရဲများမှတစ်ဆင့် ကြံ့ခိုင်သန်မာခြင်း

ကျွန်မ စာအိတ်အချို့ကို လှန်လှောပြန်ဖွင့်ကြည့်မိစဉ် “သားမျက်လုံးစစ်ပြီးပြီ” ဟု ရေးထားသောကပ်ခွာကို တွေ့ရာ၊ အမှတ်တရများ ပြန်ပေါ်လာသည်။ ကျွန်မ၏ (၄) နှစ်အရွယ်သားလေးက စပ်ဖျဉ်းဖျဉ်းဖြစ်စေသည့် မျက်စဉ်းခတ်ပြီးနောက် ထိုကပ်ခွာအား ဂုဏ်ယူစွာ ကပ်ထားခဲ့ပုံကို ကျွန်မပြန်မြင်ယောင်လာသည်။ မျက်လုံးကြွက်သားအားနည်းသဖြင့် အားနည်းသည့်မျက်လုံး အားကောင်းလာစေရန် သူသည် အားမနည်းသည့်မျက်လုံးတွင် မျက်လုံးကာကို နေ့စဉ် နာရီများစွာ တပ်ခဲ့ရသည်။ ခွဲစိတ်မှုလည်းပြုခဲ့ရသည်။ အားပေးနှစ်သိမ့်မှုအတွက် မိဘများဖြစ်သော ကျွန်မတို့ကို သူမျှော်ကြည့်လျက်၊ ကလေးသူငယ်တစ်ဦး၏ယုံကြည်မှုမျိုးဖြင့် ဘုရားသခင်ကို အားကိုးလျက် သူသည် စိန်ခေါ်မှုများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့သည်။ ထိုစိန်ခေါ်မှုများမှတစ်ဆင့် သူ၏ကြံ့ကြံ့ခံနိုင်ရည်တိုးလာခဲ့သည်။

ဒုက္ခဆင်းရဲခြင်းကို ရင်ဆိုင်ကျော်လွှားခဲ့သူများသည် ထိုအတွေ့အကြုံများ အားဖြင့် ပြောင်းလဲသွားတတ်ကြသည်။ သို့သော် တမန်တော်ရှင်ပေါလုက ထိုထက်မက “ဒုက္ခဆင်းရဲခြင်းကို ခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိ”ရန် ဆိုသည်။ အကြောင်းမှာ ဒုက္ခဆင်းရဲခြင်းမှတစ်ဆင့် ကျွန်မတို့သည် သည်းခံခြင်းစိတ် တိုးလာပါသည်။ သည်းခံခြင်းမှတစ်ဆင့် သက်သေထင်ရှားခြင်း၊…

သာ၍ကြီးမြတ်သောမေတ္တာ

သန့်ရှင်းသောရက်သတ္တပတ်မတိုင်မီတွင် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်များသည် သခင် ယေရှု၏ကိုယ်ကျိုးစွန့်ပေးဆပ်မှုကို အောက်မေ့ကာ ကိုယ်တော်၏ထမြောက်ရှင်ပြန်ခြင်းအတွက် အောင်ပွဲခံနေစဉ် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စူပါမားကတ် တစ်ခုတွင် အကြမ်းဖက်သမားတစ်ဦးသည် သေနတ်ဖြင့်ဝင်ရောက်ရမ်းကားခဲ့၍ လူနှစ်ဦးသေဆုံးခဲ့သည်။ စေ့စပ်ညှိနှိုင်းပြီးနောက် အကြမ်းဖက်သမားသည် ဓားစာခံများကို ပြန်လွှတ်ပေးခဲ့သော်လည်း တစ်ဦးကိုမူ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။ ရဲအရာရှိ Arnaud Beltrame (အာနိုးဘဲထရာမင်) သည် မစဥ်းစားနိုင်ဖွယ်ရာအမှုကို ပြုခဲ့သည်။ အန္တရာယ်ကို သူသိသော်လည်း ဓားစာခံအမျိုးသမီးနှင့် နေရာချင်းလဲခဲ့သည်။ အကြမ်းဖက်သမားသည် သူမကိုလွှတ်ပေးခဲ့သော်လည်း ဆက်လက် လုံးထွေးသတ်ပုတ်ကြရာ ဘဲထရာမင် ဒဏ်ရာပြင်းစွာရခဲ့ပြီး ထို့နောက် ကွယ်လွန်သွားခဲ့သည်။

ထိုရဲအရာရှိကိုသိသည့် အမှုတော်ဆောင်ဆရာတစ်ပါးက ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၃ တွင် ပါသော သခင်ယေရှု၏စကားကို ထောက်ပြလျက် ရဲအရာရှိ၏ သူရသတ္တိကို သူ၏ရှင်ယေရှုကိုယုံကြည်ခြင်းကြောင့်ဟု မှတ်ယူခဲ့သည်။ “ကိုယ်အဆွေတို့အဘို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှ မရှိ။” ထိုစကားတော်သည်…

လန်းဆန်းစေသော အိုအေစစ်

Andrew (အန်ဒရူး)နှင့် သူ့မိသားစုသည် ကင်ညာနိုင်ငံတွင် ဆာဖာရီ တောရိုင်းတိရစ္ဆာန်ဉယျာဉ်သို့ ခရီးထွက်ကြစဥ် ရေကန်ငယ်လေးသို့ မကြာခဏ ရေသောက်ဆင်းလာသည့် တိရစ္ဆာန်မျိုးစုံအား ကြည့်ရှုရခြင်းကို နှစ်သက်ကြသည်။ သစ်ကုလားအုတ်၊ တောဆိတ်၊ ရေမြင်းနှင့်ရေကြက် အားလုံးသည် အသက်ကိုပေးနိုင်သော ရေအရင်းအမြစ်သို့ အရောက်လာခဲ့ကြသည်။ တိရစ္ဆာန်တို့၏ သွားခြင်းလာခြင်းကိုကြည့်ရင်း “သမ္မာကျမ်းစာသည် ရေတွင်းနှင့်တူသည်”ဟု အန်ဒရူး အတွေးဝင်မိခဲ့သည်။ သမ္မာကျမ်းစာသည် လမ်းညွှန်မှုနှင့် ဉာဏ်ပညာ၏ အရင်းအမြစ်ဖြစ်ရုံသာမက သက်ရှိအလွှာပေါင်းစုံမှ လူတို့၏ငတ်မွတ်မှုကို ဖြေဖျောက်ပေးနိုင်သည့် လန်းဆန်းစေသော အိုအေစစ်ဖြစ်သည်။

အန်ဒရူး၏လေ့လာတွေ့ရှိချက်က ဘုရားသခင်၏ပညတ်တရားကို ဆင်ခြင်တွေးတောသူတို့အား “မင်္ဂလာရှိ၏” ဟုပြောကြားသူ ဆာလံဆရာကို မီးမောင်းထိုးပြနေသည်။ ထိုဝေါဟာရသည် ဓမ္မဟောင်းကျမ်းတွင် ကိုယ်တော်၏ ညွှန်ကြားချက်နှင့် ပညတ်တော်များကိုဖော်ပြရာ၌သုံးသည့် အသုံးအနှုန်းဖြစ်သည်။ သမ္မာကျမ်းစာကို ဆင်ခြင်အောက်မေ့သူများသည် “မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏” (ဆာ ၁:၃)။ သစ်ပင်တစ်ပင်၏အမြစ်များသည် လန်းဆန်းမှု၏ အရင်းအမြစ်ကို…

သက်စမ်းရေ

အန်ဒရီယာ၏မိသားစုဘဝက မတည်မငြိမ်ဖြစ်ခဲ့သည်။ အသက် (၁၄) နှစ်အရွယ်တွင် သူမ အိမ်မှထွက်ခွာခဲ့ပြီး အလုပ်ရှာကာ သူငယ်ချင်းများနှင့်အတူ နေထိုင်ခဲ့သည်။ သူ့အပေါ် ချစ်ခင်မှုနှင့် အားပေးမစမှုကို သူမ တမ်းတသည်။ နောက်ပိုင်းတွင် သူမကို မူးယစ်ဆေးဝါးနှင့် မိတ်ဆက်ပေးသူတစ်ဦးနှင့်အတူ ပြောင်းရွှေ့နေထိုင်သည်။ ထိုမျှမက သူမသည် ပုံမှန်အရက်သောက်ပြီး အရက်ပါစွဲခဲ့သည်။ သို့သော်လည်း ထိုပေါင်းသင်းဆက်ဆံရေး၊ မူးယစ်ဆေးနှင့် အရက်များက သူမ၏ မျှော်လင့်တမ်းတမှုကို ကျေနပ်နှစ်သိမ့်မှု မပေးနိုင်ပေ။ နှစ်အတန်ကြာမျှ ကျေနပ်နှစ်သိမ့်မှုပေးမည့်အရာကို သူမဆက်လက်ရှာဖွေပြီးနောက် သူမကို ဆုတောင်းပေးရန် ကမ်းလှမ်းပြီး ကူညီသည့် သခင်ယေရှုကို ယုံကြည်သူအချို့နှင့် တွေ့ဆုံခဲ့သည်။ လအနည်းငယ်အကြာ နောက်ဆုံးတွင် သူမ၏မေတ္တာငတ်နေမှုကို အမွတ်အသိပ်ပြေစေမည့် သခင်ယေရှုနှင့် သူမတွေ့ရှိခဲ့သည်။

ရေတောင်းသောက်ရန် သခင်ယေရှုချဥ်းကပ်ခဲ့သည့် ရှမာရိအမျိုးသမီးသည်လည်း ဆာငတ်မှု ပြေခဲ့သည်။ နေပြင်းချိန်၌ သူမရေခပ်ဆင်းခြင်းမှာ (ယော ၄:၅-၇) ခင်ပွန်းများစွာကို ယူထားခြင်းနှင့် လက်ရှိအခြေအနေတွင်…

ကောင်းသောသိုးထိန်း

သင်းအုပ်ဆရာကြီး Warren (ဝါရန်)သည် သူ့အသင်းသားတစ်ယောက်က သူ၏ ဇနီးနှင့်မိသားစုကို စွန့်ပစ်သွားကြောင်း သတင်းကြားသောအခါ ထိုလူနှင့်ဆုံမိပြီး စကားပြောနိုင်အောင်မစရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ရာ၊ ဘုရားရှင် တကယ် မစခဲ့သည်။ စားသောက်ဆိုင်တစ်ခုထဲသို့ ဝါရန် ဝင်လိုက်သည့်အခါ အနီးနားစားပွဲတွင် ထိုပုဂ္ဂိုလ်ကို တွေ့လိုက်ပြီး “ဗိုက်ဆာနေတဲ့လူတစ်ယောက်အတွက် နေရာလေး ရနိုင်မလား” ဟု သူခွင့်တောင်းခဲ့သည်။ မကြာမီ ၎င်းတို့နှစ်ဦးသား အလေးအနက်ပြောဆိုဆွေးနွေးလျက် အတူတကွ ဆုတောင်းခဲ့ကြသည်။

ဘုရားသခင်သည် ကွဲပြားနေသောသူ၏သိုးများကို ရှာမည်ဖြစ်ကြောင်း ပရောဖက်ယေဇကျေလအားဖြင့် မိန့်ကြားသကဲ့သို့ သင်းအုပ်ဆရာတစ်ဦးအနေဖြင့် ဝါရန်သည် အသင်းသူအသင်းသားများအတွက် သိုးထိန်းတစ်ဦးကဲ့သို့ ပြုမူခဲ့သည်။ ကွဲပြားနေသောသူ၏သိုးများကို ကယ်တင်ကာ စုဝေးစေပြီး ကြည့်ရှုပြုစုမည်ဟု ဘုရားသခင် ကတိတော်ထားရှိသည် (ယေဇ ၃၄:၁၂-၁၃)။ သူသည် ကောင်းသောကျက်စားရာအရပ်၌ သူတို့ကို ကျွေးမွေးမည်၊ ပျောက်သောသိုးကိုရှာပြီး သူတစ်ပါးနှင်သောသိုးကို လိုက်၍ဆောင်ခဲ့မည်၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်၊ အားနည်းသောသိုးကို မစမည်ဖြစ်သည်…

ခြင်္သေ့တွင်းမှကယ်နုတ်၍

တာဟယ်နှင့်သူ့ဇနီးဒွန်ညောတို့သည် ခရစ်တော်ကို ယုံကြည်သူများဖြစ်လာကြစဉ်က သူတို့၏အမိမြေတွင် ဖိနှိပ်ခံရမည့်အန္တရာယ်ရှိကြောင်းကို သိခဲ့ကြသည်။ တစ်နေ့တွင် အမှန်တကယ်ပင် တာဟယ်သည် မျက်လုံးအစည်းခံရ၊ လက်ထိပ်ခတ်ခံရ၊ ထောင်ချခံရပြီး မိခင်ဘာသာကို စွန့်ပယ်မှုနှင့် တရားစွဲခံခဲ့ရသည်။ တရားရုံးသို့ မသွားမီ သူနှင့်ဒွန်ညောတို့သည် ခရစ်တော်ကို သစ္စာမဖောက်ရန် သဘောတူခဲ့ကြသည်။

အမိန့်ချရာတွင် ဖြစ်ခဲ့သောအချင်းအရာက သူ့အား အံ့ဩသွားစေပါသည်။ တရားသူကြီးက “ဘာလို့လဲတော့ငါမသိဘူး။ ဒါပေမယ့် ငါမင်းကို ငါးကြီးနဲ့ခြင်္သေ့ခံတွင်းဝကနေ ကယ်ချင်နေတယ်” ဟုဆိုခဲ့သည်။ ထိုအခါ “ဘုရားသခင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း” တာဟယ် သိလိုက်သည်။ တရားသူကြီးက အဘယ် ကြောင့် သမ္မာကျမ်းပိုဒ် (၂) ခုအား ကိုးကားပြောဆိုသည်ကို သူမရှင်းပြတတ်ပါ (ယောန ၂၊ ဒံ ၆)။ တာဟယ်သည် ထောင်မှလွတ်လာပြီးနောက်ပိုင်း၌ သူ့မိသားစုသည် အခြားနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့သည်။

တာဟယ်၏အံ့ဩဖွယ်လွတ်မြောက်မှုသည် ဒံယေလ၏အဖြစ်နှင့်ဆင်တူ သည်။ ဉာဏ်ပညာကြွယ်သောဝန်ကြီး ဒံယေလသည် တစ်နိုင်ငံလုံးကို အုပ်ချုပ်ရတော့မည်ဖြစ်၍…

တစ်သက်တာမိတ်ဆွေများ

အင်္ဂလိပ်ကဗျာဆရာ William Cowper (ဝီလျံကူးပါး) (၁၇၃၁-၁၈၀၀)သည် ယခင်ကကျွန်ကုန်ကူးသူ ဖြစ်ခဲ့သည့် သူ၏သင်းအုပ်ဆရာ John Newton (ဂျွန်နယူတန်) (၁၇၂၅-၁၈၀၇)နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ကူးပါးသည် စိတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုဝေဒနာကိုခံစားခဲ့ရပြီး တစ်ကြိမ်ထက်မက သူ့ကိုယ်သူ သေကြောင်းကြံစည်ခဲ့သူဖြစ်သည်။ သူ့ထံသို့ နယူတန် လာရောက်လည်ပတ်သည့်အခါ သူတို့နှစ်ဦးအတူတူ လမ်းကြာကြာလျှောက်ကြကာ ဘုရားသခင်အကြောင်း ဆွေးနွေးလေ့ရှိသည်။ ကူးပါးအနေဖြင့် တစ်မူဆန်းသစ်မှုဖြင့် ကဗျာရေးစပ်ရန် အကြောင်းရင်းရှိခြင်းကြောင့် ၎င်းမှ သူ့အတွက်အကျိုးဖြစ်လိမ့်မည်ဟုတွေးကာ သူ၏ဓမ္မတေးပေါင်းချုပ်တစ်ခု စုစည်းထုတ်ဝေရန် နယူတန် အကြံရခဲ့သည်။ ကူးပါးသည် ‘God Moves in a Mysterious Way’ (နက်နဲသည့်နည်းလမ်းဖြင့် ဘုရားသခင် လှုပ်ရှားသည်) ဟူသည့် သီချင်းအပါအဝင် ဓမ္မတေးသီချင်းပေါင်းများစွာကို ရေးသားခဲ့သည်။ အခြားအသင်းတော်သို့ နယူတန် ပြောင်းရွှေ့သွားသည့်အခါ သူနှင့်ကူးပါးသည် ဆက်ဆံရေးခိုင်မာသည့်မိတ်ဆွေများအဖြစ် ဆက်လက်ရှိနေခဲ့ပြီး ကူးပါး၏ ကျန်ရှိသည့်ဘဝတစ်လျှောက်တွင်လည်း ပုံမှန် အဆက်အသွယ်မပြတ်…

မျှော်လင့်ချက်များနှင့် ဆန္ဒများ

ကျွန်မ အင်္ဂလန်သို့ ပြောင်းလာသည့်အခါ အမေရိကန်ဓလေ့ ‘ကျေးဇူးတော်ချီးမွမ်းခြင်း’အားလပ်ရက်သည် နိုဝင်ဘာလ၏ ကြာသပတေးနေ့တစ်နေ့မျှသာ ဖြစ်လာသည်။ စနေတနင်္ဂနွေပိတ်ရက်တွင်မှ စားသောက်ပွဲကိုပြုလုပ်ခဲ့သော်လည်း ထိုနေ့တွင် မိသားစုနှင့်အတူ၊ သူငယ်ချင်းများနှင့်အတူ ရှိချင်ခဲ့သည်။ ကျွန်မဆန္ဒများသည် ကျွန်မအတွက် တစ်မူထူးနေခြင်း မဟုတ်သည်ကို ကျွန်မနားလည်သည်။ ကျွန်မတို့အားလုံးသည် အထူးပွဲတော်များနှင့် အားလပ်ရက်များတွင် မိမိချစ်ခင်ရသူများနှင့် အတူရှိချင်ကြသည်။ စားသောက်ပွဲဆင်နွှဲနေချိန်တွင်ပင် မိမိနှင့်အတူ မပါဝင်နိုင်သူကို လွမ်းဆွတ်တတ်သကဲ့သို့ ပြိုကွဲနေသောမိသားစုများလည်း ငြိမ်းချမ်းပါစေဟု ဆုတောင်းပေးတတ်ကြသည်။

ဤအချိန်အတောအတွင်း၊ ဆုတောင်းခြင်းနှင့် “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏” (သု ၁၃:၁၂) ဟူသည့် ရှောလမုန်မင်းကြီး၏သုတ္တံစကား အပါအဝင် သမ္မာ ကျမ်းစာ၏ဉာဏ်ပညာကို တွေးတောဆင်ခြင်ခြင်းက ကျွန်မအတွက်ခွန်အား ဖြစ်ခဲ့သည်။ ဤသုတ္တံကျမ်းတွင် ရှောလမုန်ဝေမျှသည့် အမြော်အမြင်မှာ “မျှော်လင့်သောအရာဖင့်နွှဲခြင်း”ကြောင့် ဖြစ်နိုင်ခြေသက်ရောက်မှုနှင့် အလွန်တောင့်တသောအရာကို မရဘဲ နှောင့်နှေးခြင်းသည် ဒေါသနှင့်နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ခြင်း ဟူသည့်အနှစ်ချုပ်ကို…

ကိုယ်နှင့်စပ်ဆိုင်သူများကို ချစ်ခြင်း

​ကိုရိုနာကပ်ရောဂါကာလအတွင်း သီးခြားနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ထားချိန်တို့တွင် Martin Luther King Jr. (မာတင်လူသာကင်းဂျူနီယာ)၏ ‘Letter from a Birmingham Jail’ (ဘာမင်ဟန် ထောင်တွင်းမှစာ)တွင် ပါရှိသည့်စကားများ မှန်ကန်ခဲ့သည်။ မတရားမှုနှင့်ပတ်သက်၍ မာတင်က အခြားမြို့တွင် ဖြစ်ပျက်နေသည့်အရာအတွက် ပူပန်မှု မရှိဘဲ မြို့တစ်မြို့၌ ဘာမှမဖြစ်သလို ထိုင်မနေနိုင်ကြောင်း၊ “ရှောင်ဖယ်၍မရသည့် ပတ်သက်ဆက်နွယ်မှု၌ ကျွန်ုပ်တို့ပိတ်မိနေပြီး ကြမ္မာဟူသည့် ဝတ်ရုံလွှာတစ်ခုတည်း၏ တုပ်နှောင်မှုခံနေရသည်။ တစ်ယောက်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိသည်ဆိုလျှင် ကျွန်တော်တို့ အားလုံးအပေါ်လည်း သွယ်ဝိုက်၍ သက်ရောက်မှုရှိသည်”ဟု သူမှတ်ချက်ချခဲ့သည်။

ထိုနည်း၎င်းပင် ဗိုင်းရပ်စ်ပြန့်ပွားမှုကိုလျှော့ချရန် ကမ္ဘာတစ်ဝန်းနိုင်ငံကြီးများနှင့် မြို့ကြီးများတွင် ဝင်ခွင့်ပိတ်ပင်ခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်ုပ်တို့၏ဆက်နွယ်မှုကို ပို၍ထင်ရှားစေသည်။ တစ်မြို့ကို ထိခိုက်လျှင် မကြာမီ အခြားမြို့ကိုပါ ထိခိုက်မည်ဖြစ်သည်။

လွန်ခဲ့သည့်ရာစုနှစ်များစွာက ဘုရားသခင်သည် အခြားသူများအပေါ် ကရုဏာပြရန် သူ့လူမျိုးအား မိန့်မှာခဲ့ပြီး၊…