စာရေးသူ

အားလုံးမြင်နိုင်ရန်
Bill Crowder

ဘေလ်ခရောက်ဒါ

ဆရာကြီး ဘေလ်ခရောက်ဒါ (Bill Crowder)သည် သင်းအုပ်တစ်ဦးအနေနှင့် အနှစ် (၂၀) ကျော် အမှုတော်ဆောင်ပြီးနောက် Our Daily Bread Ministries ၌ အမှုတော်ဆောင်ခဲ့သည်။ ဆရာကြီး မာ့ ဒီဟန်း (Mart DeHaan) နှင့်အတူ ဆရာသည် သင်ကြားပို့ချခြင်းဆိုင်ရာ အကြောင်းအရာများ ပြင်ဆင်သူအဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် နီးကပ်စွာ လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် ဆရာ ဘေးလ်သည် ကမ္ဘာအနှံ့ရှိ အသင်းတော်ခေါင်းဆောင်များအတွက် သမ္မာကျမ်းစာသင်ကြားပေးခြင်း အတွက် သူ့အချိန် အတော်များစွာပေးသည်။ 'လေ့လာမှတ်သားဖွယ်စာစဥ်' (Discovery Series) စာအုပ်ငယ် များစွာနှင့် Our Daily Bread Publishing စာအုပ်တိုက်မှ ထုတ်ဝေသော စာအုပ်များစွာ ရေးသားခဲ့သည်။ ဆရာကြီးနှင့်ဇနီး ဆရာမ မာလင်း(Marlene) တို့၌ သားသမီး ငါးယောက်၊ မြေးများစွာ ရှိသည်။ ဆရာသည် သူ့မြေးများအကြောင်းကို ပီတိအပြည့်ဖြင့် ပြောလေ့ရှိသည်။

စာမူ/ အကြောင်းအရာ များ ဘေလ်ခရောက်ဒါ

သက်သေခံပါ

အမေရိကန်သမ္မတ Abraham Lincoln (အာဗြံဟံလင်ကွန်း)၏သား Robert Todd Lincoln (ရောဘတ်တော့လင်ကွန်း)သည် သူ့ဖခင်အပြင် သမ္မတ James Garfield (ဂျိမ်းစ်ဂါဖီး)နှင့် William McKinley (ဝီလျံမက်ကင်းလေး)တို့ လုပ်ကြံခံရသည့် အရေးကြီးအဖြစ်အပျက် (၃)ခု ဖြစ်ပျက်ချိန်၌ ရှိနေသူဖြစ်သည်။
သို့သော် သခင်ယေရှု၏ နောက်ဆုံးညစာစားပွဲ၊ ဂေသရှေမန်ဥယျာဥ်တွင် ခရစ်တော်၏မချိတင်ကဲဝေဒနာ၊ သခင်ကားတင်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း စသည့် အရေးပါသော သမိုင်းအဖြစ်အပျက် ‘(၄) ခု’တွင် တမန်တော် ရှင်ယောဟန် ရှိနေခဲ့ကြောင်းကို ဆင်ခြင်ကြည့်ပါ။ ထိုသို့ ဖြစ်ပျက်သည့်အခိုက်အတန့်တွင် သူရှိနေရခြင်း၏ အကောင်းဆုံးသော ‘အကြောင်းရင်း’အတွက် သူသည် မျက်မြင် သက်သေဖြစ်ရခြင်းကို ရှင်ယောဟန်သိသည်။ ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၄-၂၅ တွင် “ထို တပည့်တော်ကား ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူ ဖြစ်၏။ သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏” ဟု သူရေးခဲ့သည်။

ရှင်ယောဟန်သည်…

အပြာရောင်ကျောက် ဘုရားကျောင်းခေါင်းလောင်းများ

အပြာရောင်ကျောက်သည် အလွန်စွဲမက်စရာကောင်းသည်။ ၎င်းကို ရိုက်ခတ်ပါက အလွန်ချိုလွင်သောအသံ ထွက်ပေါ်သည်။ ဝေးလ်စ် နိုင်ငံ (Wales)မှ ဝေလ (Welsh)ရွာလေး မန်ကလိုဟော့ (Maenclochog)၏ အမည်သည် “ခေါင်းလောင်း” (သို့) “အသံမြည်သော ကျောက်တုံးများ” ဟုအဓိပ္ပာယ်ရပြီး ထိုရွာတွင် ထိုကျောက်ပြာများကို ဘုရားကျောင်းခေါင်းလောင်းအဖြစ် (၁၈) ရာစု အထိ အသုံးပြုကြသည်။ အင်္ဂလန်နိုင်ငံရှိ ယိုယွင်းသွားပြီးဖြစ်သော ‘Stonehenge’ (စတုန်းဟဲန့်ဂျ်) သမိုင်းဝင်ကျောက်တိုင်ကို ကျောက်ပြာများဖြင့် ဆောက်လုပ်ထားပြီး၊ ၎င်းသည် ဂီတသံစဉ်ကို ဖော်ဆောင်ရန် ရည်ရွယ်ခဲ့လေသလားဟု အတွေးဝင်စေခဲ့ပါသည်။ စူးစမ်းလေ့လာသူ သုတေသီအချို့၏ ပြောပြချက်အရ ထိုကျောက်ပြာ၏ သာယာနာပျော်ဖွယ် အသံအရည်အသွေးကြောင့် စတုန်းဟဲန့်ဂျ် ကျောက်တိုင်၏ ကျောက်ပြာကို မိုင် (၂၀၀) ခန့်ဝေးသော မန်ကလိုဟော့ရွာအနီးမှ ယူဆောင်ဆောက်လုပ်ထားသည်ဟုဆိုသည်။

ဂီတသံစဉ်မြည်သော ထိုကျောက်တုံးပြာများသည် ဘုရားသခင်၏ကြီးမြတ် အံ့ဖွယ်သော ဖန်ဆင်းခြင်းတစ်ခုဖြစ်ပြီး၊ သံလွင်ခက်တနင်္ဂနွေနေ့တွင် သခင်ယေရှု ယေရုရှလင်မြို့သို့ဝင်ရောက်စဥ်…

မိတ်ဆွေများ နှင့် ရန်သူများ

ပညာရှင် Kenneth E. Bailey (ကဲနက်အီးဘေလီ)က နိုင်ငံတကာအသိုင်းအဝိုင်း၌ သာမန်မဟုတ်သော ရပ်တည်မှုအနေအထားတစ်ရပ်ကို ထိန်းသိမ်းနိုင်ရန် သင်ယူခဲ့သည့် အာဖရိကနိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲတစ်ဦးအကြောင်းကို ပြောပြသည်။ သူသည် အစ္စရေးနိုင်ငံအပါအဝင် ပတ်ဝန်းကျင်နိုင်ငံများနှင့်ပါ ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်ခဲ့သည်။ ထိုကဲ့သို့ အကဲဆတ်သော အနေအထားကို သူ့နိုင်ငံအနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းနိုင်ခဲ့သနည်းဟု တစ်စုံတစ်ဦးက သူ့အားမေးမြန်းသည့်အခါ “ကျွန်ုပ်တို့ရဲ့မိတ်ဆွေတွေကို ကျွန်ုပ်တို့ ရွေးချယ်ပါတယ်။ ကိုယ့်မိတ်ဆွေတွေကို (ကျွန်ုပ်တို့အတွက်) ကျွန်ုပ်တို့ရဲ့ရန်သူတွေကို ရွေးချယ်ဖို့ ကျွန်ုပ်တို့ အားမပေးခဲ့ပါဘူး”ဟု သူက ပြန်လည်ဖြေဆိုခဲ့သည်။

ထိုအချက်သည် ဉာဏ်ပညာနှင့်ပြည့်ဝကာ အမှန်လက်တွေ့ကျသည်။ နိုင်ငံ တကာအဆင့်၌ ထိုအာဖရိကနိုင်ငံ စံပြုကျင့်သုံးသည့်အရာသည် ရှင်ပေါလုက သူ၏စာဖတ်သူများအား ပုဂ္ဂိုလ်ရေးရာအဆင့်၌ ပြုမူကျင့်သုံးရန် တိုက်တွန်းအားပေးထားသည့်အရာဖြစ်သည်။ ခရစ်တော်အားဖြင့် ပြောင်းလဲသော အသက်တာ၏ စရိုက်လက္ခဏာများကို ရှည်လျားစွာဖော်ပြသည့် စာတွင် “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့” (ရော…

အချက်အလက်နှင့် အထောက်အထား

Doris Kearns Goodwin (ဒေါရစ်ကီအန်စ်ဂွတ်ဝင်း)က Abraham Lincoln (အေဘရာဟမ်လင်ကွန်း) အကြောင်း စာအုပ်တစ်အုပ်ရေးသားရန် ဆုံးဖြတ်နေ စဥ်တွင် (၁၆) ယောက်မြောက် အမေရိကန်သမ္မတနှင့်ပတ်သက်၍ စာအုပ်ပေါင်း တစ်သောင်းလေးထောင်ကျော် ရေးသားပြီးဖြစ်သည် ဟူသောအချက်က သူမကို အားငယ်စေပါ၏။လူချစ်လူခင်များလှသော ဤခေါင်းဆောင်ကြီးနှင့်ပတ်သက်၍ ဘာများပြောစရာ ကျန်ပါဦးမည်နည်း။ တွန့်ဆုတ်မှုမရှိဘဲ ဂွတ်ဝင်းသည် ‘A Team of Rivals: The Political Genius of Abraham Lincoln’ (ပြိုင်ဘက်များအသင်း - အေဘရာဟမ်လင်ကွန်း၏နိုင်ငံရေးထူးချွန်မှု) စာအုပ်ကို ရေးသားခဲ့သည်။ လင်ကွန်း၏ခေါင်းဆောင်မှုနှင့် ပတ်သက်၍ သူမ၏ဆန်းသစ်သောအမြင်များသည် ထိပ်တန်းအဖြစ် သတ်မှတ်သုံးသပ်ခံရသောစာအုပ်တစ်အုပ် ဖြစ်လာခဲ့သည်။

တမန်တော်ရှင်ယောဟန်ကမူ ခရစ်တော်၏အမှုတော်နှင့် သက်တော်စဉ်အကြောင်း သူ့ကိုယ်တွေ့ကို ရေးသားရာတွင် အခြားအခက်အခဲတစ်မျိုးကို ရင်ဆိုင်ခဲ့ရသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ နောက်ဆုံးအပိုဒ်တွင် “ယေရှုပြုတော်မူသော အခြားအမှုအရာများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊…

လူအုပ်ကြီး

ဒဿနပညာရှင်နှင့် စာရေးဆရာမဖြစ်သူ Hannah Arendt (ဟယ်နာအာရန့်ဒ်) (၁၉၀၆-၇၅)က “လူတွေဟာ အာဏာအကြီးဆုံးဘုရင်တွေကို ခုခံတော်လှန်ပြီး သူတို့ရှေ့မှာ ဦးမညွှတ်တတ်ကြတာကို တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် လူအုပ်ကြီးကို အတိုက်အခံလုပ်ပြီး အမြင်လွဲနေတဲ့လူအုပ်ကြီးရှေ့မှာ တစ်ဦးတည်း ရပ်တည်တာ၊ လူအုပ်ကြီးရဲ့ ထိန်းမနိုင်သိမ်းမရ ရန်လိုမှုကို လက်နက်မပါဘဲ ရင်ဆိုင်တာကိုတော့ လူနည်းစုမှာပဲ တွေ့ရလေ့ရှိတယ်” ဟုဆိုသည်။ ဂျူးလူမျိုးတစ်ဦးအနေဖြင့် အာရန့်ဒ်သည် သူမ၏မွေးရပ်မြေ ဂျာမဏီနိုင်ငံတွင် ထိုသို့အဖြစ်မျိုးကိုယ်တွေ့ကြုံဖူးသည်။ မိမိပတ်ဝန်းကျင်၏ ငြင်းပယ်စွန့်ပယ်ခံရခြင်းသည် ကြောက်စရာကောင်းလှသည်။

တမန်တော်ရှင်ပေါလုသည်လည်း ထိုသို့ငြင်းပယ်ခြင်းမျိုး ကြုံခဲ့ရသည်။ ဖာရိရှဲနှင့် ဘာသာရေးဆရာဖြစ်အောင် သင်ကြားခံယူထားသောသူ့ဘဝသည် ရှင်ပြန်ထမြောက်သော သခင်ယေရှုနှင့် တွေ့သည့်အခါ ဖရိုဖရဲဖြစ်သွားသည်။ ၎င်းသည် သခင်ယေရှုကို ယုံကြည်သူများအား ဖိနှိပ်ဖမ်းဆီးရန် ဒမာသက်မြို့သို့ သူသွားနေချိန်က ဖြစ်သည် (တ ၉)။ ပြောင်းလဲပြီးနောက်တွင် တမန်တော်ကြီးသည် သူ့လူမျိုးများ၏ငြင်းပယ်ခြင်းကို ကြုံရသည်။ ကောရိန္သုဩဝါဒစာဒုတိယစောင်ဟု ကျွန်တော်တို့ သိကြသောသူရေးသည့်စာတွင်…

ခေါင်းလောင်းသံများ ကြားရသည်

၁၈၆၃ ခုနှစ်က Henry Wadsworth Longfellow (ဟင်နရီဝဒ်စ်ဝသ်လောင်းဖဲလို) ရေးခဲ့သည့် ကဗျာတစ်ပုဒ်အပေါ် အခြေပြုရေးစပ်ထားသည့် ‘I Heard the Bells on Christmas Day’ (ခရစ္စမတ်နေ့၌ ခေါင်းလောင်းသံများ ကျွန်ုပ်ကြားရသည်) သီချင်းသည် သာမန်ကြားနေကျမဟုတ်သော ခရစ္စမတ်သီချင်းတစ်ပုဒ်ဖြစ်သည်။ မျှော်လင့်ထားသည့် ခရစ္စမတ်၏ပျော်ရွှင်ဝမ်းမြောက်မှုအစား သီချင်းစာသားများက “စိတ်ပျက်ခြင်း၌ ခေါင်းငိုက်စိုက်လျက် ကမ္ဘာမြေပေါ်မှာ ငြိမ်သက်ခြင်း မရှိ ဟုကျွန်ုပ်ဆို၏။ အမုန်းတရားက ပြင်းထန်ပြီး ‘မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေ၊ လူတို့အား မေတ္တာကရုဏာရှိစေ’ သီချင်းကို ပျက်ရယ်ပြုလေပြီ”ဟူ၍ မြည်တမ်းချက်ကို ရေးဖွဲ့ထားသည်။ သို့ရာတွင် ထိုမြည်တမ်းခြင်းက မျှော်လင့်ခြင်းဆီသို့ ရှေးရှုလျက် “ဘုရားသခင် မသေဆုံး၊ ငိုက်မြည်းအိပ်ပျော်ခြင်း မရှိပါ။ မတရားမှုကျရှုံးပြီး အမှန်တရားအောင်လိမ့်မည်။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေ၊ လူတို့အား မေတ္တာကရုဏာရှိစေ”ဟူ၍ ပြန်လည်အာမခံရေးဖွဲ့ထားသည်။

မြည်တမ်းခြင်းမှ မျှော်လင့်ခြင်းထွက်ပေါ်လာခြင်းကို သမ္မာကျမ်းစာရှိ…

ဆိုကရေးတစ်ကလပ်

၁၉၄၁ ခုနှစ်တွင် အင်္ဂလန်ရှိ အောက်စဖို့ဒ်တက္ကသိုလ်တွင် ‘Socratic Club’ (ဆိုကရေးတစ်ကလပ်)ကို တည်ထောင်ခဲ့ပြီး၊ သခင်ယေရှုကိုယုံကြည်သူများနှင့် ဘုရားမဲ့ဝါဒီများ (သို့) ဘာသာမဲ့များ၏ အပြန်အလှန်ဆွေးနွေးမှုကို အားပေးရန်ဖြစ်သည်။

လောကီပညာဆည်းပူးရာ တက္ကသိုလ်တွင် ဘာသာရေးဆွေးနွေးငြင်းခုံမှုသည် အထူးအဆန်း မဟုတ်သော်လည်း ဆိုကရေးတစ်ကလပ်ကို (၁၅) နှစ်ကြာ ဦးဆောင်ခဲ့သူမှာ ခရစ်ယာန်ဘာသာ‌‌ အတွေးအခေါ် ဆရာကြီး C. S. Lewis (စီအက်စ်လူးဝစ်) ဖြစ်နေခြင်းက အံ့သြစရာဖြစ်သည်။ ဆရာကြီးသည် သူ၏တွေးခေါ်မှုကိုစမ်းသပ်ရန် ဆန္ဒရှိပြီး၊ ခရစ်တော်၌ရှိသည့်ယုံကြည်ခြင်းသည် စစ်ဆေးစိစစ်မှုကို ခံရပ်နိုင် သည်ဟု သူယုံကြည်သည်။ သခင်ယေရှုကို ယုံကြည်ခြင်းအတွက် ခိုင်လုံပြီး ကျိုးကြောင်းဆီလျော်သော အထောက်အထားရှိကြောင်း သူသိသည်။

တစ်နည်းအားဖြင့် လူးဝစ်သည် “စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်း ရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ ကာလအစဥ်မပြတ် အသင့်ရှိနေကြလော့”…

အမျက်ထွက်သောစိတ်နှလုံး

Pablo Picasso (ပါဘလိုပီကာဆို)၏ အရေးပါဆုံး နိုင်ငံရေးပန်းချီကားဖြစ်သော ‘Guernica’ (ဂါနီခါ)သည် ၁၉၃၇ ခုနှစ်၌ စပိန်မြို့ငယ်လေး ဂါနီခါ ဖျက်ဆီးခံခဲ့ရပုံကို ရေးဆွဲထားသော မော်ဒန်ပန်းချီကားဖြစ်သည်။ စပိန်တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ်မီး တောက်လောင်သည့် ကာလများတစ်လျှောက်လုံးတွင် စပိန်လက်ယာစွန်းတပ်များက နာဇီ ဂျာမနီ၏လေယာဥ်များအား ထိုမြို့ငယ်လေးကို ဗုံးကြဲပစ်မှတ်အဖြစ် အသုံးပြုခွင့်ပေးခဲ့သည်။ လူထုအတွင်း အငြင်းပွားဖွယ်ဖြစ်ခဲ့သည့် ဤဗုံးကြဲမှုများကြောင့် လူများစွာ သေဆုံးခဲ့ရပြီး အရပ်သားများအား ပစ်မှတ်ထားဗုံးကြဲခြင်း၏ ကျင့်ဝတ်မညီမှုကို စိုးရိမ်နေကြသောကမ္ဘာ့လူထုမှ အာရုံစိုက်လာစေခဲ့သည်။ ပီကာဆို၏ပန်းချီကားက စောင့်ကြည့်နေသည့်လောကကြီး၏ပုံရိပ်ကို အမိအရဖော်ကျူးလျက် လူသားတို့၏ အချင်းချင်းအပေါ် ဖျက်ဆီးနိုင်စွမ်းနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများကို ပေါ်ပေါက်လာစေခဲ့သည်။

အခြားသူများအား သွေးထွက်သံယိုဖြစ်အောင် မည်သည့်အခါမျှမလုပ်ဟု ယူဆထားသူ ကျွန်ုပ်တို့သည် “လူ့အသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌…

အိမ်တစ်အိမ်တည်ဆောက်ခြင်း

၁၈၈၉ ခုနှစ်တွင် ရည်မှန်းချက်အကြီးမားဆုံး ပုဂ္ဂလိကအိမ်ယာဆောက်လုပ်ရေးစီမံကိန်းကို အမေရိကန်ပြည်ထောင်စု၌ အစပြုခဲ့ပြီး လုပ်ငန်းခွင်၌ တစ်နေ့လျှင် အုတ်အချပ် ၃၂,၀၀၀ ခန့် ထုတ်လုပ်ခဲ့သည်။ ထိုစီမံကိန်းမှာ George Vanderbilt II (ဂျော့ဗန်ဒါဗေ့လ်ထ်-၂) ဖြစ်ပြီး “နွေရာသီစံအိမ်” ဆောက်လုပ်ပြီးစီးသည်အထိ (၆) နှစ် ကြာခဲ့သည်။ စီမံကိန်း၏ရလဒ်အနေဖြင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် အက်ရှ်ဗီးလ်မြို့တွင် Biltmore (ဘီလ်မို)အိမ်ယာ ပေါ်ပေါက်လာခဲ့သည်။ ထိုအိမ်ယာတွင် အခန်းပေါင်း (၂၅၀) (အိပ်ခန်း ၃၅ ခန်း နှင့် ရေချိုးခန်း ၄၃ ခန်း) ပါရှိပြီး၊ အံ့သြဖွယ် ကြမ်းပြင်ဧရိယာ ၁၇၈,၉၂၆ စတုရန်းပေဖြင့် အမေရိကန်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကအိမ်ယာအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ရည်မှန်းချက်ကြီးမားသော ထိုစီမံကိန်းမှာ ရှင်မဿဲခရစ်ဝင် ၁၆ တွင် တပည့်တော်များအား သခင်ယေရှုကြေညာမြွက်ဆိုခဲ့သည့် “တည်ဆောက်ခြင်းဆိုင်ရာ” ရည်မှန်းချက်များနှင့် နှိုင်းယှဥ်လျှင် ဘာမှမဟုတ်ပေ။ သခင်ယေရှုသည် “ခရစ်တော်တည်းဟူသော…

ကျရောက်မည့်နေရာ

တောဆိတ်အနွယ်ဝင် အာဖရိကတောဆိတ်သည် အမြင့် (၁၀) ပေ၊ အလျား (၃၅) ပေ အထိ ခုန်နိုင်သည်။ ၎င်းသည် အံ့ဩဖွယ်စွမ်းဆောင်မှုဖြစ်ပြီး အာဖရိကတောရိုင်းသဘာဝတွင် ၄င်းအသက်ရှင်သန်ရေးအတွက် မရှိမဖြစ် အရေးပါသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သို့သော် တိရိစ္ဆာန်ရုံတွင် ထိုတိရိစ္ဆာန်များအား (၃) ပေအမြင့်သာရှိသောတံတိုင်းများဖြင့် ထိန်းသိမ်းထားသည်ကို တွေ့ရသည်။ ဤမျှနိမ့်သောတံတိုင်းများက ဤမျှဖျက်လတ်သောတိရိစ္ဆာန်များကို မည်သို့ထိန်းသိမ်းထားနိုင်ပါသနည်း။ အာဖရိကတောဆိတ်များသည် ၎င်းတို့မည်သည့်နေရာတွင် ကျမည်ကို မမြင်ရလျှင် လုံးဝမခုန်သောကြောင့် ဖြစ်ပါသည်။ ၄င်းတို့သည် တံတိုင်း တစ်ဘက်ကို မမြင်ရသောကြောင့် ၄င်းတို့ကို ခြံဝင်းများထဲ ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။

လူသားများဖြစ်သော ကျွန်တော်တို့လည်း ထူးမခြားနားပါ။ အခြေအနေတစ်ခုတွင် ရှေ့ဆက်မတိုးမီ မည်သည့်ရလဒ်ရမည်ကို ကျွန်တော်တို့ သိလိုကြသည်။ ယုံကြည်မျှော်လင့်ခြင်းရှိသော အသက်တာမူကား ထိုသို့မဟုတ်ပေ။ ရှင်ပေါလုက “မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့ သည် ကျင့်ဆောင်ပြုမူသည်” ( ၂…