စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ် (Dr. James Banks) တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် <em?The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals နှင့် Prayers for Your Children အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

အကျိုးဆက်များကိုလွန်၍ မျှော်လင့်ခြင်း

သင်ဒေါသထွက်နေစဉ် နောက်မှနောင်တရသည့်အရာတစ်ခုခုကို ပြုဖူးပါသလား။ ကျွန်တော့်သားဆေးစွဲနေခဲ့စဉ်က သူ့ရွေးချယ်မှုများနှင့်ပတ်သက်၍ ကြမ်းတမ်းသောစကားများကို ကျွန်တော်ပြောဆိုခဲ့မိသည်။ ကျွန်တော့်ဒေါသသည် သူ့ကို ပို၍သာ စိတ်ပျက်အားငယ်စေခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ့အား အသက်နှင့် မျှော်လင့်ခြင်းအကြောင်း ဝေငှသည့် ယုံကြည်သူများနှင့် တွေ့ခဲ့ပြီး အချိန်မီလွတ်မြောက်ခဲ့သည်။

ယုံကြည်ခြင်းအရာတွင်စံထားရသည့် မောရှေကဲ့သို့သူမျိုးပင်လျှင် နောက်မှ နောင်တရသည့်အရာတစ်ခုကို သူပြုခဲ့သည်။ ကန္တာရထဲတွင် ရေရှားသောအခါ ဣသရေလလူမျိုးများသည် အလွန်အမင်း ညည်းညူခဲ့ကြပါ၏။ ထိုအခါ ဘုရားသခင်က မောရှေနှင့် အာရုန်အား “သူတို့ရှေ့မှာ ကျောက်ကို မှာထားလော့။ ကျောက်သည် မိမိရေကိုထွက်စေ”မည်ဟု (တော ၂၀:၈) သေချာစွာ မိန့်ကြားတော်မူသည်။ သို့သော် မောရှေသည် ဒေါသနှင့်တုံ့ပြန်၍ “အချင်းသူပုန်တို့၊ နားထောင်ကြလော့။ ငါတို့သည် သင်တို့အဖို့ ဤကျောက်ထဲက ရေကို ထွက်စေရမည်လော” (:၁၀) ဟုဆိုကာ နိမိတ်လက္ခဏာအတွက် ဘုရားသခင်အစား သူ့ကိုယ်တိုင်နှင့်အာရုန်တို့ ဝင်ပြီးအမှတ်ယူခဲ့သည်။ ထို့နောက်…

ဘုရား၏ဥယျာဉ်တော်

ကျွန်တော့်အိမ်ရှေ့တံခါးအပြင်ဘက်တွင် ဘဝ၏ လှပမှုနှင့်တိုတောင်းမှုကို သတိပေးသည့် အပင်တစ်ပင် ပေါက်ရောက်နေသည်။ ပြီးခဲ့သည့်နွေရာသီတွင် ကျွန်တော့်ဇနီးက လပြည့်နှင့်တူသည့် ကြီးမားဝိုင်းစက်သောအပွင့်ဖြူများပါသည့် ‘လပန်းနွယ်ပင်’ကို စိုက်ခဲ့သည်။ ထိုပန်းက တစ်ညတာပွင့်ပြီး နောက်နေ့ မနက်တွင် နေရောင်ကြောင့် ညှိုးနွမ်းကာ ဘယ်သောအခါမှ ပြန်လည် မပွင့်လန်းလာတော့ပါ။ သို့သော် ထိုအပင်သည် ပေါက်ပွားနှုန်းမြန်ပြီး ညနေတိုင်း အသစ်သောပန်းခိုင်ကြီးများနှင့် ဝေဆာနေသည်။ နေ့စဉ် ဖြတ်လျှောက်သွားတိုင်း ထိုအပင်ကို ကြည့်ကာ ကျွန်တော်တို့နှစ်သက်ကြည်နူးရပြီး အိမ်ပြန်လာတိုင်း မည်သို့သော အလှသစ်က ကြိုနေမည်နည်းဟု တွေးနေမိခဲ့သည်။

ထိုနုဖတ်သောပန်းပွင့်များက နှုတ်ကပတ်တော်မှ အရေးကြီးသည့် အမှန်တရားကို အမှတ်ရစေသည်။ တမန်တော်ရှင်ပေတရုက “သင်တို့သည် ဖောက်ပြန် ပျက်စီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖောက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွား(သည်)။ ... လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။…

မြဲမြံသောမျှော်လင့်ခြင်း

“သမီးဆီကို ပန်းတွေပို့ပေးလို့ ဖေဖေပြန်လာတော့မယ်ဆိုတာ သမီးသိတယ်။” ဤစကားကို စစ်တွင်းကာလ ကျွန်တော့်အဖေ ပျောက်ဆုံးနေချိန်၌ (၇) နှစ်အရွယ်ညီမလေးက အမေ့ကို ပြောခဲ့သည်။ တာဝန်အရ အိမ်မှမထွက်ခွာမီ အဖေက ညီမလေး ၏မွေးနေ့အတွက် ပန်းများကြိုမှာခဲ့ပြီး၊ သူပျောက်ဆုံးနေချိန်တွင် ပန်းများရောက်လာသည်။ သူမစကားမှန်ခဲ့ပါသည်။ ကြောက်လန့်ဖွယ် တိုက်ပွဲအပြီးတွင် အဖေအိမ်ပြန်ရောက်လာခဲ့သည်။ ဆက်လက်၍ မျှော်လင့်ခြင်းရှိရန် သတိပေးသည့်အနေနှင့် ညီမလေးက ထိုပန်းများနှင့်ပန်းအိုးကို ဆယ်စုနှစ်ပေါင်းများစွာ သိမ်းထားခဲ့သည်။

တစ်ခါတစ်ရံတွင် ကျိုးပဲ့ပျက်စီးပြီး အပြစ်နှင့်ပြည့်သော လောကကြီး၌ မျှော်လင့်ခြင်းကို ဆက်လက်ဆုပ်ကိုင်ထားရန်မှာ မလွယ်ကူလှပေ။ ဖခင်များ အမြဲတမ်း အိမ်ပြန်မရောက်လာပါ။ ကလေးသူငယ်များ၏ဆန္ဒများ တစ်ခါတစ်ရံ မပြည့်ဝကြပေ။ သို့သော်လည်း အခက်ခဲဆုံးအခြေအနေတွင် ဘုရားသခင်သည် မျှော်လင့်ခြင်းကိုပေးသည်။ အခြားစစ်မက်အတွင်းက ပရောဖက်ဟဗက္ကုတ်သည် ဗာဗုလုန်လူမျိုးတို့ ယုဒပြည်ကို ကျူးကျော်ဝင်ရောက်လာမည်ကို ကြိုတင်ဟောပြောခဲ့ပြီး (ဟဗ ၁:၆၊ ၄ ရာ ၂၄)၊ ဘုရားသခင်သည်…

မဟုတ်မမှန် အတင်းအဖျင်းပြောဆိုခြင်း

Pep (ပက်)သည် ပြည်နယ်အုပ်ချုပ်ရေးမှူးဇနီး၏ကြောင်ကို သေစေခဲ့သည်ဟု သတင်းစာမှကြေညာခဲ့သော်လည်း ထိုအမှုကို ပက် မကျူးလွန်ခဲ့ပါ။ ဖြစ်နိုင်ခြေရှိသည့် တစ်ခုတည်းသောပြစ်မှုမှာ အုပ်ချုပ်ရေးမှူးအိမ်ရှိ ဆိုဖာကို ကိုက်ဖြဲမိခြင်းသာ ဖြစ်နိုင်သည်။ ပက်သည် ၁၉၂၀ ပြည့်နှစ်ကာလများတွင် အမေရိကန်နိုင်ငံ၊ ပန်ဆယ်ဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gifford Pinchot (ဂစ်ဖော့ပင်ရှို)၏အားမာန် အပြည့် တက်ကြွဆော့ကစားတတ်သော လဘရာဒေါ ရီထရီဗာ ခွေးလေးဖြစ်သည်။ အမှန်တွင် ထိုခွေးသည် အရှေ့ပိုင်းပြည်နယ်အကျဥ်းထောင်သို့ အပို့ခံခဲ့ရပြီး၊ ထိုနေရာ၌ ၎င်း၏မျက်နှာ မှတ်တမ်းကို အကျဥ်းသားနံပါတ်နှင့်အတူ ဓာတ်ပုံရိုက်ခံခဲ့ရသည်။ သတင်းထောက်တစ်ဦးက ထိုအကြောင်းကို ကြားရာမှ ကြောင်ဇာတ်လမ်းကို လုပ်ကြံရေးသားခဲ့ခြင်းဖြစ်သည်။ သတင်းစာ၌ သူရေးသားသည့်သတင်းပါလာခြင်းကြောင့် ပက်သည် ကြောင်ကို သတ်ခဲ့သည်ဟု လူများစွာက ယုံကြည့်ခဲ့ကြသည်။

ဣသရေလဘုရင် ရှောလမုန်သည် သတင်းအမှား၏ ကြီးမားသည့် အန္တရာယ်ကို ကောင်းစွာ သိနားလည်ခဲ့သည်။ “ကုန်းတိုက်သောသူ၏စကားသည် မြိန်သောခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏”ဟု သူရေးသားခဲ့သည်…

ချီးမွမ်းရန် သတိရခြင်း

ကျွန်တော်တို့၏ ပထမဆုံးသော အသင်းတော်အဆောက်အဦကို ဆောက်ခဲ့စဉ်က အတွင်းပိုင်းဆောက်လုပ်မှုမပြီးမီ ကျည်းဘောင်နှင့် ကွန်ကရစ် ကြမ်းပြင်များတွင် အသင်းသားများက ကျေးဇူးတင်စာများ ရေးခဲ့ကြသည်။ ကျည်းဘောင်များပေါ်မှ ပလာစတာခွာလိုက်လျှင် ထိုစာများကို တွေ့နိုင်သည်။ သမ္မာကျမ်းစာမှ ကျမ်းပိုဒ်တစ်ပိုဒ်ပြီးတစ်ပိုဒ်ကို ရေးသားထားပြီး အနီးတွင် “ကိုယ်တော်အလွန်ကောင်းမြတ်သည်” စသည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းချက်များကို ရေးသားထားသည်။ စိန်ခေါ်မှုများမည်သို့ပင်ရှိခဲ့လည်း ဘုရားရှင်သည် ကြင်နာပြီး ကျွန်တော်တို့ကို ဂရုပြု‌ကြောင်း ၎င်းတို့ကို အနာဂတ်မျိုးဆက်သစ်များအတွက် သက်သေအဖြစ် ကျွန်တော်တို့ ချန်ထားခဲ့သည်။

ကျွန်တော်တို့အတွက် ဘုရားသခင်ပြုသောအမှုတို့ကို သတိရရန်နှင့် ၎င်းတို့ကိုအခြားသူများအား ပြောပြရန် လိုအပ်သည်။ ထိုအချက်ကို ဟေရှာယက “ကရုဏာ နှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံးစုံကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကိုလည်းကောင်း ထောက်၍၊ ထာဝရဘုရား၏မဟာမေတ္တာတော်နှင့်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်” (ဟေရှာ ၆၃:၇)ဟု ဥပမာပြရေးသားခဲ့သည်။ ပရောဖက်သည်…

ညီရှောလု

ကျွန်တော် ဆယ်ကျော်သက်အရွယ်က တိုင်းတစ်ပါးသို့ ကျောင်းသားလဲလှယ်ရေးအစီအစဉ်ဖြင့် တစ်နှစ်ခရီးမသွားရမီ “အဘဘုရား၊ ကျေးဇူးပြု၍ ကျွန်တော့်ကို ထိုနေရာသို့မပို့ပါနှင့်” ဟုဆုတောင်းခဲ့သည်။ မည်သည့်နေရာသွားရမည်ကို မသိခဲ့သော်လည်း ကိုယ်မသွားလိုသည့်နေရာကိုဖြင့် ကျွန်တော်သိသည်။ ကျွန်တော်သည် ထိုတိုင်းပြည်၏ ဘာသာစကားကို မပြောတတ်၊ ၎င်း၏ဓလေ့ထုံးတမ်းများနှင့် နိုင်ငံသားများနှင့်ပတ်သက်၍ အမြင်မှားမှုများလည်း ရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ဘုရားသခင်အား ကျွန်တော့်ကိုအခြားနေရာများသို့ပို့ရန် ဆုတောင်းခဲ့သည်။

သို့သော်လည်း အမြော်အမြင်အနန္တရှိသောဘုရားသခင်သည် ကျွန်တော်မသွား လိုသည့်နေရာကိုမှ ကျွန်တော့်ကို ပို့လိုက်သည်။ ထိုသို့ပို့လိုက်ခြင်းအတွက် ကျွန်တော်ဝမ်းမြောက်သည်။ အနှစ် (၄၀) ကြာပြီးဖြစ်သော်လည်း ကျွန်တော်၌ ထိုတိုင်းပြည်မှ မိတ်ဆွေများ ရှိနေဆဲပင်။ ကျွန်တော်လက်ထပ်သည့်အခါ ကျွန်တော့်သတို့သားအရံ Stefan (စတီဖန်)သည် ထိုတိုင်းပြည်မှဖြစ်သည်။ သူ့မင်္ဂလာပွဲတွင်လည်း ကျွန်တော်သွား၍ မေတ္တာပြခဲ့သည်။ မကြာမီ ထပ်သွားလည်ပတ်ရန်လည်း စီစဉ်နေပါသည်။

ဘုရားသခင်က ကျွန်တော်တို့၏စိတ်နှလုံးကိုပြောင်းလဲသောအခါ နှစ်သက်ဖွယ် ကိစ္စရပ်များဖြစ်လာပါသည်။ ထိုသို့ပြောင်းလဲမှုတစ်ခုသည် “ညီရှောလု” (တ…

ဘုရားသခင်ရှေ့တော်၌ ငြိမ်ဝပ်စွာရှိနေခြင်း

သက်ရှိလူသားတစ်ဦး၏ ပထမဆုံးသောဓာတ်ပုံကို ၁၈၃၈ ခုနှစ်တွင် Louis Daguerre (လူးဝစ်ဒါဂါ)က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုဓာတ်ပုံမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၏ နေ့လည်ခင်းအချိန်၌ လှုပ်ရှားသွားလာမှု ကင်းမဲ့လျက်ရှိသော လမ်းမတစ်ခု၌ လူတစ်ဦး၏ပုံပင်ဖြစ်သည်။ သို့သော် ဆန်းကြယ်မှုတစ်ခုမှာ လမ်းမနှင့် လျှောက်လမ်းများသည် နေ့ခင်းအချိန်၌ ရထားလုံး၊ လမ်းဖြတ်ကူးသူများနှင့် လှုပ်ရှားသက်ဝင်နေရမည်ဖြစ်သော်လည်း ထိုအရာတစ်ခုကိုမှ မတွေ့ရှိရပေ။

ထိုသူတစ်ဦးတည်းရှိနေခြင်း မဟုတ်ပါ။ ထိုဓာတ်ပုံရိုက်ကူးခဲ့သည့် နာမည်ကျော်နေရာ Boulevard du Temple လမ်းမကျယ်ကြီးပေါ်၌ လူများနှင့်မြင်းများ ရှိနေခဲ့ပြီး ထိုဓာတ်ပုံထဲတွင် ပါမလာခဲ့ခြင်းသာဖြစ်သည်။ ရုပ်ပုံတစ်ခုကို ရိုက်ကူးရန်အတွက် (Daguerreotype ဟု လူသိများသည့်) ဓာတ်ပုံရရှိရန် ကင်မရာက အလင်းဖမ်းယူမှုကြာချိန်သည် ခုနစ်မိနစ်ရှိခဲ့ပြီး ထိုခေတ်၌ ရုပ်ပုံမှာလည်း လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေရန် လိုအပ်သည်။ လျှောက်လမ်း၌ ရှိနေသည့် ထိုပုဂ္ဂိုလ် ဓာတ်ပုံထဲတွင်ပါလာခြင်းမှာ ဓာတ်ပုံရိုက်ကူးချိန်၌ သူတစ်ဦးတည်းသာ ငြိမ်သက်စွာ…

ဘုရားသခင်၏စကားကို နာခံခြင်း

အိမ်မှကောလိပ်သို့ အသွားအပြန် ကားမောင်းပြီးကျောင်းတက်ခဲ့စဥ်က ကန္တာရထဲရှိ ကျွန်တော့်အိမ်သို့ သွားသောလမ်းသည် အလွန်တရာငြီးငွေ့ဖွယ်ဖြစ်သည်။ လမ်းက ဖြောင့်ပြီး ရှည်လျားသဖြင့် ကျွန်တော်သည် တစ်ကြိမ်မက မောင်းသင့်သည့်မိုင်နှုန်းထက် ပိုမြန်အောင် မောင်းနှင်ခဲ့ဖူးသည်။ ပထမတွင် အမြန်လမ်း လှည့်ကင်းက သတိပေးသည်။ ထို့နောက် ဒဏ်ငွေဆောင်ရန် ဖြတ်ပိုင်းတစ်စောင်ရခဲ့သည်။ ထို့နောက် ထိုတစ်နေရာတည်းမှာပင် ဒုတိယအကြိမ် ထပ်မံသတိပေးခံရပြီး ယာဥ်ထိန်းရုံးသို့ အခေါ်ခံခဲ့ရသည်။

နားထောင်ရန် ငြင်းဆန်ခြင်းသည် အကျိုးယုတ်စေသောရလဒ်များကို ဖြစ်ပေါ်စေသည်။ သစ္စာရှိသည့်ဘုရင် ယောရှိ၏အသက်တာက ဝမ်းနည်းဖွယ် ဥပမာတစ်ခုဖြစ်သည်။ အဲဂုတ္တုဘုရင် နေခေါသည် ဗာဗုလုန်နှင့်စစ်ဖြစ်နေသည့် အာရှုရိပြည်ကိုကူညီရန် ယုဒပြည်ကို ဖြတ်၍ ချီတက်လာသောအခါ၊ ယောရှိသည် ရင်ဆိုင်ရန် ထွက်သွားသည်။ နေခေါသည် ယောရှိထံ သံတမန်တို့ကို စေလွှတ်၍၊ “ငါ့ဘက်၌ရှိသော ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့” ဟု မိန့်ခဲ့သည် (၆ ရာ ၃၅:၂၁)။ နေခေါကို ဘုရားသခင်အမှန်စေလွှတ်ခဲ့သည်။…

ဘာဘွန်းမျောက်၊ မြည်းတစ်ကောင်နှင့် ကျွန်ုပ်

ရထားတွဲအား လမ်းကြောင်းမှန်ပေါ်သို့ရောက်ရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို Jack (ဂျက်) သိသည်။ (၉) နှစ်တာအတွင်း တောင်အာဖရိကနိုင်ငံရှိ Uitenhage (အီတင်ဟိတ်) ဘူတာအနီးသို့ ချဥ်းကပ်လာသော ရထားတွဲများ၏ ခရာမှုတ်သံကြားတိုင်း သူတို့ဦးတည်သွားလိုသော လမ်းကြောင်းသို့ရောက်အောင် တစ်ခါမျှ အမှားအယွင်းမရှိဘဲ ရထားလမ်းကြောင်းကို ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

ဂျက် သည် Chacma Baboon (ချက်ခမာဘာဘွန်း) မျောက်တစ်ကောင်လည်းဖြစ်သည်။ သူ့ကို ရထားလမ်း အချက်ပြလုပ်သား James Wide (ဂျိမ်းစ်ဝိုက်)က ကြည့်ရှုစောင့်ရှောက်ပေးပြီး သူကလည်း ဂျိမ်းစ်ကို ပြန်ပြုစုသည်။ ဂျိမ်းစ်သည် ရွေ့လျားနေသောရထားတွဲကြား ခြေချော်ကျ၍ ခြေနှစ်ဘက်လုံး ဆုံးရှုံးခဲ့ရသည်။ သူ့အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ဂျက်အား လေ့ကျင့်ပေးထားပြီး မကြာမီတွင် ဂျက်သည် ဂျိမ်းစ်၏အလုပ်ဖြစ်သည့် ချဉ်းကပ်လာသောရထားများအား လမ်းကြောင်း ပြောင်းပေးရန် လီဗာတံဆွဲသည့်အလုပ်ကိုပါ ကူညီလုပ်ဆောင်ပေးခဲ့သည်။

လူတစ်ဦးကို အံ့သြစရာကောင်းလောက်အောင် ကူညီပေးခဲ့သည့် အခြား တိရစ္ဆာန်တစ်ကောင်ကို ကျမ်းစာတွင်…

ကောင်းချီးမင်္ဂလာများကို ထောက်ပံ့ပေးသူ

၁၉၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်က အမေရိကန်နိုင်ငံ၊ ဘော့စ်တွန်မြို့၌ ကြီးမားသောကြံသကာရည် တိုင်ကီကြီး ပေါက်ကွဲသွားရာ၊ (၁၅) ပေ အမြင့်ခန့်ရှိ ဂါလံ (၂) သန်းကျော်မျှသော ကြံသကာရည်လှိုင်းများမှာ တစ်နာရီ မိုင် (၃၀) နှုန်းဖြင့် လမ်းပေါ်ရှိ ကားရထားများ၊ အဆောက်အအုံများနှင့် လူတိရိစ္ဆာန်များကို ဆွဲချစီးဆင်းသွားသည်။ သကာရည်များက အန္တရာယ်မရှိလောက်ဟုထင်ရသော်လည်း ထိုအဖြစ်အပျက်က လူ (၂၁) ဦး၏အသက်ကို နှုတ်ယူသွားပြီး (၁၅၀) ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

တစ်ခါတစ်ရံ ကြံသကာရည်ကဲ့သို့ ကောင်းသောကုန်ပစ္စည်းများက မမျှော်လင့်ဘဲ ကြီးမားသောပြဿနာကို ဖြစ်စေပါသည်။ ဘုရားသခင် ကတိထားတော်မူသောပြည်သို့ ဣသရေလလူတို့မဝင်ရောက်မီ လူအပေါင်းတို့အား သူတို့ရရှိမည့် ကောင်းသောအရာများအတွက် မဝါကြွားမိအောင် သတိပြုရန်၊ “သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဥ်၊ သင်၏သိုးနွား၊ ရွှေငွေအစ ရှိသော ဥစ္စာမျိုး များပြားစဥ်အခါ၊ ...သင်၏ဘုရားသခင်ထာဝရဘုရားကို…