စာရေးသူ

အားလုံးမြင်နိုင်ရန်
Monica Brands

မိုနီကာ ဘရန်းစ်

မိုနီကာသည် မင်နီဆိုးတာပြည်နယ်၊ အဂ္ဂါတန်မြို့ရှိ လယ်တောတွင် မောင်နှမ ၇ ဦးနှင့်အတူ ကြီးပြင်းခဲ့ရသည်။ Palos Heights ရှိ Trinity Christian College တွင် ဓမ္မပညာများကို ဆည်းပူးခဲ့ပြီး Elim Christian Services ဌာနတွင် အထူးအကူအညီလိုအပ်သည့် ကလေးသူငယ်များအတွက် အစေခံလုပ်ဆောင်ခဲ့သည်။ ထို့နောက် Grand Rapids ရှိ Calvin Seminary ကျမ်းစာကျောင်းမှ မဟာဘွဲ့ (ဓမ္မပညာ)ကို ဆွတ်ခူးခဲ့သည်။ မိတ်ဆွေများ၊ မိသားစုဝင်များ၊ နှစ်သက်ဖွယ် တူ တူမများနှင့်အတူ ရှိသောအချိန်ကို သူအလွန်တန်ဖိုးထားသည်။

စာမူ/ အကြောင်းအရာ များ မိုနီကာ ဘရန်းစ်

ကြောက်မက်ဖွယ်အရာများနှင့် လှပသောအရာများ

ကြောက်လန့်ခြင်းက ကျွန်မတို့ကို ခဲတောင့်သွားစေသည်။ အတိတ်က မိမိကို နာကျင်စေ ခဲ့သောအရာများ၊ နောက်တစ်ဖန် အလွယ်တကူ ထပ်မံ၍ ဖြစ်ပေါ်ခံစားရစေနိုင်သည့် ကိစ္စများ စသည်ဖြင့် ကြောက်လန့်စရာများကို ကျွန်မတို့သိသည်။ ထို့ကြောင့် တစ်ခါ တစ်ရံ ကျွန်မတို့သည် ချောင်ပိတ်မိသကဲ့သို့ နောက်လည်း မဆုတ်သာ၊ ကြောက်စိတ် ကြောင့် ရှေ့တိုးရန်လည်းခက် ဖြစ်ခဲ့ရသည်။ ထိုသို့ ထိခိုက် နာကျင်မှု ထပ်မံဖြစ်လာပါက ကျွန်မ မဖြေရှင်းတတ်ပါ။ ကျွန်မသည် ပါးနပ်မှုလည်းမရှိ၊ ခွန်အားလည်း မပြည့်ဝ၊ သတ္တိလည်း အလုံအလောက် မရှိပါ။

ဤတွင် စာရေးဆရာကြီး ဖရက်ဒရစ် ဘုခ်ျနာ၏ ဘုရားသခင်၏ကျေးဇူးတော်ကို ညင်သာသောလေသံဖြင့် ဖော်ပြရေးသားထားသည့်စာသားများက ကျွန်မကို ညှို့ယူ ဖမ်းစားသည်။ “ဤကမ္ဘာကြီး၌ ကြောက်မက်ဖွယ်အရာများနှင့် လှပသောအရာများသည် ရောပြွန်းဖြစ်ပေါ်လျက် ရှိသည်။ ကြောက်ရွံ့ခြင်း မရှိနှင့်။ ငါသည် သင်တို့နှင့်အတူရှိသည်။”

ကြောက်မက်ဖွယ်အရာများ ဖြစ်ပျက်ပါလိမ့်မည်။…

မိတ်ဆွေများအဖို့

Emily Bronte ၏ Wuthering Heights ဝတ္ထုတွင် သူတစ်ပါးကို အပြစ်တင်ရန် သမ္မာကျမ်းစာကို ကိုးကားတတ်သည့် ဘုကန့်လန့် အမျိုးသားတစ်ဦးအား ‘‘ကျမ်းစာကို မွေနှောက်၊ မိမိကိုယ်ကိုအမွမ်းတင်၊ သူတစ်ပါးကိုဖြင့် အပြစ်တင်၊ သွားပုတ် လေလွင့် ပြောတတ်သော၊ စိတ်ပျက်ဖွယ် တစ်ကိုယ်ကောင်းသမား ဖာရိရှဲ” ဟုဖော်ပြထားသည်။

ရယ်စရာဖြစ်သော်လည်း ထိုသို့သောသူ တစ်ဦးဦးကို သင်တွေးကောင်း တွေးမိမည်။ သို့သော် ကျွန်ုပ်တို့လည်း အနည်းနှင့်အများ ထိုသူကဲ့သို့ပင် မိမိကိုယ်ကို ဆင်ခြင်ပေး ခွင့်လွှတ်ပြီး သူတစ်ပါးကိုမူ ပြစ်တင်ရှုတ်ချတတ်သည် မဟုတ်ပါလား။

နှုတ်ကပတ်တော်ထဲမှ လူအချို့သည် ထိုကဲ့သို့ မဟုတ်ဘဲ အံသြဖွယ်ကောင်းလောက်အောင် ၎င်းနှင့် ဆန့်ကျင်ဘက်အရာကို ပြုကြသည်။ သူတစ်ပါးကို ကယ်တင်နိုင်မည်ဆိုပါက ဘုရားရှင် သူတို့အား ပေးထားသောကတိတော်များကို စွန့်လွှတ်ကာ မိမိကိုယ်ကိုပင် အကျိန်ခံဝံ့ကြသည်။ ဣသရေလအမျိုး၏အပြစ်ကို ဘုရားရှင် ခွင့်မလွှတ် ပါက သူ့နာမကို…

အနာငြိမ်းခြင်းရေ

မိုးကြိုးမုန်တိုင်းကို ကျွန်မ အမြဲတမ်းသဘောကျသည်။ ကလေးဘဝက မယုံနိုင် လောက်အောင် ဝုန်းခနဲဒိုင်းကနဲ မိုးကြိုးပစ်ပြီး၊ မိုးစက်မိုးပေါက်ကြီးများ ရွာချလျှင် ကျွန်မတို့ မောင်နှမများ မိုးရေထဲ ပြေးလွှားဆော့ကစားကြသည်။ အိမ်ဘေး၌ ဗွက်အိုင် လုပ်ပြီး ခြေချော်လိုက်၊ လျှောဆင်းလိုက်နှင့်ကစားကြသည်။ အိမ်ထဲပြန်ဝင်ရန် အချိန် ရောက်သောအခါ ကျွန်မတို့သည် ရေစိုရွှဲနေသည့် ကြွက်စုတ် ပမာ ဖြစ်တော့သည်။

မိနစ်အနည်းငယ်မျှသာဖြစ်သော်လည်း ကျွန်မတို့ အလွန်ပျော်ရွှင်လျက် စိတ်လှုပ်ရှားခံစားခဲ့ရသည်။ အားကြီး ပြင်းထန်သည့်လေနှင့်မိုး၏ လွှမ်းမိုးမှု၌ နစ်မြှုပ်နေ၍ ကျွန်မတို့ ပျော်နေခြင်းလား၊ ကြောက်နေခြင်းလား ဆိုသည်ကို မသိ တော့ပါ။

ဆာလံ ၁၀၇ တွင် ဘုရားသခင်၏ ပြန်လည် ငြိမ်ဝပ် စေလျက် တည်ဆောက်ပေးသည့်အမှုကို သွေ့ခြောက်သော ကန္တာရအား အိုအေစစ်အဖြစ် ပြောင်းလဲစေသည့် အမှုနှင့် နှိုင်းခိုင်းထားသည်ကို (း၃၅) ဖတ်ရင်း အထက်ပါမြင်ကွင်းကို ကျွန်မစိတ်ထဲ ပြန်မြင်ယောင်မိသည်။…

အကောင်းဆုံးသော မစုံလင်ခြင်း

အပြစ်ပြောစရာမရှိအောင် အကောင်းဆုံးလုပ်ဆောင်လိုစိတ်ကြောင့် လုပ်ငန်း နှောင့်နှေး ရခြင်းအပေါ် ကျွန်မ၏တက္ကသိုလ်မှပါမောက္ခကြီးက ကျွန်မကို အကြံပြုချက်အချို့ပေးပါ သည်။ “အပြစ်အနာဆာကင်းတဲ့ပြည့်စုံခြင်းက ကောင်းမွန်ခြင်းကို မထိခိုက်စေနှင့်” ဟု ဆိုပါသည်။ အပြစ်ပြောစရာမရှိအောင် ကြိုးစားလွန်းလျှင် အလုပ်တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်ဟု သူက ရှင်းပြသည်။ ကျွန်မ၏ အလုပ်က အားနည်းချက်ရှိနေမှာဟု လက်ခံလိုက်ခြင်းဖြင့် ကျွန်မကို လွတ်လပ်စေပြီး တိုးတက်မှုကိုလည်း ဖြစ်စေသည်။

မိမိဘာသာ အကောင်းဆုံး ကြိုးစားလုပ်ဆောင် နေလျှင် သခင်ခရစ်တော်၏မစမှုကို လိုအပ်ကြောင်း မမြင်နိုင်ဘဲ ဖြစ်တတ်သည်ဟု တမန်တော်ကြီး ရှင်ပေါလုက မိမိဘာသာ အကောင်းဆုံးအားထုတ်မှု၏ နောက်ဆက်တွဲ အကျိုးဆက်ကို ရှင်းပြသည်။

ရှင်ပေါလုသည် ထိုအချက်ကို ခက်ခဲစွာ လေ့လာသင်ယူခဲ့ရသည်။ နှစ်ပေါင်း များစွာ ဘုရားသခင်၏ပညတ်တရားများကို တိကျစွာ လိုက်နာကျင့်သုံးလာပြီးကာမှ သခင် ယေရှုနှင့်ထိပ်တိုက်တွေ့ဆုံပြီးနောက်ပိုင်း အရာအားလုံးတို့သည် ပြောင်းလဲကုန်သည် (ဂလာ ၁း၁၁-၁၆)။ သူ၏ကြိုးစားလုပ်ဆောင်မှုများသည်…

အရှုပ်ထုပ်ထဲမှကောင်းချီးမင်္ဂလာ

‘‘ဒီအရှုပ်ထုပ်ထဲရောက်အောင် ငါပဲလုပ်တာ၊ ဒါကြောင့် ဒီကနေရုန်းထွက်ဖို့ ငါဘာသာငါပဲ ကြိုးစားဖို့ကောင်းတယ်’’ဟု ကျွန်ုပ်တွေးတတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိသည်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်သော်လည်း မိမိနှင့်ထိုက်တန်မှ ကိုယ်တော်ကူညီပေးမည့်အလား ယခုထိတိုင် ကျွန်ုပ် ပြုမူနေဆဲဖြစ်သည်။

ဤသို့ ပြုမူခံစားရခြင်းက မမှန်ကန်ကြောင်း ယာကုပ်ကို ဘုရားသခင် ပထမဆုံးတွေ့ဆုံသည့် အဖြစ်အပျက်က လှလှပပ သရုပ်ဖော်ပြသည်။

ယာကုပ်သည် သူ့ဘဝတစ်လျှောက် သူ၏ကံကြမ္မာကို ပြောင်းလဲရန် ကြိုးစားရင်း အချိန်ကုန်နေခဲ့သည်။ သားဦးသာ ဖခင်ထံမှ ကောင်းချီးကို ရရှိခံစားရသည်၊ သားဦးသာလျှင် အနာဂတ်၌ ကြွယ်ဝမှုကို အာမခံနိုင်သည်ဟု ယုံကြည်ခံယူ သည့် ခေတ်ကာလ၌ ဒုတိယသားအဖြစ် သူမွေးဖွားခဲ့သည်။

ထို့ကြောင့်ဖခင်ထံမှ ကောင်းချီးကိုရရန် မည်သည့် နည်းနှင့်မဆို၊ ဘာပဲ လုပ်ရလုပ်ရလုပ်မည်ဟု ဆုံးဖြတ်ထား သည်။ နောက်ဆုံး၌ သူ့အစ်ကိုအတွက် ရည်စူးထားသည့် ကောင်းချီးကို လှည့်ဖျားရယူလိုက်ပြီး သူ့အကြံအောင်မြင်ခဲ့သည် (က…

လွတ်လပ်ပေါ့ပါးစွာ နောက်တော်သို့လိုက်

အထက်တန်းကျောင်းတက်စဉ်က တောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲအတွက် ကျွန်မကို လေ့ကျင့်ပေးသည့်နည်းပြက ပြိုင်ပွဲမတိုင်မီ ‘‘ဦးဆောင်ပြေးတဲ့သူဖြစ်ဖို့ ဘယ်တော့မှမကြိုးစားနဲ့၊ ဦးဆောင်သူဟာ အလွယ်တကူ မောဟိုက်သွားတတ်တယ်’’ ၊ ဦးဆောင် ပြေးခြင်းထက် အမြန်ဆုံးအားကစားသမား၏နောက်၌ ထပ်ချပ်မကွာလိုက်ပါသင့်ကြောင်း အကြံပေးလမ်းညွှန်ခဲ့သည်။ ရှေ့မှဦးဆောင်သူအားဖြင့် အမြန်နှုန်းကို ချိန်ဆနိုင်ပြီး ပန်းဝင်သည်အထိ လိုအပ်သော စိတ်ဓာတ်နှင့် အင်အားပမာဏအစွမ်းတို့ကို ထိန်းနိုင်ခဲ့သည်။

ခေါင်းဆောင်မှုသည် ပင်ပန်းနွယ်နယ်စေသည်။ နောက်လိုက်ခြင်းက ပို၍ လွတ်လပ်သည်။ ၎င်းကို သိခြင်း ကြောင့် ကျွန်မ၏အပြေးလေ့ကျင့်မှု  တိုးတက်ခဲ့သော်လည်း ခရစ်ယာန်တပည့်တော်အဖြစ် လေ့ကျင့်ပျိုးထောင်မှု အတွက်ပါ အကျိုးသက်ရောက်မှုရှိကြောင်းကို သိနားလည် ရန်မှာ အချိန်ပိုကြာခဲ့သည်။ ကျွန်မ၏အသက်တာ၌ ခရစ်တော်၌ ယုံကြည်သူသည်  အလွန့်အလွန်  ကြိုးစားရမည် ဟု တွေးမိခဲ့သည်။ ခရစ်ယာန်တစ်ယောက်သည် မည်သို့မည်ပုံဖြစ်ရမည်ဟူ၍ ရှိအပ်သောအရည်အသွေးများရှိအောင် ကြိုးစားအားထုတ်ရင်း မောပန်းလာကာ သခင့်နောက်သို့ ရိုးရိုးလေးလိုက်လျှောက်ခြင်းဖြင့် ခံစားတွေ့ကြုံရသော ၀မ်းမြောက်မှုနှင့် လွတ်လပ်ခြင်း၏ အနှစ်သာရကိုအမှတ်တမဲ့နှင့် မရည်ရွယ်ဘဲ…

အမည်မဖော်လိုသောသူ၏ ကြင်နာမှု

ကျွန်မဘွဲ့ရပြီးခါစ စားသောက်ကုန်များ ဝယ်ယူလျှင် ဘတ်ဂျက်နှင့်ချိန်ကိုက်၍ ဝယ်ရသည်။ အတိအကျပြောရလျှင် တစ်ပတ်ကို ၂၅ ဒေါ်လာသာ သုံးပါသည်။ တစ်ခါက ပစ္စည်းများ
သွားဝယ်ပြီး ငွေရှင်းရန် ပြင်နေချိန်၌ ပစ္စည်းတန်ဖိုးသည် ကျွန်မ၏လက်ကျန်ငွေထက် အနည်းငယ်ပိုနေမည်ဟု သံသယဖြစ်မိသည်။ ထို့ကြောင့် ငွေရှင်းကောင်တာမှ ဝန်ထမ်းအား “ဒေါ်လာ ၂၀ ဖိုး ပြည့်ရင် ရပ်ပေးပါ” ဟု ပြောလိုက်သည်။ ငရုတ်သီးထုပ်မှလွဲ၍ ရွေးထားသော ပစ္စည်းများအားလုံးကို ဝယ်ဖြစ်ခဲ့သည်။

အိမ်ပြန်ရန် ကားမောင်းထွက်တော့မည့်ဆဲဆဲ အမျိုးသားတစ်ယောက်က ကားကိုရပ်ခိုင်းပြီး “ဒီမှာ အစ်မရဲ့ ငရုတ်သီးထုပ်” ဟုပြောကာ အထုပ်ကို လှမ်းပေးသည်။ သူ့ကို
ကျေးဇူးမတင်ရသေးမီ ထိုသူ ပြန်လှည့်ထွက်သွားသည်။

ထိုရိုးရှင်းသောကြင်နာမှုလေးသည် ကျွန်မစိတ်နှလုံးကို
နွေးထွေးစေပြီး မဿဲ ၆ မှ သခင်ယေရှု၏နှုတ်တော်ထွက် စကားများကို အောက်မေ့သတိရမိစေသည်။ အခြားသူများ၏ အချီးအမွမ်းကို ခံယူလို၍ လှူတန်းကြသူများကို…

ရှင်သန်ရခြင်း၏ အကြောင်းအရင်း

ယခုတစ်လော ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး အကြံပြုသည့်စာအုပ်များကို အပေါ်ယံ လှန်လှောဖတ်ကြည့်ရာ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်တစ်ချက်ကို သတိပြုမိ သည်။ ထိုစာအုပ်တိုင်းလိုလို၌ ကောင်းသောအကြံပြုချက်များပါရှိပြီး အသုံးစားရိတ် လျော့ချ ရခြင်း၏အခြေခံအကြောင်းရင်းမှာ နောက်ပိုင်း သန်းကြွယ်သူဌေးကဲ့သို့ နေထိုင်ရန် အတွက်ဖြစ်သည်ဟု စာအုပ်အများစုက သွယ်ဝိုက်ညွှန်းဆို ကြသည်။ သို့သော် စာအုပ်တစ်အုပ်မှာမူ တစ်မူကွဲပြားသောအမြင်သစ်ရှုထောင့်တစ်ခုကို တင်ပြထားသည်။ ချမ်းသာကြွယ်ဝသောဘ၀အတွက် ရိုးရိုးသားသား နေထိုင် ရှင်သန်ခြင်း က မုချလိုအပ်ကြောင်း၊ ၀မ်းမြောက်မှုခံစားရရှိရန် ပစ္စည်း အမျိုးမျိုး သင်လိုအပ်နေပါက ‘‘သင်သည် ဘ၀ရှင်သန်ရသည့် အကြောင်းအရင်းနှင့် လွဲချော်နေပြီ’’ဟု ထိုစာအုပ်က အကြံပြု တင်ပြထားသည်။

အစ်ကိုအား အမွေခွဲပေးရန် ပြောပေးပါဟု လူတစ်ဦးသည် ရှင်ယေရှုကို တောင်းဆိုသည်။ ထိုသူကို သခင် ပြန်လည်တုံ့ပြန်ပုံအကြောင်း ကျွန်ုပ်စိတ်ထဲပေါ်လာသည်။ ကိုယ်ချင်းစာ သနားမည့်အစား သခင်ယေရှုက ပြတ်ပြတ်သားသား ငြင်းလိုက်ကာ ‘‘စည်းစိမ်၌ အသက်မတည်’’ ခြင်းကြောင့် (လု ၁၂း၁၄-၁၅)၊ ‘‘လောဘ…

အသက်တာတစ်ခုကို ပြောင်းလဲစေသောနည်းလမ်း

တစ်ခါတစ်ရံ အခြားသူတစ်ဦး၏တန်ခိုးနှင့်ပြည့်စုံသော အသက်တာအားဖြင့် တစ်ခဏခြင်းတွင် ဘ၀အသက်တာများ ပြောင်းလဲသွားနိုင်သည်။ ရော့အင်ရိုး ဂန္တ၀င်  အဆိုတော် ဘရုစ်စပရင်းစ်တင်း သည် ကြမ်းတမ်းသောငယ်ဘ၀အတွေ့အကြုံ နှင့် စိတ်ကျရောဂါကို ဆက်တိုက် ခံစားနေရလျက် ရုန်းကန်ရချိန်တွင် ထိုတေးဂီတက သူ့ကို ဖေးမပေးခဲ့သည်။ သူရေးစပ်သောသီချင်းတွင်  သူကိုယ်တိုင် ခံစားခဲ့ရသည့်အတိုင်း  ‘‘သင်သည် လူတစ်ယောက်၏ဘ၀ကို စစ်မှန်သောသီချင်းဖြင့် ၃ မိနစ်အတွင်း ပြောင်းလဲစေနိုင်သည်’’ ဟူ၍ ရေးစပ်ခဲ့သည်။

ဤသို့ စိတ်ဓာတ်လှုံ့ဆော်ပေးသော သီချင်းနည်းတူ အခြားသူများ မှန်ကန်စွာ ရွေးချယ်ပြောဆိုသော  စကားလုံး များက ကျွန်ုပ်တို့အား မျှော်လင့်ခြင်း ပေးနိုင်ရုံမက အသက်တာကိုပါ ပြောင်းလဲစေနိုင်သည်။ လောကအပေါ် မြင်သောအမြင်ကို ဆရာတစ်ဦး၏ဆုံးမစကားက ပြောင်းလဲစေသကဲ့သို့ တိုက်တွန်း ခွန်အားပေးသည့်စကားက ယုံကြည်မှုကို ပြန်လည်ဆောက်တည်ပေးသည်။ ဘ၀၌  အခက်အခဲကြုံရစဉ် မိတ်ဆွေတစ်ဦး၏နူးညံ့သောအားပေးစကားက ဆက်လက်၍ ကြံ့ကြံ့ခံရပ်တည်စေသည်။ စသည်ဖြင့် မိမိအသက်တာကို တစ်သက်လုံး တည်ဆောက်…

အပြင်မှအတွင်းသို့လား

‘‘အတွင်းမှအပြင်သို့ပြောင်းလဲခြင်းလား (သို့) အပြင်မှအတွင်းသို့ပြောင်းလဲခြင်းလား’’ ဟူသည့် ခေါင်းစီးစာသားက မျက်မှောက်ခေတ် လူကြိုက်များသော ခေတ်ရေစီးကြောင်း ကို ထင်ဟပ်ဖော်ပြသည်။ အလှပြင်ပေါင်းတင်၊ ဆံပင်ပုံစံ၊ ကိုယ်နေဟန်ထား လှပအောင် ပြင်ဆင်ခြင်း စသည့် အပြင်ပန်းပြောင်းလဲမှုတို့သည် အတွင်းစိတ်ခံစားချက်သာမက ဘ၀ကိုပင် ပြောင်းပစ်နိုင်သည့် နည်းလမ်းအလွယ်များ ဖြစ်ကြောင်း ဆိုလိုသည့်သဘောဖြစ်သည်။  

သဘောကျချင်စရာ အယူအဆပါ။ ပုံပန်းသဏ္ဌာန် အသစ်ကို လွယ်လွယ်ပြောင်းလဲပစ်သကဲ့သို့ ဘ၀ကိုအလွယ် တကူ တိုးတက်ပြောင်းလဲနိုင်လျှင် မပြောင်းလဲလိုသူ ဘယ်မှာရှိမည်နည်း။ ပြောင်းလဲရန် မဖြစ်နိုင်ဟုထင်ရသည့် နက်နဲစွာ အမြစ်စွဲနေသည့် အကျင့်များကို ပင်ပန်းခက်ခဲစွာ ကြိုးစား ရှင်းလင်းပစ်ရကြောင်း ကျွန်ုပ်တို့အသိဆုံးပါ။ အပြင်ပန်း ပြောင်းလဲမှုများကို အာရုံစိုက်ခြင်းက လူမှုဘ၀တိုးတက်ပြောင်းလဲရေးအတွက် မြန်ဆန် လွယ်ကူသည့် နည်းလမ်းရှိကြောင်း မျှော်လင့်ချက်ပေးနေသည်။

ထိုပြောင်းလဲမှုများက လူမှုဘ၀ကို ပြောင်းပစ်နိုင်သော်လည်း မိမိကိုယ်တိုင် ပြောင်းလဲရန်မစွမ်းသော သာ၍နက်နဲသောပြောင်းလဲမှုကိုရှာဖွေရန် နှုတ်ကပတ်တော်မှ  ဖိတ်ခေါ်နေသည်။ ဂလာတိ ၃ ၌…