စာရေးသူ

အားလုံးမြင်နိုင်ရန်
Poh Fang Chia

ဖိုးဖန်ချီယာ

ဖိုးဖန်ချီယာ (Poh Fang Chia)သည် ဘာသာစကားနှင့်ပတ်သက်သော အတတ်ပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပါ။ သူမ အနှစ်သက်ဆုံးမှာ ဓာတုဗေဒပညာရပ် ဖြစ်ခဲ့သည်။ သူမ၏ရည်မှန်းချက်ကို ပြောင်းလဲစေခဲ့သည်မှာ အသက်(၁၅)နှစ် အရွယ်၌သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့ခြင်းဖြစ်ပြီး အသက်တာများကို ထိတွေ့ပြောင်းလဲစေမည့်စာအုပ်များ ဖန်တီးလိုကြောင်း သခင့်ထံဆက်ကပ်ခဲ့သည်။ ဆရာမသည် စင်္ကာပူနိုင်ငံရှိ Our Daily Bread Ministries ရုံး ၌ အင်္ဂလိပ်ဘာသာ အကြောင်းအရာတီထွင်မှု၏ ဒါရိုက်တာအဖြစ် သာမက တရုတ်ဘာသာ စာတည်းဖြတ်ခြင်းကို ပြန်လည်သုံးသပ်သည့် ကော်မတီ၏ အဖွဲ့ဝင်အနေနှင့်လည်း တာဝန် ထမ်းဆောင်နေပါသည်။ “ကျမ်းစာလေ့လာပြီး အတွေး အမြင်သစ်ကို ဖြစ်စေတဲ့ ကျမ်းပိုဒ်ကို ရှာရတာ၊ ကျွန်မစိတ်ထဲမှာ သိချင်တဲ့အဖြေကိုရှာရတာ၊ ဘဝပြဿနာရဲ့အဖြေရှာရတာ ပျော်တယ်။ သမ္မာကျမ်းရဲ့ လက်ရှိအနေ၌ သက်ဝင်လှုပ်ရှားမှုနှင့် ဘဝအသက်တာကို ပြောင်းလဲစေတဲ့ တန်ခိုးတော်ကို စာဖတ်သူတွေ တုံ့ပြန် ခံယူနိုင်ပါစေလို့ ဆုတောင်းပြီး စာရေးပါတယ်” ဟု ဆိုသည်။

စာမူ/ အကြောင်းအရာ များ ဖိုးဖန်ချီယာ

ဘုရားသခင်၏ဖြည့်ဆည်းထောက်ပံ့ပေးမှု

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွာလေးတစ်ရွာနှင့်ဝေးသည်ထက်ဝေးသည့် တောနက်ထဲသို့ ကျွန်မတို့တစ်စစတိုးဝင်ပြီး ခရီးသွားခဲ့သည်။ တစ်နာရီထက်မက ခြေလျင်သွားပြီးနောက် နားကွဲမတတ်မြည်ဟီးသည့်ရေသံကို ကြားရပြီး ကျွန်မတို့၏ခြေလှမ်းများမြန်လာသည်။ မကြာမီတွင် မီးခိုးရောင်ကျောက်ကြားမှ စီးကျ လာသည့် အဖြူရောင်ကန့်လန့်ကာပမာ လှပသောရေတံခွန်မြင်ကွင်းကြီးက ကျွန်မတို့ကို ဆီးကြိုနေတော့သည်။ အံ့မခမ်းလှလိုက်ပါဘိ။

ကျွန်မတို့နှင့်အတူ အဖော်လိုက်ပါလာသည့် တောင်တက်ဖော် ရွာသားများက ကျွန်မတို့အတွက် ပျော်ပွဲစားစီစဉ်ပေးရန် တစ်နာရီစော၍ သူတို့ထွက်သွားသည်။ အကြံကောင်းဖြစ်သော်လည်း အစားအသောက်များမရှိပါ။ ကျွန်မတို့ စားစရာများ မယူခဲ့ပါ။ သို့သော် ထိုမိတ်ဆွေများက အနီးအနားတောထဲသို့ အလျှိုလျှို တိုးဝင်လျက် ပျောက်သွားပြီး အမျိုးစုံလင်လှသည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ ငါးများနှင့် ပြန်ရောက်လာသည်။ Shuixiangcai (ရွေစရန်းချိုက်)ဟုခေါ်သည့် ခရမ်းရောင်အပွင့်နှင့် ဟင်းရွက်တစ်မျိုးမှာ ဆန်းပြားသော ပုံစံဖြစ်သော်လည်း အရသာမှာ ထူးကဲကောင်းမွန်လှသည်။

ဖန်ဆင်းထားသောအရာများက ဘုရားသခင်၏သူမတူအောင် ကြီးကျယ် ခန့်ညားသည့် မစထောက်ပံ့မှုကို ကြွေးကြော်နေကြောင်း ကျွန်မကို သတိပေးလာ…

ဘယ်သူသိနိုင်မလဲ

တရုတ်ဒဏ္ဍာရီအရ Sai Weng (စိုင်းဝမ်)သည် သူ၏အဖိုးတန်မြင်းများထဲမှ တစ်ကောင် ပျောက်ဆုံးသွားသည့်အခါ သူ့အိမ်နီးချင်းက သူ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြသည်။ သို့သော် Sai Weng ကတော့ မမှုပါ။ သူက "ဒါဟာ ငါ့အတွက် ကောင်းတဲ့ကိစ္စဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ" ဟု ပြောပါသည်။ ထူးဆန်းစွာပင် ပျောက်သွားသည့်မြင်းက နောက်မြင်းတစ်ကောင်နှင့်အတူ အိမ်သို့ ပြန်ရောက်လာသည်။ အိမ်နီးချင်းက ဝမ်းသာစကားပြောသောအခါ သူက "ဒါဟာ ငါ့အတွက် မကောင်းတာဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ"ဟု ပြောပြန်သည်။ ဖြစ်ချင်တော့ သူ့သားသည် မြင်းအသစ်ကိုစီးရင်း ထိခိုက်ဒဏ်ရာရပြီး ခြေကျိုးသွားသည်။ ကံဆိုးမှုဟုထင်ရသော်လည်း စစ်တပ်မှ တိုက်ပွဲဝင်ရန် သန်စွမ်းသောယောကျ်ားများကို လာရောက် စည်းရုံးပြီး တပ်သားသစ်စုဆောင်း သောအခါ ဒဏ်ရာရနေသောသားမှာ အရွေးမခံရသောကြောင့် စစ်မြေပြင်၌ ကြုံရမည့် အသက်ဘေးမှ ချမ်းသာရာရရှိခဲ့သည်။

၎င်းသည် အခက်အခဲသည် ရုပ်ဖျက်ထားသောကောင်းချီးမင်္ဂလာ ဖြစ်နိုင်သလို ကောင်းကျိုးသည်လည်း…

အခိုက်အတန့်များကို တန်ဖိုးထားခြင်း

Su Dongpo (ဝါ) Su Shi သည် တရုတ်ပြည်၏နာမည်ကြီးကဗျာဆရာနှင့် အက်ဆေးရေးဆရာတစ်ယောက်ဖြစ်သည်။ ပြည်နှင်ဒဏ်ပေးခံရစဉ် လကို ကြည့်ပြီး သူ့ညီဖြစ်သူအား မည်မျှလွမ်းဆွတ်ကြောင်း ကဗျာရေးခဲ့သည်။ “လမင်းကြီးက ပေါ်လိုက် ကွယ်လိုက်၊ ငါတို့လည်း ပျော်လိုက် ဝမ်းနည်းလိုက်၊ တွေ့ဆုံလိုက် ခွဲခွာလိုက်နဲ့၊ ဟောင်းနွမ်းအချိန်လို ဘယ်အရာမှမပြည့်စုံ၊...” “မိုင်ပေါင်းများစွာ ဝေးနေရလည်း ချစ်ခင်ရသူများ အသက်ရှည်ပြီး အတူရှိနေချိန်၏လှပသောမြင်ကွင်းများကို ရှုမြင်နိုင်ကြပါစေသား” ဟုသူရေးစပ်ထားသည်။

သူ့ကဗျာသည် ဒေသနာကျမ်းမှအချက်ကို ထင်ဟပ်ပြနေသည်။ ဒေသနာဆရာ (၁:၁) ဟု အမည်ရသည့် ကျမ်းရေးသူက "ငိုရသောအချိန်နှင့်ရယ်ရသောအချိန်…ဖက်ယမ်းရသောချိန်နှင့် မဖက်ယမ်းဘဲခွဲခွာ၍နေရသောအချိန်"ရှိကြောင်း ဖော်ပြ ထားသည်(၃:၄-၅)။ ဆန့်ကျင်ဘက်အချိန်နှစ်ခုကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြင့် ဒေသနာဆရာသည် Su Dongpo နည်းတူ ခပ်သိမ်းသောအရာဟူသမျှသည် အဆုံးရှိကြောင်း ပြောကြားသည်။

လကွယ်လိုက် ပေါ်လိုက်ဖြစ်ခြင်းကို မည်သည့်အရာကမျှ ပြည့်စုံခြင်းမရှိ သည့်လက္ခဏာအဖြစ် Su Dongpo သိမြင်ခဲ့သလို…

ကယ်ဆယ်ရန်လိုအပ်သည်

ဆယ်ကျော်သက်လေး အယ်ဒီသည် အင်ဒိုနီးရှားနိုင်ငံမှ ၁၂၅ ကီလို (၇၈ မိုင်ခန့်) အရှည်ရှိ ဆူလာဝီကျွန်းကမ်းခြေတွင် ငါးဖမ်းလှေကိုကျောက်ချပြီး လှေ၏တဲလေး ထဲတွင် တစ်‌ယောက်တည်း အလုပ်လုပ်နေစဥ် လေပြင်းတိုက်ခတ်သဖြင့် တဲလေးပြိုပြီး ကျောက်ဆူးလွတ်သွားကာ ငါးဖမ်းလှေမှာ ပင်လယ်ထဲသို့ လေနှင့်ပါ သွားသည်။ အယ်ဒီသည် ပင်လယ်ထဲတွင် ၄၉ ရက်တိုင် မျောနေခဲ့ရသည်။ သင်္ဘော တစ်စင်းစင်းကို သူမြင်တိုင်း သူ့ကို သင်္ဘောသားများမြင်အောင် သူ၏မီးခွက်ကို ထွန်းညှိသော်လည်း စိတ်ပျက်စရာသာဖြစ်ခဲ့ရသည်။ အားလျော့နေသော အယ်ဒီအား မကယ်ဆယ်နိုင်မီတွင် သင်္ဘော ၁၀ စီးခန့် သူ့ကို ဖြတ်ကျော်သွားခဲ့သည်။

သခင်ယေရှုက “ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဉီး” (လု ၁၀:၂၅) အား ကယ်ဆယ်ရန် လိုအပ်နေသူတစ်ဉီးအကြောင်းဉပမာကို ပြောပြသည်။ ယဇ်ပုရောဟိတ်နှင့်လေဝိလူ -လူနှစ်ဦးတို့သည် ခရီးသွားစဉ် ရိုက်နှက်ခံရပြီးဒဏ်ရာနှင့်လဲနေသူတစ်ဉီးကို တွေ့ခဲ့ သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ထိုသူကို မကူညီဘဲ…

သံသယနှင့် ယုံကြည်ခြင်း

မင်းတက် သည် ခေါင်းအလွန်ကိုက်ပြီးအိပ်ရာမှနိုးလာသည်။ ခေါင်းစိမ်းကိုက် ဝေဒနာ ထပ်ဖြစ်ပြီလားဟု သူတွေးမိသည်။ သူအိပ်ရာမှအထတွင် ကြမ်းပြင်ပေါ်သို့ လဲကျသွား သည်။ သူ့ကိုဆေးရုံတင်လိုက်ရပြီး ဆရာဝန်များက လေဖြတ်သွားခြင်းဖြစ်သည်ဟု ပြောသည်။ ပြန်လည်ထူထောင်ရေးအတွက် ၄လမျှ လေ့ကျင့်ခန်းယူပြီးသော် စဉ်းစား တွေးခေါ်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း ပြန်ရခဲ့သော်လည်း လမ်းလျှောက်လျှင်နာကျင်ပြီး ထော့နဲ့ထော့နဲ့ဖြစ်ဆဲပင်။ ရံဖန်ရံခါ စိတ်ပျက်အားငယ်မှုနှင့် ရုန်းကန်နေရ သော်လည်း ယောဘဝတ္တုမှကြီးစွာသောနှစ်သိမ့်မှုကို သူရှာတွေ့ခဲ့သည်။

ယောဘသည် သူ့ပစ္စည်းဥစ္စာများအားလုံးနှင့်သူ့သားသမီးများကို တမဟုတ်ချင်း ဆုံးရှုံးခဲ့ရသည်။ မချိမဆံ့ခံစားရသည့်သတင်းဖြစ်သော်လည်း ယောဘသည် ပထမဆုံး ဘုရားသခင်ထံမျှော်လင့်ခြင်းဖြင့်မျှော်ကြည့်ပြီး အရာခပ်သိမ်း၏အရင်းအမြစ် ဖြစ်သည့်အတွက် ဘုရားသခင်ကို ချီးမွမ်းသည်။ ဘေးဒုက္ခရောက်သည့်အချိန်၌ပင် ဘုရားသခင်၏ အချုပ်အခြာအာဏာပိုင်သောလက်တော်ကို သိမှတ်ဝန်ခံသည် (ယောဘ ၁:၂၁)။ သူ၏ ခိုင်မာလှသောယုံကြည်ခြင်းကို ကျွန်ုပ်တို့ အံ့သြကြသော်လည်း ယောဘသည်လည်း စိတ်ပျက်အားငယ်မှုနှင့်ရုန်းကန်ခဲ့ရသည်။ ရောဂါဝေဒနာခံစား ရသည့်နောက်(၂:၇) သူမွေးဖွားသောနေ့ကို သူကျိန်ဆဲခဲ့သည်(၃:၁)။ သူ၏နာကျင်မှုနှင့် ပတ်သက်ပြီး…

ဘုရားသခင်ကို ဆာငတ်ခြင်း

သခင်ယေရှုကို ယုံကြည်ခါစခရစ်ယာန်တစ်ဉီးသည် ကျမ်းစာဖတ်ရန် အလွန် စိတ်အားထက်သန်နေသည်။ သို့သော် သူသည် ပေါက်ကွဲမှုတစ်ခု​ကြောင့် အမြင်အာရုံကွယ်ပြီး လက်နှစ်ဖက်မရှိတော့သူဖြစ်သည်။ ထို့နောက် မျက်မမြင်များလက်ဖြင့်စမ်း၍ ဖတ်သော ဘရေးစာကို အမျိုးသမီးတစ်ဦးက နှုတ်ခမ်းဖြင့်စမ်း၍ဖတ်​ကြောင်း သတင်း ကြားသဖြင့် သူလည်းစမ်းကြည့်ရာ သူ့နှုတ်ခမ်းမှနာ့ဗ်ကြောများလည်း ပျက်စီးနေ ကြောင်းသိလိုက်ရသည်။ နောက်ပိုင်းတွင် မျက်မမြင်စာကို သူ့လျှာဖြင့် စမ်း၍ဖတ်နိုင် ကြောင်းသူသိရသောအခါ သူအလွန်ဝမ်းမြောက်သွားသည်။ ကျမ်းစာဖတ်နိုင်မည့် နည်းလမ်းကို ယခုသူရှာတွေ့လေပြီ။

ဘုရားစကားကို ပရောဖက်ယေရမိလက်ခံရရှိချိန်တွင် ခံစားရသော စိတ်ခံစားမှုမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်း ဖြစ်သည်။ “အကျွန်ုပ်တွေ့သော နှုတ်ကပတ် စကားတော်ကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏” (ယေ ၁၅:၁၆)။ ဘုရားစကားကို ရွံရှာခဲ့သော ယုဒလူမျိုးများနှင့် မတူဘဲ (၈:၉)၊ ယေရမိသည် နှုတ်ကပတ်တော်ကို နာခံမှုရှိပြီး နှုတ်ကပတ်တော်၌ ဝမ်းမြောက်သူဖြစ်သည်။ သူ၏နာခံခြင်းကြောင့် သူ့လူမျိုးများ ငြင်းပယ်သော ပရောဖက်၊…

ကောက်ရိုးပုံဆုတောင်း

ရှင်ယေရှု၏သတင်းကောင်းကို ဝေမျှမည့်သူများကို ဘုရားရှင်ပို့ဆောင်ပေးရန် ဆယ်မြူရယ် မေးလ်စ် နှင့် သူ့မိတ်ဆွေလေးဦးတို့သည် အတူတကွဆုတောင်းကြသည်။ ၁၈၀၆ ခု၊ နေ့တစ်နေ့၌ ဆုတောင်းစည်းဝေးမှအပြန် လမ်းတွင် မိုးကြိုးမုန်တိုင်းမိပြီး ကောက်ရိုးပုံ၌ မိုးခိုခဲ့ရသည်။ ထို့နောက် အပတ်စဉ်အတူဆုတောင်းခြင်း၏ရလဒ် အဖြစ် ကမ္ဘာ့သာသနာလှုပ်ရှားမှု ပေါ်ပေါက်လာရာ၊ ၎င်းတို့၏ အပတ်စဉ်ဆုတောင်းစည်းဝေးမှာ ကောက်ရိုးပုံ ဆုတောင်း စည်းဝေးဟု နောက်ပိုင်းတွင် ထင်ရှားလာခဲ့သည်။ ယနေ့တွင်ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် လုပ်ဆောင်နိုင်ကြောင်း ကို အမှတ်ရသတိပေးသည့် ကောက်ရိုးပုံဆုတောင်း အထိမ်းအမှတ်ကျောက်တိုင်ကို အမေရိကန်နိုင်ငံရှိ ဝီလီယံကောလိပ်၌ စိုက်ထူထားသည်။

သားသမီးများက သဘောချင်းတူလျက် သူထံချဉ်းကပ် တောင်းလျှောက်ခြင်းကို ကောင်းကင်ဘုံရှင် အဘဘုရားသခင် ဝမ်းမြောက်ကျေနပ်သည်။ ၎င်းသည် မိသားစုဝင် များက စည်းစည်းလုံးလုံးနှင့် ဝန်ကို ဝေမျှထမ်းရွက်ကာ စုရုံးလာခြင်းနှင့်တူသည်။

ပြင်းထန်စွာ ဆင်းရဲဒုက္ခခံစားရစဉ် အခြားသူများ၏ဆုတောင်းပေးမှုအားဖြင့် ဘုရားသခင်သူ့ကို မည်ကဲ့သို့ကူညီမစခဲ့သည်ကို တမန်တော်ရှင်ပေါလုက အသိအမှတ်ပြု ဖော်ပြထားသည်။…

မမြင်ရသော အမှန်တကယ် တည်ရှိသည့်အရာများ

ဒစ်ကာဗာ မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်သူ စတီဗင်ကာ့စ် သည် သူ၏နေ့စဉ်ဘ၀တွင် သူမမြင်ရသော်လည်း သူဘဝ၏အစိတ်အပိုင်းများဖြစ်သည့်အရာများကို စူးစမ်းလေ့လာ ရန် ဆုံးဖြတ်ခဲ့သည်။ နယူးယောက်မြို့ရှိ သူ၏ရုံးသို့ လမ်းလျှောက်သွားစဉ် (ရေဒီယိုနှင့် ရုပ်မြင်သံကြားလှိုင်းများကို ထုတ်လွှင့်လျက်ရှိသော) Empire State အဆောက်အဦ၏ ထိပ်ရှိ ရေဒီယိုလှိုင်းများကို မြင်ရမည်ဆိုလျှင် ‘‘တစ်မြို့လုံးကို ရောင်စုံမီးတန်းတွေ ထွန်းညှိထားသလိုမျိုး ဖြစ်နေမှာဘဲ’’ ဟု သူတွေးမိခဲ့သည်။ ရေဒီယိုလှိုင်း၊ ရုပ်မြင်သံကြားလှိုင်း၊ ၀ိုင်ဖိုင် နှင့် အခြားမမြင်ရသော လျှပ်စစ်သံလိုက်လှိုင်းများက သူ့ကို ဝန်းရံထားကြောင်း သူသဘောပေါက်သွားသည်။

ဧလိရှဲ၏ကျွန်သည်လည်း မမြင်ရသော ဝိညာဉ် လောက - မမြင်ရသော်လည်း အမှန်တကယ် တည်ရှိနေသည့် အရာကို တွေ့မြင်ခဲ့သည်။ သူနှင့် သူ့သခင်သည် နံနက်နိုးထ လာချိန်၌ ၎င်းတို့ကို ရှုရိစစ်တပ်များ ဝန်းရံထားကြောင်း တွေ့ရှိခဲ့သည်။ မျက်စိတစ်ဆုံး မြင်ရသမျှမှာ မြင်းစီးသူရဲ၊ ရထားစီးသူရဲ…

သေးငယ်လည်း အရေးပါသည်

ခါတိုင်းလိုပင် တစ်နေ့တာအစပြုခဲ့ပါသော်လည်း ခြောက်ခြားမှုနှင့် အဆုံးသတ်ခဲ့ရသည်။ အက်စတာ(အမည်ရင်းမဟုတ်)နှင့် အမျိုးသမီးရာပေါင်းများစွာတို့ကို ဘာသာရေး စစ်သွေးကြွနေသူတစ်ဖွဲ့မှ တန်ဆာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သည်။ တစ်လ အကြာတွင် ခရစ်တော်ကို ငြင်းပယ်ရန် ငြင်းဆိုခဲ့သည့် အက်စတာမှလွဲ၍ အားလုံး ပြန်လွတ်လာသည်။ ယုံကြည်ခြင်းအတွက် ညှဉ်းပန်း နှိပ်စက်ခံရသူများနှင့် အက်စတာတို့၏အကြောင်း ကျွန်မ မိတ်ဆွေနှင့်ကျွန်မတို့ ဖတ်ရှုရင်း စိတ်နှလုံး၌ ထိတွေ့ခံစား ရသည်။ ကျွန်မတို့တစ်ခုခုလုပ်ချင်ပါသည်။ သို့သော်ဘာလုပ် ရမည်နည်း။

ကောရိနသုအသင်းတော်သို့ ပေးပို့သောစာ၌ ရှင်ပေါလုက အာရှိဒေသ၌ သူကြုံရသည့် ဒုက္ခအခက်အခဲ များကို ဝေငှ ပြောပြခဲ့သည်။ ညှဉ်းဆဲနှိပ်စက်မှုက ပြင်းထန် လွန်း၍ သူနှင့် သူ၏အပေါင်းအပါတို့က ‘‘အသက်မလွတ်နိုင်’’ ဟု ပင် ထင်ခဲ့ကြသည်(၂ ကော ၁း၈)။ သို့သော် ရှင်ပေါလုတို့အား ယုံကြည်သူများ၏ ဆုတောင်းပေးမှုက ထောက်မခဲ့သည် (း၁၁)။ ကောရိနသုအသင်းတော်သည် ရှင်ပေါလုနှင့် မိုင်ပေါင်းများစွာ…

ပြောင်းလဲမှုက ဖြစ်နိုင်သည့်အရာပါ

တနင်္ဂနွေ နေ့လည်ခင်းတစ်ခုတွင် ကျွန်ုပ်တို့အသင်းတော်၏ လူငယ်အဖွဲ့ဝင်အချို့သည် စုဝေးလျက် ဖိလိပ္ပိ ၂း၃-၄ ကို အခြေပြုသည့် ခက်ခဲသည့်မေးခွန်းများကို တစ်ဦးနှင့်တစ်ဦးမေးမြန်းကြသည်။ “ရန်တွေ့လိုသောစိတ်၊ ကျော်ဇောကိတ္တိကို တပ်မက်သောစိတ် ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက် သာ၍ကောင်းမြတ် သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကို တစ်ယောက် ထင်မှုကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့ အမှုအရာကို ရှုမှတ်ကြလော့။” သူတစ်ပါး၏အမှုအရာကို သင်ဘယ်နှစ်ကြိမ် စိတ်ဝင်စားသနည်း။ တစ်စုံတစ်ဦးက သင့်ကို နှိမ့်ချသည်ဟု ဖော်ပြမည်လား၊ ထောင်လွှားသည်ဟု ပြောမည်လား။ အဘယ်ကြောင့်နည်း။ စသည့်မေးခွန်းများ လည်း မေးကြသည်။

ကျွန်ုပ်လည်း နားထောင်ရင်း လူငယ်များ၏ ရိုးသားသော အဖြေများအတွက် ခွန်အားရမိသည်။ ဆယ်ကျော်သက် လူငယ်များက မိမိတို့၏အားနည်းချက်ကို သိမှတ်ဝန်ခံရန် လွယ်ကူသော်လည်း ပြောင်းလဲပစ်ရန်မှာမူ ခက်ခဲသည်၊ (သို့) ပြောင်းလဲလိုစိတ် မရှိဟူ၍ ပြောသည်။…