စာရေးသူ

အားလုံးမြင်နိုင်ရန်
Winn Collier

ဝင်းကော်လီယာ

၂၅ နှစ်ကြာ သင်းအုပ်အဖြစ် ဆက်ကပ်လုပ်ဆောင်နေသော ဆရာ ဝင်းကော်လီယာ (Winn Collier)သည် သူ့မိသားစုနှင့်အတူ အမေရိကနိုင်ငံ၊ မီရှိဂန်ပြည်နယ်ရှိ ဟော်လန်မြို့တွင် နေထိုင်လျက်ရှိသည်။ ထိုမြို့ရှိ Western Theological Seminary (အနောက်ပိုင်းဆိုင်ရာ ဘာသာရေးယုံကြည်မှု ကျမ်းစာသင်ကျောင်း) တွင် ဆရာသည် သင်ကြားပို့ချပေးပြီး Eugene Peterson Center for Christian Imagination (ယူဂျင်း ပီတာဆန် - ခရစ်ယာန် စိတ်အာရုံဆိုင်ရာ စင်တာ) တွင်လည်း ဦးဆောင်ညွှန်ကြားသူအဖြစ် ဆောင်ရွက်လျက်ရှိသည်။ မိတ်ဆွေအပေါင်းအသင်းဖွဲ့မည်၊ ကော်ဖီသောက်မည်၊ ရုပ်ရှင် ကြည့်မည်၊ အကျိုးရှိမည့်စာအုပ်ဖတ်မည်၊ တောင်တတ်မည်၊ အမေးအဖြေ လုပ်မည်၊ တောအုပ်ထဲ လမ်းလျှောက်မည်။ ဤသည်တို့မှာ ဆရာ ဝင်း၏ ဝါသနာများပါ။ ဟန်ဆောင်မှု၊ ကြောက်ရွံ့မှု၊ မတရားမှုများကိုဖြင့် ဆရာ နည်းနည်းလေးမျှ သဘောမကျ။ ဆရာသည် မဂ္ဂဇင်းများ၌လည်း စာမူများရေးသားလေ့ရှိပြီး ဆရာရေးသားသည့် စာအုပ်များမှာမှာ Restless Faith: Hanging on to a God၊ Let God: The Transforming Wisdom of François Fénelon၊ Holy Curiosity: Encountering Jesus’ Provocative Questions၊ ပေးစာဟန် ဝတ္ထုများဖြစ်သည့် Love Big, Be Well: Letters to a Small-Town Church နှင့် A Burning in My Bones: The Authorized Biography of Eugene Peterson တို့ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဝင်းကော်လီယာ

လှပသော အသစ်ပြန်လည်ပြုပြင်ခြင်း

နာမည်ကျော် အနုပညာရှင် Makoto Fujimura (မာကိုတိုဖူဂျီမိုရာ)သည် သူ၏ အံ့ဖွယ်စာအုပ် ‘Art+Faith: A Theology of Making’ (အနုပညာနှင့် ယုံကြည်ခြင်း - ဖန်တီးခြင်းသီအိုရီ) စာအုပ်၌ ကင်စူဂီ (Kintsugi) ခေါ် ရှေးဟောင်းဂျပန်အနုပညာလက်ရာအကြောင်းကို ဖော်ပြထားသည်။ ထိုအနုပညာလက်ရာမှာ အိုးခြမ်းပဲ့များ (နဂိုက လဖက်ရည်ကြမ်း အိုးခွက်များ)ကို သစ်စေးနှင့်အတူ ပြန်ဆက်ကာ အက်ကြောင်းရာများထဲတွင် ရွှေကို ထည့်သွင်း ဖန်တီးခြင်းဖြစ်သည်။ “ကင်စူဂီ ပညာက ကွဲနေတဲ့အိုးကို ပြုပြင်တာထက် အိုးခြမ်းပဲ့တွေကို နဂိုမူလလက်ရာထက် ပိုလှတဲ့လက်ရာအဖြစ်ဖန်တီးတဲ့ နည်းပညာဖြစ်တယ်”ဟု ဖူဂျီမိုရာက ရှင်းပြသည်။ လွန်ခဲ့သောရာစုနှစ်များစွာက စစ်ဘုရင်တစ်ဦး၏ အနှစ်သက်ဆုံး လက်ဖက်ရည်ကြမ်းခွက် ဖျက်ဆီးခံခဲ့ရပြီးနောက် လှပစွာ ပြန်လည်ပြုပြင်ခြင်းဖြင့် ကင်စူဂီပညာ စတင်ထွန်းကားခဲ့ပြီး၊ လူတို့ အလွန်နှစ်သက်တန်ဖိုးထားသည့် အနုပညာဖြစ်လာခဲ့သည်။

ဘုရားသခင်သည် ကမ္ဘာကြီးအား အနုပညာမြောက်စွာ ထိုသို့အသစ်ပြန်လည် ပြုပြင်ခြင်းအကြောင်းကို…

ဘုရားသခင်၏ကြီးကျယ်သောပုံပြင်

၁၉၆၈ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ထုတ် ‘Life’ (လိုက်ဖ်) မဂ္ဂဇင်း၏မျက်နှာဖုံးတွင် နိုင်ဂျီးရီယားပြည်တွင်းစစ်ဖြစ်စဉ်က ဘိုင်ရာဖရာ (Biafra) ပြည်နယ်မှ ဆာလောင်ငတ်မွတ်နေသောကလေးများ၏ တုန်လှုပ်ဖွယ်ရာဓာတ်ပုံကို ဖော်ပြခဲ့သည်။ စိတ်မကောင်းဖြစ်နေသော သူငယ်လေးတစ်ဦးက ထိုမဂ္ဂဇင်းကို သင်းအုပ်ဆရာထံ ယူသွားပြီး “ဘုရားသခင် ဒီအကြောင်းကို သိလား” ဟု မေးခဲ့သည်။ သင်းအုပ်ဆရာက “မင်းနားလည်မှာ မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ ဟုတ်တယ်၊ ဘုရားသခင် သိပါတယ်”ဟု ပြန်ဖြေခဲ့သည်။ ထိုသို့သောဘုရားမျိုးကို စိတ်မဝင်စားဟု ပြောကာ သူငယ်လေး လှည့်ထွက်သွားသည်။

ဤသို့သောမေးခွန်းမျိုးသည် ကလေးငယ်များကိုသာမက ကျွန်တော်တို့ကိုပါ စိတ်ထင့်စေပါသည်။ ဘုရားသခင်၏ပညာတော်သည် နက်နဲကြောင်းနှင့် ဘိုင်ရာဖရာပြည်နယ်ကဲ့သို့ နေရာများတွင်မှာပါ ဘုရားသခင်က ကြီးကျယ်သောပုံပြင်ကို ရေးသားနေကြောင်း ထိုသူငယ်လေးကြားသိပါစေဟု ကျွန်တော်ဆုတောင်းမိသည်။

သူ့နောက်လိုက်များကို ဒုက္ခအခက်အခဲမှ ကာကွယ်မည်ဟု ယူဆသူများ အတွက် ဤပုံပြင်မျိုးကို သခင်ယေရှု ဖွင့်ပြပေးခဲ့သည်။…

ကျွန်ုပ်တို့၏ညီအစ်ကို သခင်ယေရှု

သူ၏ညီမငယ်လေး ခွေးရူး ခုန်အုပ်ခံရလုနီးနီးဖြစ်ချိန်တွင် Bridger Walker (ဘရစ်ဂျာဝေါ့ကာ)သည် (၆) နှစ်အရွယ်သာ ရှိသေးသည်။ ဘရစ်ဂျာလေးသည် အလိုလိုပင် ညီမလေးရှေ့ပြေးဝင်ပြီး၊ ခွေးရူး၏ဆွဲရမ်းကိုက်ဖြတ်မှုမှ ကာကွယ်ပေးခဲ့သည်။ မျက်နှာ၌ အချက် (၉၀) အချုပ်ခံလိုက်ရကာ အရေးပေါ်ကုသမှု ခံယူပြီးနောက် သူ့လုပ်ရပ်နှင့်စပ်လျဥ်း၍ “တစ်စုံတစ်ယောက် သေရမယ်ဆိုရင် အဲ့လူဟာ ကျွန်တော်သာဖြစ်သင့်တယ်” ဟူ၍ရှင်းပြခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ပလတ်စတစ်ဆာဂျရီ ဆရာဝန်များသည် ဘရစ်ဂျာ၏မျက်နှာ သက်သာပျောက်ကင်းအောင် ကူညီခဲ့ကြသည်။ လတ်တလောရိုက်ထားသည့် ညီမငယ်လေးကိုသူဖက်ထားသည့် ဓာတ်ပုံများတွင် သူ၏အကိုရင်းချာမေတ္တာသည် ယခင်ကဲ့သို့ပင် ခိုင်မာဆဲဖြစ်ကြောင်းတွေ့ရသည်။

မိသားစုဝင်များက ကျွန်ုပ်တို့ကို ဂရုစိုက်ပြီး စောင့်ရှောက်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။ စစ်မှန်သောညီအစ်ကိုများသည် ဒုက္ခရောက်ချိန်တွင် ဝင်ရောက်ကူညီပြီး၊ ကျွန်ုပ်တို့ ကြောက်ရွံ့နေချိန် (သို့) တစ်ဦးတည်းဖြစ်နေချိန်များတွင် ကျွန်ုပ်တို့နှင့်အတူ ရှိနေပေးသည်။ လက်တွေ့ဘဝတွင်မူ ကျွန်ုပ်တို့၏ အကောင်းဆုံး ညီအစ်ကိုများသည် ပြီးပြည့်စုံသူများ မဟုတ်ပေ။ အချို့ဆို ကျွန်ုပ်တို့ကို…

ခွန်အားအစွမ်းကြီးသူနှင့် အားနည်းသူ

အမေရိကန်နိုင်ငံ၊ Iowa (အိုင်ဝါ) ပြည်နယ်တက္ကသိုလ်၌ ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခု သည် စိတ်အားတက်စရာ အကောင်းဆုံး အစဥ်အလာတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မည်။ Stead Family Children's Hospital (စတက်မိသားစုပိုင် ကလေးဆေးရုံ)သည် အိုင်ဝါပြည်နယ်၏ ‘Kinnick’ (ကင်းနစ်) ဘောလုံးကွင်းနှင့် ကပ်ရက်တည်ရှိပြီး၊ ဆေးရုံ၏အပေါ်ဆုံးအလွှာပတ်လည်ကို ခန်းလုံးပြည့်မှန်များဖြင့် ကာရံထားသဖြင့် ဘောလုံးကွင်းကို ကောင်းကောင်းမြင်ရသည်။ ပြိုင်ပွဲရှိသည့်နေ့ဆိုလျှင် ထိုအထပ်၌ လူမမာကလေးများနှင့် ၎င်းတို့၏မိသားစုတို့ဖြင့် ပြည့်နေပြီး၊ အောက်ရှိအားကစားပွဲကို ကြည့်ကြသည်။ ပြိုင်ပွဲပထမအချီအပြီးတွင် နည်းပြများ၊ အားကစားသမားများနှင့် ထောင်နှင့်ချီသည့် အားကစားပရိသတ်များက ဆေးရုံဘက်သို့လှည့်ပြီး လက်ဝှေ့ယမ်းပြကြသည်။ ထိုအချိန်များ၌ ကလေးများ၏မျက်လုံးလေးများမှာ တောက်ပသွားသည်။ အားကစားသမားများ၊ ကွင်းထဲရှိ ပြည့်ကြပ်နေသည့်ပရိသတ်များ၊ ထောင်ချီသော ရုပ်မြင်သံကြားမှ ကြည့်ရှုအားပေးနေသူများက ထိုသို့ မေတ္တာပြခြင်းကို ကြည့်ရသည်မှာ အားရနှစ်သက်ဖွယ်ဖြစ်သည်။

ကျွန်ုပ်တို့၌ အားအစွမ်း တစ်ခုမဟုတ် တစ်ခုတော့ ရှိကြပြီး အားရှိသူ၊…

ဆုတောင်းခြင်းနှင့် ပြောင်းလဲခြင်း

၁၉၈၂ ခုနှစ်တွင် သင်းအုပ်ဆရာ Christian Führer (ခရစ်ရှန်ဖူဟာ)သည် Leipzig's St. Nicholas (လိုက်ပ်စစ် စိန်နီကိုးလပ်စ်) ဘုရားကျောင်း၌ တနင်္လာနေ့ ဆုတောင်းအစည်းအဝေးကို အစပြုခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုများနှင့် အရှေ့ဂျာမနီအစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြားတွင် လူလက်တစ်ဆုပ်စာမျှသာ ဘုရားသခင်ထံ တိုးဝင်လျက် ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်းများစွာ ဆုတောင်းခဲ့ကြသည်။ အသင်းတော်များကို ကွန်မြူနစ်အာဏာပိုင်များက အနီးကပ်စောင့်ကြည့်ခဲ့ပြီး သူတို့သတိမမူခဲ့ပေ။ ထို့နောက် ဆုတောင်းပွဲသို့ တက်ရောက်သူများ တိုးပွားများပြားလာကာ ဘုရားကျောင်းဝင်းတံခါး အပြင်ဘက်ထိ လူများပြည့်လျှံသွားသည်။ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဆန္ဒပြသူပေါင်း ၇၀,၀၀၀ ခန့်တွေ့ဆုံပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ အရှေ့ဂျာမနီရဲဝန်ထမ်း ၆၀၀၀ သည် ရန်စမှုမှန်သမျှကို တုံ့ပြန်ရန် အသင့်ရှိနေသည်။ သို့သော် လူစုလူဝေးကြီးသည် ငြိမ်သက်နေခဲ့ပြီး သမိုင်းပညာရှင်များက ထိုနေ့ကို ‌ပြောင်းလဲမှုကြီးတစ်ခုအတွက် သမိုင်းတွင်မည့်အချိန်ဟု မှတ်ယူခဲ့ကြသည်။…

မပျောက်ပျက်နိုင်သော ဘုရားသခင်၏မှတ်ဉာဏ်

ဘစ်ကွိုင် (bitcoin - ဒစ်ဂျစ်တယ်ငွေကြေး) ဒေါ်လာသန်း ၄၀၀ ကျော် ပိုင်ဆိုင်သူတစ်ဦးသည် ထိုငွေတစ်ပြားတစ်ချပ်ကိုမျှ သုံးစွဲခွင့်မရ၍ အကြီးအကျယ်အကြပ်ရိုက်နေခဲ့သည်။ ထိုငွေများကို သိမ်းဆည်းထားသည့်စက်၏ လျှို့ဝှက်နံပါတ်ကို သူမေ့သွားသောကြောင့်ဖြစ်သည်။ လျှို့ဝှက်နံပါတ်ကို (၁၀) ကြိမ် ရိုက်ထည့်ပြီးနောက် မမှန်ပါက စက်မှအလိုအလျောက် ဖျက်ဆီးလိုက်မည်ဖြစ်၍၊ ထာဝရဆုံးရှုံးသွားမည့် စည်းစိမ်ဖြစ်သည်။ သူ့ဘဝကို ပြောင်းလဲစေမည့် ရင်းနှီးမြှုပ်နှံမှုအတွက် လျှို့ဝှက်နံပါတ်ကို မှတ်မိအောင် အားထုတ်စဉ်းစားရင်း အချိန် (၁၀) နှစ်တာမျှ စိတ်ပူပန်ခဲ့ရသည်။ လျှို့ဝှက်နံပါတ်ကို (၈) ကြိမ်တိုင် သူကြိုးစားဖွင့်ကြည့်ခဲ့ပြီး၊ (၈) ကြိမ်စလုံး မှားယွင်းခဲ့သည်။ သူ့ပိုင်ဆိုင်မှုများ အငွေ့ပျံပျောက်ပျက်မသွားမီ နောက်ထပ်ကြိုးစားရန် အခွင့် (၂) ကြိမ်သာကျန်တော့ကြောင်း ၂၀၂၁ ခုနှစ်က သူညည်းတွားခဲ့သည်။

ကျွန်ုပ်တို့သည် မေ့လျော့တတ်ကြပါသည်။ တစ်ခါတစ်ရံ၌ (သော့ဘယ်မှာထားမိလဲ)ဟု အသေးအမွှားကိစ္စများကို မေ့ပြီး၊ တစ်ခါတစ်ရံ (ဒေါ်လာသန်းပေါင်းများစွာရယူနိုင်မည့် လျှို့ဝှက်နံပါတ်) ကြီးကြီးမားမား…

ဝိညာဥ်တော်သာ လုပ်ဆောင်နိုင်သည့်အရာ

အသက် (၉၄) နှစ်ရှိပြီဖြစ်သော ဂျာမန်ဓမ္မပညာရှင် Jürgen Moltmann (ယူဂန်မော့မန်း) ရေးသားသည့် သန့်ရှင်းသောဝိညာဥ်တော်နှင့်ပတ်သက်သည့် စာအုပ်အကြောင်းကို ဆွေးနွေးနေစဥ်တွင် တွေ့ဆုံမေးမြန်းသူက “သန့်ရှင်းသောဝိညာဥ်တော်ကို ဘယ်နည်းနဲ့ သက်ဝင်အောင်လုပ်တာလဲ”၊ “ဆေးသောက်ရတာလား”၊ “ဆေးထုတ်လုပ်ရေးကုမ္ပဏီတွေက ဝိညာဥ်တော်ကို ပို့ပေးနိုင်တာလား”ဟူ၍ သူ့အား မေးခဲ့သည်။ မော့မန်း၏ မျက်ခုံးထူထူမြင့်တက်သွားသည်။ သူခေါင်းခါပြီး ပြုံးကာ အင်္ဂလိပ်သံဝဲဝဲဖြင့် “ကျွန်တော်ဘာလုပ်နိုင်မှာလဲ။ ဘာမှမလုပ်ပါနဲ့။ ဝိညာဥ်တော်ကို စောင့်ဆိုင်းပါ။ ဝိညာဥ်တော်ကြွလာလိမ့်မယ်” ဟု ပြန်ဖြေခဲ့သည်။

မိမိ၏စွမ်းအားများနှင့် အသိပညာကျွမ်းကျင်မှုများကြောင့် အရာရာဖြစ်တည်လာသည် ဟူသော ကျွန်ုပ်တို့၏မှားယွင်းသည့် ယုံကြည်ချက်ကို မော့မန်းက မီးမောင်းထိုးဖော်ပြသည်။ တမန်တော်ဝတ္ထုတွင် ဘုရားသခင်သည် အရာရာကိုဖြစ်တည်စေသည်ဟု ဖော်ပြထားသည်။ အသင်းတော်အစပြုချိန်က လူတို့၏နည်းဗျူဟာ၊ အထင်ကြီးလောက်သော ခေါင်းဆောင်မှုများ ဘာမှမပါခဲ့ပါ။ ကြောက်ရွံ့ပြီး အကူအညီမဲ့ကာ စိတ်ရှုပ်ထွေးနေသော တမန်တော်များရှိရာ အခန်းထဲသို့ ဝိညာဥ်တော်သည် “လေပြင်းမုန်တိုင်းကဲ့သို့သောအသံ”ဖြင့် ရောက်လာသည် (၂:၂)။ ထို့နောက်…

ကျွန်ုပ်ဘယ်သူလဲ

၁၈၅၉ ခုနှစ်တွင် Joshua Abraham Norton (ဂျော့ရှုးဝါးအေဗရာဟမ်နော်တန်)သည် အမေရိကန်၏ဧကရာဇ်ဘုရင်အဖြစ် သူ့ကိုယ်သူကြေညာခဲ့သည်။ နော်တန် သည် ဆန်ဖရန်စစ္စကိုသင်္ဘောလိုင်း၌ ကြီးပွားချမ်းသာခဲ့သလို စီးပွားလည်းပျက်ခဲ့ရသည်။ သို့သော် အမေရိကန်၏ ပထမဆုံးသောဧကရာဇ်ဘုရင်အဖြစ် သူ့ဖြစ်တည်မှုအသစ်ကို လိုချင်ခဲ့သည်။ ‘San Francisco Evening Bulletin’ သတင်းစာမှ “ဧကရာဇ်ဘုရင်” နော်တန်၏အကြောင်း ကြေညာလိုက်သောအခါ ဖတ်ရှုသူအများစုက ပြက်ရယ်ပြုကြသည်။ သူသည် ပျက်စီးနေသောလူမှုအသိုင်းအဝိုင်းကို ပြန်လည် တည့်မတ်ပေးရန် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး၊ သူ့ကိုယ်ပိုင်ငွေကြေးကို ရိုက်နှိပ်ခဲ့သည်။ ဗစ်တိုးရီးယားဘုရင်မကြီးထံသို့ သူ့အား လက်ထပ်ပြီး နှစ်နိုင်ငံပေါင်းစည်းရန်အတွက် စာရေးတောင်းဆိုခဲ့သေးသည်။ ပြည်တွင်းအပ်ချုပ်သမားများ ချုပ်ပေးသော တော်ဝင်စစ်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ လေ့လာစောင့်ကြည့်သူတစ်ဦးက “နော်တန် ကိုကြည့်ရင်တော့ ဘုရင်နဲ့တော်တော်တူတယ်” ဟုပြောသည်။ သို့သော် သူသည် ဘုရင်တစ်ပါး မဟုတ်ခဲ့ပါ။ မိမိမည်သူမည်ဝါ ဖြစ်သည်ကို တမင်လုပ်ယူ၍ မရပေ။

ကျွန်ုပ်တို့အများစုသည် မိမိမည်သူမည်ဝါဖြစ်ကြောင်း၊…

သခင်ယေရှုရှိသောအိမ်၌ တည်နေပါ

လွန်ခဲ့သောနှစ်များက ဂျူနိုအမည်ရှိ အရွယ်ရောက် ကြောင်နက်တစ်ကောင်ကို တိရစ္တာန်စောင့်ရှောက်ရေးစခန်းတစ်ခုမှ ကျွန်တော်တို့ အိမ်သို့ယူဆောင်မွေးမြူခဲ့သည်။ အမှန်ဆိုရလျှင် ကျွန်တော်က အိမ်တွင်သောင်းကျန်းနေသော ကြွက်အကောင်ရေ လျော့နည်းသွားရေးသာ ဆန္ဒရှိသော်လည်း ကျန်မိသားစုဝင်များက အိမ်မွေးတိရစ္ဆာန် တစ်ကောင် လိုချင်နေကြသည်။ တိရစ္ဆာန်စောင့်ရှောက်ရေးအသင်းမှ ပထမအပတ်တွင် အစာကျွေးမွေးရေးအစီအစဉ်ကို ချမှတ်လုပ်ဆောင်ရန် တိတိကျကျ မှာကြားခဲ့သည်။ သို့မှသာ ကျွန်တော်တို့အိမ်သည် သူ့အိမ်၊ သူနှင့်သက်ဆိုင်သောနေရာ၊ အစာနှင့်လုံခြုံမှုရှိသည့်နေရာမှန်း ဂျူနိုသိသွားရန်ဖြစ်ပြီး သူအပြင်သို့‌လျှောက်သွားသော်လည်း ဤအိမ်သို့ပင် ပြန်လာမည်ဖြစ်သည်။

မိမိနေမည့်အိမ်အစစ်အမှန်ကို မသိပါက ကျွန်တော်တို့သည် ခြေဦးတည့်ရာ လှည့်လည်သွားကာ၊ ကောင်းမြတ်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ဘဝအဓိပ္ပာယ်များကို ရှာဖွေရန် အစဥ်သွေးဆောင်ခြင်း ခံရမည်ဖြစ်သည်။ သို့သော် မိမိ၏စစ်မှန်သောအသက်တာကို သိလိုပါက သူ၌ “တည်နေ”ရန် (ယော ၁၅:၄) သခင်ယေရှု မြွက်ဆိုခဲ့သည်။ သမ္မာကျမ်းစာပညာရှင် Frederick Dale Bruner (ဖရက်ဒရစ် ဒေးလ် ဘရူနာ)က ‘တည်နေသည်’…

ဘုရားသခင်သည် ကျွန်ုပ်တို့ကို သိသည်

မကြာသေးမီက ကျွန်ုပ်သည် Michelangelo (မိုက်ကယ်လန်ဂျလို)၏ ‘မောရှေ’ ပန်းပုရုပ်ထုကို မြင်ခဲ့ရပြီး၊ ပုံ့ပုံ့လေးကြွနေသော မောရှေ၏ညာဘက်လက်မောင်းမှ သေးငယ်သောကြွက်သားများကို အနီးကပ်မြင်ကွင်းတွင် တွေ့ရသည်။ ဤကြွက်သားသည် ဆန့်ထုတ်နိုင်သော ကြွက်သားဖြစ်ပြီး လက်သန်းကို မြှောက်လိုက်သောအခါတွင်မှသာ ကျုံ့သွားနိုင်သည်။ အနုစိတ်၊ အသေးစိတ်ပညာရှင်အဖြစ် ကျော်ကြားသော မိုက်ကယ်လန်ဂျလိုသည် သူထုလုပ်သော လူ့ခန္ဓာကိုယ်ကို အနီးကပ်အာရုံစိုက်ကာ လူအများစုလွတ်သွားနိုင်မည့် အသေးစိတ်အသွင်အပြင်များကို ဖော်ပြခဲ့သည်။ အခြားပန်းပုဆရာ အနည်းအကျဥ်းသာသိသော လူ့ခန္ဓာသဘောကို မိုက်ကယ်လန်ဂျလို သိသော်လည်း ကျောက်၌ သူထွင်းထုသည့်အသေးစိတ်လက်ရာသည် နက်နဲသော လူသားတို့၏အတွင်းစိတ်သန္တာန်ဖြစ်သည့် စိတ်ဝိညာဉ်ကို ထုတ်ဖော်ပြသရန် ကြိုးပမ်းခြင်းဖြစ်သည်။ သို့သော်လည်း မိုက်ကယ်လန်ဂျလို အမြဲပင် အရှုံးပေးရစမြဲ ဖြစ်ပြီး ပေါ်လွင်ထင်ရှားစွာ မထုတ်ဖော်နိုင်ခဲ့ပေ။

လူ့စိတ်၏အနက်ရှိုင်းဆုံးအဖြစ်မှန်ကို ဘုရားသခင်သာလျှင် သိသည်။ မည်မျှပင် ဂရုစိုက်လည်း၊ ထိုးထွင်းသိမြင်နိုင်လည်း ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦး တွေ့မြင်သမျှသည် အမှန်တရား၏အရိပ်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် အရိပ်များထက်…