သူတို့စောင့်နေသည်
ကျောင်းသားဘဝက အားကစားသည် ကျွန်တော့်အတွက် အလွန်အရေးပါခဲ့ပြီး၊ ဘတ်စကက်ဘောကို နာရီပေါင်းများစွာ လေ့ကျင့်ခဲ့သည်။ အလယ်တန်းမှ စကစားခဲ့ပြီး အထက်တန်း နောက်ဆုံးနှစ်တွင် ကျောင်း လက်ရွေးစင်အဖြစ် အရွေးမခံရသဖြင့် ခံစား ရသည့် စိတ်ပျက်အားလျော့မှုက ဆယ်စုနှစ် ပေါင်းများစွာကြာခဲ့လည်း မလျော့သွားပါ။ စိတ်ပျက်ရသော်လည်း ဆက်ကစားရင်း လက်ရွေးစင်အသင်း၌ ကျွန်တော်သည် ဘောလုံးကောက်သူဖြစ်လာသည်။ ပြိုင်ပွဲ များတွင် သူငယ်ချင်းများကို မပြတ်အားပေး ရင်း၊ ကျွန်တော်ကတော့ ပါဝင်ကစားခွင့် မရခဲ့ပါ။ သူငယ်ချင်းများက တိုင်းအဆင့် ချန်ပီယံပွဲ ဝင်ခွင့်ပင် ရရှိခဲ့သည်။ အမှန် ဝန်ခံရလျှင် ကျွန်တော့်အပြုအမူကို သူတို့ မည်သို့ ထင်မည်နည်းဟု တစ်ခါမျှပင် မတွေးမိခဲ့ပါ။ ကျွန်တော်ကစိတ်ပျက်ပျက်နှင့် လုပ်ချင်ရာလုပ်ခဲ့ခြင်းပါ။ သို့သော် ကျွန်တော့်အတန်းဖော်အများစုက ကျွန်တော်၏ တုံ့ပြန်မှုမှာ ခရစ်တော်၏ပုံရိပ် ဖြစ်ကြောင်း၊ ခရစ်ယာန်တရားကို သွန်သင်နေကြောင်း ကျွန်တော့်ညီကို ပြောပြသည်။ ၄င်းကို မကြာမီကမှ…
အကျိုးရှိသည့် တဲ့တိုးစကား
အမေကို ချစ်ရသည့် အကြောင်းရင်း များစွာအနက် ပွင့်ပွင့်လင်းလင်းနှင့် မှန်ရာ ကိုသာ ပြောတတ်သည့် အမေ့အကျင့်ကို အကြိုက်ဆုံးပါ။ ကိစ္စတစ်ခုခုနှင့် စပ်လျဉ်း၍ သူ့သဘောထားကိုမေးတိုင်း သူက “အမေ့ သဘောကို တကယ်မကြားချင်ဘဲနဲ့ မမေးနဲ့။ မင်းကြားချင်တာကို မှန်းပြီး အမေ မပြောဘူး။ အမေ့အတွေးမှာ တကယ်ရှိတာကိုပဲ ပြောမှာ” ဟု တသမတ်တည်း တုံ့ပြန်သည်။
စကားလုံးများကို အသေအချာ ရွေးပြီးပြောသည့် လောကကြီးတွင် တဲ့တိုး မှန်သောအမေ့စကားများက အကျိုးရှိသည်။ ၄င်းသည် မိတ်ဆွေစစ်၏လက္ခဏာလည်း ဖြစ်သည်။ မိမိမကြားလိုသည့်စကား ဖြစ်သည့် တိုင် မိတ်ဆွေစစ်သည် အမှန်ကိုသာ ဆိုသည်။ “အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏” (သု ၂၇း ၆)။
ဤသို့ အမှန်ကိုသာဆိုတတ်ခြင်းက သခင်ယေရှုကို အကောင်းဆုံး အမြတ်ဆုံး မိတ်ဆွေဖြစ်စေသည့် အကြောင်းရင်းဖြစ်သည်။ သခင်သည် ရေတွင်း၌…
လူကောင်း
ဂျဲရီစတီဗင်၏အောက်မေ့ဖွယ်ဝတ်တွင် သင်းအုပ်ဆရာက “ဂျဲရီဟာ လူကောင်းပါ။ မိသားစုကို ချစ်တယ်၊ ဇနီးကို သစ္စာရှိတယ်၊ နိုင်ငံတော်အတွက် အမှုထမ်းခဲ့တယ်၊ ဖခင် ကောင်း ၊ မိတ်ဆွေကောင်း၊ ကောင်းတဲ့အဖိုး လည်းဖြစ်တယ်”ဟု ပြောကြားခဲ့သည်။
ဆရာက ဆက်ပြီး ဂျဲရီ၏ကောင်းသော အသက်တာနှင့် ပြုသောကောင်းမှုများသည် ကောင်းကင်နိုင်ငံ၌ နေရာရမည်ဟု စိတ်ချမှု မပေးကြောင်း၊ ဂျဲနီ၏မိသားစုနှင့်မိတ်ဆွေများကို ထပ်ပြောလိုက်သည်။ ဤအကြောင်းကို ဂျဲရီကိုယ်တိုင်က သူတို့ကို ဦးဆုံးပြောပြသူ ဖြစ်သင့်လှပေသည်။
“လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရော၃း၂၃)၊ “အပြစ်တရား၏အခကား သေခြင်းပေတည်း” (ရော ၆း၂၃) ဆိုသော ကျမ်းချက်ကို ဂျဲရီ ယုံကြည်သည်။ ဂျဲရီဘဝလမ်းခရီး၏နောက်ဆုံးနှင့် ထာဝရပန်းတိုင် နေရပ်မှာ သူမည်မျှကောင်းကောင်း နေထိုင်အသက်ရှင်ခဲ့ခြင်းနှင့် မသက်ဆိုင်၊ အပြစ်၏ အဖိုးအခကို ပေးဆပ်ရန် သူ့ကိုယ်စား အသေခံပေးသော ယေရှုနှင့်သာ လုံးဝသက်ဆိုင်သည်။ “သခင်ယေရှုအားဖြင့်…
ကြီးသောအမှုကို မျှော်မှန်းပါ။
ဝီလျံကယ်ရီသည် ထူးခြားသော ယုံကြည်ခြင်းရှိသည့် သာမန်လူတစ်ဦးပါ။ ၁၈ ရာစုက အလုပ်သမားလူတန်းစားမိသားစုမှ မွေးဖွားလာပြီး ဖိနပ်ချုပ်သမားအဖြစ် အသက် မွေးခဲ့သည်။ ဖိနပ်ချုပ်ရင်း ဂျာနယ်များမှ ခရစ်ယာန်ဓမ္မရေးရာနှင့် နယ်မြေသစ်ရှာဖွေသူ များအကြောင်း သူဖတ်ရှုခဲ့ရသည်။ ထိုသို့ အသစ်ရှာတွေ့သော နယ်မြေနှင့် လူမျိုးစုများ အကြောင်းဖတ်ရင်း ကျမ်းစာ၏လှုံ့ဆော်မှု အားဖြင့် တစ်ကမ္ဘာလုံးသို့ ဧ၀ံဂေလိပျံ့နှံ့ရေး အတွက် (ဘုရားသခင်က) ကယ်ရီ၌ ဝန်တာ ဖြစ်စေခဲ့သည်။ ကယ်ရီသည် ခရစ်ယာန် သာသနာပြုအဖြစ် အိန္ဒိယသို့သွားခဲ့ပြီး ဧဝံဂေလိလုပ်ငန်းသာမက ဘုရားသခင်၏ နှုတ်ထွက်ကျမ်းစာကို ဘာသာပြန်ရန် အိန္ဒိယတိုင်းရင်းသား ဘာသာစကားများ ကို သင်ယူခဲ့သည်။ သာသနာပြုလိုစိတ်ထက်သန်ကြောင်း သူ့စကားများက ဖော်ကျုးနေသည်။ “ဘုရားသခင်ထံမှ ကြီးမြတ်သောအမှုကို မျှော်မှန်းပါ။ ဘုရား အတွက် ကြီးသောအမှုကို ပြုပါ။” သူ့စကားအတိုင်း ကယ်ရီ လက်တွေ့အသက်ရှင်ပြီး သူ့စံနမူနာက လူထောင်ပေါင်းများစွာကို သာသနာပြုရန် အားပေးလှုံ့ဆော်ခဲ့သည်။…
ဝမ်းနည်းခြင်းများ ထုပ်ပိုးလိုက်
အပြောင်းအလဲများနှင့် ရှုပ်ထွေးနေသည့် (၁၉၆၀) ခုနှစ်များအတွင်းက အမေရိကန်နိုင်ငံ၏ ပေါ့ဂီတ နယ်ပယ်တွင် ဆန္ဒပြဆန့်ကျင်မှုသဘောနှင့်မျိုးချစ် ၀ါဒသဘောတရားများ ရောထွေးနေခဲ့သည်။ အချို့သီချင်းများက စစ်၊ လောဘ၊ မတရားမှုများ ကို ဆန့်ကျင်ကန့်ကွက်သည်။ တေးအချို့က နိုင်ငံတော်၏တာဝန်၊ စောင့်ထိန်းအပ်သည့် ရိုးရာ ဓလေ့များ၏ တန်ဖိုးစသည်တို့ကို အခိုင်အမာ ဖော်ကျူးသည်။ သို့သော် Richard Farina နှင့် Pauline Baez Marden တို့ရေးသားသည့် ‘Pack Up Your Sorrows’ ‘၀မ်းနည်းခြင်းများ ထုပ်ပိုးလိုက်’ ဆိုသည့် သီချင်းက ငြိမ်သက်ခြင်းကို ရှာဖွေခြင်းအကြောင်း အသားပေးစပ်ဆိုထားသဖြင့်၊ အခြေအနေအရပ်ရပ်အတွက် ကိုက်ညီ ဆီလျော်သည့်ပုံပေါ်နေသည်။ ထပ်ဆိုရန်အပိုဒ်တွင် “သင့်ဝမ်းနည်းခြင်းများကို ထုပ်ပိုးပြီး၊ ကျွန်ုပ်ထံ အားလုံးပေးလိုက်ပါ။ သင့်ဝန်များ ပျောက်လွင့်သွားမည်။ ကျွန်ုပ်က ၎င်းကို မည်သို့ အသုံးချရမည်ကို သိသည်။ ကျွန်ုပ်ထံ အားလုံးပေးလိုက်ပါ”…
အလစ်မှာ ထွက်သွားသူ
ကျွန်မ၏တစ်ဝမ်းကွဲအစ်ကို ‘ကဲန်’ သည် ဇွဲသတ္တိရှိရှိ ကင်ဆာရောဂါနှင့် (၄) နှစ်တိုင် တိုက်ပွဲဝင်ခဲ့သည်။ သူ၏နောက်ဆုံးရက်များတွင် ဇနီး၊ သားသမီး သုံး ယောက်နှင့် မြေးများက သူ့အခန်းထဲ ၀င်လိုက် ထွက်လိုက်ဖြင့် သူနှင့်အချိန်ယူရင်း ခွဲခွာရမည့်အချိန် အတွက် အထူးအချိန်ပေးကြသည်။ လူအားလုံး အခန်းအပြင်သို့ ရောက်နေသည့် တစ်ခဏအချိန် လေး၌ သူဘုန်းတော်ဝင်စားသွားသည်။ အဖိုး ကွယ်လွန်ပြီဟု မိသားစုများသိချိန်တွင် မြေးမလေး တစ်ဦးက “အဖိုးက အလစ်မှာ ထွက်သွားတာပဲ” ဟု ချစ်စဖွယ်ဆိုရှာသည်။ တစ်ချိန်က ထာဝရဘုရား သည် `ကဲန်´ နှင့်အတူ လောက၌ရှိနေပြီး၊ ယခုတွင်မူ `ကဲန်´၏ ၀ိညာဉ်က ကောင်းကင်ဘုံ၌ ကိုယ်တော်နှင့်အတူ ရှိနေလေပြီ။
(ဆာလံ ၁၆) က`ကဲန်´အကြိုက်ကျမ်းပိုဒ်ဖြစ်ပြီး၊ ၎င်းကို သူ၏အောက်မေ့ဖွယ်ဝတ်၌ ဖတ်ရွတ်ရန်မှာခဲ့သည်။ ဘုရားသခင်နှင့်ကိုယ်တိုင် မိတ်သဟာယဖွဲ့ရခြင်းထက်သာ၍ ကောင်းသောအရာမရှိဟူသည့် (း၂၊ ၅)…
ကျေးဇူးတော်ချီးမွမ်းခြင်း
ဝမ်းနည်းကြေကွဲစရာ အဖြစ်များသည် မိသားစု၌ ဘယ်အရာနှင့်မှ အစားထိုးမရသည့်ဟာကွက်ကြီးကို ဖြစ်စေပါသည်။ လေးဘက်တွားသွားစ ကလေး တစ်ဦးမှာ ကြောင်နောက်လိုက်ရင်း လမ်းပေါ်ရောက် သွားပြီး ကားတိုက်သေဆုံးသွားသည်။ အသက်မဲ့ နေသည့်ကလေးကို မိဘများက ပုခက်၌ သိပ်နေ သည်ကို လေးနှစ်အရွယ်သမီးကြီးက ထိတ်လန့် ဆွံ့အလျက် မြင်ခဲ့သည်။ ထိုသို့ နှလုံးသားလှစ်ဟာ ခဲ့သည့် အချိန်ကာလများက မိသားစုဝင်များကို ၀မ်းနည်းခြင်းထဲ၌ နှစ်ပေါင်းများစွာ လှောင်ပိတ်ခဲ့ သည်။ ခံစားချက်များ အေးစက်လျက် နှစ်သိမ့်ရာကို မသိ၊ သက်သာရာကို ရှာမတွေ့နိုင်ပြီ။
စာရေးဆရာမ`အန်း ဗော့စ်ကဲမ်´သည် အထက်ဖော်ပြပါ လေးနှစ်အရွယ်ကလေး ဖြစ်သည်။ သူ့ညီမလေးသေဆုံးခြင်းကြောင့် သူ့ကိုလွှမ်းမိုးသည့် ကြေကွဲဝမ်းနည်းမှုများက အသက်တာနှင့်ဘုရားသခင်အပေါ် သူ့အမြင်ကိုပုံသွင်းခဲ့သည်။ သူကြီးပြင်းလာသည့်ကမ္ဘာ၌ ကျေးဇူးတော်ဟူသည့်သဘောကို မကြားမသိဖူး၊ ၀မ်းမြောက်ခြင်းဆိုသည်က တကယ်မရှိ။
ထို့ကြောင့် ငယ်ရွယ်သောမိခင်တစ်ဦးအနေဖြင့် ကျမ်းစာ၌ ဖော်ပြပါရှိသည့်ရှာဖွေ တွေ့ရှိရန်ခက်ခဲလှသည့် ၀မ်းမြောက်ခြင်းဆိုသည့်အရာကို စတင်ရှာဖွေခဲ့သည်။`(Joy…
အမြဲတမ်း လက်ခံနေသည်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်သော ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူ `Warrer Buffet´ သည် အသက်(၁၉)နှစ် အရွယ်က `ဟားဗတ်စီးပွားရေးကျောင်း´ ၌ ၀င်ခွင့် မရခဲ့ပါ။ ကျောင်းဝင်ခွင့် အင်တာဗျူးကျသဖြင့် သူ့ဖခင် မည်သို့ တုံ့ပြန်မည်နည်းဟု သောကရောက်လျက် ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည်။ နောက်ကြောင်းပြန် စဉ်းစားကာ Buffet က `ကျွန်တော့်ဘ၀မှာ အရာရာတိုင်းမှာပေါ့လေ... အဲဒီအချိန်တုန်းက ဆုံးရှူံးမှုအဖြစ်လို့ ထင်ခဲ့တဲ့အရာတွေက အကောင်း ဖက်ကို ပြောင်းလဲရောက်ရှိသွားတယ်´ ဟု ပြော ခဲ့သည်။
ငြင်းပယ်ခံရခြင်းကြောင့် နာကျင်ခံစားရ သော်လည်း ၄င်းသည် ဘုရားပြုစေချင်သောအရာကို မပြီးမြောက်၊ မလုပ်နိုင်အောင် ကျွန်ုပ်တို့ကို ကိုင်ဆွဲချုပ်မထားနိုင်ပါ။ ယေရှု၏နေရပ်ဇာတိရှိ သူ့မြို့သားများကသူသည် မေရှိယဖြစ်သည်ကို လက်မခံ၊ ငြင်းပယ်ကြသည် (ယော ၁း ၁၁)။ တစ်ဖန် သူ့ နောက်လိုက်သူ အချို့ကလည်း နောက်ပိုင်းတွင် သူ့ကို ငြင်းပယ်ခဲ့ကြသည်…
ဘုရား၏ မီးပြတိုက်
မစ်ရှင်ပွိုင့် မီးပြတိုက်ကို (၁၈၇၀)တွင် မီချီဂန်မြောက်ပိုင်း ကျွန်းဆွယ်ပေါ်တွင် တည်ဆောက်ခဲ့ပြီး၊ မီချီဂန်ရေကန်တစ်လျှောက် ကျောက်ပေါများသော လမ်းများ၊ သဲသောင်တန်း များအန္တရာယ်မှ သင်္ဘောများကို သတိပေးရန်ဖြစ် သည်။ ထိုမီးပြတိုက်သည် လွန်ခဲ့သော ၃၁ နှစ် အစောပိုင်းတွင် တည်ဆောက်ခဲ့သော သာသနာပြု ဘုရားကျောင်းနှင့် ဆက်စပ်ပြီး ထိုနာမည်ရရှိခဲ့ခြင်း ဖြစ်သည်။
(၁၈၃၉) တွင် ဆရာတော်`ပီတာ ဒေါဂတီ´ သည် ထိုကျွန်းဆွယ်၏ တောင်ဘက်ခြမ်းတွင် နေထိုင်ခဲ့သော အမေရိကန် တိုင်းရင်းသားအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် ရှေးဟောင်းမစ်ရှင်ဘုရားကျောင်းတွင် သင်းအုပ်အဖြစ် ထမ်းဆောင်ရန် ခေါ်တော်မူသံကို လက်ခံခဲ့သည်။ ဆရာ၏ ဦးဆောင်မှုအောက်တွင် လယ်သမားများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် လက်မှုပညာသည်များက ထိုဒေသ စည်ပင်တိုးတက်ထွန်းကားရေးအတွက် ပိုမိုကောင်းမွန်သော ဘ၀ကို တည်ဆောက် ပေးရန် အတူတကွဒွန်တွဲ လုပ်ဆောင်ခဲ့ကြသည်။
ခရစ်တော်ကို ယုံကြည်သူများ အတူတကွ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြ…
ရိုးရှင်းသောလုပ်ထုံးလုပ်နည်းမရှိ
ကျွန်တော်တို့၏မြေး မွေးနေ့အတွက် ကျွန်တော့်ဇနီးက မွေးနေ့ပါတီ၌ ဧည့်ခံရန် ချော့ကလက် ကွတ်ကီးမုန့် ဖုတ်ပေးသည်။ သူမ၏ မုန့်လုပ်နည်း စာအုပ်ကိုထုတ်၊ အမယ်များစုပြီး ကွတ်ကီးလုပ်နည်း အဆင့်ဆင့်အတိုင်း ရိုးရိုး ရှင်းရှင်း ပြုလုပ်ခဲ့သည်။ ရိုးရှင်းသော နည်းအတိုင်း လိုက်နာလုပ်ဆောင်ပြီးနောက် အားလုံးအဆင်ပြေ စွာဖြင့် ပြီးဆုံးခဲ့သည်။
လူ့ဘ၀သည် ဤကဲ့သို့ ရိုးလျှင် မကောင်း ပေဘူးလား။ လွယ်ကူသောခြေလှမ်းလေး အနည်းငယ်လှမ်းရုံဖြင့်ပျော်ရွှင်သောဘ၀ကိုရနိုင်လိမ့်မည်။
သို့သော်လည်း ဘ၀သည် ထိုသို့ မရိုးရှင်း ပါ။ ကျွန်ုပ်တို့သည် အပြစ်နှင့်ပျက်စီးနေသော ကမ္ဘာ ထဲတွင် နေထိုင်ပြီး နာကျင်ခံစားရမှု၊ ဆုံးရှူံးမှု (သို့) မတရားမှုနှင့် ကင်းလွတ်သော ဘ၀ကို အာမခံသည့် လွယ်ကူသော နည်းလမ်းမရှိပါ။
ဘ၀၏နာကျင်မှုအလယ်တွင် ကျွန်ုပ်တို့ ရင်ဆိုင်နေရသော ရုန်းကန်မှုများကို ကြုံတွေ့ခံစားဖူးသူ၊ ဤကမ္ဘာပေါ်တွင် အသက်ရှင် နေထိုင်ခဲ့ဖူးသူ၊ ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဂရုစိုက်မည့်သူ ကယ်တင်ရှင်ကို…