အမျိုးအစား  |  Uncategorized

ဘုန်းအသရေဖြင့် လွှမ်းခြုံခြင်း

၁၉၇၇ တွင် လွှတ်တင်ခဲ့သော Voyager -1 အာကာသယာဉ်သည် မိုင်ပေါင်း ၁၀ ကုဋေ ကွာဝေး သော နေအဖွဲ့အစည်း၏ အပြင်ဘက်စွန်းတွင် ရောက်ရှိခဲ့သည်။ ၁၉၉၀ ဖေဖေါ်ဝါရီလက ထိုယာဉ် သည် ကမ္ဘာဂြိုဟ်နှင့် မိုင် ၄ ကုဋေ အကွာတွင် ရှိနေ စဉ် သိပ္ပံပညာရှင်များက ကင်မရာကို ကမ္ဘာဆီသို့ လှည့်ပြီး ဓာတ်ပုံရိုက်ရာ၊ ကျွန်ုပ်တို့၏ကမ္ဘာမြေမှာ ကြီးမားကျယ်ပြန့်သော အာကာသမျက်နှာပြင်ပေါ် တွင် အလွန်သေးငယ်သော အပြာစက်ကလေး တစ်စက်အဖြစ် ရှိနေသည်ကို တွေ့ခဲ့ရသည်။
စကြ၀ဠာ၏ အတိုင်းမသိ အကွာအဝေး တွင် ကမ္ဘာကြီးသည် အလွန်သေးငယ်သော အစက် အပြောက်သာဖြစ်သည်။ နဂါးငွေ့တန်းအတွင်း၌ ဘာမှ မထူးခြား၊ အရေးမပါသော ဤ အစက်ပေါ်၌ လူဦးရေ (၇)ကုဋေထက်များသော လူများနေထိုင်ကြသည်။
ထို့ကြောင့် သိမ်ငယ်လှ၏ဟု သင်ခံစားနေရလျှင် ဘုရားသခင်၏…

မြေအိုး

ကျောက်မျက်ရတနာပစ္စည်းများဝယ်လျှင် ကတ္တီပါ အမဲရောင်(သို့) အရောင်ရင့်ရင့်ဖြင့် ပြုလုပ် ထားသည့်ဘူးဖြင့် ထည့်ပေးလေ့ရှိသည်။ ထိုသို့ ပြု လုပ်ခြင်းဖြင့် ရတနာပစ္စည်း၏ ဆွဲဆောင်သောအလှ အပကို ချက်ချင်းအာရုံစိုက်မိရန် ရည်ရွယ်ပုံရသည်။ ထုပ်ပိုးမှုက အလွန်အဆင့်မြင့် လှပကောင်းမွန်နေ လျှင် ၄င်းသည် ရတနာ၏အလှနှင့် အပြိုင်ပင်ဖြစ် နေသည်။
ကျွနုပ်တို့မှတစ်ဆင့် လုပ်ဆောင်သည့် ခရစ်တော်၏အမှုတော်နှင့် ပတ်သက်၍ ရှင်ပေါလု က`ထိုမြေအိုး၌ ထည့်ထားသောဘဏ္ဍာသည် ငါတို့ ၌ရှိ၏´(၂ ကော ၄း ၇) ဟုဆိုခဲ့သည်။ ကျွန်ုပ်တို့သည် ဘဏ္ဍာထုပ်ပိုးထည့်ထားသည့် အိုး/အခွံ ဖြစ်ပြီး၊ ဘုရားသခင်၏အမှုတော်က ရတနာဘဏ္ဍာ ဖြစ် ကြောင်း မေ့ရန်လွယ်လှသည်။ ထိုအခါ မိမိ၏ မြေအိုး ကိုသာ တန်ဆာဆင်မွမ်းမံသည်။ ခရစ်တော်ကို အစေခံလျက် လုပ်ဆောင်သော အမှုများအတွက် ကျွန်ုပ်တို့ဂုဏ်ယူသည်။ တစ်စုံတစ်ယောက် ကို ခွင့်လွှတ်ခဲ့လျှင်၊ ကရုဏာပြခဲ့လျှင်၊…

လမ်းပြန်ရှာပါ

“မစိုးရိမ်ပါနဲ့။ ဘယ်နေရာသွားနေတယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်။” ဟု ခရီးသည်များကို ကျွန်တော်ပြောလိုက်သည်။ မကြာမီမှာပင် “လမ်းပြန်ရှာပါ..လမ်းပြန်ရှာပါ” ဟူ သည့်အသံ ထွက်ပေါ်လာသည်။ ယခု ကျွန်တော် လမ်းပျောက်နေကြောင်း အားလုံးသိသွားပါပြီ။
ယနေ့တွင် သန်းပေါင်းများစွာသော ယာဉ်မောင်းများက ထိုအသံကို လမ်းကြောင်းမှန်မှ သွေဖည်ခြင်း (သို့) အချိုးအကွေ့ မှားယွင်းခြင်းကို ပြသော သင်္ကေတအဖြစ်သိရှိကြသည်။ ဂျီပီအက်စ် ကိရိယာက ယာဉ်မောင်းတစ်ဦးလမ်းမှားသွားပါကအသိပေးရုံမက လမ်းကြောင်းမှန်သို့ ပြန်ရောက် ရှိရန် လမ်းကြောင်းသစ်ကို ချက်ချင်းရှာဖွေပေးသည်။
တစ်ခါတစ်ရံတွင် သခင်ယေရှု၏ နောက်လိုက်များသည်လည်း ၀ိညာဉ်ရေး လမ်းကြောင်းမှန်ပေါ်တွင် ရှိနေအောင် အကူအညီလိုအပ်သည်။ မိမိသာလျှင်အသိဆုံးဟု တွေးထင်တတ်သောကြောင့် လမ်းကြောင်းမှန်မှ ကျွန်ုပ်တို့ တမင်သိသိကြီးနှင့် သွေဖည်သွား နိုင်သည်။ ဘုရားသခင် လျှောက်စေချင်သောလမ်းမှ ကျွန်ုပ်တို့ တဖြည်းဖြည်း ဝေးသွား သည်ကို သတိမထားမိဘဲ လမ်းကြောင်းမှန်မှ တဖြည်းဖြည်း…

စောင့်ပါ

ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဖရန်စစ္စကို မြို့မှ လူတစ်ဦးသည် ယာဉ်ကြောပိတ်ဆို့မှုကို သည်းမခံနိုင်ဘဲ ကားများမ၀င်သည့် လမ်းတစ်ခုထဲ သို့ ရုတ်တရက် ကွေ့ဝင်လိုက်သည်။ သို့သော် သူဝင်လိုက်သည့်လမ်းမှာ ကွန်ကရစ် မခြောက်သေး သဖြင့် သူ၏ ကားမှာ ကွန်ကရစ်ထဲ နစ်ဝင်သွားတော့ သည်။ စိတ်မရှည်မှုအတွက် ကားမောင်းသူမှာ ကြီးမားသော အဖိုးအခပေးလိုက်ရသည်။
သမ္မာကျမ်းစာကလည်း စိတ်မရှည်သဖြင့် ကြီးမားသော အဖိုးအခပေးခဲ့ရသည့် ရှင်ဘုရင် တစ်ယောက်အကြောင်း ပြောထားသည်။ ဖိလိတ္တိ လူတို့နှင့် ဖြစ်ပွားခဲ့သောစစ်ပွဲတွင် ဣသရေလ လူတို့အား ကောင်းချီးပေးရန် ဘုရားသခင်အား တောင်းလျှောက်ရန် စိတ်လောနေသဖြင့် ရှောလု စိတ်မရှည်စွာပြုမူခဲ့သည်။ ဘုရားသခင်၏ မစမှုကို တောင်းလျှောက်ယဇ်ပူဇော်ရန် ချိန်းချက်ထားသောအချိန်၌ ရှာမွေလ ရောက်မလာသောအခါ ရှောလု စိတ်မရှည်ဘဲ ထာဝရဘုရား၏ပညတ်ကို ချိုးဖောက်ခဲ့သည်။ (၁ရာ ၁၃း ၈ - ၉၊ ၁၃)။…

လက်တွေ့ပြသမှု၏ထိရောက်မှု

လွန်ခဲ့သော ဆယ်စုနှစ်(၂)ခု၊ အနှစ်(၂၀) ခန့်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် `မိုက် ဟန်းစ်’ သည် အမေရိက အလယ်ပိုင်းရှိ လယ်သမား များ သူတို့၏စိုက်ပျိုးသီးနှံများကို ပိုမိုထိရောက်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်မည့်နည်းများကို သင်ယူသိရှိ နိုင်ရန်ကူညီခဲ့သည်။ ၎င်းတို့ ကြာရှည်စွာ ကျင်သုံးခဲ့ သော ဓလေ့ဖြစ်သည့် “ခုတ်ထွင်ရှင်းလင်းမီးရှို့သည့် စနစ်” မှာ မြေဆီလွှာကိုပျက်စီးစေပြီး လေထု ညစ်ညမ်းစေကြောင်း သူတို့ သိသော်လည်း စွန့်လွှတ်ရန် ခက်ခဲနေသည်။
ထို့ကြောင့် ပြောရုံပြောနေမည့်အစား ပို၍ ကောင်းသောနည်းလမ်းကို `မိုက်’ ပြသပေးခဲ့သည်။ ‘Up in Smoke’ သတင်းမှတ်တမ်းရုပ်ရှင်တွင် ‘ဒါကို လက်တွေ့ပြရမယ်။ သင်ပေးလို့မရဘူး။ ပြောပြလို့မရဘူး။ သူတို့ကိုယ်တိုင်မြင်တွေ့ရမှ ဖြစ်မယ်’ ဟု သူကပြောသည်။
ယေရှုခရစ်တော်၏ ဧ၀ံဂေလိသတင်းကောင်းကို ဝေငှရာ၌ ထိုကဲ့သို့သော နည်းကို ရှင်ပေါလု အသုံးပြုခဲ့သည်။ ကောရိန်သုမြို့တွင်ရှိသော…

အစေခံရန်ဆုကျေးဇူး

ကျွန်ုပ်၏ကားမှာ အော်တိုဂီယာကား ဖြစ် သဖြင့် ညာဖက်ခြေထောက်ကသာ အလုပ်လုပ် ရသည်။ လီဗာနှင့်ဘရိတ်ခြေနင်းသာ ပါဝင်သော ကြောင့် ဘယ်ခြေထောက်ကို အသုံးမပြုရချေ။ မျှမျှတတဖြစ်ရန် ကားမောင်းစဉ် ညာခြေ၏ အလုပ် တစ်ဝက်ကို ဘယ်ခြေအား လုပ်ဆောင်စေလျှင် မည်သို့ဖြစ်မည်နည်း။ ထိုကဲ့သို့ သင်တစ်ခါမျှ မလုပ်ဖူးပါက ကျေးဇူးပြု၍ မစမ်းကြည့်ပါနှင့်။
ကျွန်ုပ်တို့၏ ခန္ဓာအစိတ်အပိုင်းများ၌ပင် ထိုကဲ့သို့ ညီမျှမှုမလိုပါလျှင် အသင်းတော်ရှိလူများ အား အဘယ်ကြောင့် ထိုသို့ဖြစ်ရန် မျှော်လင့်ရ သနည်း။ ရောမမြို့ရှိ ပထမရာစုနှစ် အသင်းတော် ရင်ဆိုင်ခဲ့ရသည်မှာလည်း ထိုအကြောင်းအရာပင် ဖြစ်သည်။ အခြားသူများ မလုပ်နိုင်သော အရာကို သူတို့လုပ်နိုင်သဖြင့် အချို့သူများမှာ မိမိတို့ထင်သင့်သည်ထက် ပို၍ မိမိတို့ကိုယ်ကို ထင်ကြသည် (ရောမ ၁၁း ၃)။ သို့သော် ရှင်ပေါလုက “အင်္ဂါအများသည် ဆောင်ရွက် စရာအမှု တစ်ခုတည်းမရှိ”…

မင်္ဂလာရှိစေသော်

၁၉၆၂ ခုနှစ်တွင် `ဂျွန်ကလင်း’သည် ကမ္ဘာကို ပတ်ခဲ့သည့် ပထမဆုံးသော အမေရိကန် နိုင်ငံသားအဖြစ် သမိုင်းတွင်ခဲ့သည်။ ဒုံးပျံ တက်သွား သည်နှင့် မြေပြင်ထိန်းချုပ်ရေးစခန်းမှ “မင်္ဂလာပါ ဂျွန်ဂလင်း” ဟု နှုတ်ခွန်းဆက်ခဲ့သည်။ (Godspeed) ဟူသည့်စကားမှာ “သင့်ကိုဘုရားသခင် ကောင်းကြီးပေးပါစေ” (May God prosper you) ဟူသည့်အသုံးမှ ဆင်းသက်လာသည်။
ယခုခေတ်အချိန်၌ ထိုစကားကို သုံးစွဲမှု နည်းသွားပါပြီ။ သို့သော် တမန်တော်ရှင်ယောဟန် က သူ၏ဩ၀ါဒစာ ဒုတိယစောင်၌ ထိုစကားကို သုံးထားသည်။ “ထိုဒေသနာတော်မပါသော သူ သည် သင်တို့ထံသို့လာလျှင်၊ သူ့ကို သင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်”(၂ယော ၁း ၁၀)။
ရှင်ယောဟန်မှာ “မေတ္တာနှင့်ပြည့်ဝသောတမန်တော်” အဖြစ် ဖော်ပြခြင်းခံရပြီး ယုံကြည်သူများက အခြားသူများအား ကောင်းချီးပေးခြင်းကို အဘယ်ကြောင့် တားမြစ်ရ သနည်း။…

ဘုရားသခင်ထံအော်ဟစ်ခြင်း

နှစ်ပေါင်းများစွာ ကြာခဲ့လည်း ဆုတောင်း ခြင်းကို ကျွန်ုပ်အပြည့်အစုံ နားမလည်သေးပါ။ ကျွန်ုပ်အတွက် လျှို့ဝှက်ဆန်းကြယ်ဆဲပါ။ သို့သော် အလွန်အမင်း လိုအပ်နေချိန်တွင် ဆုတောင်းခြင်းက ကျွန်ုပ်တို့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ နေ၍ ကျွန်ုပ်တို့ နှုတ်ခမ်းထက်သို့ အလိုအလျောက် ထွက်ပေါ်လာကြောင်းကိုမူ ကျွန်ုပ်သိသည်။
အလွန်အမင်း ကြောက်ရွံ့သောအခါများ၊ မိမိ၏ခံနိုင်ရည်ထက် ကျော်လွန်သွားသောအခါများ၊ မိမိအဆင်ပြေသက်သာစွာ ရှိနေသည့် အနေအထား ၏ ပြင်ပသို့ ရောက်ရှိသွားသောအခါများ၊ စိန်ခေါ်မှု နှင့်ကြုံတွေ့ရပြီး အန္တရာယ်နှင့် ရင်ဆိုင်ရသော အခါများတွင် ကျွန်ုပ်တို့သည် မရည်ရွယ်ဘဲနှင့် “ဘုရားသခင် ကူတော်မူပါ” ဟု အလိုအလျောက် ကြံရာမရ ဆုတောင်းကြသည်။
စာရေးဆရာ `ယူဂျင်းပီတာဆန်’က “ဆုတောင်းခြင်း ဘာသာစကားကို ဒုက္ခ အကျပ်အတည်းထဲ၌ ထည့်သွင်းထားသည်။ မိမိဘာသာ ဘာမှမတတ်နိုင်ဘဲ အကူအညီ တောင်းရသည့်အခါများ၊ မိမိရောက်ရှိနေသောနေရာကို မနှစ်သက်ဘဲ ထိုနေရာမှ ထွက်ပြေး ချင်သော အခါများနှင့်…