အမျိုးအစား  |  Uncategorized

ဒုတိယ အကောင်းဆုံးလား

အသစ်စက်စက်ခင်ပွန်း နိုးလာမည့် အချိန် အခိုက်အတန့်ကို စဉ်းစားပြီး “လေအာ” တစ်ညလုံး အိပ်မပျော် ဖြစ်နေပေလိမ့်မည်။ သူ၏ခင်ပွန်းက သူ့မျက်နှာမဟုတ်ဘဲ “ရာခေလ”၏ မျက်နှာကိုသာ မြင်ရရန် မျှော်လင့်မည်ကို သူသိသည်။ ယာကုပ် သည် ထောင်ချောက်ဆင် လှည့်စားခံခဲ့ရသည်ကို သဘောပေါက်လျက် သူ့ကိုအရင် ကတိပေးထား သည့် ရာခေလအားရရှိရန် လာဗန်နှင့်သဘောတူညီ မှု တစ်ခုထပ်မံ ပြုလုပ်ခဲ့သည် (က ၂၉း ၂၅ - ၂၇)။
အရေးမပါသူ (သို့) ဒုတိယအကောင်းဆုံး ဟု သင်ခံစားရဖူးပါသလား။ “လေအာ” ထိုကဲ့သို့ ခံစားခဲ့ရသည်။ သူမ၏သားကြီးသုံးယောက်ကို နာမည်ပေးရာတွင် ထိုခံစားချက်ကို တွေ့မြင်နိုင်သည်။ (း၃၁-၃၅) ရုဗင်၏ အဓိပ္ပါယ်မှာ “မြင်ခြင်း”၊ ရှိမောင်၏ အဓိပ္ပါယ်မှာ “ကြားခြင်း” နှင့် လေ၀ိ၏ အဓိပ္ပါယ်မှာ “ပေါင်းဘော်ခြင်း” ဖြစ်သည်။ သူတို့၏နာမည်အားလုံးက…

မိမိအလိုငြင်းပယ်မှုလေးတစ်ခု

ရှင်ပြန်ထမြောက်ရာနေ့အတွက် ကြိုတင် ပြင်ဆင်ရင်း ဘုရားသခင်နှင့်ကျွန်မတို့ ရန်ငြိမ်း ပြီး ပြန်လည်သင့်မြတ်စေရေး သခင်ယေရှု၏ စွန့်လွှတ်ခြင်းအကြောင်းကို ကျွန်မဆင်ခြင်မိသည်။ ကျွန်မအတွက် သခင်၏ စွန့်လွှတ်ခြင်းအကြောင်း ၌သာ အာရုံပြု ဆင်ခြင်နိုင်အောင် သေးငယ်သော စွန့်လွှတ်မှုလေး တစ်ခုကို ကျွန်မပြုလုပ်ခဲ့သည်။ ပုံမှန်အားဖြင့် ကျွန်မနှစ်သက်သော အစာကို ရှောင်ကြဉ်ခဲ့ပြီး၊ ထိုသို့ အစာရှောင်ကာမှ အစာကို ပိုစားချင်ပြီး အာသီသဖြစ် တောင့်တသည်။ ကျွန်မ အတွက် သခင်ယေရှု မည်မျှစွန့်လွှတ်ခဲ့ရကြောင်း ၎င်းက သတိပေးနေတော့သည်။
ထိုသို့ မိမိအလိုကို အောင်မြင်စွာငြင်းပယ်လိုသောကြောင့် သွေးဆောင်မှုက သိပ်မကြီးမား၊ မပြင်းထန်လျှင် ကျွန်မနှစ်သက်ခုံမင်သော အရာအတွက် မိမိအလိုကို ငြင်းပယ်နိုင်မည့်သဘောရှိလည်း အဆုံးတွင်မူ ကျွန်မရှူံးနိမ့်သွားသည်သာ။ သေးငယ်သော အမှုကို မကျော်လွှားနိုင်ခြင်းက ရှင်ပြန်ထမြောက်ခြင်းသည် ဘာကြောင့် အလွန်အရေးကြီး သည်ကို သတိပေးနေသည်။ မိမိအစွမ်းဖြင့် စုံလင်နိုင်ပါက သခင်ယေရှုအသေခံရန် မလိုပြီ။…

အကောင်းဆုံးဘဝ

လွန်ခဲ့သောလ အနည်းငယ်က ဖလော်ရီဒါ သို့ခရီးသွားခဲ့ပြီးမှ လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်ခဲ့သည်။ အိမ်အပြန် လေယာဉ်ပေါ်တွင် ကျယ်ဝန်းသောခုံနေရာရသဖြင့် အံ့ဩ၀မ်းသာမိ သည်။ ခုံကျဉ်းကျဉ်း၌ ကျပ်ကျပ်တည်းတည်း မနေရသဖြင့် အလွန် အဆင်ပြေသည်။ ထို့အပြင် ကပ်ရပ်ထိုင်ခုံ၌ လူလွတ်နေသည့်အတွက် တစ်ရေး ကောင်းကောင်း အိပ်နိုင်သည်။
ထို့နောက် သက်သောင့်သက်သာမရှိသော ခုံများ၌ နေရာရသူများကိုသတိရမိပြီး၊ ကျွန်မသိ သူများအား ပို၍ကောင်းသော နေရာသို့လာရန် ခေါ်သော်လည်း အားလုံးမှာ အကြောင်းအမျိုးမျိုး ကြောင့် မိမိတို့နေရာတွင်သာထိုင်လိုကြသဖြင့် ကျွန်မ အံ့ဩမိသည်။ အချို့က အလုပ်ရှုပ်ခံပြီး နေရာမပြောင်းလို၊ အချို့က မိမိတို့နေရာ တွင် ကျေနပ်နေသောကြောင့် ဖြစ်သည်။
ခရစ်တော်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသက်တာသစ်ကို ခံစားရရှိသဖြင့် ၎င်းကို အခြားသူများအားလည်း ခံစားရရှိစေလိုခြင်းကြောင့် လူအပေါင်းတို့အား ခေါ်ဖိတ်သည်။ အချို့က ဖိတ်ကြားမှုကို…

ရေတွက်သတ်မှတ်ပြီးနေ့ရက်များ

လေဆင်နှာမောင်းကျပြီး ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လူတစ်ဦးသည် အိမ်အပြင်ဘက်တွင်ရပ်လျက် အိမ်အပျက်အစီး များကို ကြည့်နေသည်။ အုတ်အကျိုးအပဲ့များ ကြား တွင် သူ့ဇနီးသည်၏ လက်ဝတ်ရတနာများနှင့် သူ စုဆောင်းထားသော အဖိုးတန်ပစ္စည်းများမှာ ပြန့်ကျဲ လျက်ရှိသည်။ သို့သော် ယိုင်နဲ့နေသောအိမ်ထဲသို့ ၀င်၍ ထိုပစ္စည်းများကိုရှာဖွေရန် သူစိတ်ကူးမရှိပါ။ “အသက်ထက် ဘယ်အရာကမှအရေးမကြီးဘူး” ဟု သူက ဆိုသည်။
အကျပ်အတည်းနှင့် ကြုံတွေ့ရချိန်တွင်မှ ဘ၀၌ အမှန်တကယ် အရေးကြီးသည့်အရာက ပို၍ ထင်ရှားလာတတ်သည်။
(၉၀)ခု မြောက်သောဆာလံမှ “မောရှေ၏ပတ္ထနာ” ၌ ဘုရားသခင်၏လူ မောရှေ သည် အသက်တာ၏ အစနှင့်အဆုံးကို ရှုမြင်ခဲ့သည်။ အသက်တာတိုတောင်းခြင်း (း၎ - ၆)နှင့် ဘုရား၏ဖြောင့်မတ်သောအမျက်ဒေါသ (း၇- ၁၁)ကို နားလည်သဘောပေါက်သည့် အတွက် “အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက် ကာလကို…

ဂရိမီး

‘ဂရိမီး’ဆိုသည်မှာ ဓာတုဆေးရည်တစ်မျိုး ဖြစ်ပြီး၊ ရှေးခေတ်စစ်ပွဲများတွင် ဘိုင်ဇင်တိုင်း အင်ပါယာက ရန်သူများကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။ အွန်လိုင်း ဖော်ပြချက်တစ်ခုအရ ထိုအစဉ်အလာမှာ အေဒီ ၆၇၂ က ပေါ်ထွက်ခဲ့ပြီး ကြီးမားသော အဖျက်အမှောင့်များကိုဖြစ်စေသည်။ အထူးသဖြင့် ရေပေါ်တွင် လောင်ကျွမ်းနိုင်ခြင်း ကြောင့် ရေကြောင်းတိုက်ပွဲများတွင် အသုံးပြုသည်။ ‘ဂရိမီး’၏ ဓာတုဖွဲ့စည်းမှုမှာ လျှို့ဝှက်ဆန်းကြယ် နက်နဲသည်။ တန်ဖိုးရှိသော စစ်လက်နက်တစ်မျိုး ဖြစ်ခြင်းကြောင့် ဖော်မြူလာကိုလည်း လျှို့ဝှက်ထား ခဲ့ပြီး၊ ၎င်းသည် သမိုင်းတစ်လျှောက် အပျက်အစီး များနှင့်အတူ ပျောက်ဆုံးသွားသည်။ သုတေသီများ က ကြိုးစား၍ ထိုဖော်မြူလာကို ဆက်လက် ဖော်ထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ပါ။
ခရစ်တော်ကို ယုံကြည်သူများကြား ကြီးမားသော ပျက်စီးဆုံးရှူံးမှုကို ဖြစ်စေသည့် အရင်းအမြစ်တစ်ခု ကို လျှို့ဝှက်မထား၊ ဖွက်မထားပါ။ ရှင်ယာကုပ်က ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ပျက်စီးစေသည့်…

ဘုရားသခင်၏လမ်းလွှဲများ

ကျွန်တော်က စာအုပ်ကြီးအတိုင်း၊ တစ်လမ်းမောင်းသမားဖြစ်သောကြောင့် ကျွန်တော် ၏အစီအစဉ်များ လွဲချော်သွားလျှင် အလွန်စိတ် အနှောင့်အယှက် ဖြစ်ရသည်။ အခြေမကျသော နာကျင်စရာဘ၀၏ ပြောင်းလဲမှုများက ပို၍ပင် ဆိုး ပါသည်။ သို့ငြားလည်း “ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ၊ ငါ၏အကျင့်သည် လည်း သင်တို့၏အကျင့်နှင့် မတူ” (ဟေရှာ ၅၅း ၈) ဟု ကိုယ်တော်မိန့်ကြားပြီး၊ မိမိ၏အစီအစဉ်အတိုင်း၊ တစ်လမ်းမောင်း သွားနေပါက ရရှိမည့်အကျိုးထက်၊ ကျွန်ုပ်တို့၏အသက်တာအတွက် ပိုအကျိုးရှိစေရေး ကိုယ်တော်က သူလမ်းလွှဲပေးရန်လိုအပ်ကြောင်း သိသည်။
ယောသပ်အကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင်က သူ့ကို အီဂျစ်နိုင်ငံသို့ လမ်းလွှဲပို့ဆောင်ပြီး၊ ဘုရားသခင်၏လူများကို အစာငတ်မွတ်ခေါင်းပါးသည့်ဘေးမှ ကယ်တင် စေသည်။ မောရှေကိုလည်း ဖါရောဘုရင်၏အိမ်တော် စည်းစိမ်ချမ်းသာမှလွှဲဖည်ပြီး တော၌ ဘုရားသခင်နှင့်ရင်ဆိုင်တွေ့စေခဲ့သည်။ ကတိထားတော်မူရာပြည်သို့ လူမျိုးတော်ကို ပို့ဆောင်ရန် သူ့ကို ပြင်ဆင်ခဲ့သည်။ ယောသပ်နှင့်မာရိကိုလည်း အထူးခြားဆုံးလမ်းလွှဲဖြင့်…

နက်နဲသောသမ္မတရား

တစ်ခါတစ်ရံ အကန့်အသတ်မရှိသော ဘုရားသခင်က သူ၏အတွေးများကို အကန့်အသတ် ရှိသော လူသားများအား ဖွင့်ပြလိုက်သောအခါ ရလဒ်အဖြစ် နက်နဲရာများ ဖြစ်ပေါ်လာတတ်သည်။ ဥပမာအားဖြင့် ဆာလံကျမ်းတွင် အဖြေထက် မေးခွန်းကို ပိုမိုဖြစ်ပေါ်စေသည့် ကျမ်းတစ်ချက် ရှိသည်။ “ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်း သူတို့၏ သေခြင်းအရာသည် အဖိုးကြီးလှ၏ (၁၁၆း၁၅)။”
ခေါင်းခါရမ်းလျက် ထိုသို့ဖြစ်နိုင်ပါမည်လား ဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်က လောက အမြင်နှင့်ရှုမြင်သောအခါ ကျွန်တော့်သမီးငယ်မှာ အသက်(၁၇)နှစ်အရွယ်တွင် ကားတိုက်မှုဖြစ်ပြီး ခေါ်တော်မူခြင်းခံရသည်။ မည်သူမဆို မိမိချစ်ခင်ရသူများ ဆုံးပါးခဲ့ဖူးသည်။ ဤအရာကို “အဖိုးကြီးလှသည့် အမှုအဖြစ်ရှုမြင်ရန်” အလွန်ခက်ခဲသောအချိန်ကို ကျွန်တော်ဖြတ်သန်းခဲ့ဖူးသည်။
ထိုနက်နဲမှုကို ဖြည့်ကြည့်လျှင် အဖဘုရားအတွက် တန်ဖိုးရှိသောအရာသည် ကျွန်တော်တို့ ထင်မြင်ယူဆသကဲ့သို့ လောကနှင့်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများမဟုတ်ပါ။ ဤကျမ်းပိုဒ်တွင် ကောင်းကင်အခြေပြု ရှုမြင်သုံးသပ်မှု ရှိပါသည်။ ဥပမာ (ဆာ ၁၃၉း…

အားကိုးရာမဲ့ သောင်တင်နေစဉ်

ဓာတ်ငွေ့ဆိုင်၌ ယာဉ်မောင်းက ချန်မထားခဲ့ပါလျှင် တဲင်နဆီပြည်နယ် မင်ဖစ် ဒေသမှ မစ္စူရီ ပြည်နယ် လူးဝစ်ဒေသသို့ သွားလျှင် (၆) နာရီသာ ကြာမည်။ သို့သော် ခရီးသည် (၄၅) ဦး တင်ဆောင်လာသည့် ဘတ်စ်ကားမှယာဉ်မောင်းက နောက်ယာဉ်မောင်း မလာမီ ကားကိုချန်ပြီးထွက်သွားသဖြင့် ခရီးသည် များမှာ နောက်ထပ်(၈)နာရီ စောင့်လိုက်ရသည်။ ထိုနှောင့်နှေးမှုအတွက် ခရီးသည်များ စိတ်ရှုပ်လိမ့် မည်၊ ဘာဖြစ်လာမလဲဟု စိတ်မောလိမ့်မည်။ ကူညီ မည့်သူရောက်မလာမချင်း စိတ်မရှည်ဖြစ်လိမ့်မည်။
သူ မကျူးလွန်သောပြစ်မှုကြောင့် ယောသပ် ထောင်ထဲရောက်သွားသောအခါ အထက်ပါအတိုင်း ခံစားကောင်း ခံစားရမည် (က ၃၉)။ အကူအညီ ရနိုင်မည့် ဖလားတော်ဝန်က သူ့ကို မေ့လျော့သွားသည်။ “သို့သော်လည်း ထာဝရဘုရား သည် သူ့ဖက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့် ထောင်မှူးထံ မျက်နှာရစေတော်မူ၏” (က ၃၉း ၂၁)။…