အမျိုးအစား  |  Uncategorized

ကုန်လွန်ခဲ့သည့် အချိန်များအတွက်

မိမိ၌ နောင်တမရှိဟု မည်သူမျှမပြောနိုင်။ မိမိ၏ဆိုးရွားသော ရွေးချယ်ဆုံးဖြတ်မှုက (ဆိုး လျှင်ဆိုးသလောက်) ခန္ဓာ၊ စိတ်၊ ဝိညာဉ်ပိုင်း၌ ကြာမြင့်စွာ သက်ရောက်ထိခိုက်တတ်သည်။
ကျွန်တော့်မိတ်ဆွေတစ်ဦးသည် အရက်နှင့် မူးယစ်ဆေးစွဲဘဝဖြင့် နှစ်များစွာကျင်လည် ခဲ့သည်။ သို့သော် ဘုရားသခင်က သူ့ဘဝ၌ အံ့ဖွယ်အမှုပြုခဲ့သည်။ မကြာမီက ဆေးသမား ဘဝမှ လွတ်မြောက်ခဲ့ခြင်း ၂၅ နှစ်မြောက် ချီးမွမ်းခြင်းကို ကျင်းပခဲ့သည်။ ယခုတွင် သူသည် အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ပြီး ယေရှုခရစ်ကိုချစ်လျက် ဘုရားဝတ်၌မွေ့လျော် သည့် ဇနီးသားသမီးများနှင့် ဝန်းရံလျက် ရှိနေသည်။ သူသည် ဘဝချိုင့်နက်ထဲကျနေသူ များကို ဧဝံဂေလိဝေငှရန် ဆန္ဒရှိပြီး လမ်းပြစောင်မသူအဖြစ် အစေခံနေသည်။
ဘုရားသခင်သည် မည်သူ့ကိုမှ လက်မလျှော့လိုက်ပါ။ ကြေကွဲမှုနောင်တ များစွာကို ဖြစ်စေသော၊ ညံ့ဖျင်းသော၊ ဆုံးဖြတ်ချက်ရွေးချယ်မှုအမှားများ ပြုခဲ့မိလည်း၊ ယခုမှစ၍ ရှေ့ဆက်မည်သို့ အသက်ရှင်မည်ကို ကျွနု်ပ်တို့ ရွေးချယ်ဆုံးဖြတ်နိုင်ပါ…

ရိုးရှင်းစေပါ

အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲရာ၌ စတုတ္ထမြောက်သမ္မတ 'ဂျိမ်းစ် မက်ဒီဆင်' သည် အကျိုးဆောင်တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။ သူက ဥပဒေများအတည်ပြု ခြင်းနှင့်ပတ်သက်၍ “စာအုပ် အတွဲများလွန်း၍ မဖတ်နိုင်၊ ရှုပ်ထွေးလွန်းလှ၍ နားမလည်နိုင် မဖြစ်ပါစေနှင့်” ဟု သတိပေးခဲ့သည်။ ကျွန်တော် ဖတ်ဖူးသည့် အစိုးရလျှောက်လွှာ ပုံစံများကို ကြည့်ပြီး ၄င်းသတိပေးချက်ကို ပိုအလေးထားရန် လိုကြောင်း တွေးမိသည်။
တစ်ခါတစ်ရံ ဧဝံဂေလိသတင်းစကားကို ဝေမျှရာ၌ လိုသည်ထက်ပို၍ ရှုပ်ထွေးအောင် ကျွန်တော်တို့ လုပ်မိတတ်သည်။ သမ္မာကျမ်းစာ ၌ သတင်းကောင်းကို ရှင်းလင်း၍နားလည် လွယ်အောင် ဖော်ပြထားခြင်းက ကျွန်တော်တို့ အတွက် ဝမ်းသာစရာပါ။ သခင်ယေရှုက ပညာတတ်ဖာရိရှဲ နိကောဒင်အား “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင်…

ရည်မှန်းချက်ထားခြင်းက မှားသလား။

ရည်မှန်းချက်ထားခြင်းက မှားသလား။ အကောင်းဆုံးရအောင် ကြိုးစားခြင်းက မှားသလား။ မိမိ၏ပန်းတိုင်နှင့် မိမိကို တွန်းအား ပေးသောအရာသည် ဘုရားဘုန်းတော် ထင်ရှား စေရန်လား၊ မိမိကိုယ်ကျိုးအတွက်လားဆိုသည့် အပေါ်တွင် မူတည်၍ မှားသော ရည်မှန်းချက်နှင့် မှန်သော ရည်မှန်းချက်ကို ဖြစ်စေသည်။
၁ သက် ၄း၁ ၌ ရှင်ပေါလုက ခရစ်ယာန်များအား ဘုရားသခင်နှစ်သက်သော အသက်တာဖြင့် ဘဝရှင်သန်ရန် တိုက်တွန်းထား သည်။ လူအချို့က ကယ်တင်ခြင်းသို့ရောက်ပြီး ရုတ်ခြည်းအသက်တာ ပြောင်းလဲခြင်းကို ဘုရား နှစ်သက် ကျေနပ်သည်။ အချို့မှာမူ ၄င်းတို့၏ အသက်တာအစပိုင်း၌ လွဲချော်မှုများ၊ အဖုအထစ် များနှင့် စခဲ့ပြီး အဆင့်ဆင့်ပြောင်းလဲခြင်းမျိုးဖြစ်သည်။ ပြောင်းလဲမှုက ချက်ချင်းဖြစ်စေ၊ ဖြည်းဖြည်းချင်း ဖြစ်ပေါ်သည်ဖြစ်စေ ခရစ်ယာန်များသည် ဘုရားသခင်၏ပန်းတိုင်ကို ဖြည့်ဆည်းရန်ဖြစ်ပြီး တကိုယ်ကောင်း မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ရန် မဟုတ်ပါ။
အလုပ်ခွင်၌ ထူးခြားပြောင်းလဲခြင်းသည် အခြားသူများကို…

သင့်၏တံဆိပ်ကိုစောင့်ရှောက်ပါ

နာမည်ကြီးတံဆိပ်နှင့် အဝတ်အစားများ ရောင်းချသူတို့သည် ၎င်းတို့၏ဆိုင်၌ မော်ဒယ်များ ကဲ့သို့ ထိုအဝတ်အစားကို ဝတ်ဆင်၍ကြော်ငြာ သည့် အရောင်းဝန်ထမ်းများကို လိုအပ်သည်။ ထိုသို့ကြော်ငြာခြင်းကို “တံဆိပ်ကို စောင့်ရှောက် ခြင်း” ဟုခေါ်သည်။ ထိုသို့ပြုလုပ်ရသည့် နောက်ကွယ်မှ ရည်ရွယ်ချက်မှာ ဝယ်သူသည် ထိုသို့ ဝတ်ဆင်ထားသူများကို မြင်ရခြင်းဖြင့်၊ သူတို့ နည်းတူ လှချင်စိတ်ဖြစ်ပေါ်ပြီးအဝတ်အစား ဝယ်ယူမည့် အလားအလာ ပိုများခြင်းကြောင့် ဖြစ်သည်။
ဝယ်ယူသူကို ဦးတည်ဆွယ်နေသည့် ယနေ့ အချိန်အခါတွင် လှပသူများ ဝတ်သည့် အဝတ်ကို လိုက်ဝတ်ခြင်းဖြင့် လူအများ၏လက်ခံမှု၊ နှစ်သက်မှုကို “ဝယ်ယူ၍” ရနိုင် သလိုလို၊ ထိုအတွေးဝင်သွားရန် လွယ်လှသည်။ မိမိပုံစံက ကြည့်ကောင်းနေလျှင် လူတို့နှစ်သက်မည်ဟု ကျွန်ုပ်တို့ ယုံကြည်လက်ခံအောင် ရောင်းချသူများက ဆွယ်မည်ပင်။
မိမိကိုယ်ကို ဆွဲဆောင်မှုရှိအောင် လုပ်ခြင်းဖြင့် လူတို့ ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်လာအောင် လုပ်နိုင်သည်ဟုပင်…

I LOVE .....

ရေကူးကန်တစ်ခု၌ ကျွန်မတို့ဇနီးမောင်နှံ ရှိနေချိန်တွင် အနီးအနားမှ လူများ ကောင်းကင်သို့ ကြည့်နေကြ၍ ကျွန်မတို့ လိုက်ကြည့်မိရာ လေယာဉ်ငယ်တစ်စီးက မီးခိုးဖြင့် စာလုံးပုံဖော်နေသည်ကို တွေ့ရ သည်။ ကျွန်မတို့ ကြည့်နေစဉ် “I L.O.V.E” (ကျွန်ုပ်ချစ်သည်) ဟူသည့် စာလုံးပေါ်လာ သည်။ လက်ထပ်ခွင့်ပန်ခြင်း ဖြစ်မည်ဟု လူအများက ထင်ကြေးပေးကြသည်။ ဆက်၍ ကြည့်နေစဉ် I LOVE JE ဟူ၍ပေါ်လာရာ၊ “ငါ လောင်းရဲတယ်။ 'ဂျဲန် ဒါမှမဟုတ် ဂျက်စီကာ' ဖြစ်မယ်” ဟု မိန်းကလေးများ၏ ထင်ကြေး ပေးသံကြားရသည်။ သို့သော် JESUS(ယေရှု) ဖြစ်ပါသည်။ လေယာဉ်မှူးသည် သခင်ယေရှုကို သူချစ်ကြောင်း လူအများမြင်စေရန် ကြေငြာနေခြင်း ဖြစ်ပါသည်။
ကျွန်မ၏သူငယ်ချင်းတစ်ဦးမှာ “သခင်ဘုရား၊ ကိုယ်တော်ကိုကျွန်ုပ် ချစ်ပါ၏” ဟူ၍ သူ့ဆုတောင်းကို အဆုံးသတ်လေ့ရှိသည်။ “တို့အတွက်ကိုယ်တော် ပြုပေးတဲ့အမှုတွေအတွက်…

မမြင်ရသောအန္တရာယ်

ကျွန်တော် ငယ်စဉ်က ကြေကွဲစရာ အဖြစ်ဆိုးမှ ကျွန်တော်တို့မိသားစု သီသီလေး လွတ်မြောက်ခဲ့သည်။ ဓာတ်ငွေ့ပိုက်အပေါက် သေးသေးလေးမှ ဓာတ်ငွေ့ယိုစိမ့်ပြီး မီးဖို အပါအဝင် အသုံးအဆောင်ပစ္စည်းများကို မီးလောင်သည်။ တစ်အိမ်လုံး၌ မီးခိုးများ ဖုံးလွှမ်းနေ၍ အခိုးအငွေ့များကြား ကျွန်တော် တို့ မိသားစုမှာ ဘာလုပ်ရမှန်း မသိဖြစ်နေ သည်။ အိမ်နီးချင်းတစ်ဦးက အမှတ်မထင် ရောက်လာပြီး မကူညီခဲ့လျှင် ကျွန်တော်တို့ မိသားစုမှာ အန္တရာယ်ကြီးပြီး မမြင်ရသည့် ရန်သူကြောင့် သေဆုံးသွားနိုင်သည်။
ခရစ်တော်နောက်လိုက် ကျွနုပ်တို့သည် လည်း မမြင်ရသော အန္တရာယ်များ အဝိုင်းခံ နေရသည်။ စုံစမ်းသွေးဆောင်ခြင်း၊ အဆိပ်အတောက်၊ လူသားဖြစ်၍ အားနည်းချက်ရှိခြင်း စသည်တို့က ဘဝ အသက်တာနှင့် ပေါင်းသင်းဆက်ဆံမှုများကို အန္တရာယ်ပေးသည်။ သို့သော် ထိုမမြင်ရသည့် အန္တရာယ်များက ဓာတ်ငွေ့များကဲ့သို့ အပြင်မှလာခြင်း မဟုတ်ဘဲ၊ ကျွန်ုပ်တို့စိတ်နှလုံးအတွင်းမှ လာခြင်းဖြစ်သည်။ ရှင်ယာကုပ်က “မိမိတပ်မက်စိတ်…

စာလုံးသေးသေး

'မစ်စီ စူလီဗန်'က ရောင်းကုန် ပစ္စည်းများ နှင့်အတူ တွဲ၍ပါလာသော အာမခံ စာရွက် စာတမ်းများ၊ တာဝန်မခံကြောင်း စာချုပ်များနှင့် သဘောတူစာချုပ်များမှာ ဖတ်၍မရဟု မှတ်ချက်ပေးသည်။ ဖတ်ရှုသူများနားလည်၍ ကြိုးစားဖတ်ချင်စိတ် မရှိအောင် စာချုပ်မှ စာသားများကို တမင်စာလုံးသေးသေးဖြင့် ရိုက်နှိပ်ထားခြင်းပါ။ ထို့ကြောင့် လူအများက စာချုပ်တွင်ပါသော အချက်အလက်များကို ဖတ်လေ့မရှိပဲ လက်မှတ်ထိုးလေ့ရှိသည်။ ဆက်သွယ်ရေး ဘာသာရပ်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခတစ်ဦးက သူ၏စမတ်ဖုန်းအသစ်နှင့် တွဲ၍ပါလာသော စာမျက်နှာ(၃၂) မျက်နှာရှိ အာမခံစာရွက်စာတမ်းများကို ညွှန်ပြလျက် “ဖုန်းကုမ္ပဏီက ဒါတွေကို ဖတ်စေချင်လို့ ပေးတာမဟုတ်ပါဘူး” ဟုပြောသည်။
ထိုစာရွက်စာတမ်းများကဲ့သို့မဟုတ်ဘဲ “ထာဝရဘုရားသည် သူ၏ လူများအား ရှုပ်ထွေးပြီးလှည့်စားခြင်းမရှိ၊ ရှင်းလင်းသည့်နည်းများဖြင့် အစဉ်အမြဲ ဆက်သွယ်ရန်ရှာကြံသည်။” ကတိတော်ပြည်သို့မဝင်စားမီ ဣသရေလလူတို့အား မောရှေစကားပြောရာတွင် “ယနေ့ ငါမှာထားသော ပညတ်တရားတော်သည် သင်တို့နားမလည်နိုင်သော တရားစကားမဟုတ်၊ ..... အသက်ရှင်ခြင်း၊…

အံ့သြထူးခြားစွာ စောင့်ကြည့်မှု

ကျွန်မအိမ်နှင့် မဝေးသောနေရာတွင် မီးနီဖြတ်မောင်းသော ယာဉ်မောင်းများအား ဓာတ်ပုံရိုက်ယူရန် အာဏာပိုင်များက ကင်မရာ တစ်ခုတပ်ဆင်ထားသည်။ ပြစ်မှုကျူးလွန်သူ များထံ ယာဉ်စည်းကမ်းချိုးဖောက်ကြောင်း သက်သေဖြစ်သော 'မီးနီဖြတ်မောင်းသည့် ဓာတ်ပုံ' ကို ပြေစာနှင့် ပေးပို့သည်။ ထိုကင်မရာအကြောင်း တွေးတိုင်း ဘုရားသခင်သည်လည်း ထိုကင်မရာကဲ့သို့ပင် အထက်၌ရှိနေပြီး ကျွန်မအမှားလုပ်သည်ကို ကြည့်နေမည်။ ကိုယ်တော်သည် ကျွန်မ၏ အပြစ်များကိုမြင်သကဲ့သို့ (ဟေဗြဲ ၄း၁၃) ကျွန်မတို့ပြုလုပ်သည့် ကောင်းမှုများကိုလည်း မြင်သည်၊ စိတ်ဝင်စားသည်။ ကိုယ်တော်၏အံ့သြထူးခြားစွာ စောင့်ကြည့်မှုကြောင့် အသင်းတော်နှင့် လိုအပ်နေသူများကို ကျွန်မတို့ငွေကြေးများ ထောက်ပံ့သည့် အခါတွင် ကျွန်မတို့၏ ပေးဆပ်မှုပမာဏကို ကိုယ်တော်မြင်ပါသည် (မာကု ၁၂း ၄၁-၄၄)။ ကျွန်မတို့၏တီးတိုးဆုတောင်းသံကို ကိုယ်တော်ကြားပါသည် (မဿဲ ၆း ၆)။ ကျွန်မတို့၏အဖသည် မထင်ရှားသောအရာကို မြင်တော်မူသောကြောင့် အစာရှောင်သောအခါတွင် သွားလာလှုပ်ရှားရင်း အစာရှောင်နိုင်သည်။
ဘုရားသခင်အရာအားလုံးကို မြင်ကြောင်းသိထားသဖြင့် မိမိကိုကြည့်နေ…

ဘယ်သောအခါမှ မစွန့်ပစ်သောမေတ္တာ

ကောင်းမွန်သော ဆက်ဆံရေးအတွက် မေတ္တာ(အချစ်)သည် အဓိကအရေးပါသည်။ ကျမ်းစာက ကျွန်ုပ်တို့အား ချစ်တတ်သူများ ဖြစ်ရန်လိုကြောင်း ရှင်းလင်းစွာ ဖော်ပြထား သည်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ရမည်။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ မိမိ၏ရန်သူကိုချစ် ရမည်။ သို့သော် အချစ်မခံရလျှင် အခြားသူ ကို ချစ်ရန်မှာ ခက်ခဲလှသည်။ စွန့်ပစ်ခံရသော ကလေးများ၊ ကြင်ဖက်၏လျစ်လျူရှုစွန့်ပစ် ခံရသူများ၊ သားသမီးများ၏ပစ်ပယ်မှုခံရသည့် မိဘများ စသည့်လူများမှာ မေတ္တာကင်းမဲ့သော ဘဝသည် မည်မျှ နာကျင်ခံစားရကြောင်းကို ကောင်းကောင်း သိကြသည်။
ထို့ကြောင့် အချစ်ခံလိုသူများအား ဘုရားသခင် ကျွန်ုပ်တို့ကို အလွန်အမင်းချစ်ကြောင်းသိရ၍ ခံစားရသည့်ဝမ်းမြောက် မှုနှင့် မိတ်ဆက်ပေးလိုပါသည်။ ကားတိုင်ပေါ်တွင် သင့်အတွက်ဖော်ပြခဲ့သည့် ကိုယ်တော်၏ မေတ္တာတော်ကြီးမြတ်ပုံကို ဆင်ခြင်ကြည့်ပါ။ ကိုယ်တော်ကို ယုံကြည် ပါက ကိုယ်တော်၏မေတ္တာက အပြစ်များ၊ မပြည့်စုံမှုများကို ဖုံးအုပ်ပေးပြီး အစွန်း အထင်းကင်းသောသခင်၏ဖြောင့်မတ်ခြင်းက…

မိတ်ဖွဲ့ခြင်း

မိတ်ဖွဲ့ခြင်းသည် ဘဝ၏ အကောင်းဆုံး လက်ဆောင်များထဲမှ တစ်ခုပါ။ မိတ်ဆွေစစ် များသည် ၎င်းတို့မိတ်ဆွေများ၏ ကောင်းကျိုး ကိုရှာသည်။(အကောင်းတကာ့ အကောင်းဆုံး အကျိုးမှာ ဘုရားသခင်အားသိရှိရန်၊ သူ့အား စိတ်နှလုံးအကြွင်းမဲ့ ချစ်ရန်ဖြစ်၏)။ ဂျာမန် သင်းအုပ်နှင့် အာဇာနည်တစ်ဦးဖြစ်သည့် “ဒဲထရစ် ဘွန်ဟော့ဖာ” က “မိတ်ဆွေဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုတော် သည် အခြားမိတ်ဆွေတစ်ဦးအတွက် မည်သို့ ရှိသည်ကို ရှာဖွေခြင်းပင်ဖြစ်သည်” ဟုပြောကြားခဲ့သည်။
ဒါဝိဒ်၏သူငယ်ချင်း ယောနသန်သည် စံချိန်မီ၊ စံပြဖြစ်သော မိတ်ဆွေဖွဲ့ ခြင်း၏ သာဓကတစ်ခုပင်ဖြစ်သည်။ “ရှောလု သူ့အားသတ်ရန်လာကြောင်း” (၁ ရာ ၂၃း၁၅) သိသောအခါ ဒါဝိဒ်သည် ဇိဖတော၌ ထွက်ပြေးပုန်းရှောင်နေရသည်။ ဒါဝိဒ်နှင့် တွေ့ရန် ယောနသန် ဟောရေရှ အရပ်သို့ သွားခဲ့သည်။ ဤနေရာတွင် ယောနသန်၏ ထူးခြားသည့်စိတ်ထားကို တွေ့ရှိရပြီး ဒါဝိဒ်အား ဘုရားသခင်ထံမှ ခွန်အားရယူရန်…