အမျိုးအစား  |  Uncategorized

အစားထိုးခြင်းမရှိ

ဆန်ဒီယာဂိုမြို့ရှိ သားထံသွားလည်စဉ် “ရှဲဒိုးမောင်းထိန်း” အသင်းတော်မှ ဒေါက်တာ ဒေးဗစ်ယေရမိ၏တရားဟောချက်ကို သွား နားထောင်ရန် တနင်္ဂနွေနေ့ နံနက်တွင် သားအဖ နှစ်ဦး စောစောထ၍ ကားမောင်းသွား ကြသည်။ သို့သော် ထိုနေ့တွင် ဒေါက်တာ ယေရမိ တရားမဟောကြောင်း သိရသောအခါ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းက စိတ်ပျက်ခြင်းသို့ ပြောင်းလဲသွားသည်။ “အခြားသူတစ်ဦး”က အစားဝင် တရားဟောပါသည်။
ရက်သတ္တပတ် အတန်ကြာပြီးနောက် ဂရန်းရက်ပစ်ဒ်ရှိ ကျွန်ုပ်တို့ဇနီးမောင်နှံ ပါဝင်နေ သော အသင်းတော်တွင် တရားဟောရန် ကျွန်ုပ်ကို တာဝန်ပေးသည်။ ဝတ်ပြုသူများ၏ ရှေ့တွင်ရပ်၍ တရားဟောနေစဉ် ယခု ကျွန်ုပ် သည် “အခြားသူတစ်ဦး” ဖြစ်သည်ကို သဘောပေါက်မိသည်။ ဝတ်ပြုသူများက ကျွန်ုပ်မဟုတ်ဘဲ သင်းအုပ်၏တရားဟောချက်ကို နားထောင်ရန်လာခြင်း ဖြစ်သော ကြောင့် စိတ်ပျက်နေကြလိမ့်မည်။
အသက်တာတွင် မိမိအားကိုးအားထားရသည့် ရင်းနှီးကျွမ်းဝင်သူများ ထံမှ နှစ်သိမ့်ခြင်းကိုရှာဖွေချိန်များတွင် ကျွန်ုပ်တို့သည် တစ်ဦးမဟုတ်…

ပန်းခင်းထဲမှာ

ကျွန်မတို့ခြံထဲ၌ နွေဦးရာသီ၏ ပထမဆုံး ပန်းများပွင့်လာသောအခါ ငါးနှစ် အရွယ်သားလေးမှာ ပန်းခင်းထဲပြေးဆော့ရင်း လွန်ခဲ့သောလအနည်းငယ်က ညှိုးနွမ်းပျက်စီး သွားသည့် အပင်အရွက်အမှိုက်သရိုက်များကို တွေ့ပြီး၊ “ အမေ၊ ဒီလို သေကြေပျက်စီးတာ တွေကို မြင်ရတော့ အီစတာနေ့ကို သတိရမိ တယ်။ ဘာလို့လဲဆိုတော သခင်ယေရှု ကားတိုင်ပေါ်မှာ အသေခံလို့ပေါ့” ဟုပြော သည်။ “အမေကတော့ ဒီပန်းတွေ ရှင်သန် လာတာ တွေ့ရတော့ သခင်ယေရှု အသက် ပြန်ရှင်လာတာကို သတိရမိတယ်” ဟုကျွန်မက ပြန်ပြောလိုက်သည်။
ရှင်လုကာခရစ်ဝင်ကျမ်းအရ ယေရှုသင်္ချိုင်္ိင်းတွင်းမှ ထမြောက်ကြောင်း သိရသည်။ ဧမောက်မြို့သို့သွားရာလမ်း၌ ကိုယ်တော်သည် တပည့်တော်နှစ်ဦးကို ကိုယ်ထင်ရှားပြခဲ့သည်။ သူတို့နှင့်အတူ သွားလျက်၊ ညစာအတူစားလျက်၊ ဓမ္မဟောင်း ပရောဖက်ပြုချက်တစ်ခုကိုပင် သွန်သင်ပေးခဲ့သည် (၂၄း ၁၅- ၂၇)။ ဤတွေ့ဆုံမှုအားဖြင့် ယေရှုသည် သေခြင်းကိုအောင်နိုင်ပြီး ထမြောက်ခဲ့ကြောင်း ခရီးသွားတပည့်တော်နှစ်ဦးနားလည်ခဲ့ပြီး၊…

အောင်ခြင်းအခွင့်ရပြီ

ရေဒီယိုမှ လာသော ကြော်ငြာတစ်ခုက စိတ်ဝင်စားစရာကောင်းပြီး သိချင်စိတ်ကိုလာ ဆွသည်။ “သေခြင်းကို တစ်သက်လုံး အောင် နိုင်လိမ့်မယ်။ဘယ်လိုအောင်နိုင်မလဲဆိုတာ ကျွန်ုပ်တို့ရဲ့ ဆွေးနွေးပွဲသို့ လာရောက်နားဆင် ပါ”ဟု ကြော်ငြာထားသည်။ သေခြင်းကို အောင်ဖို့ ထိုပုဂ္ဂိုလ်က ဘာပို့ချမည်နည်း။ ဘာ အကြံပေးမည်နည်းဟု ကျွန်မတွေးကြည့်မိ သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစား အစာ၊ လေ့ကျင့်ခန်းနှင့် အလေးချိန်ချရန် နည်းလမ်းများအကြောင်း ဟောပြောမည်လား။ ခေတ္တမျှဆက်၍ နားထောင်ကြည့်လိုက်မှ (သေခြင်း Death မဟုတ်ဘဲ၊ အကြွေး Debt) ကို ပြောနေခြင်းဖြစ်ပါသည်။
သခင်ယေရှုက ကျွန်မတို့၏အပြစ်ကြွေးကို ဆပ်ပေးခဲ့၍ (၁ ကော ၁၅း ၅၅- ၅၇) သေခြင်းကို အောင်နိုင်ကြောင်းသတင်းက အံ့ဖွယ်ရာအကောင်းဆုံးသတင်းပါ။ အပြစ်ကြွေး၏ အဓိပ္ပာယ်မှာ ဘုရားနှင့်ကွဲကွာခြင်းဖြစ်သည်။ သို့သော် သခင်ယေရှုက လိုလိုလားလားနှင့် အသက်စွန့်ပြီး ကားတိုင်ပေါ်အသေခံပေးကာ ကျွန်မတို့၏…

အောင်ခြင်းကြွေးကြော်သံ

မကြာမီက 'အာရုန် ရာစ်တန်' အကြောင်း ကျွန်တော်ဖတ်ခဲ့ရသည်။ သူသည် ခြေလျင် တောင်တက်သမားတစ်ဦး ဖြစ်ပြီး ဝေးလံသော တောင်ကြား၌ တစ်ဦးတည်း ပိတ်မိခဲ့သည်။ သူ့ကို ရှာတွေ့မည်ဟု မျှော်လင့်ချက်မရှိ၊ ခွန်အားလည်း တဖြည်းဖြည်းလျော့လာသဖြင့် သူအသက်ရှင်ခွင့်ရရန် အရေးပေါ် အားထုတ် လုပ်ဆောင်ရတော့သည်။ ကျောက်ကြား၌ ညှပ်နေသည့် သူ့လက်ကို်ချိုးပစ်လိုက်ရာ၊ အသည်းခိုက်မတတ် အလွန်နာကျင်ခဲ့သည်။ ထိုအခိုက်အတန့်၌ သူသည် အသက်ရှင်ရန်အခွင့်ရပြီဖြစ်၍ နာကျင်မှုကြားမှ အောင်မြင်သောအသံဖြင့် အော်ဟစ်လိုက်သည်။
ယေရှုကားတိုင်ပေါ်အသေခံခြင်းကို မျက်မြင်တွေ့ခဲ့ရသူများက သခင်၏ ဝေဒနာခံရပုံ၊ “အမှုပြီးပြီ” ဟု ကျယ်လောင်စွာကြွေးကြော်ကာ အသက်စွန့်ခဲ့ပုံကို မြင်ခဲ့ကြားခဲ့သည်။ ကားတိုင်ထက်မှ သခင့်၏နောက်ဆုံးစကားက နာကျင်မှုနှင့် ခြေမှုန်းခံရသည့် အသံမဟုတ်ဘဲ၊ ခမည်းတော်က စေလွှတ်စေစားသည့်အမှုတော်ကို ဆောင်ရွက်ပြီးစီးခြင်း၊ အောင်ခြင်းကြွေးကြော်သံ ဖြစ်သည်။
ယေရှုအသက်စွန့်တော်မူရာ၌ ကျွန်ုပ်တို့အားလုံးတွေ့ကြုံရမည့် သေခြင်း တရားကို ကိုယ်တော်က မျှဝေခံစားခဲ့ခြင်းဖြစ်သည်။ သို့သော်ထိုထက်မက ကျွန်ုပ်တို့…

ညအချိန်ရောက်ပြီ

ဖီလာဒဲဖီးယားသို့ အလုပ်ကိစ္စဖြင့် ခရီးသွားရင်း “Easter (အီစတာ) မတိုင်မီ ကြာသပတေးနေ့ ညဝတ်ပြုစည်းဝေး”တစ်ခုသို့ တက်ရောက်ခဲ့သည်။ ဘုရားကျောင်းငယ်လေး အတွင်း၌ ပွဲတော်မင်္ဂလာကို ဖယောင်းတိုင် မီးဖြင့် ညအမှောင်ထဲ ကျင်းပခြင်းဖြစ်ပြီး မုန့် နှင့်စပျစ်ရည်ကို ခံယူပြီးနောက် ရှင်ယောဟန် ခရစ်ဝင်ကျမ်းမှကျမ်းတစ်ပိုဒ်ကို အသံထွက် ဖတ်ရွတ်သည်။ ဖယောင်းတိုင်တစ်တိုင်ကို ငြိမ်းလိုက်သည်။ ထို့နောက် သခင်ယေရှု၏ ကားတိုင်ခရီးအကြောင်း ဓမ္မသီချင်းတစ်ပိုဒ်ကို သီဆိုသည်။ ထိုသို့ တစ်ဆယ့်လေးကြိမ်ခန့် ထပ်ဆိုပြီး နောက်ဆုံးတွင် ဘုရားကျောင်းလေး လုံးဝအမှောင်ကျသွားချိန်၌ တိတ်ဆိတ်စွာဖြင့် ဆုတောင်းပြီးနောက် ကျွန်တော်တို့ စကားမပြောဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာခဲ့ကြသည်။
ဤသို့မှောင်မိုက်ထဲ၌ ဝတ်ပြုကိုးကွယ်ခြင်းသည် သခင်ယေရှုအသေခံ ခြင်းမတိုင်မီအချိန်က အခြေအနေများကို သတိရစေသည်။ တပည့်တော်များအား ၄င်းတို့အထဲမှတစ်ဦးသည် သူ့ကိုအပ်နှံမည်ဟု သခင်မိန့်တော်မူသည့် နောက်ဆုံး ညစာစားချိန်ကို ဆင်ခြင်ကြည့်ပါ (ယော ၁၃း ၂၁ - ၃၀)။…

အဆက်စပ်မရှိ၊ မဆီမဆိုင်

မိတ်ဆွေတစ်ဦးက စတင်ပြီးစိတ်ပျက် စရာစကားများ ပြောသောအခါ အားလုံးက သူ့အတွက်စိတ်ပူပြီး၊ အကြံပေးကြ၊အားပေး ကြသည်။ စင်စစ်သူက သီချင်းစာသားများကို အပျော်ရေရွတ်ပြီး စကားဝိုင်းကို စလိုက်ခြင်း သာဖြစ်သည်။ သူ့ကို အကြံပေးသည့် မိတ်ဆွေများအနေဖြင့် သူမလိုအပ်သော၊ သူ မလိုချင်သော အကူအညီနှင့် အကြံဥာဏ် များကိုအချိန်ကုန်ခံပြီး ပေးမိခြင်းသာဖြစ်သည်။ ထိုမိတ်ဆွေ၏ အထင်အမြင်မှားစေသည့် စကားများ၏ အကျိုးဆက်အနေဖြင့်ဘာမှ ကြီးကြီးကျယ်ကျယ် (အမှား) မဖြစ်ခဲ့ပါ။ သို့သော်လည်း သူ တကယ်မလိုအပ်သောအရာကို ကူညီမစရန်စဉ်းစားရင်း တစ်စုံတစ်ယောက်က အခြားသူတစ်ဦး အမှန်တကယ်လိုအပ်ချက်ကို လျစ်လျူရှုမိ နိုင်သဖြင့် တကယ့်အမှားကြီး ဖြစ်သွားနိုင်ပါသည်။
လူအချို့က ဂရုစိုက် ခံရအောင်၊ စကားငြင်းခုံရာ၌အနိုင်ရအောင် မဆီမဆိုင် စကားများကို ကောက်နှုတ်ပြောချတတ်သည်။ အချို့က ပိုဆိုးသည်။ အခြားသူတို့အပေါ်တန်ခိုးသြဇာလွှမ်းမိုးနိုင်ရေး အမှန်တရားကိုပင် လှည့်စားသည်။ ၄င်းတို့သည် ဘဝများကိုသာမက စိတ်ဝိညာဉ်များကို အန္တရာယ် ဖြစ်စေနိုင်သည်။
အခြားသူတို့…

ခမည်းတော်၏ကမ္ဘာ

ဆန်ဒီရာဂိုး ပြည်နယ်၊ ပွိုင့် လိုမာ နာဇရင်းတက္ကသိုလ်မှ ပထမနှစ်မယ်သစ်လွင် အမဲန်ဒါ ဘီနာဗိုက်သည် ခရစ်ယာန်တို့၏ ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စပ်လျဉ်း၍ သူ့အမြင်ကို ပြန်၍သုံးသပ်မိသည်။ သူက သဘာဝ ဝန်းကျင်ကို သတိပြုခံစားခြင်း နှင့် ယေရှုနှင့်သူမ၏ဆက်ဆံမှုမိတ်သဟာယ တို့သည် တစ်ခုနှင့်တစ်ခု မသက်ဆိုင်ဟုခံယူ လျက် ကြီးပြင်းလာသူဖြစ်သည်။ကမ္ဘာ့ဝန်းကျင်ကို ထိန်းသိမ်းရေး၌ ခရစ်ယာန်တစ်ဦး၏ကဏ္ဍနှင့် စပ်လျဉ်း၍ စဉ်းစားရင်းမှ၊ ကမ္ဘာ့ဝန်းကျင် ထိန်းသိမ်းရေးသည် ကမ္ဘာ့အဆင်းရဲဆုံးလူသား များကို မစကူညီခြင်းကိစ္စနှင့် အထူးသဖြင့် ဆက်နွယ်နေကြောင်း တွေ့ရှိလာပြီး သူမ၏ ခံယူချက်များ ပြောင်းလဲသွားသည်။
ဘုရားပေးအပ်သည့် လှပသည့်ကမ္ဘာမြေကို စောင့်ထိန်းခြင်း၊ ထိုကမ္ဘာ၌ မှီတင်းနေထိုင်သည့် လူသားများကို ဂရုစိုက်ခြင်းက ဘုရားသခင်ကို ကျွန်ုပ်တို့ လေးမြတ် အလေးထားကြောင်း ဖော်ပြရာကျသည်။ ထို့ပြင် ၄င်းသည် သမ္မာကျမ်းစာမှ နိယာမ (၂)ချက်၌ အခြေပြုသည်။
(၁) ကမ္ဘာကြီးကို…

လေးလွန်းသောဝန်

နံနက်စောစော မှောင်ရီဝိုးတဝါးအချိန်၌ ကားစက်နှိုးလိုက်ရာ ထိုင်ခုံခါးပတ် ပတ်ရန် အချက်ပြမီးက လင်းလာသည်။ တံခါးများ ဂျက်ကျမကျ သေချာစွာစစ်ဆေးပြီး၊ မိမိ ခါးပတ်ကိုလည်း ပတ်လိုက်သည်။ သို့သော် လည်း အချက်ပြမီးက မှိတ်တုတ် မှိတ်တုတ် လင်းနေဆဲပါ။ နောက်မှ ဖြည်းဖြည်းချင်း သဘောပေါက်ကာ ခုံလွတ်၌ တင်ထားသည့် လက်ဆွဲအိတ်ကို ယူလိုက်မှ မီးမှိတ်သွားသည်။
ဖုန်းတစ်လုံး၊ ၂၈ ပေါင်လေးသည့် အကြွေထုပ် ၃ ထုပ်၊ ကဒ်ထူဖုံး စာအုပ်တစ်အုပ်၊ နေ့လည် စာအတွက် အစားအသောက်များစသည်ဖြင့် ကျွန်မလက်ဆွဲအိတ်ကြီး၌ရှိသော ပစ္စည်း များက လူကောင်သေးသူတစ်ဦး၏အလေးချိန် ခန့်မျှရှိသောကြောင့် အချက်ပြမီးလင်းခြင်း ဖြစ်သည်။
လက်ဆွဲအိတ်ထဲမှ ပစ္စည်းများကို အလွယ်လေးထုတ်ယူလိုက်နိုင်သော်လည်း အခြားလေးလံသောဝန်များကိုမူ ဖယ်ရှားရန်မလွယ်။ ဘဝ၏ဝန်များအနက် စိတ်ဖိစီးလေးလံခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ဒါဝိဒ်မင်း၏အတွေးများကို လောင်ကျွမ်းစေသည့်အပြစ်ရှိခြင်း ခံစားရချက် (ဆာ ၃၂း ၁ -…

သွားပါစေ

လွန်ခဲ့သောနှစ်ပေါင်းများစွာက မိတ်ဆွေ လူငယ်တစ်ဦးသည် ကျွန်တော်တို့ကားကို ငှားရာ၊ ကားသည် ကျွန်တော်တို့ပိုင်သော ကျွန်တော့်ကား ဖြစ်ပြီး ထိုကားကိုပင် အားကိုး နေရ၍ အစတွင် ကျွန်တော်တို့ဇနီးမောင်နှံမှာ အင်တင်တင်ဖြစ်မိသည်။ နောက်မှ ဘုရား သခင်က အခြားသူကို ဂရုစိုက်စောင်မရန် အလိုရှိကြောင်းဝန်ခံကာ ကားငှားရန် သဘော တူလိုက်ပြီး ကားသော့ကို သူ့လက်ထဲ အပ် လိုက်သည်။ သူက မိုင် ၃၀ အကွာရှိ ဘုရား ကျောင်းတွင် လူငယ်နိုးကြားရေးအစီအစဉ် လုပ်ပြီး၊ ဘုရားသခင်က ထိုပွဲအားဖြင့် လူငယ် များကို ခရစ်တော်ထံသို့ပို့ဆောင်ခဲ့သည်။
ယေရှုက တပည့်တော်များအား အခြားသူ၏ မြည်းလေးကို ယူလာရန် ညွှန်ကြားသည်။ ဘုရားသားတော်သည် “ကြိုးဖြည်၍ ယူခဲ့ပါ” ဟုမိန့်မြွက်သည် (မာ ၁၁း၂)။ တစ်ယောက်ယောက်က ဆီးတားလျှင် “ကိုယ်တော် အလိုရှိသည်”ဟုပြန်ဖြေရမည်။ သို့မှသာ မြည်းလေးကို ယူဆောင်ခွင့်ရလိမ့်မည်။…

မျှော်လင့်ခြင်းသည် ဘယ်သူ့တွက်

ယခုခေတ်ကာလတွင် တွေ့ရကြားရသော အရာများကြောင့် ခြောက်ခြားမသွားရန် ကြိုးစား လည်း ဈေးတန်း၌ ကျွန်တော့်အနီး ဖြတ်သွား သည့် အမျိုးသမီး၏ တီရှပ်၌ “မျှော်လင့်ခြင်းသည် လူအများအတွက်” ဟူသည့် စာလုံးမဲကြီးကို တွေ့ရ၍ ကျွန်တော်လန့်ဖြန့်သွားရသည်။ ထုံအ လွန်းခြင်းက မိုက်မဲမှုဖြစ်ပြီး အန္တရာယ်ရှိသည်။ တစ်စုံတစ်ရာကို အခြေအမြစ်မရှိ၊ အကောင်း ချည်း စွတ်မြင်လျှင် ရလဒ်မှာ စိတ်ဓာတ်ကျခံစားရ သည်။ နှလုံးကြေကွဲရသည်။ သို့သော် မျှော်လင့် စရာ အခွင့်မရှိလျှင်၊ မပေးလျှင် ဘဝက ဝမ်းနည်း စရာ ဖြစ်ပြီး၊ ဘဝကို အဆိုးမြင်ခြင်းပင် ဖြစ်သည်။
သမ္မာကျမ်းစာ၏သွန်သင်ချက်နှင့်ညီသော မျှော်လင့်ခြင်းမှာ တစ်မူထူးခြားသည်။ ၄င်းသည် ဘုရားသခင်ကို ယုံကြည်စိတ်ချခြင်းဖြစ်သည်။ လောကကြီးနှင့် ကျွန်ုပ်တို့၏ဘဝအသက်တာ၌ ကိုယ်တော်ပြုနေသည့်အမှုကို စိတ်ချခြင်းဖြစ်သည်။ ထိုစိတ်ချမှု၊ထိုမျှော်လင့်ခြင်းကို လူတိုင်းလိုအပ်သည်။ ဟေဗြဲသြ၀ါဒစာကို ရေးသားသူက မျှော်လင့်ခြင်း၏ အရေးကြီးမှုကို ရှင်းလင်းစွာဖော်ပြသည်။…