အမျိုးအစား  |  Uncategorized

စိတ်ဝိညာဉ်၏ ကြွယ်ဝမှု

ဒေါ်လာသန်းပေါင်း ၆၄၀ ထီ ဆုကြီး ဆွတ်ခူးရန် မျှော်လင့်ချက်ဖြင့် ၂၀၁၂ ခုနှစ် အစောပိုင်း၌ အမေရိကန်သားတို့ ဒေါ်လာ ၁.၅ ဘီလျံဖိုး ထီထိုးခဲ့ကြသည်။ ထီပေါက် နိုင်ကိန်းမှာ သန်း ၁၇၆ ပုံ တစ်ပုံသာရှိပြီး၊ ဖြစ်နိုင်ချေနည်းလွန်းလှလည်း ထီရောင်းသည့် ကုန်စုံဆိုင်၊ ဂက်စ်ဆိုင်၊ ကော်ဖီဆိုင်များတွင် လူများစီတန်းပြီး သူဌေးဖြစ်လာမည့် အခွင့်အရေးကို ဝယ်ယူကြသည်။ ငွေ အမြောက်အများသည် ပြဿနာကို ဖြေရှင်း ပြေလည်စေမည်၊ ဘဝကိုတိုးတက် စေမည် ဟူ၍ ထင်မြင်အောင် ကျွန်ုပ်တို့အတွင်းမှ တစ်စုံတစ်ရာက စေ့ဆော်နေသည်။
ကျမ်းစာ၌ အာဂုရ ဆိုသည့်ပုဂ္ဂိုလ်သည် သူမသေမီ ဘုရားသခင်ထံမှ ဆုနှစ်ဆုကိုတောင်းရာ ကြွယ်ဝမှုနှင့်စပ်လျဉ်း၍ သူ့အမြင်က တစ်မူထူးခြားသည်။
ပထမဦးဆုံး သူက “ကျွန်ုပ်မှအနတ္တနှင့်မုသာကို ပယ်တော်မူပါ” ဟု တောင်းသည် (သု ၃၀း၈)။ ရိုးဖြောင့်သောသမာဓိဂုဏ်ရှိခြင်းသည် ပူပင်သောက…

အမှုအရာခပ်သိမ်း၌ ကျေးဇူးတော် ချီးမွမ်း

ကျွန်မသမီးငယ်လေးသည် မြေပဲနှင့် ဓာတ်မတည့်ပါ။ သူ၏ ဓာတ်မတည့်မှုမှာ ဆိုးဝါး လှ၍ မြေပဲအပိုင်းအစသေးသေးလေးကို စားမိ လျှင်ပင် သူ့အတွက် အသက်အန္တရာယ်ရှိသည်။ အကျိုးဆက်အနေဖြင့် စားသောက်ကုန်အထုပ် ပေါ်ရှိ ဖော်ပြချက်များကို ကျွန်မတို့သေချာ ကြည့်ရှု စစ်ဆေးရသည်။ ဘယ်သွားသွား ဓာတ်မတည့်မှုကို သက်သာစေမည့်ဆေးကို ဆေးထိုးအပ်ထဲကြိုထည့်ပြီး ယူသွားရသည်။ ထို့ပြင် အပြင်ဆိုင်များ၌ ထွက်စားမည်ဆိုလျှင် ဆိုင်ရှိ အစားအသောက်များနှင့် ပတ်သက်၍ စေ့စေ့ပေါက်ပေါက် ကြိုတင်မေးမြန်းရသည်။
ဤသို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားလည်း သူမ၏ လတ်တလော ဘေးကင်းမှုနှင့် နောင်အနာဂတ်ဘေးကင်းမှုအတွက် စိုးရိမ်ပူပန်ရဆဲပါ။ ဤ အခြေအနေ ၌ ကျွန်မ၏စိတ်ရင်းအမှန်နှင့်ဆိုလျှင် ကျေးဇူးတော် မချီးမွမ်းနိုင်။ သို့သော် ဘုရားကမလျော့ပေး။ “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်း မူကား သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ ယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏” (၁သက် ၅း၁၈) ဟူ၍ ဘုရား၏နှုတ်တော်ထွက်စကားက စိန်ခေါ်ထားသည်။…

စိတ်ဝိညာဉ်၏ ကြွယ်ဝမှု

ဒေါ်လာသန်းပေါင်း ၆၄၀ ထီ ဆုကြီး ဆွတ်ခူးရန် မျှော်လင့်ချက်ဖြင့် ၂၀၁၂ ခုနှစ် အစောပိုင်း၌ အမေရိကန်သားတို့ ဒေါ်လာ ၁.၅ ဘီလျံဖိုး ထီထိုးခဲ့ကြသည်။ ထီပေါက် နိုင်ကိန်းမှာ သန်း ၁၇၆ ပုံ တစ်ပုံသာရှိပြီး၊ ဖြစ်နိုင်ချေနည်းလွန်းလှလည်း ထီရောင်းသည့် ကုန်စုံဆိုင်၊ ဂက်စ်ဆိုင်၊ ကော်ဖီဆိုင်များတွင် လူများစီတန်းပြီး သူဌေးဖြစ်လာမည့် အခွင့်အရေးကို ဝယ်ယူကြသည်။ ငွေ အမြောက်အများသည် ပြဿနာကို ဖြေရှင်း ပြေလည်စေမည်၊ ဘဝကိုတိုးတက် စေမည် ဟူ၍ ထင်မြင်အောင် ကျွန်ုပ်တို့အတွင်းမှ တစ်စုံတစ်ရာက စေ့ဆော်နေသည်။
ကျမ်းစာ၌ အာဂုရ ဆိုသည့်ပုဂ္ဂိုလ်သည် သူမသေမီ ဘုရားသခင်ထံမှ ဆုနှစ်ဆုကိုတောင်းရာ ကြွယ်ဝမှုနှင့်စပ်လျဉ်း၍ သူ့အမြင်က တစ်မူထူးခြားသည်။
ပထမဦးဆုံး သူက “ကျွန်ုပ်မှအနတ္တနှင့်မုသာကို ပယ်တော်မူပါ” ဟု တောင်းသည် (သု ၃၀း၈)။ ရိုးဖြောင့်သောသမာဓိဂုဏ်ရှိခြင်းသည် ပူပင်သောက…

ရက်ရောလှသောအလှူ

အသင်းတော်ငယ် တစ်ပါး၌သင်းအုပ် အဖြစ်အမှုဆောင်စဉ်က ဘုရားကျောင်း ကို အန္တရာယ်ကင်း အဆောက်အဦအဖြစ် အကြီးစား ပြင်ဆင်မှုကို ပြီးစီးအောင် မဆောင်ရွက်နိုင်ပါက ဝတ်ပြုကိုးကွယ်ရာ နေရာကို ဆုံးရှုံးရတော့မည်။ ထိုပြင်ဆင်မှု များအတွက် ငွေ အသည်းအသန်ရှာရသည်။ ပေးလှူငွေများအနက် ပေးလှူမှုတစ်ခုက ခေါင်းဆောင်သူများ၏ အာရုံကို ဖမ်းစားခဲ့ သည်။
သက်ကြွယ်အမျိုးသမီးကြီးတစ်ဦး သည် ဒေါ်လာရာနှင့်ချီ၍ အသင်းတော်သို့ ပေးလှူလာသည်။ သူမအနေဖြင့် ထိုငွေ ပမာဏကို မတတ်နိုင်ကြောင်း ကျွန်တော်တို့ သိသည်။ သူမ၏ ပေးလှူမှုအတွက်အထူး ကျေးဇူးတင်မိသော်လည်း အသင်းတော်၏ လိုအပ်မှုထက် သူမ၏လိုအပ်မှုက ပိုကြီးမည်ဟုခံစားရ၍ ထိုအလှူကို သူမအား ပြန်ပေးလိုလှသည်။ မည်သို့ပင်ဖြစ်စေ သူမလက်မခံပါ။ လက်ရှိအချိန်တွင် လျှပ်စစ်မီးဖို (hot plate) ကိုသာအသုံးပြုနေ၍ (stove) မီးဖို ကောင်းကောင်း တစ်လုံးဝယ်ရန် နှစ်နှင့်ချီ၍ သူစုထားသောငွေများဖြစ်သည်။ သူမက မီးဖိုထက်…

ဆုတောင်းပေးသော မိတ်ဆွေ

လအတန်ကြာ မဆုံဖြစ်သော သူငယ်ချင်း အန်ဂျီနှင့်အတူ ကျွန်မတို့ နေ့လည်စာ သွားစားသည်။ ကျွန်မတို့မခွဲခွာမီ အရင်တစ်ခါဆုံစဉ်က ကျွန်မအတွက် ဆုတောင်းပေးရန် သူရေးမှတ်ခဲ့သော စာရွက် လေးကို ထုတ်လိုက် သည်။ ထိုအချိန်ကတည်း ကပင် ကျွန်မအတွက် သူဆုတောင်းပေးခဲ့ သည်။ သူက ဆုတောင်းချက်တစ်ခုချင်းစီကို အသေအချာပြန်စစ်ပြီး ဘုရားသခင် အဖြေပေး ပြီးပြီလား (သို့) ပြောင်းပြီးဆုတောင်းပေးရ မည်လား ဟုမေးသည်။ ထို့နောက် သူ့အတွက်ဆုတောင်းပေးရန် အချက်များကို ပြောပြသည်။ ဆုတောင်းပေးသော မိတ်ဆွေရှိနေခြင်းက အဘယ်မျှအားရ ကျေနပ်စရာ ကောင်းလိုက်သနည်း။
တမန်တော်ရှင်ပေါလုသည် သက်သာလောနိတ် အသင်းတော်အပါအဝင် သူအစေခံသည့်အသင်းတော်များကို ဆုတောင်းပေးသည်။ အသင်းသားများ၏ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့်မျှော်လင့်ခြင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူး တင်သည် (၁သက် ၁း၂-၃)။ သူတို့ကိုတွေ့မြင်လိုလှပြီး သူတို့ထံ နောက်တဖန် သွားနိုင်မည့်အကြောင်း “နေ့ညဥ့်မပြတ်” ဘုရားသခင်ထံ တောင်းလျှောက်သည်…

သခင်ယေရှု၏အသင်း

၂၀၀၂ ခုနှစ်တွင် အုတ်လဲန်းဘေ့စ်ဘော အသင်းသည် တစ်မူထူးခြားစွာ အသင်းကို ပြန်ဖွဲ့စည်းခဲ့သည်။ ၂၀၀၁ အကုန်တွင် ထိပ်သီး ကစားသမားသုံးဦးကို လက်လွှတ် လိုက်ရပြီး နောက်ထပ် နာမည်ကျော်များကို စာချုပ်ချုပ်ဆိုနိုင်ရန် အသင်း၌ ငွေကြေးလည်း မရှိပါ။ သို့နှင့် အုတ်လဲန်းအသင်း၏ အထွေထွေ မန်နေဂျာဘီလီဘင်းသည် အများကပယ်ထား သည့် နာမည်ကျကစားသမား၊ အစွမ်းအစ မပြည့်ဝဟု အခြားအသင်းက ထင်ထားသည့် လူသိနည်းသော ကစားသမားများကို စုစည်း ခဲ့သည်။ ထိုသို့ အထင်ကြီးစရာမရှိသည့် အသင်းမှာ ပြိုင်ပွဲစသည်နှင့် ပွဲပေါင်း၂၀ ကို အနိုင်ရပြီး တိုင်းအဆင့်ထိ အောင်ပွဲခံကာ ပွဲပေါင်း ၁၀၃ ပွဲ အနိုင်ရခဲ့သည်။
ဤအဖြစ်က တပည့်တော်များကိုဖွဲ့စည်းသည့် သခင်ယေရှု၏နည်းလမ်း ကို အမှတ်ရစေသည်။ ကြမ်းတမ်းသည့် ဂါလိလဲနယ်သားတံငါသည်များ၊ ဘာသာရေး စစ်သွေးကြွသူ၊ အများက ရွံမုန်းသည့်လေ၀ိ (မဿဲ) အခွန်ခံကိုပင်…

ကန့်သတ်ဘောင်

မီရှီဂန်၊ဂရင်းရပ်ပစ်ရှိ Frederik Meijer ဥယျာဉ်ခြံတွင် လိပ်ပြာများသည် ဥပေါက်ရန် လိုအပ်သော ရာသီဥတုအနေအထား အားလုံး နှင့် ကိုက်ညီအောင်ပြင်ဆင်ထားသော အပူပိုင်း ရာသီနှင့် ပရဒိသုဘုံ ဖန်လုံအိမ်လေးအတွင်း ဥချကြသည်။ အပူချိန်၊ စိုထိုင်းဆ စသည်တို့မှာ အပြစ်ဆိုစရာမရှိ။ ရောဂါမကျအောင် အစာ ရေစာကိုလည်း ကယ်လိုရီနှင့် အာဟာရမျှတ အောင် ထိန်းညှိထားသည်။ အခြား ဘယ်ကိုမှ သွားရန်မလို။ သို့သော် လိပ်ပြာအချို့မှာ ဖန်လုံအိမ်ပြင်ပရှိ ကောင်းကင်ပြာကိုမြင်ပြီး အစာရေစာ ပြည့်စုံစွာရှိသော နေရာကို စွန့်ရန် ဖန်မျက်နှာကျက်အနီး၌ တစ်နေကုန် တောင်ပံ တဖျတ်ဖျတ်ခတ် ပျံနေတော့သည်။
“မင်းတို့ လိုအပ်သမျှအားလုံး ဒီအထဲမှာ ရှိတာမသိဘူးလား။ အပြင်က ရာသီဥတုက အေးပြီးဆိုးတယ်။ မင်းတို့ဖြစ်ချင်တဲ့ အတိုင်း အပြင်ကို ရောက်သွားမယ်ဆိုရင် မိနစ်ပိုင်းအတွင်းမှာပဲ မင်းတို့သေသွားမယ်” ဟုသာ ထိုလိပ်ပြာလေးများကို ကျွန်မပြောလိုက်ချင်တော့သည်။
၎င်းသည်…

တိုက်ကား

လူ့ဘဝသည် ကလေးကစားကွင်းမှ တိုက်ကားနှင့်အလွန်တူသည်။ အတိုက်ခံရ မည်ကို သိငြားလည်း… မည်မျှ အရှိန်ပြင်းမည် ကိုဖြင့် မသိနိုင်။ မိမိအတိုက်ခံရပြီးနောက်၊ စက်ရှိန်မြှင့်ကာ လာတိုက်သူအား ပြန်တိုက်ရာ ၌ မိမိအတိုက်ခံရသည့် အရှိန်ထက်ပို၍ ခပ် ပြင်းပြင်း ပြန်တိုက်ရန်လည်း ရွယ်ထားသည်။
ယင်းက တိုက်ကားစီးရခြင်း၏အရသာ ဖြစ်ကောင်းဖြစ်မည်။ သို့ငြားလည်း ဘဝ ရှင်သန်ရေးအတွက်မူ ဆိုးရွားသည့် နည်း ဗျူဟာပါ။ ဘဝ၌ တိုက်လှဲခံရ၍ တန်ပြန် တိုက်ခြင်းက အမှုကိစ္စများကိုသာ၍ ဆိုးရွား စေပြီး အဆုံးတွင် လူတိုင်းနစ်နာရသည်။
ယေရှု၏ နည်းဗျူဟာကောင်းမှာမူ မိမိကို “လာတိုက်” သူများအား ခွင့်လွှတ်ရန်ဖြစ်သည်။ ပေတရုကဲ့သို့ ဘယ်နှစ်ကြိမ်ခွင့်လွှတ်ရမည်နည်းဟု ကျွန်ုပ် တွေးမိသည်။ “ခုနစ်ကြိမ်မြောက်အောင် ခွင့်လွှတ်ရမည်လော” ဟု ပေတရု မေးရာ၊ ယေရှုက “အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင်လွှတ်ရမည်” (မ ၁၈း၂၁-၂၂)…

မဖြစ်မနေ အနားယူရချိန်

တစ်နှစ်က ခရစ္စမတ်မတိုင်မီလေးတွင် ကျွန်တော့် မိတ်ဆွေ ‘ကင်းမ်’ ၌ သွေးကင်ဆာ ရှိနေကြောင်း သိရပြီး ချက်ခြင်းပင် ဆေးသွင်း ကုသခဲ့သည်။ အစောပိုင်းက ‘ကင်းမ်’သည် မိတ်ဆွေများအား သူမ၏ နှစ်လိုဖွယ် မိသားစု၊ ကောင်းမွန်သောအိမ်၊ မြေးလေး စသည်တို့ဖြင့် သူ့ဘ၀မှာ ကောင်းချီးခံစားရပြီး စိတ်ကျေနပ်ရကြောင်း ပြောပြခဲ့သည်။ ဆေးရုံ တက်ရသည့်အခါ ‘ကင်းမ်’က ယေရှုရှင် တည်ရှိခြင်းကို ကိုယ်ထင်ပြရန်၊ သူမနှင့် နီးနီး ကပ်ကပ်တည်ရှိရန် ဆုတောင်းခဲ့သည်။
၇ လမျှ ဆေးသွင်းပြီး သီးသန့်ခန်းတွင် တစ်ဦးတည်း အားပြန်မွေးရသည့်အချိန်ကို သူမက “မဖြစ်မနေအနားယူရချိန်” ဟူ၍ အမည်ပေးခဲ့ပြီး၊ ရောဂါပျောက်၊ မပျောက်ကို မစဉ်းစားဘဲ ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စုံလင်သောအကြံအစည်၌ စိတ်ချအမှီပြုရန်၊ အရှိန်လျှော့ပြီး ငြိမ်ဝပ်စွာဖြင့် ဆင်ခြင်နှလုံးသွင်းတတ်ရန် သင်ခန်းစာရခဲ့ကြောင်း ပြောပြသည်။
“သင်၏ဘုရားသခင်ထာဝရဘုရားသည်.... ကယ်တင်တော်မူလိမ့်မည်။ သင်၌အားရ၍…