မေတ္တာနှင့်ယှဉ်သော သမ္မာတရား

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ကျွန်တော်ကြီးပြင်းလာခဲ့ သည့်အိမ် (၃) အိမ်အတွင်း ဗုဒ္ဓဘာသာမိသားစု၊ ဟိန္ဒူမိသားစု၊ စွန်နီမူစလင်မိသားစု၊ ရှိအိုက်မူစလင်မိသားစုနှင့် ခေတ်သစ် ယုံကြည်မှုရှိသော ပုဂ္ဂိုလ်တို့ နေထိုင်ကြပါသည်။ ၎င်းတို့ အားလုံးသည် ကျွန်တော်တို့၏မိတ်ဆွေများ ဖြစ်ကြပါသည်။

ကလေးဘဝတွင် ကျွန်တော်တို့အိမ်နားတွင်ရှိသော ဘုန်းကြီး ကျောင်းသို့သွားပြီး ဘုန်းကြီးများနှင့် စကားပြောလေ့ရှိခဲ့ပါသည်။ ဆယ်ကျော်သက်နှင့် အသက်(၂၀) အစောပိုင်းအရွယ်များတွင် စနေနေ့တိုင်းလိုလို အခြားလူ (၆) ဦး နှင့် တွေ့ခဲ့ရာ မူစလင် (၅)ဦးနှင့် ဘုရားမရှိသူ(၁)ဦးတို့ ဖြစ်ကြပါသည်။ ကျွန်တော်တို့သည် ဘာသာရေးနှင့် ဒဿနိကများအပါအဝင် အကြောင်းအရာ မျိုးစုံတို့ကို နာရီပေါင်းများစွာ ကြာအောင် ပြောခဲ့ကြပါသည်။

လာမည့်စာမျက်နှာများတွင် အခြားဘာသာ ကိုးကွယ် ယုံကြည်သူများနှင့် ကျွန်တော်မည်သို့ဆက်သွယ် ဆက်ဆံသည်ကို ကိုးကွယ်ယုံကြည်မှုများ ရှုထောင့်မှနေ၍ ကျွန်တော်လေ့လာသိရှိခဲ့ရသည်များကို မျှဝေတင်ပြသွားမည် ဖြစ်ပါသည်။ မိတ်ဆွေအနေဖြင့် အခြားဘာသာတရားကို ယုံကြည်ကိုးကွယ်သူများနှင့် ပြောဆို
ဆက်ဆံကြရာတွင် နားလည်မှုရှိပြီး ပိုမိုပညာရှိစွာ မေတ္တာဖြင့် ဆွေးနွေးပြောဆိုနိုင်ကြရန် ဤစာအုပ်ငယ်က အကူအညီဖြစ်စေမည်ဟု ကျွန်တော်မျှော်လင့်မိပါသည်။

အဂျစ်သ် ဖါနန်ဒို