မျှော်လင့်ချက်အပြည့်ဖြင့် နှစ်သစ်ထဲသို့ ကျွန်ုပ်တို့ဝင်ရောက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးအခြေအနေသည် ကောင်းမွန်သော ထိန်းချုပ်မှုအောက်တွင် ရှိနေပုံပေါက်ပြီး လမ်းကြောင်းသည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ဦးတည်လျှက်ရှိသည်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီလတွင် ဖြစ်ပျက်ခဲ့သော ကြေကွဲဖွယ်ရာဖြစ်ရပ်က အရာအားလုံးကို ပြောင်းလဲပစ်လိုက်သည်။ လတ်တလောတွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉၊ နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်လက်မဲ့ဖြစ်မှု စသည်ဖြင့် အဘက်ဘက်မှ မသေချာမရေရာမှုများကို ကြုံတွေ့ရင်ဆိုင်နေရပါသည်။


မျှော်လင့်ခြင်းနေရာ၌ မျှော်လင့်ခြင်းကင်းမဲ့သည့် ခံစားချက်များက အစားထိုးနေရာယူလျက် အထူးသဖြင့် အနာဂတ်အတွက် ကြောက်ရွံ့စိုးရိမ်စိတ်များက သောကကို နှစ်ဆတိုးစေသည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်မိမိမေးကြသည်မှာ “ဘုရားသခင်ကျွန်ုပ်တို့၏ အော်ငိုသံကိုကြားပါသလား။” “ကျွန်ုပ်တို့မျှော်လင့်ချက် ဆုံးရှုံးသွားပြီလား။” များစွာသောစိတ်ပျက်မှုနှင့် မသေချာမှုများဖြင့် ကျွန်ုပ်တို့သည် စစ်မှန်သော မျှော်လင့်ခြင်းကို ရှာဖွေနေကြသည်။

 

မြန်မာနိုင်ငံသူနိုင်ငံသားများ ထံမှ စကားသံကို နားဆင်ကြပါစို့

“ဤခက်ခဲမှုကာလတွင် ကျွန်မ၏မိခင်သည် ဖျားနာမှုကြောင့် နေအိမ်၌ပင် သေဆုံးခဲ့သည်။ သူမကိုခေါ်သွားပြရန် ဆေးရုံမရှိပေ။ သူမကိုကြည့်ရန် ဆေးဝါးကျွမ်းကျင်သူမရှိ။ ကချင်ပြည်နယ် ကျေးလက်တောင်ပေါ်ဒေသမှာ ပြည်တွင်းစစ်အတွင်း ကျွန်မတို့နေထိုင်ကြရသည်။ အခြားရွာသူရွာသားများသည် အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ကျွန်မထပ်မံ၍ ထွက်မပြေးလိုပေ။ ကျွန်မတို့သည်သခင်ဘုရားကို ယုံကြည်လျှက် ကိုယ်တော်၏ကတိတော်များအားဖြင့် နေ့ရက်စဥ်တိုင်း တောင့်ခံလျက်ရှိပါသည်။” — စိန်ခွန်း၊ ကလေးငယ်နှစ်ဦး၏မိခင်

“ဘုရားသခင်ပြင်ဆင်တဲ့လက်နက်စုံ၊ သစ္စာစောင့်သိခြင်း၊ ဖြောင့်မတ်ခြင်းပါရမီ၊ ဧဝံဂေလိဟောရန်ပြင်ဆင်ခြင်း၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်း၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တို့ကို ယူဆောင်ဝတ်ဆင်ပြီးတော့ ရင်ဆိုင်ဖြတ်သန်းဖို့ လိုအပ်နေပါတယ်။” — သိက္ခာတော်ရ ဆရာစောမြမင်းလွင်

“အခုလိုအသက်ရှင်နေရခြင်းဟာ ဘုရားသခင်ရဲ့အကြံအစည်တော် ကျွန်တော်တို့အပေါ်မှာရှိပြီးတော့ ဒီအခက်အခဲတွေကနေ ကျော်လွှားဖို့လည်း ဘုရားသခင်ကလမ်းပြမယ်ဆိုတာ ယုံကြည်ဖို့အရေးကြီးပါတယ်။” — ဂျော့ရှုးဝါးဝဏ္ဏကျော်

အခွင့်အလမ်းပြတင်းပေါက်

 

မျှော်လင့်ခြင်းသတင်းစကား


အထက်ပါသက်သေခံချက်များသည် မြန်မာနိုင်ငံမှ လူငယ်များစွာတို့၏ အော်ဟစ်သံများကို သံယောင်ဟပ်ဖော်ပြထားခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သည် ရပ်ဝေးပြည်ပမှ အိမ်သို့ပြန်ရောက်လာသူများဖြစ်သည်။ ၎င်းတို့သည် ပို၍အမြင်ကျယ်သော စီးပွားရေးဆိုင်ရာမူဝါဒဖြင့် ပြင်ပကမ္ဘာကြီးကို တံခါးဖွင့်လှမ်းကြိုမည့် နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန် ပါဝင်နိုင်ရမည့်အလားအလာအတွက် စိတ်လှုပ်ရှားခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့၏ စိတ်ကူးယဥ်အိပ်မက်များနှင့် မျှော်လင့်ချက်များ ကြေမွပျက်စီးသွားသည်။ များစွာသောသူများ အထူးသဖြင့် နောင်လာနောက်သားမျိုးဆက်သစ်များ၏ ရှေ့တွင်ရှိသောအရာသည် မျှော်လင့်ချက်မဲ့သော ခံစားချက်ဖြစ်ပုံရသည်။ သို့သော် မျှော်လင့်ခြင်းသတင်းစကားရှိပါသည်။

 

မျှော်လင့်ခြင်း - ကြောက်ရွံ့မှုအစား ယုံကြည်မှုကို ရွေးချယ်ခြင်း

ဤမျှော်လင့်ခြင်းကား သခင်ယေရှုခရစ်တော်၌ရှိသည့် မျှော်လင့်ခြင်းဖြစ်သည်။ ခရစ်တော်၏အလင်းကို ထွန်းလင်းပေးပြီး သမ္မာကျမ်းသတင်းစကားကို အလင်းပြဆောင်ယူပေးမည့် “မျှော်လင့်ခြင်း - ကြောက်ရွံ့မှုအစား ယုံကြည်မှုကို ရွေးချယ်ခြင်း” စာအုပ်ငယ်လေးကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပါပြီ။

အွန်လိုင်းတွင်ဖတ်ရန် DOWNLOAD PDF
အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန် ဤနေရာတွင်နှိပ်ပါ။

 

သင်ကူညီနိုင်မည့်နည်းလမ်း

နှောင့်နှေးမှု အခက်အခဲများရှိလင့်ကစား “နေ့စဥ်ခွန်အား” ဝတ်ပြုကိုးကွယ်ခြင်းစာအုပ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးဖြင့် ဆက်လက် ပုံနှိပ် ထုတ်ဝေဖြန့်ဝေနိုင်ရေးမှာ ကျွန်ုပ်တို့၏ဆန္ဒဖြစ်သည်။ လူမှုမီဒီယာအပါအဝင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ကြိုးပမ်းတင်ဆက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

 

“ကျွန်တော်တို့ရဲ့ရှေ့မှာ ဘယ်လိုပဲဖြစ်နေပါစေ နေ့စဥ်ခွန်အားလုပ်ငန်းကတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။ အားလုံးဝိုင်းဝန်းတဲ့အတွက်လည်း အောင်မြင်နေပါတယ်။” — ပက်ထရစ်လူနီ၊ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း မြန်မာ၏ ဘုတ်လူကြီး

 

ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းပေးပါ

 

ပေးလှူနိုင်သောနည်းလမ်းများ





COPYRIGHT © 2021 နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းမှ မူပိုင်ပြုလုပ်ပြီးဖြစ်သည်။ Payment icons by icons8.