သေခြင်းတရားကို ကြောက်ရန်မလိုတော့ပြီ

“မည်သူမျှ မသေချင်ပါ။” သေခြင်းထက် ကြောက်စရာကောင်းသည့် အရာ တစ်ချို့ ရှိပါသည်။ သေခြင်းတရားက ကျွန်ုပ်တို့ ခင်မင်တွယ်တာသော အရာအားလုံးကို လျှပ်တစ်ပြက်အတွင်း ဆုံးရှုံးသွားစေနိုင်ကြောင်း သတိပေးလျက်ရှိပြီး ကျွန်ုပ်တို့အပေါ် အရိပ်ကြီးသဖွယ် လွှမ်းမိုးလျက်ရှိပါသည်။ ဖျားနာခြင်း၊ မတော်တဆဖြစ်ခြင်း၊ သို့မဟုတ် အသက်ကြီးရင့်လာခြင်း စသည့်အကြောင်း တစ်ခုခုကြောင့် သေခြင်းတရားကို ရှောင်လွှဲ၍မရဘဲ မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ အချို့က သေခြင်းအတွက် ပြင်ဆင်ပြီးဖြစ်သလို၊ လူနည်းစုက သေရန်အသင့်- သေခြင်းကို စောင့်ကြိုလျက်ရှိကြသည်။ ကျွန်ုပ်တို့ အများစုမှာမူ သေခြင်းကို ကြောက်ကြသည်။ ၎င်းသည် သဘာဝကျပါသည်။ အဘယ်ကြောင့်ဆိုသော် သေခြင်းကို အနိုင်ယူရန်၊ သေခြင်းမှလွတ်မြောက်ရန် နည်းလမ်းကို ကျွန်ုပ်တို့ ရှာ၍ မတွေ့ခြင်းကြောင့်ပါ။ သင်သည် သေခြင်းကို ကြောက်နေလျှင် သတိရ လိုက်ပါ။ သင် တစ်ယောက်တည်း မဟုတ်ပါ။