အိုမင်းလာခြင်းနှင့်အတူ မျှော်လင့်ချက်နှင့်ပြည့်နေသည့် အနာဂတ်နေ့ရက်များ

“အသက်ကြီးလာတာ ဝမ်းနည်းစရာပဲ’’ … အသက်ကြီးပြီး အိုမင်းလာခြင်းနှင့် ပတ်သက်ပြီး သင်ရော ဤသို့ ခံစားမိပါသလား။ နာတာရှည်ရောဂါ သို့မဟုတ် အထီးကျန်ဆန်ခြင်းများနှင့် ကြိုးစားရုန်းကန်နေရပါသလား။ အသက်ရှင်ရန်အတွက် ဆန္ဒ မရှိသလောက် ဖြစ်နေပြီလား။

စိတ်မကောင်းစရာအချက်မှာ ကျွန်ုပ်တို့အားလုံး မလွဲမသွေ အသက်ကြီးရင့် အိုမင်းလာ ကြရမည် ဖြစ်သည်။ သင်ခံစားရသည်များကို နားလည်ရုံမက အိုမင်းခြင်းခရီးကိုပါ ကျော်လွှားနိုင်အောင် ကူညီနိုင်သူတစ်ဦး ရှိပါသည်ဆိုလျှင်၊ ပြီးတော့ ဤတစ်စုံတစ်ဦးက သင်သူ့ထံလာရန်အတွက် ရင်ခွင်ဖွင့်ပြီး လက်ကမ်းစောင့်ကြိုနေပါသည်ဆိုလျှင် . . . သင်မည်သို့ပြုမည်နည်း။