ကူညီကြပါ။ ကျွန်ုပ် မနက်ဖြန်ကို ရင်မဆိုင်ရဲဘူး။

သင့်အတွက် မနက်ဖြန်ဟာ ဘယ်အရာတွေကို ဆောင်ကြဉ်းလာမလဲဆိုတာ ကြိုတင်တွေးတော ပူပန်နေပါသလား။ တကယ်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့ တော်တော်များများဟာ မနက်ဖြန်မှာ ဖြစ်လာမယ့်၊ ဖြစ်လာနိုင်ခြေများအတွက် မနက်ဖြန်ကိုရင်ဆိုင်ရမှာ စိုးရိမ်တတ်ကြပါတယ်။ ကျွန်ုပ်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မနက်ဖြန်ကတော့ရောက်လာဦးမည်ပင်။ ဖန်ဆင်းရှင် ဘုရားသခင်ဆိုတဲ့ မနက်ဖြန်တိုင်းကို အစိုးရတဲ့ အရှင်သခင်ထံမှ အကူအညီမစမှုနဲ့ အာမခံချက်ကို တောင်းခံနိုင်ပါတယ်။