ငွေကြေး – အဘယ်ကြောင့် အမြဲတမ်းမလုံလောက်ရတာပါလဲ။

ကျွန်ုပ်တို့ထဲတွင် နောက်ထပ်တစ်ဒေါ်လာ ထပ်မလိုချင်သူ မည်သူရှိသနည်း။ ကျွန်ုပ်တို့အားလုံးသည် ဝင်ငွေ၊ စုဆောင်းထားသည့်ငွေကြေး မည်မျှပင်ရှိနေပါစေ လုံလောက်သည်ဟု မည်သည့်အခါမှ ထင်မှတ်လေ့မရှိသကဲ့သို့ဖြစ်နေသည်။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ကျေနပ်တင်းတိမ်မှုမရှိနိုင်သနည်းဟု စဉ်းစားမိကြပါသလား။ ဘာကိုမှမမျှော်လင့်ထားဘဲ၊ ကျွန်ုပ်တို့ကိုချစ်သူ၊ ထာဝရတည်လျက် မပြောင်းလဲသူ၊ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ကျွန်ုပ်တို့အတွက် အကောင်းဆုံးကိုသာ နှလုံးသွင်း စဥ်းစားပေးသူ မည်သူရှိသနည်း။ ဘုရားသခင်သည်ခွန်အားအစွမ်းနှင့်ပြည့်စုံ၍ ကျွန်ုပ်တို့ကို သိကျွမ်းသူ၊ ချစ်မြတ်နိုးသူ ဖြစ်သည်။ ကျွန်ုပ်တို့ကို သူဖန်ဆင်းထားခြင်းကြောင့် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို အတိအကျသိရှိသူလည်း ဖြစ်သည်။