ခရစ်စမတ်အချိန်ရောက်တော့မှာမို့ မည်သူ့ကို မည်သည့်လက်ဆောင် ပေးရမည်နည်းဟု စဥ်းစားပြီးစိတ်ရှုပ်နေပါသလား။ အဝေးရောက် ဆွေမျိုးများ (သို့) မိတ်ဆွေများဆီ ခရစ်စမတ်လက်ဆောင် အချိန်မီ မပို့နိုင်မှာကို စိုးရိမ်နေပါသလား။ ငွေကြေးအခက်အခဲကြောင့် လက်ဆောင်ဝယ်ဖို့ အဆင်မပြေဖြစ်ပြီး ဝမ်းနည်းနေပါသလား။

လွယ်လွယ်ကူကူဖတ်ရှုနိုင်ပြီး ဧဝံဂေလိသတင်းကောင်းကို ထိထိမိမိ ဆက်စပ်နိုင်ဖို့ ဤ “နောက်ထပ် အံ့သြဖွယ်ရာ တစ်ခု” စာစောင်လေးကို ဒီဇိုင်းပြုလုပ်ထားပါတယ်။ ခရစ်စမတ်အချိန်အခါကာလမှာ ခရစ်စမတ်၏အဓိကအနှစ်သာရဖြစ်သည့် သင့်အတွက်ပေးသနားထားသော ဘုရားသခင်၏ ကြီးမားမြင့်မြတ်သောမေတ္တာတော်ကို သတိရကာ ဤစာစောင်လေးအားဖြင့် ကိုယ်တော့်၏မေတ္တာကို လိုအပ်နေသူများထံ သတင်းကောင်းဝေမျှလိုက်ပါ။

E-book ကို download ရယူလိုက်ပါ။ အခြားသူများဆီ ဝေမျှလိုက်ပါ။