ကျွန်ုပ်တို့၏ဇာတ်ကြောင်း (Our Story)

၁၉၃၈ တွင် ဒက်ထရိုက်ကျမ်းစာသင်တန်းအမည်ဖြင့် ဤအမှုတော်ကို ရေဒီယိုအစီအစဉ်ဖြင့် စတင်ခဲ့သည်။ ထိုစဉ်မှစ၍ ရေဒီယိုအစီအစဉ်ကို တစိုက်မတ်မတ်နားထောင်သူ အဖွဲ့ငယ်လေးမှသည် ကျွန်ုပ်တို့၏ သမ္မာကျမ်းအခြေပြု စာအုပ်စာပေများကို အသုံးပြုသူ ပရိသတ်များ ကမ္ဘာတစ်လွှား လူဦးရေ သန်းပေါင်းများစွာအထိဖြစ်လာပါသည်။

နှစ်ကာလတစ်လျှောက် ကျွန်ုပ်တို့ပြုစုထုတ်လုပ်သော ဝိညာဉ်ရေးရာအရင်းအမြစ်အဖုံဖုံကို ထင်ဟပ်ရန်၊ ကျွန်ုပ်တို့၏အမည်ကို ပြောင်းလဲခဲ့ပါသည်။ ယနေ့ ကျွန်ုပ်တို့သဘောပေါက်နားလည်သည်မှာ ကျွန်ုပ်တို့ မည်သူဖြစ်သည်ကို လူအများသိရှိသတိထားမိခြင်းမှာ နေ့စဉ်ခွန်အား Our Daily Bread ဟူသော အများသုံးနေသည် ဝတ်ပြုဆင်ခြင်ခြင်းစာအုပ်ကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အမည်ကို နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်း Our Daily Bread Ministries ဟုပြောင်းကာ ပိုမိုရှင်းလင်းစွာ ဆက်သွယ်ရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏နာမည်ပြောင်းသော်လည်း ကျွန်ုပ်တို့စူးစိုက်ဆောင်ရွက်သောအမှုတော်မှာ မပြောင်းလဲပါ။ ဘုရားရှင်၏မေတ္တာတော်မြတ်နှင့် ကမ္ဘာတစ်လွှားရှိလူများကို ဆက်သွယ်ထိမိစေရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဂိုဏ်းဂဏကို အခြေမခံသော ကုသိုလ်ဖြစ်အဖွဲ့ဖြစ်ကာ၊ ဝိညာဉ်ရေးရာ အထောက်အကူပြု အရင်းအမြစ် သန်းခြောက်ဆယ်ကျော်ကို ဝန်ထမ်းများ၊ အကျိုးတော်ဆောင်များနှင့် ရုံး(၃၅)ခုကျော်ဖွင့်ကာ နိုင်ငံ (၁၅၀)တွင် အမှုဆောင်ဖြန့်ချိလျက် ရှိပါသည်။ လူများဘုရားရှင်နှင့် ဆက်ဆံဆက်သွယ်မှု တည်ဆောက် ကောင်းမွန်ရေးအတွက် ရေဒီယို၊ ရုပ်/သံ၊ ဒီဗီဒီ၊ စာအုပ်၊ မိုဘိုင်းအက်(ပ်)၊ အင်တာနက်စာမျက်နှာစသည်တို့ကို ကျွန်ုပ်တို့ဖြည့်ဆည်းပေးပါသည်။

၎င်းသည်ဘုရားရှင်၏သစ္စာတော်နှင့် သင်သာဖြစ်ပါသည်။

(၇၅)နှစ်ကျော် ဘုရားရှင်၏ သစ္စာတော်ကြီးမားခြင်းကို နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်း ဖြင့် ကျွန်ုပ်တို့ သက်သေခံခဲ့ပါသည်။ ဘုရားရှင်၏ မေတ္တာတော်၊ ကျေးဇူးတော်၊ ခွင့်လွှတ်တော်မူခြင်းများကို ကမ္ဘာတစ်လွှားကျွန်ုပ်တို့ ဖြန့်ဝေနိုင်ခြင်းသည် မိတ်ဆွေ၊ သင့်မိသားစု၊ သင်၏မိတ်ဆွေများ၊ သင်၏အသင်းတော်နှင့် သင်၏ပံ့ပိုးပေးလှူမှုများကြောင့်သာဖြစ်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်ပါသည်။

အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေသတည်း။ (ဆာ ၁၀၀း၅)