နေ့စဉ်ခွန်အား

ကာကွယ်စောင့်ရှောက်ပေးနေသည်

နွေဦးရာသီ၌ စိုက်ပျိုးရေးအတွက် ပြင်ဆင်နေစဉ် ဆောင်းရာသီ၌ပေါက်သော ပေါင်းပင်အဆုပ်လိုက်ကို ဆွဲနှုတ်ပြီး လေထဲပစ်လိုက်သည်။ အဆိပ် ရှိသော ကြေးနီရောင်ခေါင်းနှင့်မြွေဆိုးတစ်ကောင်သည် ကျွန်တော့်လက်အောက်နား (၁) လက်မခန့်အကွာရှိ ပင်ခြေပိတ်ပေါင်းထဲတွင် ခွေနေပြီး ဖုံးကွယ်နေသော ကြောင့် မှားပြီးကိုင်မိနိုင်သည်။ ထိုပေါင်းပင်စုကို ဆွဲနှုတ်လိုက်စဥ် ထိုမြွေ၏ အရောင်ကိုမြင်လိုက်ရပြီး မြွေ၏ကျန်အစိတ်အပိုင်းများက ကျွန်တော့် ခြေထောက်ကြားတွင် အခွေလိုက်ရှိနေသည်။

မြွေနှင့်ဝေးရာသို့ ပေအနည်းငယ်ရွေ့လိုက်ပြီးမှ မြွေကိုက်မခံရသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်မိသည်။ ထိုအချိန်ကျမှ ဘယ်တုန်းကမှမသိခဲ့သောအန္တရာယ်များမှ ဘုရားရှင်သည် ကျွန်တော့်ကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါမျှ ကာကွယ်ပေးနေခဲ့ပါသနည်းဟု အတွေးဝင်မိသည်။

ဘုရားသခင်သည် သူ၏လူမျိုးတော်ကို စောင့်ကြည့်နေပါသည်။ ကတိထား တော်မူသောပြည်သို့ မဝင်ရောက်မီ မောရှေက "သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထားတော် မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်" ဟု ဣသရေလလူမျိုးတို့ရှေ့မှာပြောခဲ့သည် (တရား ၃၁:၈)။ ဘုရားသခင်ကို…

ဘေးကင်းလုံခြုံစွာ

အားပြည့်တက်ကြွသော မူကြိုကျောင်းသားအနေဖြင့် စေဗီယာသည် နေ့လည်ခင်း ငြိမ်ငြိမ်နေရသောအချိန်ကို ရှောင်သည်။ မကြာခဏဆိုသလို မလိုချင်သော်လည်း အမှန်လိုအပ်သောငြိမ်ဝပ်ချိန်သည် နေ့ခင်းတစ်ရေးတစ်မောအိပ်ချိန် ဖြစ်သွားပါ တော့သည်။ ထိုင်ခုံပေါ်တွင် လူးလွန့်လိုက်၊ ဆိုဖာပေါ်မှ လျောဆင်းကစားလိုက်၊ ကြမ်းပြင်ပေါ်ပြေးလိုက်၊ အခန်းဟိုဘက်ထောင့်မှ ဒီဘက်ထောင့်သို့ လူးလိမ့်ကစား လိုက်နှင့် ငြိမ်ဝပ်ချိန်ကိုရှောင်သည်။ "သားဗိုက်ဆာတယ် ... သားရေဆာတယ် ... သား ရှူးပေါက်မယ် ... သားကိုဖက်ထားပေးပါ" စသည်ဖြင့် အကြောင်းပြသည်။

ငြိမ်ဝပ်စွာနေခြင်း၏အကျိုးကျေးဇူးကို ကျွန်မနားလည်သောကြောင့် စေဗီယာအား ကျွန်မနံဘေး၌ လဲလျောင်းကာ သူ့ကို ထွေးဖက်လျက် ငြိမ်ငြိမ် နေစေပြီး အိပ်ပျော်သွားသည်အထိ ချော့သိပ်ရသည်။

ကျွန်မ၏ဝိညာဉ်ရေးရာအသက်တာ အစောပိုင်းကာလကို ကျွန်မသားလေး ၏အမြဲတက်ကြွစွာနေလိုသည့် အနေအထားနှင့် ထင်ဟပ်ကြည့်မိသည်။ ဆူညံသံ က မိမိ၏အားနည်းချက်နှင့်အခက်အခဲများအပေါ် စိုးရိမ်မှုမှ အာရုံလွဲစေသလို အလုပ်များခြင်းက အသိအမှတ်ပြုခံရသည်၊ အရေးပါသည်၊ ထိန်းချုပ်မှုရှိသည်ဟု ကျွန်မအား ခံစားစေမိပါသည်။…

ဘယ်တော့မှ လက်မလျော့လိုက်နဲ့

"အချိန်တွေ ကုန်တယ်။ စစ်တွေဖြစ်တယ်" ဟု ဆူဒန်နိုင်ငံ တောင်ပိုင်းဒေသရှိ ကယ်လီကိုလူမျိုးစု၏သာသနာပိုင်ကြီး ဆယ်မီနီဂို က ၎င်းတို့၏ မိခင်ဘာသာ စကားဖြင့် သမ္မာကျမ်းစာရရှိရန် သူတို့၏အသင်းတော်အနေဖြင့် ကြာမြင့်စွာ ရုန်းကန်ခဲ့ရမှုနှင့် ‌နှောင့်နှေးမှုများကို ပြောပြသည်။ စင်စစ် ကယ်လီကို ဘာသာဖြင့် စာတစ်လုံးမျှ ပုံနှိပ်ထုတ်ဝေဖူးခြင်း မရှိခဲ့ပါ။ လွန်ခဲ့သောဆယ်စုနှစ် အစောပိုင်းတွင် ဘီးရှော့နီဂို၏အဘိုးမှ သမ္မာကျမ်းစာဘာသာပြန်ခြင်း စီမံကိန်းကို ရဲရင့်စွာ စတင်ခဲ့ သော်လည်း စစ်ပွဲနှင့်ပဋိပက္ခများက ကြိုးပမ်းမှုကို ရပ်တန့်စေခဲ့သည်။ ယူဂန်ဒါ မြောက်ပိုင်းနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံရှိ ၎င်းတို့၏ ဒုက္ခသည် စခန်းတွင် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ရှိခဲ့သော်လည်း သာသနာပိုင်ကြီးနှင့် ယုံကြည်သူ မိတ်ဆွေများက ထိုစီမံကိန်းကို ဆက်လက်ရှင်သန်စေခဲ့သည်။

သူတို့၏ဇွဲရှိမှုက အကျိုးဖြစ်ထွန်းခဲ့ပါသည်။ နှစ်ပေါင်း ၃၀ နီးပါးနောက်တွင် ကယ်လီကိုဘာသာ ဓမ္မသစ်ကျမ်းစာအား စိတ်ဓာတ်နိုးကြားဖွယ် အခမ်းအနားဖြင့် ဒုက္ခသည်များကို ပေးဝေနိုင်ခဲ့ကြသည်။…

နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအကြောင်း

နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအကြောင်း

၁၉၃၈ ခုနှစ်တွင် အစပြုသည်

 
အမေရိကန် ကျမ်းစာသင်ကြားပို့ချသူ ‌ဒေါက်တာ အမ် အာရ် ဒီဟန်းသည် ရေဒီယိုမှ သမ္မာကျမ်းစာသင်ခန်းစာများကို စတင်သင်ကြားပို့ချခဲ့သည်။ ဒီထရိုက် သမ္မာကျမ်းစာသင်ခန်းစာဟု အစပြုခဲ့ပြီး နောက်ပိုင်းတွင် ရေဒီယိုသမ္မာကျမ်းစာသင်တန်း ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ထိုအချိန်အတောအတွင်းမှာပင် ‌ဒေါက်တာ အမ် အာရ် ဒီဟန်းသည် Our Daily Bread ဝတ်ပြုကိုးကွယ်ခြင်းစာအုပ်ကိုလည်း စတင်တည်းဖြတ် လုပ်ဆောင်ခဲ့သည်။
 
ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့၏အမှုတော်လုပ်ငန်းသည် ထိုစဥ်ကတည်းကပင် ကျယ်ပြန့်ကြီးထွားလာခဲ့ပါသည်။ သို့နှင့် RBC Ministries ဟူ၍ဖြစ်လာပြီး နောက်ဆုံး ၂၀၁၅ တွင် Our Daily Bread Ministries ဟူ၍ဖြစ်လာပါသည်။ ယခုတွင် ကျွန်ုပ်တို့သည် Our Daily Bread စာအုပ်တစ်မျိုးတည်းသာမဟုတ်တော့ဘဲ ဘုရားလူတို့အား ၎င်းတို့၏သခင်ဘုရားနှင့်လျှောက်လှမ်းသောအသက်တာအတွက် အထောက်အကူ ဖြစ်စေမည့် ခရစ်ယာန်စာပေများကို ကျယ်ပြန့်စွာထုတ်ဝေလျက် ရှိပါသည်။ နှစ်စဥ် နိုင်ငံပေါင်း…

ကျွန်ုပ်တို့၏တာဝန် နှင့် ရူပါရံု

ကျွန်ုပ်တို့၏တာဝန် နှင့် ရူပါရံု

 
ကျွန်ုပ်တို့၏တာဝန်
အသက်တာကိုပြောင်းလဲစေသည့် သမ္မာကျမ်းစာကို လူတိုင်း နားလည်ရမည်။ လူတိုင်း ရရှိစေရမည်။
 
ကျွန်ုပ်တို့၏ရူပါရုံ
နိုင်ငံအသီးသီးရှိ လူမျိုးအပေါင်းတို့သည် ခရစ်တော်ကို ကိုယ်တိုင်သိကျွမ်းပြီး ခရစ်တော်နှင့် တိုး၍ရင်းနှီးသောအသက်တာကို ခံစားရရန်၊ ခရစ်တော်၏သဏ္ဌာန်နှင့်သာ၍ တူလာရန်၊ ခရစ်တော်၏မိသားစုဝင်များရှိသည့်အသင်းတော်၌ ပါဝင်၍အစေခံရန် ကျွနု်ပ်တို့ ရည်မျှော်မှန်းပါသည်။

ပေးလှူနိုင်သည့်နည်းလမ်းများ

ပေးလှူနိုင်သည့်နည်းလမ်းများ

မြန်မာနိုင်ငံရှိ ကြီးငယ်မဟူ လူအပေါင်းတို့ထံ ဆက်သွယ်အရောက်လှမ်းသွားမည့် အမှုတော်ခရီးတွင် သင်လည်း ကျွန်ုပ်တို့နှင့်အတူပါဝင်ပူးပေါင်းမည်ဆိုပါက အတိုင်းထက်အလွန်ကျေးဇူးတင်ပါသည်။ မိတ်ဆွေ၏ထောက်ပံ့ပေးလှူမှုကို ကျွန်ုပ်တို့ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

 

ပေးလှူနိုင်သည့်နည်းလမ်း

အွန်လိုင်းမှပေးလှူရန်

“For Myanmar” ဟု မှတ်ချက် အနေနှင့် ကျေးဇူးပြု၍ ဖော်ပြပေးပါရန်။ စုံစမ်း မေးမြန်း လိုပါက myanmar@odb.org သို့ အီးမေးလ် ပေးပို့နိုင်ပါသည်။

 

မြန်မာနိုင်ငံအတွင်း KBZpay (သို့) Wave Money အားဖြင့် နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းရုံး၏ဖုန်းနံပါတ် 09 42649 2017 သို့ ပေးလှူနိုင်ပါသည်။
 

ငွေကြေးအားဖြင့် ပေးပို့ရန်

 

သင့်အလှူငွေကိုအောက်ပါလိပ်စာသို့ပေးပို့နိုင်ပါသည်။

နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း
အမှတ် (၁) စောတေလိန်း၊ ဦးလူနီလမ်း၊
ကရင်အမျိုးသားရပ်ကွက်၊
ကြည့်မြင်တိုင်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။