သီရိလင်္ကာနိုင်ငံရှိ ကျွန်ုပ်တို့၏လုပ်ဖော်ဆောင်ဖက်များထံမှ ၀မ်းနည်းကြေကွဲဖွယ် နောက်ဆုံးသတင်းကို လက်ခံရရှိခဲ့ပါသည်။ ဘက်တီကာလို၌ တိုက်ခိုက်ခံခဲ့ရသည့် ဧ၀ံဂေလိအသင်းတော်သည် ကျွနု်ပ်တို့ဌာနမှ လုပ်ဆောင်သည့် “စာအုပ်တစ်အုပ်ပေးလှူပါ” အစီအစဉ်ကို လက်ခံဆောင်ရွက်ပေးသောအသင်းတော်ဖြစ်ပါသည်။ ထိုသို့တိုက်ခိုက်ခံရခြင်းကြောင့် လူ ၂၇ ဦး သေဆုံးခဲ့ပါသည်။

ကျွန်ုပ်တို့၏၀န်ထမ်းများနှင့် မိသားစုများကို ဘုရားသခင်ကွယ်ကာစောင့်ရှောက်ခဲ့ခြင်းအတွက် ကိုယ်တော်အားကျေးဇူးတင်မိပါသည်။ တစ်ချိန်တည်းမှာပင ထိုတိုက်ခိုက်မှုသည် စုစုပေါင်းလူဦးရေ၏ ၇.၄% သာ ရှိသည့် (ကာသိုလစ်နှင့် ကာသိုလစ်မဟုတ်သော) ခရစ်ယာန် လူနည်းစုအပေါ် အကြီးမားဆုံးသော ထိုတိုက်ခိုက်မှုဖြစ်သဖြင့် ကျွန်ုပ်တို့နှင့်သီရိလင်္ကာရှိအသင်းတော်များမှ တုန်လှုပ်ခြောက်ခြားစွာ ခံစားရပါသည်။

အောက်ပါအချက်များအတွက် ဆုတောင်းပေးစေလိုပါသည်။

၁။ ချစ်ခင်ရသူမိသားစုများကို ဆုံးရှုံးရသူများ၊ ခန္ဓာပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ရသူများသည် ဘုရားသခင်၏နှစ်သိမ့်သက်သာစေခြင်းကို ရှာတွေ့ခံစားရရန်။

၂။ ဤပြဿနာကို အသင်းတော်အနေဖြင့် မေတ္တာနှင့် အမြော်အမြင်ဖြင့် တုံ့ပြန်ဖြေရှင်းရန်။

၃။ အစိုးရနှင့်အာဏာပိုင်များအနေဖြင့် အခြေအနေအရပ်ရပ်ကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်နှင့် နိုင်ငံသားများ အထူးသဖြင့် လူနည်းစုအုပ်စုပြည်သူများကို ကာကွယ်စောင့်ရှောက်နိုင်ရန်။

၎။ ကျွန်ုပ်တို့၏၀က်ဆိုက်၊ ဖေ့စ်ဘွတ်နှင့် မိုဘိုင်းအပ်တို့တွင် ဤ၀မ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးကိုရင်ဆိုင်နိုင်အောင် ဤအကြောင်းနှင့်သက်ဆိုင်သည့် ဖတ်ရှုနားဆင်စရာ အရင်းအမြစ်များကို တင်ဆက်ရန်လုပ်ဆောင်နေပါသည်။ ဤအထောက်အကူုပြုအရင်းအမြစ်များသည် ဖတ်ရှုသူများအတွက် နှစ်သိမ့်သက်သာမှု၊ ခွန်အားနှင့် မျှော်လင့်ခြင်းကို ဖြစ်စေပါမည့်အကြောင်း ဆုတောင်းပေးရန်။

၅။ ရင်ဆိုင်ရသောအခြေအနေများသည် Our Daily Bread အမှုတော်လုပ်ငန်းအတွက် ဧ၀ံဂေလိအသင်းတော်နှင့် ကာသိုလစ်အသင်းတော်များကို အစေခံနိုင်ပြီး ကျွန်ုပ်တို့ထုတ်ဝေထားသည့် စာအုပ်စာပေများနှင့် အခြားသောဆီလျော်ရာအရင်းအမြစ်များကို ဖြန့်ဝေခွင့်ရရန်။

ဆက်လက်ဆုတောင်းပါဝင်ခြင်းအတွက် ကျေးဇူးတင်လျက်

နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်း

We received a sad update from Our Daily Bread coworkers in Sri Lanka: The evangelical church that was attacked in Batticaloe is a recipient of our Sponsor-a-Book project. 27 people were killed in that particular attack.

While we thank the Lord for His protection over our office staff and family, we and the church in Sri Lanka are all in a state of shock as this has been the biggest attack on Christians (Catholics & non-Catholics) who are the minority religious group of 7.4% of the total population.

We would appreciate specific prayers:

1) For those who have lost their loved ones & those affected physically and mentally that they would find God's comfort.

2) The Church would react to this in love and wisdom.

3) The Government & authorities will bring the situation under control soon and provide protection to its people especially the minority groups.

4) We are in the process of making available through our website, Facebook, & mobile app 2 Our Daily Bread resources for coping with tragedy. Pray that these resources will be a source of comfort, strength and hope to those who read.

5) Also pray that this situation will open doors for Our Daily Bread to serve both the Evangelical and Catholic churches as we seek opportunities to make the print version of the above resources distributed, together with other appropriate resources.

Thank you for your continued prayers!

Our Daily Bread Ministries