၁၉၃၆ ခုနှစ်တွင် တေးရေးဆရာ ဘီလီ ဟေးလ် က “ The Glory of Love” ခေါင်းစဉ် ရှိသည့် လူကြိုက်များပြီး ပေါက်သွားသည့်သီချင်းကို အသံလွှင့်ဖြန့်ချိခဲ့သည်။ မကြာပါ။ သူတစ်ပါးအတွက် မေတ္တာဖြင့်ပြုသည့် အမှုငယ်အတွက် ဝမ်းမြောက်ရခြင်းအကြောင်း စပ်ဆိုထားသည့် ထိုသီချင်းကို တစ်နိုင်ငံလုံးက သီဆိုခဲ့သည်။ အနှစ် ၅၀ ကြာပြီးနောက် တေးရေးဆရာ ပီတာ စက်ထရာက အလားတူခေါင်းစဉ်ဖြင့် သာ၍ကြည်နူးဖွယ်ကောင်းသည့် သီချင်းကို ရေးစပ်ခဲ့သည်။ ထိုသီချင်းတွင် လူနှစ်ဦးတို့ တစ်သက်လုံး အတူတူနေထိုင် သက်ရှင်သည်၊ အချင်းချင်းသိနားလည်ကြသည်၊ ချစ်မေတ္တာ၏ တင့်တယ်ခြင်းအသရေ အလို့ငှာ သူတို့ ထိုသို့ပြုခဲ့ သည်ဟု တေးရေးဆရာက စိတ်ကူး ပုံဖော်ထားသည်။

သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်ဖြစ်သည့် ဗျာဒိတ်ကျမ်း၌ တစ်နေ့သောအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေတွင် လူတိုင်း အသံလွှင့်သီဆိုကြမည့် အချစ်သီချင်းအသစ်တစ်ပုဒ်ကို ဖော်ပြထားသည် (ဗျာ ၅း၉၊ ၁၃)။ သို့သော်လည်း တေးသီချင်းက ညည်းတွားခြင်း ဘယ်သံနှင့် အစပြုထားသည်။ နောက်ခံစကားပြောသူရှင်ယောဟန်က လောကကြီး၏ မှားယွင်းချွတ်ချော်မှု မှန်သမျှအတွက် အဖြေမရှိသည်ကို မြင်ရ၍ ငိုကြွေးသည် (း၃-၄)။ သို့သော် ရှင်ယောဟန်သည် စစ်မှန်သော ဘုန်းတန်ခိုးတော်နှင့် မေတ္တာစစ်အကြောင်းကို သိလိုက်ရသောအခါ သူ့စိတ်အခြေအနေက လင်းလက်တက်ကြွလာပြီး တေးသွားအရှိန် တဖြည်းဖြည်း တက်လာသည် (း၁၂-၁၃)။ မကြာမီမှာပင် ကျွန်ုပ်တို့ကိုကယ်ရန် သိုးသူငယ်ပမာ (း၁၃) မိမိကိုယ်ကို ချစ်မေတ္တာစိတ်နှင့် စွန့်လွှတ်ပူဇော်ခြင်းဖြင့် သားသမီး တို့၏နှလုံးသားကို အပိုင်သိမ်းခဲ့သော၊ တန်ခိုးကြီးသော ယုဒရှင်ဘုရင် ခြင်္သေ့အား (း၅) ဖန်ဆင်းခံ အရာအားလုံးမှ ချီးမွမ်းသီဆိုသံကို ရှင်ယောဟန် ကြားလိုက်ရသည်။

ကျွန်ုပ်တို့ စိတ်အထိတွေ့ရဆုံး သီချင်းစာသား၌ ရိုးစင်းသောအကြင်နာ မေတ္တာ ပြခြင်းသည်ပင်လျှင် သီချင်းဖွဲ့ စပ်ဆိုထိုက်ကြောင်း တွေ့ရသည်။ ကျွန်ုပ်တို့သီကျူးသည့် ဘုန်းတော်က ကျွန်ုပ်တို့ဘုရားသခင်၏နှလုံးသားကို ထင်ဟပ်ပြသနေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ ကျူးအေးစရာသီချင်းကို ပေးသနားသည့်အတွက် ကိုယ်တော့် အကြောင်းကို ကျွန်ုပ်တို့ကျူးအေးရခြင်းပင် ဖြစ်တော့သည်။ MART DEHAAN