ယုံကြည်မှုထုတ်ပြန်ချက်

            သမိုင်းတွင်သော တမန်တော်များ၊ နိစိန်ယုံကြည်ချက်နှင့်အတူ၊ ကျွန်ုပ်တို့သည်

  • ဓမ္မဟောင်းနှင့် ဓမ္မသစ် နှုတ်ကပတ်ကျမ်းစာတော်သည် ထာဝရဘုရားမှုတ်သွင်းထားကာ၊ မူလစာမူ၌ အမှားကင်းပြီး၊ ဖန်ဆင်းခြင်း၊ လူသားကျဆုံးခြင်း၊ ရွေးနုတ်ကယ်တင်ခြင်း၊ မူလအဆင့်သို့ပြန်ရောက်စေခြင်းဆိုင်ရာ ဖွင့်ပြတော်မူခြင်းနှင့် သခင်ယေရှုခရစ်တော်၌ ပြီးပြည့်စုံစေခြင်းဟု ယုံကြည်သည်။
  • ကျွန်ုပ်တို့သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူကို ယုံကြည်သည်။
  • ကျွန်ုပ်တို့သည် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်၊ ခမည်းတော်ဘုရားကို ပြည့်စုံစွာဖွင့်ပြသော သခင်ယေရှု အပျိုကညာမှ မွေးဖွားပြီး၊ အပြစ်ကင်းသောဘ၀၊ စွန့်လွှတ်သော အသေခံခြင်း၊ ခန္ဓာနှင့် ရှင်ပြန်ထမြောက်ပြီး ခမည်းတော်ဘုရားထံ တက်ကြွ၍ အားရအောင်ပွဲခံကာ ပြန်လာဦးမည်ဟု ယုံကြည်သည်။
  • လူသား၏ကျဆုံးခြင်းကြောင့် ကျွန်ုပ်တို့သည် ထာဝရသေခြင်းနှင့် အပြစ်မှ ကယ်တင်လွတ်မြောက်ရန်လိုအပ်ကြောင်း၊ ထာဝရဘုရားရှင်သည် သခင်ယေရှုအားဖြင့် ကယ်တင်လွတ်မြောက်ခြင်းကို ဖြည့်ဆည်းကြောင်း သခင်ယေရှုအား ယုံကြည်ပြီး အပြစ်မှ နောင်တရသူအားလုံး သခင်ယေရှုတစ်ပါးတည်းကြောင့်သာ စေ့စပ်ပြေလည်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်။
  • အပြစ်ဒဏ်စီရင်ခံရမည့် ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်၍ နောင်တရ အသစ်တဖန်မွေးဖွားခြင်းဖြင့် ဘုရား၏မိသားစုအတွင်း ရှင်သန်ပြီး သခင်ခရစ်တော်ကဲ့သို့ တိုးတက်ကြီးထွားကာ ဘုရားကို ကိုးစားယုံကြည်လျက်၊ အခြားသူများကို ကြင်နာမေတ္တာထားသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။
  • အသင်းတော်တစ်ပါးတည်းသည် ဒေသန္တရဆိုင်ရာ ဘုရားရှင်၏မိသားစုအားဖြင့်ပေါ်လွင်ကာ၊ သခင်ခရစ်တော်၌ တည်ရှိသူများနှင့်ဖွဲ့စည်းပြီး လူမျိုးတကာတို့ကို သခင်ခရစ်တော်၏ နောက်လိုက်တပည့်တော်များဖြစ်စေရန် အတူတကွမိန့်မှာ စေစားခြင်းခံခဲ့ရကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်။

သခင်ဘုရားသည် သူ၏ ဖန်ဆင်းခြင်းဆိုင်ရာ ၀မ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို ပြန်လည် ယခင်အတိုင်းဖြစ်စေရန် တဖန်ပြန်လာမည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။