လ - ဧပြီ 2013

ရိုးရှင်းစေပါ

အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲရာ၌ စတုတ္ထမြောက်သမ္မတ 'ဂျိမ်းစ် မက်ဒီဆင်' သည် အကျိုးဆောင်တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။ သူက ဥပဒေများအတည်ပြု ခြင်းနှင့်ပတ်သက်၍ “စာအုပ် အတွဲများလွန်း၍ မဖတ်နိုင်၊ ရှုပ်ထွေးလွန်းလှ၍ နားမလည်နိုင် မဖြစ်ပါစေနှင့်” ဟု သတိပေးခဲ့သည်။ ကျွန်တော် ဖတ်ဖူးသည့် အစိုးရလျှောက်လွှာ ပုံစံများကို ကြည့်ပြီး ၄င်းသတိပေးချက်ကို ပိုအလေးထားရန် လိုကြောင်း တွေးမိသည်။
တစ်ခါတစ်ရံ ဧဝံဂေလိသတင်းစကားကို ဝေမျှရာ၌ လိုသည်ထက်ပို၍ ရှုပ်ထွေးအောင် ကျွန်တော်တို့ လုပ်မိတတ်သည်။ သမ္မာကျမ်းစာ ၌ သတင်းကောင်းကို ရှင်းလင်း၍နားလည် လွယ်အောင် ဖော်ပြထားခြင်းက ကျွန်တော်တို့ အတွက် ဝမ်းသာစရာပါ။ သခင်ယေရှုက ပညာတတ်ဖာရိရှဲ နိကောဒင်အား “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင်…

ရည်မှန်းချက်ထားခြင်းက မှားသလား။

ရည်မှန်းချက်ထားခြင်းက မှားသလား။ အကောင်းဆုံးရအောင် ကြိုးစားခြင်းက မှားသလား။ မိမိ၏ပန်းတိုင်နှင့် မိမိကို တွန်းအား ပေးသောအရာသည် ဘုရားဘုန်းတော် ထင်ရှား စေရန်လား၊ မိမိကိုယ်ကျိုးအတွက်လားဆိုသည့် အပေါ်တွင် မူတည်၍ မှားသော ရည်မှန်းချက်နှင့် မှန်သော ရည်မှန်းချက်ကို ဖြစ်စေသည်။
၁ သက် ၄း၁ ၌ ရှင်ပေါလုက ခရစ်ယာန်များအား ဘုရားသခင်နှစ်သက်သော အသက်တာဖြင့် ဘဝရှင်သန်ရန် တိုက်တွန်းထား သည်။ လူအချို့က ကယ်တင်ခြင်းသို့ရောက်ပြီး ရုတ်ခြည်းအသက်တာ ပြောင်းလဲခြင်းကို ဘုရား နှစ်သက် ကျေနပ်သည်။ အချို့မှာမူ ၄င်းတို့၏ အသက်တာအစပိုင်း၌ လွဲချော်မှုများ၊ အဖုအထစ် များနှင့် စခဲ့ပြီး အဆင့်ဆင့်ပြောင်းလဲခြင်းမျိုးဖြစ်သည်။ ပြောင်းလဲမှုက ချက်ချင်းဖြစ်စေ၊ ဖြည်းဖြည်းချင်း ဖြစ်ပေါ်သည်ဖြစ်စေ ခရစ်ယာန်များသည် ဘုရားသခင်၏ပန်းတိုင်ကို ဖြည့်ဆည်းရန်ဖြစ်ပြီး တကိုယ်ကောင်း မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ရန် မဟုတ်ပါ။
အလုပ်ခွင်၌ ထူးခြားပြောင်းလဲခြင်းသည် အခြားသူများကို…

သင့်၏တံဆိပ်ကိုစောင့်ရှောက်ပါ

နာမည်ကြီးတံဆိပ်နှင့် အဝတ်အစားများ ရောင်းချသူတို့သည် ၎င်းတို့၏ဆိုင်၌ မော်ဒယ်များ ကဲ့သို့ ထိုအဝတ်အစားကို ဝတ်ဆင်၍ကြော်ငြာ သည့် အရောင်းဝန်ထမ်းများကို လိုအပ်သည်။ ထိုသို့ကြော်ငြာခြင်းကို “တံဆိပ်ကို စောင့်ရှောက် ခြင်း” ဟုခေါ်သည်။ ထိုသို့ပြုလုပ်ရသည့် နောက်ကွယ်မှ ရည်ရွယ်ချက်မှာ ဝယ်သူသည် ထိုသို့ ဝတ်ဆင်ထားသူများကို မြင်ရခြင်းဖြင့်၊ သူတို့ နည်းတူ လှချင်စိတ်ဖြစ်ပေါ်ပြီးအဝတ်အစား ဝယ်ယူမည့် အလားအလာ ပိုများခြင်းကြောင့် ဖြစ်သည်။
ဝယ်ယူသူကို ဦးတည်ဆွယ်နေသည့် ယနေ့ အချိန်အခါတွင် လှပသူများ ဝတ်သည့် အဝတ်ကို လိုက်ဝတ်ခြင်းဖြင့် လူအများ၏လက်ခံမှု၊ နှစ်သက်မှုကို “ဝယ်ယူ၍” ရနိုင် သလိုလို၊ ထိုအတွေးဝင်သွားရန် လွယ်လှသည်။ မိမိပုံစံက ကြည့်ကောင်းနေလျှင် လူတို့နှစ်သက်မည်ဟု ကျွန်ုပ်တို့ ယုံကြည်လက်ခံအောင် ရောင်းချသူများက ဆွယ်မည်ပင်။
မိမိကိုယ်ကို ဆွဲဆောင်မှုရှိအောင် လုပ်ခြင်းဖြင့် လူတို့ ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်လာအောင် လုပ်နိုင်သည်ဟုပင်…

I LOVE .....

ရေကူးကန်တစ်ခု၌ ကျွန်မတို့ဇနီးမောင်နှံ ရှိနေချိန်တွင် အနီးအနားမှ လူများ ကောင်းကင်သို့ ကြည့်နေကြ၍ ကျွန်မတို့ လိုက်ကြည့်မိရာ လေယာဉ်ငယ်တစ်စီးက မီးခိုးဖြင့် စာလုံးပုံဖော်နေသည်ကို တွေ့ရ သည်။ ကျွန်မတို့ ကြည့်နေစဉ် “I L.O.V.E” (ကျွန်ုပ်ချစ်သည်) ဟူသည့် စာလုံးပေါ်လာ သည်။ လက်ထပ်ခွင့်ပန်ခြင်း ဖြစ်မည်ဟု လူအများက ထင်ကြေးပေးကြသည်။ ဆက်၍ ကြည့်နေစဉ် I LOVE JE ဟူ၍ပေါ်လာရာ၊ “ငါ လောင်းရဲတယ်။ 'ဂျဲန် ဒါမှမဟုတ် ဂျက်စီကာ' ဖြစ်မယ်” ဟု မိန်းကလေးများ၏ ထင်ကြေး ပေးသံကြားရသည်။ သို့သော် JESUS(ယေရှု) ဖြစ်ပါသည်။ လေယာဉ်မှူးသည် သခင်ယေရှုကို သူချစ်ကြောင်း လူအများမြင်စေရန် ကြေငြာနေခြင်း ဖြစ်ပါသည်။
ကျွန်မ၏သူငယ်ချင်းတစ်ဦးမှာ “သခင်ဘုရား၊ ကိုယ်တော်ကိုကျွန်ုပ် ချစ်ပါ၏” ဟူ၍ သူ့ဆုတောင်းကို အဆုံးသတ်လေ့ရှိသည်။ “တို့အတွက်ကိုယ်တော် ပြုပေးတဲ့အမှုတွေအတွက်…

မမြင်ရသောအန္တရာယ်

ကျွန်တော် ငယ်စဉ်က ကြေကွဲစရာ အဖြစ်ဆိုးမှ ကျွန်တော်တို့မိသားစု သီသီလေး လွတ်မြောက်ခဲ့သည်။ ဓာတ်ငွေ့ပိုက်အပေါက် သေးသေးလေးမှ ဓာတ်ငွေ့ယိုစိမ့်ပြီး မီးဖို အပါအဝင် အသုံးအဆောင်ပစ္စည်းများကို မီးလောင်သည်။ တစ်အိမ်လုံး၌ မီးခိုးများ ဖုံးလွှမ်းနေ၍ အခိုးအငွေ့များကြား ကျွန်တော် တို့ မိသားစုမှာ ဘာလုပ်ရမှန်း မသိဖြစ်နေ သည်။ အိမ်နီးချင်းတစ်ဦးက အမှတ်မထင် ရောက်လာပြီး မကူညီခဲ့လျှင် ကျွန်တော်တို့ မိသားစုမှာ အန္တရာယ်ကြီးပြီး မမြင်ရသည့် ရန်သူကြောင့် သေဆုံးသွားနိုင်သည်။
ခရစ်တော်နောက်လိုက် ကျွနုပ်တို့သည် လည်း မမြင်ရသော အန္တရာယ်များ အဝိုင်းခံ နေရသည်။ စုံစမ်းသွေးဆောင်ခြင်း၊ အဆိပ်အတောက်၊ လူသားဖြစ်၍ အားနည်းချက်ရှိခြင်း စသည်တို့က ဘဝ အသက်တာနှင့် ပေါင်းသင်းဆက်ဆံမှုများကို အန္တရာယ်ပေးသည်။ သို့သော် ထိုမမြင်ရသည့် အန္တရာယ်များက ဓာတ်ငွေ့များကဲ့သို့ အပြင်မှလာခြင်း မဟုတ်ဘဲ၊ ကျွန်ုပ်တို့စိတ်နှလုံးအတွင်းမှ လာခြင်းဖြစ်သည်။ ရှင်ယာကုပ်က “မိမိတပ်မက်စိတ်…

စာလုံးသေးသေး

'မစ်စီ စူလီဗန်'က ရောင်းကုန် ပစ္စည်းများ နှင့်အတူ တွဲ၍ပါလာသော အာမခံ စာရွက် စာတမ်းများ၊ တာဝန်မခံကြောင်း စာချုပ်များနှင့် သဘောတူစာချုပ်များမှာ ဖတ်၍မရဟု မှတ်ချက်ပေးသည်။ ဖတ်ရှုသူများနားလည်၍ ကြိုးစားဖတ်ချင်စိတ် မရှိအောင် စာချုပ်မှ စာသားများကို တမင်စာလုံးသေးသေးဖြင့် ရိုက်နှိပ်ထားခြင်းပါ။ ထို့ကြောင့် လူအများက စာချုပ်တွင်ပါသော အချက်အလက်များကို ဖတ်လေ့မရှိပဲ လက်မှတ်ထိုးလေ့ရှိသည်။ ဆက်သွယ်ရေး ဘာသာရပ်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခတစ်ဦးက သူ၏စမတ်ဖုန်းအသစ်နှင့် တွဲ၍ပါလာသော စာမျက်နှာ(၃၂) မျက်နှာရှိ အာမခံစာရွက်စာတမ်းများကို ညွှန်ပြလျက် “ဖုန်းကုမ္ပဏီက ဒါတွေကို ဖတ်စေချင်လို့ ပေးတာမဟုတ်ပါဘူး” ဟုပြောသည်။
ထိုစာရွက်စာတမ်းများကဲ့သို့မဟုတ်ဘဲ “ထာဝရဘုရားသည် သူ၏ လူများအား ရှုပ်ထွေးပြီးလှည့်စားခြင်းမရှိ၊ ရှင်းလင်းသည့်နည်းများဖြင့် အစဉ်အမြဲ ဆက်သွယ်ရန်ရှာကြံသည်။” ကတိတော်ပြည်သို့မဝင်စားမီ ဣသရေလလူတို့အား မောရှေစကားပြောရာတွင် “ယနေ့ ငါမှာထားသော ပညတ်တရားတော်သည် သင်တို့နားမလည်နိုင်သော တရားစကားမဟုတ်၊ ..... အသက်ရှင်ခြင်း၊…

ဒဲနစ္စ်ဖစ်ရှာ

ဒဲနစ္စ်ဖစ်ရှာ သည် သခင်ယေရှုကို သူ၏ ကယ်တင်ပိုင်ရှင်အဖြစ် တောင်ပိုင်းကယ်လီဖိုးနီးယား အသင်းတော်ဝတ်ပြုခြင်းတစ်ခုတွင် လက်ခံခဲ့သည်။ သူက “ကျွန်တော်ဟာ ဆိုးဝါးတဲ့ အပြစ်တွေကျူးလွန်မှုအောက်မှာ ရှိခဲ့တယ်။ သခင်ယေရှုကို လက်ခံပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ အတွင်းထဲမှာ ရေချိုးချလိုက်ရသလို ခံစားရပါတယ်” ဟုပြောသည်။ သူဟာ “မူဒီဓမ္မကောလိပ်”မှာ ဧဝံဂေလိနှင့်တပည့်တော်စစ် ဖြစ်ခြင်းပါမောက္ခ(၈)နှစ်ဖြစ်ခဲ့ပြီး၊ ၁၉၉၈ မှာ အာဘီစီအမှုတော်သို့ဝင်ရောက်ခဲ့သည်။ Christian Courses.com ၏ စီမံအယ်ဒီတာအဖြစ် လက်ရှိအမှုဆောင်နေပြီး၊ အရွယ်ရောက်ကလေး (၂) ဦးနှင့် မြေးသားလေးတစ်ဦးရှိကာ၊ ဇနီးဂျဲနက်နှင့် မီရှီဂန်ပြည်နယ် “ဒီဝတ်” တွင်နေ ထိုင်လျက်ရှိသည်။

 

ဒေးဗစ်မက်ကက်စ်လဲန်

ဒေးဗစ်မက်ကက်စ်လဲန် သည် ၁၉၉၅ ခုနှစ်မှ စတင်၍ “နေ့စဉ်ခွန်အား” စာအုပ်အတွက် ရေးသားခဲ့သည်။ ထို့အပြင် လူအများအပေါ် လွှမ်းမိုးစေ့ဆော်မှုရှိသော ယုံကြည်သူများ၏ ဘဝဇာတ်လမ်း ဗီဒီယိုများကို ထုတ်လုပ်သော Day of Discovery ရုပ်/သံ၌လည်း၊ အလုပ် လုပ်သည်။ သူရေးသားသော Oswald Chambers: Abandoned to God နှင့် Eric Liddell: Pure Gold တို့ကို Discovery House Publishers မှ ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။ သူနှင့်သူ၏ ဇနီး လူအဲန် Luann တို့ ကိုလိုရာဒို စပရင်းစ်တွင် နေထိုင်ပြီး၊ ၄င်းတို့တွင် သမီး (၄)ဦး နှင့် မြေး (၆)ဦးရှိသည်။

 

ဒေးဗစ်စီ အဂ္ဂနဲာ

ဒေးဗစ်စီ အဂ္ဂနဲာ သည် အာဘီစီအမှုတော်မှ အနားယူပြီးဖြစ်သည်။ အမှုဆောင်စဉ်က သူသည် Discovery Digest နှင့် Compus Journal (ယခု Our Daily Journey) ၏ အယ်ဒီတာဖြစ်သည်။ ဒစ္စကာဗရီ စာစဉ်များစွာကို ရေးသားခဲ့ပြီး အာဘီစီအမှုတော်မြတ် ပုံနှိပ်ထုတ် ဝေခြင်းမျိုးစုံတွင် သူ၏ လုပ်ဆောင်ချက်များကို တွေ့မြင်နိုင်သည်။ သူသည် နှစ်ပေါင်းများစွာ စာရေးသားသော ကောလိပ်ပါမောက္ခဖြစ်ခဲ့ပြီး၊ ရုရှားနိုင်ငံ ဓမ္မကောလိပ်များတွင် အခါအားလျော်စွာ ဧည့်ပါမောက္ခတာဝန်ကို ထမ်းဆောင်ပျော်မွေ့ခဲ့သည်။ သူနှင့် သူ၏ဇနီးရှာလီတို့သည် အမေရိကန်ပြည်ထောင်စု မီရှီဂန် ဂရဲန်းရဲဖစ်စ်တွင် နေထိုင်သည်။