လ - ဧပြီ 2013

အာရ်ဘီစီသာသနာလုပ်ငန်း၏သမိုင်းကြောင်း

RBC သာသနာကို စတင်တည်ထောင်သူ M. R. De Haan သည် ဆရာဝန်တစ်ဦး ဖြစ်သည်။ နောက်ပိုင်းတွင် သင်းအုပ်ဆရာတစ်ဦးအဖြစ် အမှုတော်မြတ်၌ ပါဝင်ခဲ့သည်။ လေးနက် တည်ကြည်သောအသံနှင့် နှုတ်ကပတ်တော်ကိုတစိုက်မတ်မတ်သင်ကြားမှုတို့ကြောင့် ဆရာကြီးကို လူသိများထင်ရှားသည်။ နိုင်ငံအသီးသီးရှိ လူအပေါင်းတို့ ခရစ်တော်ကို ကိုယ်တိုင်ယုံကြည် လက်ခံပြီး၊ ခရစ်တော်၌ကြီးထွားရင့်ကျက်လာစေရေး ဆရာကြီးက ဤသာသနာလုပ်ငန်းတွင် သစ္စာခံ ဆက်ကပ်လုပ်ဆောင်ခဲ့ပါသည်။
ထို့ကြောင့် ၁၉၃၈ ခုနှစ်တွင် မီချီဂန်ပြည်နယ်အရှေ့ဘက်ရှိ ရေဒီယိုအသံလွှင့်ဌာန သေးသေးလေးမှ Detroit Bible Class လေး ပေါ်ပေါက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ၀ိညာဉ်ရေးရာ ဆရာဝန်ကြီးသည် ရာထောင်ချီသောနှုတ်ကပတ်တော်ဆာငတ်နေသူ သောတရှင်တိုင်း၏အိမ်သို့ ဖုန်းနှင့်ဆက်သွယ်ခဲ့သည်။
ဆရာကြီး၏ပြတ်သားသော၊ ခက်ထန်မာကျောသောအသံတို့ကြောင့် အသံလွှင့်လုပ်ငန်း နှင့်ပတ်သက်၍ အောင်မြင်မည့်အလားအလာမရှိသော်လည်း ရေဒီယိုအစီအစဉ်လေးမှာ ကြီးမားသော အကျိုးသက်ရောက်မှုဖြစ်ခဲ့သည်။ Dr. De Haan ၏ နှုတ်ကပတ်တော်၌ အဓိကအခြေပြုကာ…

ကျွန်ုပ်တို့၏တာဝန်နှင့် ရူပါရုံ

ကျွန်ုပ်တို့၏တာဝန် -

အသက်တာကိုပြောင်းလဲစေသည့် သမ္မာကျမ်းစာကို လူတိုင်း နားလည်ရမည်။ လူတိုင်း ရရှိစေရမည်။

ကျွန်ုပ်တို့၏ရူပါရုံ -
နိုင်ငံအသီးသီးရှိ လူမျိုးအပေါင်းတို့သည် ခရစ်တော်ကို ကိုယ်တိုင်သိကျွမ်းပြီး ခရစ်တော်နှင့် တိုး၍ရင်းနှီးသောအသက်တာကို ခံစားရရန်၊ ခရစ်တော်၏သဏ္ဌာန်နှင့်သာ၍ တူလာရန်၊ ခရစ်တော်၏မိသားစုဝင်များရှိသည့်အသင်းတော်၌ ပါဝင်၍အစေခံရန် ကျွန်ုပ်တို့ ရည်မျှော်မှန်းပါသည်။

နေ့စဉ်ခွန်အားလုပ်ငန်းအကြောင်း

အာရ်ဘီစီသာသနာလုပ်ငန်း၏သမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံအသီးသီးရှိ လူအပေါင်း တို့သည် ခရစ်တော်ကို ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီး ခရစ်တော်၌ ကြီးပွား ရင့်ကျက်သူများဖြစ်လာစေရေး ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ကြားပေးလျက်ရှိပါ သည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်ပေါက်ရောက်စေရေး နည်းလမ်းပေါင်းစုံဖြင့် ရနိုင်သမျှမီဒီယာ ပေါင်းစုံကို အသုံးပြုလျက် လုပ်ဆောင်လျက်ရှိကြောင်း ဤ၀က်ဘ်ဆိုက်၏စာမျက်နှာများ၌ မြင်ရပါမည်။ ကျွန်ုပ်တို့လုပ်ဆောင်သောနည်းလမ်းစုံလင်သကဲ့သို့ ကျွန်ုပ်တို့၏ပရိသတ်များ မှာလည်း လူအမျိုးမျိုးပါဝင်သည်။ သင်းအုပ်ဆရာ၊ အကြံပေးပညာရှင်များ၊ သာမန်အရပ်သား စသည်ဖြင့် လူအသီးသီးမှတဆင့်၊ အကျဉ်းထောင်၊ ကျောင်း၊ စီးပွားရေးလုပ်ငန်းစသည့် အဖွဲ့ အစည်းများမှတဆင့် မိသားစု၊ မိတ်ဆွေနှင့်အသင်းတော်များကို ဆက်သွယ်ထိတွေ့လုပ် ဆောင်နေပါသည်။
ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့ ဆက်သွယ်ထိတွေ့လိုက်သောသူများသည် သခင်ယေရှု၏ အမိန့်တော်နှင့်အညီ ဧ၀ံဂေလိသတင်းကောင်းဖြန့်ဝေရန် စွမ်းရည်အလင်းရှိသူများဟု မှတ်ယူပါ သည်။ ကျွန်ုပ်၏အဖိုး ဒေါက်တာ အမ်. အာရ်. ဒီဟန်းမှ အာရ်ဘီစီ သာသနာလုပ်ငန်းကြီးကို စတင်ခဲ့သည့်အချိန်မှစ၍ ဘုရားသခင်သည် တိုင်းတာမရနိုင်လောက်အောင် ကောင်းကြီးပေးခဲ့ ပါသည်။ အဖိုးချမှတ်ခဲ့သည့်…

မိတ်ဖွဲ့ခြင်း

မိတ်ဖွဲ့ခြင်းသည် ဘဝ၏ အကောင်းဆုံး လက်ဆောင်များထဲမှ တစ်ခုပါ။ မိတ်ဆွေစစ် များသည် ၎င်းတို့မိတ်ဆွေများ၏ ကောင်းကျိုး ကိုရှာသည်။(အကောင်းတကာ့ အကောင်းဆုံး အကျိုးမှာ ဘုရားသခင်အားသိရှိရန်၊ သူ့အား စိတ်နှလုံးအကြွင်းမဲ့ ချစ်ရန်ဖြစ်၏)။ ဂျာမန် သင်းအုပ်နှင့် အာဇာနည်တစ်ဦးဖြစ်သည့် “ဒဲထရစ် ဘွန်ဟော့ဖာ” က “မိတ်ဆွေဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုတော် သည် အခြားမိတ်ဆွေတစ်ဦးအတွက် မည်သို့ ရှိသည်ကို ရှာဖွေခြင်းပင်ဖြစ်သည်” ဟုပြောကြားခဲ့သည်။
ဒါဝိဒ်၏သူငယ်ချင်း ယောနသန်သည် စံချိန်မီ၊ စံပြဖြစ်သော မိတ်ဆွေဖွဲ့ ခြင်း၏ သာဓကတစ်ခုပင်ဖြစ်သည်။ “ရှောလု သူ့အားသတ်ရန်လာကြောင်း” (၁ ရာ ၂၃း၁၅) သိသောအခါ ဒါဝိဒ်သည် ဇိဖတော၌ ထွက်ပြေးပုန်းရှောင်နေရသည်။ ဒါဝိဒ်နှင့် တွေ့ရန် ယောနသန် ဟောရေရှ အရပ်သို့ သွားခဲ့သည်။ ဤနေရာတွင် ယောနသန်၏ ထူးခြားသည့်စိတ်ထားကို တွေ့ရှိရပြီး ဒါဝိဒ်အား ဘုရားသခင်ထံမှ ခွန်အားရယူရန်…

အစားထိုးခြင်းမရှိ

ဆန်ဒီယာဂိုမြို့ရှိ သားထံသွားလည်စဉ် “ရှဲဒိုးမောင်းထိန်း” အသင်းတော်မှ ဒေါက်တာ ဒေးဗစ်ယေရမိ၏တရားဟောချက်ကို သွား နားထောင်ရန် တနင်္ဂနွေနေ့ နံနက်တွင် သားအဖ နှစ်ဦး စောစောထ၍ ကားမောင်းသွား ကြသည်။ သို့သော် ထိုနေ့တွင် ဒေါက်တာ ယေရမိ တရားမဟောကြောင်း သိရသောအခါ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းက စိတ်ပျက်ခြင်းသို့ ပြောင်းလဲသွားသည်။ “အခြားသူတစ်ဦး”က အစားဝင် တရားဟောပါသည်။
ရက်သတ္တပတ် အတန်ကြာပြီးနောက် ဂရန်းရက်ပစ်ဒ်ရှိ ကျွန်ုပ်တို့ဇနီးမောင်နှံ ပါဝင်နေ သော အသင်းတော်တွင် တရားဟောရန် ကျွန်ုပ်ကို တာဝန်ပေးသည်။ ဝတ်ပြုသူများ၏ ရှေ့တွင်ရပ်၍ တရားဟောနေစဉ် ယခု ကျွန်ုပ် သည် “အခြားသူတစ်ဦး” ဖြစ်သည်ကို သဘောပေါက်မိသည်။ ဝတ်ပြုသူများက ကျွန်ုပ်မဟုတ်ဘဲ သင်းအုပ်၏တရားဟောချက်ကို နားထောင်ရန်လာခြင်း ဖြစ်သော ကြောင့် စိတ်ပျက်နေကြလိမ့်မည်။
အသက်တာတွင် မိမိအားကိုးအားထားရသည့် ရင်းနှီးကျွမ်းဝင်သူများ ထံမှ နှစ်သိမ့်ခြင်းကိုရှာဖွေချိန်များတွင် ကျွန်ုပ်တို့သည် တစ်ဦးမဟုတ်…