လ - ဩဂုတ် 2013

အစစ်အမှန်

အဖိုး၏ ထပ်ခိုးစင်ကို ရှင်းလင်းခြင်းက တစ်ခါတစ်ရံ အကျိုးဖြစ်စေသည်။ အိုဟိုင်းအို
ဒေသမှ လူတစ်ဦးမှာ အဖိုးသိမ်းထားသည့် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ဘေ့စ်ဘောကဒ် အတွဲလိုက်ကို တွေ့ရှိခဲ့ပြီး ဒေါ်လာ ၃သန်း တန်ဖိုးရှိသည်ဟု ရာပြတ်ဈေးပေါက်ခဲ့သည်။
ထိုကဒ်များ တန်ဖိုးမြင့်ရသည့်
အကြောင်းရင်းတစ်ခုမှာ ကောင်းစွာထိန်းသိမ်း
ထားခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ထိုကဒ်များ
၏ တန်ဖိုးအမှန်မှာ ပစ္စည်းအစစ်ဖြစ်ခြင်းကြောင့်
ပါ။ အတုဖြစ်နေပါလျှင် မည်မျှပင် ကောင်းမွန်နေ
ပါစေ ဘာမှတန်ဖိုးမရှိသော စက္ကူကဒ်များသာ
ဖြစ်မည်။
တမန်တော်ရှင်ပေါလုက ခရစ်ယာန်
ဘာသာတရားနှင့် စပ်လျဉ်း၍ ထိုသဘောအတိုင်း
ပြောထားသည်။ သခင်ယေရှု၏ထမြောက်ခြင်းသည် အမှန်အကန်မဟုတ်လျှင် ကျွန်ုပ်တို့
ယုံကြည်ခြင်းသည် တန်ဖိုးမရှိ၊ အတုအယောင်ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။ “ခရစ်တော်သည် ထမြောက်တော်မမူလျှင် ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ (၁ကော ၁၅း၁၄)”၊ “ခရစ်တော်သည် ထမြောက်တော်မမူလျှင်…

စွန့်စားလျက် ကယ်တင်ခြင်း

၁၈၃၈ ခုနှစ် စက်တင်ဘာ ၇ ရက်
နေ့က အင်္ဂလိပ်လူမျိုး မီးပြတိုက်မှူး၏ သမီး
ဖြစ်သူ ‘ဂရေ့စ်ဒါလင်’သည် သင်္ဘောပျက်ကို
ခြေရာခံမိပြီး၊ ရေထဲ၌ အသက်မသေဘဲ ကျန်နေ သူများ ရှိနေသည်ကို သိလိုက်ရသည်။ သို့နှင့် သူတို့သားအဖသည် လှိုင်းကြမ်းများကြား တစ်မိုင်
ခန့်မျှ လှေလှော်သွားကာ လူများကို ကယ်ဆယ်
ခဲ့သည်။ ‘ဂရေ့စ်’ ၏ ကရုဏာလွှမ်းသော နှလုံးသား နှင့် သူ့အသက်ကို ပဓာနမထားဘဲ လူများကို
ကယ်ရန် အားထုတ်ခဲ့မှုအတွက် သူ့အကြောင်းက ပြောစမှတ်တွင်ခဲ့သည်။
ရှင်ပေါလုကလည်း အခြားသူများကို ကယ်ဆယ်ရန် အန္တရာယ်ကိုမမှုဘဲ စွန့်စားခဲ့သည့် ဇနီးမောင်နှံ စုံတွဲတစ်တွဲအကြောင်း ပြောထား သည်။ သူနှင့်လုပ်ဖော်ဆောင်ဖက်ချင်း ပြစ်ကိလ နှင့် အာကုလတို့သည် “ငါ့အသက်အဘို့ မိမိတို့လည်းပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသားအသင်းတော်အပေါင်းတို့သည်…

အံ့သြလောက်စရာ ဂရုပြုမှုများ

ကျွန်တော့်ဇနီး ‘မာလင်း’ မူးတတ်သော ရောဂါအကြောင်း စာမူတစ်ပုဒ်ရေးသားခဲ့ပြီး ထို
စာမူပါလာသောအခါ မထင်မှတ်ဘဲ စာဖတ်သူများ
ထံမှ အားပေးမှု၊ မစမှုနှင့် အကြံဥာဏ်များစွာ
ရရှိခဲ့ပြီး အများစုက သူမ၏ ကောင်းကျိုး
အတွက် ဂရုစိုက်ပေးခြင်းပါ။ ထိုအားပေးမှုများကို
ကမ္ဘာတစ်ဝှမ်းအလွှာ အသီးသီးရှိ လူတို့ထံမှ
ရရှိခြင်း ဖြစ်ပါသည်။ ကျွန်တော့်ဇနီးအတွက် ပူပန်ပေးမှု၊ ဂရုစိုက်မှု မေတ္တာပြမှု အားလုံးကို ကျွန်တော်တို့ မတုံ့ပြန် မဖြေကြားနိုင်သည် အထိ များပြားလှသည်။ ‘မာလင်း’ ၏ ရုန်းကန်ရမှု အပေါ် ခရစ်တော်၏ခန္ဓာကိုယ်မှ အင်္ဂါချင်းတို့၏ တုံ့ပြန်စာနာကြပုံက အံ့သြလောက်ပါသည်။ ကျွန်တော်တို့ အလွန်ခံစားရပါသည်။ ကျေးဇူးတင်မိပါသည်။
အဓိကဆိုလိုရင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အလုပ်လုပ်ရမည့်ပုံစံကို ဖော်ပြခြင်း
ပါ။ ခရစ်တော်၌ ညီအစ်ကိုမောင်နှမချင်းအတွက် ပူပန်ဂရုပြုခြင်းက ကိုယ်တော်၏ မေတ္တာတော်ကို ကျွန်ုပ်တို့ခံစားခဲ့ရကြောင်း သက်သေပြနေသည်။
နောက်ဆုံးညစာစားပွဲ၌ သခင်ယေရှုက…

ထွက်မြောက်ရာလမ်း ထွက်ပေါက်

အနောက် ဗာဂျီးနီးယားပြည်နယ်၊ အပလေချီယန် ကုန်းမြင့်ကိုဖြတ်သွားသည့် အဝေးပြေးလမ်း အမှတ် (၇၇) ၌ ကုန်ကား တစ်သီတစ်တန်းကြီး တွေ့ရမည်။ ဤ ထွက်ပေါက်လမ်းက အမြင့်ပေ ၁၃၀၀ ခန့်တွင် ဖောက်လုပ်ထားပြီး၊ ခရီးအကွာအဝေး ၆ မိုင် ခန့်ရှိသည်။ မတ်စောက်ကွေ့ကောက်သော တောင်တက်လမ်းက မော်တော်ဆိုင်ကယ်စီးသူ
နှင့် အထူးသဖြင့် ကုန်ကားမောင်းသူများအတွက် ပြဿနာဖြစ်စေသည်။
အဝေးပြေးကားများအတွက် အဝေး ပြေး လမ်းမပေါ်၌ ထွက်ပေါက်လိုသကဲ့သို့၊ အတောမသတ် ထိန်းမရနိုင်သော ဇာတိ တပ်မက်စိတ်များက ကျွန်ုပ်တို့၏ ဝိညာဉ်ရေး ကောင်းကျိုးကို ခြိမ်းခြောက်လာသော် ကျွန်မတို့ ‘ထွက်ပေါက်’ လိုလေပြီ။ စုံစမ်း နှောင့်ယှက်ခြင်းများကြုံရစဉ်၊ စုံစမ်းခြင်းကိုခံရပ်နိုင်မည်အကြောင်း ........ ထွက်မြောက်
သောလမ်းကိုလည်း ဘုရားသခင် ပြင်ဆင်ပေးလိမ့်မည် (၁ကော ၁၀း၁၃)။ ဖြားယောင်းသွေးဆောင်မှုများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ငြင်းပယ်
နိုင်ရန် ကိုယ်တော်…

ကရုဏာတော်ဖြင့် ဝန်းရံလျက်ရှိသော

“ဤနှစ်တွင် ခေါင်းမာသောရောဂါဖြင့် အမျိုးသား ထောင်ပေါင်းများစွာ သေဆုံးကြမည်” ဟု အနီရောင်နောက်ခံ၌ အဖြူရောင်စာလုံးကြီး များဖြင့် ရေးထားသောကြော်ငြာဆိုင်းပုဒ်ကြီးကို
မကြည့်ဘဲမြင်နေရသည်။ စင်စစ် ၎င်းသည် လူလတ်ပိုင်းအရွယ် ယောက်ျားများက ပုံမှန် ဆေးစစ်မှုကို မပြုလုပ်ခြင်းကြောင့် ကာကွယ်နိုင် သောအခြေအနေရှိပါလျက် သေဆုံးရခြင်းကို ရည်ရွယ်သတိပေးခြင်းဖြစ်သည်။
ဆာ ၃၂ တွင် အပြစ်ကို ရိုးသားစွာ
ဝန်ချပြီး နောင်တရခြင်းဖြင့် အပြစ်ရောဂါကို ကုသဖြေရှင်း နိုင်ကြောင်း ဖော်ပြထားသည်။ အခန်းငယ် ၁ မှ ၅ တွင် အပြစ်ကိုဖုံးအုပ်ဝှက်ထားခြင်း၏ ပူလောင်နာကျင်မှုကို ဖော်ပြ
ထားပြီးမှ ဘုရားထံအပြစ်ကိုဝန်ချပြီး ခွင့်လွှတ်ခြင်းခံရသဖြင့် လွတ်မြောက်ပျော်ရွှင်ရခြင်းကို ပြသည်။
ထို့ပြင် ခက်ခဲသောအခြေအနေများတွင် သူ့ထံမှ အမအစနှင့် လမ်းပြမှုကိုရှာရန် ဘုရားက လိုလားကြောင်း (း၆-၈) “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်
လမ်းကို ပြညွှန်မည်။ သင့်ကို…

ချိန်ခွင်လျှာမှန်စေရေး.......

ပျိုးပင်လေးများကို တိုင်ထောင်ရမလား၊ ဒီအတိုင်းထားရမလား။ လွန်ခဲ့သောနွေက ပင်ပျို ပျိုးခဲ့စဉ် “မာလင်း” ကြုံခဲ့သော အခြေ အနေပါ။ အပင်ရောင်းသူက“တစ်နှစ်လောက် တိုင်ထောင်ပေး။ ဒါမှလေဒဏ်ခံနိုင်မယ်။ ပြီးမှ တိုင်ဖယ်လိုက်၊ အဲဒီအချိန်မှာ အမြစ်စွဲပြီး အပင်
သန်မယ်”ဟု ဆိုသည်။ သို့သော် အိမ်နီးချင်း တစ်ဦးက “တိုင်ထောင်ပေးတာက ကောင်းကျိုး ထက် ဆိုးကျိုးပိုဖြစ်စေတယ်။ အပင်ဆိုတာ အမြစ်သန်ဖို့ လိုတယ်။ အစမှာ အမြစ်မစွဲ မသန်ရင် တောက်လျှောက် မကောင်းဘူး။ ရေရှည်အတွက်ကြည့်ရင် တိုင်မထောင်တာ အကောင်းဆုံးပဲ” ဟု ဆိုသည်။
ပေါင်းသင်းဆက်ဆံရေး ရှုထောင့်မှ ထိုမေးခွန်းကို ဆင်ခြင်တွေးမိသည်။ လူတစ်ယောက်အမှားပြု၍ ဒုက္ခရောက်ပါက သူ့ကိုမစထောက်မခြင်းဖြင့် ဆိုးကျိုး ဖြစ်စေသလား။ သို့မဟုတ် သူ့အမှား၊ သူ့ရွေးချယ်မှု၏ အကျိုးဆက်ကို သူ့အား ခံစားစေလျက် သူ့ဖာသာသူ သင်ခန်းစာရပြီး ပြန်ရပ်တည်ရန် အခွင့်ပေးသလား။ ထိုသူ၏…

နောက်တစ်ခန်း

သာသနာပြုလေယာဉ်မှူး 'နိတ် စိန့်'
နှင့် အခြားလူ ၄ ဦးတို့သည် ၁၉၅၆ ခုနှစ်က အီကွေဒေါနိုင်ငံ၌ ဝေါင်ဒါနီလူမျိုးစု၏ သတ်ဖြတ် ခြင်းခံခဲ့ရသည်။ ထိုစဉ်က သူ့သား 'စတိဗ်' မှာ
၅နှစ်မျှသာရှိသေးသည်။ သို့သော်လည်း အသတ်
ခံရသည့် မာတုရများ၏ မိသားစုများက မေတ္တာနှင့် ခွင့်လွှတ်ခြင်းကိုပြခဲ့၍ ရလဒ်အဖြစ် ယခုတွင်
ဝေါင်ဒါနီလူမျိုးစု၌ ယုံကြည်သူများ တဖြည်းဖြည်း
တိုးပွားလာခဲ့ပြီ။
'စတိဗ်' ကြီးလာသောအခါ အီကွေဒေါ နိုင်ငံသို့ပြန်လာပြီး သူ့အဖေကိုသတ်ခဲ့သူ
'မင်းစေ' ဆိုသူနှင့် မိတ်ဆွေဖြစ်သွားသည်။ 'စတိဗ်'၏ ဘဝဆောင်ပုဒ်မှာ “သင့်ရာဇဝင်ကို ဘုရားသခင်အား ရေးသားစေပါ” ဖြစ်သည်။ “လူအများစုက ကိုယ့်သမိုင်းကြောင်း ကိုယ်ရေး လိုကြတယ်။ ပြီးမှ အမှားလုပ်မိတဲ့အခါ ဘုရားသခင်ကို ပြန်ပြင်ခိုင်းတယ်။ ဟိုးအရင်ကတည်းက ကျွန်တော့် သမိုင်းကို ဘုရားသခင်ကိုပဲ ပေးရေးဖို့ သန္နိဌာန်ချထားပါတယ်”ဟု 'စတိဗ်'…

ကျွန်ုပ်ဘက်၌

၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပွဲ၌ အားကစားမယ် 'ဘီ ဒေါက်ကလပ်စ်' သည် ရွှေတံဆိပ် ၂ ခုရရှိပြီးနောက် “ဘုရားက ဘယ်
တော့မှ မပျက်ကွက်ဘူး။ ကိုယ့်ဘက်မှာ အမြဲရှိ
တယ်” ဟု ကြွေးကြော်ခဲ့သည်။ ဤသို့ပြောတတ်သည့် အားကစားသမား များ၏ စကားကြောင့် တစ်ခါတစ်ရံအထင်လွဲစရာ ဖြစ်တတ်သည်။ အားကစားပြိုင်ပွဲ၌ ပြိုင်နေစဉ် မိမိဘက်၌ ဘုရား၏အမအစ ရှိသောကြောင့် ရှုံးစရာအကြောင်းမရှိဟု ယူဆနိုင်သည်။သို့သော် (ဆာ ၁၁၈း ၅-၆) အရ အဓိပ္ပါယ်
အမှန်ကို သိနိုင်ပါသည်။ ဆာလံ ဆရာက အောက်ပါအတိုင်း ရေးသားထားသည်။ “ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့သွင်းတော်မူ၏။ ထာဝရဘုရားသည် ငါ့ဘက်မှာရှိတော်မူသည်ဖြစ်၍ ကြောက်စရာ မရှိ။”
အချို့သော ဘာသာပြန်ချက်များတွင် “ထာဝရဘုရားသည် ငါနှင့်အတူ ရှိတော်မူ၏” ဟုဆိုထားသည်။…

အလင်း၏အကျိုးဆုကျေးဇူး

၁၆၀၀ ပြည့်နှစ် နှောင်းပိုင်းကာလများ အတွင်း `ဆာ ခရစ်တိုဖာ ရန်း‘ သည် လန်ဒန်
မြို့၌ ဘုရားကျောင်း ၅၀ ထက်မနည်း ဒီဇိုင်းဆွဲ
ဆောက်လုပ်ခဲ့သည်။ သူရေးဆွဲသည့် ဘုရား
ကျောင်း ဒီဇိုင်းများ၌ ထူးခြားချက် ၂ ချက် ရှိသည်။
ပထမအချက်မှာ ခန့်ထည် မြင့်မားသော အမိုးချွန်
ပုံစံဖြစ်ပြီး၊ ဒုတိယအချက်မှာ သူဆောက်သည့် ဘုရားကျောင်း၏ ပြတင်းပေါက်များတွင် ထိုခေတ်
က ခေတ်စားသည့် ရောင်စုံမှန်များအစား ကြည်လင်သော မှန်ကိုအသုံးပြုသည်။ “ဘုရား
သခင်က လူသားများကို ပေးသနားသည့် အကောင်းဆုံး လက်ဆောင်မှာ အလင်းရောင်
ဖြစ်သည်” ဟု သူ့ကိုအမွမ်းတင်သည့်အတိုင်း ၎င်းသည် မှန်အကြည်သုံးရသည့် သူ့ရည်ရွယ်
ချက်ပင်ဖြစ်သည်။ ဘုရားဝတ်ပြုစဉ် လူတို့အပေါ် အလင်းရောင်ဖြာကျစေခြင်းဖြင့် ထိုအလင်းဆုကျေးဇူးကိုခံယူခြင်း ဖြစ်သည်ဟု ဆရာကြီးက ယူဆသည်။
ကမ္ဘာဦးကျမ်းတွင်…

ကြိုက်သည်၊ နှစ်သက်သည်

အင်တာနက်ခေတ်တွင် ‘ပန်ဒိုရာ’ သည် အံ့ဖွယ် တေးဂီတလိုင်း တစ်ခုဖြစ်သည်။ ၎င်းတွင် မိမိကြိုက်သောသီချင်းများကို လိုသလို
ရွေးထုတ်စုစည်းနိုင်ပြီး ကိုယ်ပိုင်ရေဒီယို စခန်း လေး ဖန်တီးနိုင်သည်။ ပန်ဒိုရာမှ ထုတ်လွှင့်သော
သီချင်းများကို သင်ကြိုက်မကြိုက် လက်မထောင်
သည့်ပုံနှင့် လက်မချသည့်ပုံ တစ်ခုခုကို နှိပ်ပါ။ သင်ကြိုက်သည့် သီချင်းများ စုစည်းပြီးသား ဖြစ်သွားသည်။
တစ်ခါတစ်ရံ သမ္မာကျမ်းစာကိုလည်း ကျွန်ုပ်တို့ ထိုသို့ပြုတတ်ခြင်းက ဆိုးပါသည်။ လူအချို့က မိမိကြိုက်သည့်ကျမ်းပိုဒ်များကို ရွေးချယ်ပြီး ကျန်ကျမ်းချက်များကို အလေး
မထားပါ။ ဤနည်းဖြင့် မိမိအကြိုက်ကျမ်းပိုဒ်ကို ရွေးစုကြသည်။ ဆာလံဆရာက “နှုတ်ကပတ်တော် အလုံးစုံတို့သည် ဟုတ်မှန်၏” ဟုရှုမြင်သည် (ဆာ ၁၁၉း၁၆၀)။
တမန်တော်ရှင်ပေါလုကလည်း သင်းအုပ်ငယ် တိမောသေလေးအား “ထိုနှုတ်ကပတ်တော် ရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ... ကျေးဇူးပြုတတ်၏” ဟုပြောကြားခဲ့သည် (၂တိ ၃း၁၆)။
သခင်ယေရှုသည်လည်း…