လ - ဩဂုတ် 2013

ရန်လိုသောအတွေးများ

လွန်လေသော နှစ်ပေါင်းများစွာက ကျွန်တော်နှင့် ကျွန်တော့်အဖေသည် တက္ကဆက်
ပြည်နယ် ဘစ်ဘန် ဒေသတစ်လျှောက် ခြေလျင်
ခရီးကြမ်း ထွက်ခဲ့ဖူးသည်။ ယခင်က ထိုနေရာသည်
ခက်ခဲကြမ်းတမ်းသော ဒေသဖြစ်ပြီး ယခုမူကား အမျိုးသားဥယျာဉ်အဖြစ် အသွင်ပြောင်းခဲ့လေပြီ။
တစ်ညတွင် ကျွန်တော်တို့ ညအိပ် စခန်းချသည့် နေရာသို့ စုံတွဲတစ်တွဲသည် ၎င်းတို့၏ အဖော် ခွေးတစ်ကောင်နှင့်ရောက်လာပြီး အတူ စခန်းချသည်။ ကျွန်တော်တို့အနီးတွင် ရွက်ဖျင် တဲထိုးပြီး ခွေးကိုတဲငုတ်တိုင်၌ ချည်ထားသည်။ အချိန်အတော်ကြာသွားပြီးနောက် အဖေက ကျွန်တော့်ကိုလှုပ်နှိုးပြီး အမှောင်ထဲ ဓာတ်မီး
ထိုးကြည့်လိုက်ရာ ရန်လိုသော မြေခွေးအုပ်က
ခွေးကို ချောင်းမြောင်းမာန်ဖီနေသည်ကို တွေ့လိုက်ရသည်။ သို့နှင့် မြေခွေးများကို မောင်းထုတ်ပြီး ခွေးကို သူ့သခင်က ရွက်ဖျင်တဲထဲ ခေါ်သိပ်လိုက်ရသည်။ သို့သော်လည်း ကျွန်တော်တို့ တစ်ညလုံး ကြက်အိပ်ကြက်နိုး အိပ်ခဲ့ရသည်။
နောက်ပိုင်း (ဆာလံ ၅၉)…