မေတ္တာမျက်လုံးများ
မာ့ဆာလမ်၏ ရှိုးပွဲများကို လာရောက် ကြည့်ရှုသူများက သူသည် လူ့စိတ်ကို ဖတ်နိုင် သည်ဟု ထင်ကြသည်။ သို့သော် သူက ထိုသို့ မကြွေးကြော်ပါ။ သူသည် စိတ်ပညာရှင်မဟုတ်၊ မျက်လှည့်ဆရာလည်း မဟုတ်၊ လူကို အနီးကပ် လေ့လာသူသာဖြစ်သည် ဟုဆိုသည်။ စာရေး ဆရာမ ဂျဲနီဖာမူဆန် ကို သူက “ကျုပ်တို့နေတဲ့ ကမ္ဘာလောကကြီးမှာ အများအားဖြင့် မျက်မြင်မရ တဲ့အရာတွေရှိနေတယ်။ ကျုပ်တို့က ဂရုမစိုက်လို့ မမြင်တာပေါ့။ ကျုပ်က လူတွေထုတ်ဖော်ပြတဲ့ အရာကို အရမ်းအာရုံစူးစိုက်လို့ သိတာပါ” ဟု ပြောသည်။ (ကိုလိုရာဒို စပရင်း ဂေဇက်)
လူများနှင့်တွေ့ဆုံရာ၌ သခင်ယေရှုအနေဖြင့် ဘာကိုမြင်ခဲ့သနည်း၊ ၎င်းသည် စိတ်ဝင်စားစရာကောင်းပြီး မှတ်သားထိုက်သည်။ ထာဝရအသက်ကို ရှာနေသူ သူကြွယ်ငယ် တစ်ဦးနှင့် တွေ့ဆုံခြင်းအကြောင်းကို မဿဲ၊ မာကု၊ လုကာခရစ်ဝင်ကျမ်းများတွင် ဖော်ပြ ထားသည်။…
နောက်ဆုံးအခန်း
ကျွန်တော့်မိတ်ဆွေတစ်ဦးမှာ ဝတ္ထု ဖတ်တိုင်း နောက်ဆုံးအခန်းကို အရင်ဆုံးဖတ် သည်။ သူက“စာဖတ်နေတုံး စိတ်လှုပ်ရှားရတာမျိုး မဖြစ်ဖို့ ဖယ်ရှားတာလေ” ဟုပြောသည်။ ထို နည်းအတိုင်း ခရစ်ယာန်များလည်း (ကမ္ဘာကြီး၏) အဆုံး၊ နောက်ဆုံးအပိုင်းကို သိသောကြောင့် ရှုပ်ထွေးပွေလီသော လောကအလယ်၌ ငြိမ်သက်ခြင်း ဗဟို ဖြစ်ရပါမည်။ ဖျက်လိုဖျက်ဆီး အမှုများရင်ဆိုင်ရချိန်၌ တည်ငြိမ်အေးချမ်းနိုင်ပါ သည်။
တမန်တော် ရှင်ပေါလုက ဤ သဘောထားကို 'moderation' ဖြည်းညှင်းခြင်း (ဖိ ၄း၅) ဟုဖော်ပြထားသည်။ ထိုစကားလုံးက ဖိအားများကြားမှငြိမ်သက်ခြင်းဟု အဓိပ္ပာယ်သက်ရောက်သည်။ မျက်မှောက်ခေတ်၏ မငြိမ်သက်မှုများကြားမှပေါ်ထွက်လာသည့် ငြိမ်ဝပ်အေးဆေးသောခွန်အားကို ဆိုလို သည်။ တိုင်းနိုင်ငံများ ပြိုကွဲကျဆုံးမည်၊ မိတ်ဆွေများသစ္စာမဲ့မည်၊ အသင်းတော်များ ပျောက်ပျက်မည်။ သမုဒ္ဒရာရေပြင် မြင့်တက်လာပြီး တောင်များပြိုကျမည်။ သို့သော် ကျွန်ုပ်တို့မှာ ငြိမ်သက်အေးဆေးနေမည်။
သို့သော် ထိုငြိမ်သက်မှုကို မည်သို့ ထိန်းသိမ်းမည်နည်း။ “သခင်ဘုရားသည်…
နှစ်သက်ဖွယ်
လေယာဉ် စတင်ဆင်းသက်သည်နှင့် လေယာဉ်မယ်က လေယာဉ်ဆိုက်နေပြီဖြစ် ကြောင်းနှင့် ခရီးသည်များအတွက် လိုအပ်သည့် အချက်အလက်သတင်းများကို ယနေ့အတွက် အကြိမ် ၁၀၀၀ မြောက် ဖတ်ရွတ်သည်။ ကျွန်တော် တို့သွားမည့် ခရီးစဉ်ဆိုက်ရောက်ခြင်းအတွက် ဘာခံစားချက်မှမရှိ၊ စိတ်မဝင်စားပါ။ ထို့နောက် နွမ်းနွယ်ပြီး စိတ်ဝင်စားမှုမရှိသည့် လေသံဖြင့် “နှစ်သက်ဖွယ်အပေါင်းနှင့် ပြည့်စုံသောနေ့ ဖြစ်ပါ စေရှင်” ဟု အဆုံးသတ်လိုက်သည်။ ခြောက် ကပ်ကပ်လေသံနှင့် ထိုစကားလုံးက တစ်ခြားစီပါ။ နှစ်သက်ဖွယ်ဟု ဆိုသော်လည်း နှစ်သက်စရာ တစ်စက်မျှမရှိပါ။
တစ်ခါတစ်ရံ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ ဆက်ဆံရေးမိတ်သဟာယသည် လုပ်ရိုးလုပ်စဉ်ပျင်းရိဖွယ်၊ စိတ်မပါ၊ စိတ်မ၀င်စားဖြစ်နေတတ်သည်။ ခရစ်တော်အားဖြင့် အသက်ရှင်သော ဘုရားသခင်၏မိသားစုထဲသို့ အမွေစားအမွေခံဝင်ရောက်ခွင့်ရပါ သော်လည်း ထိုအဖြစ်မှန်ကြောင့် ဖြစ်သင့်သော အံ့သြစရာ၊ နှစ်သက်စရာ မရှိသလောက် ဖြစ်နေပုံရသည်။
မိမိခံစားရသော ဆင်းရဲခြင်းများကြောင့် ယောဘက ဘုရားသခင်ကို မေးခွန်း ထုတ်သည်။ သို့သော်…
ထာဝရဘုရားကို မျှော်လင့်စောင့်စား
ဆက်သွယ်ရေး အမျိုးစုံလင်လှသည့် မျက်မှောက်ခေတ်တွင် အခြားသူ၏တုံ့ပြန်မှုကို စောင့်နားထောင်ရန် ကျွန်ုပ်တို့စိတ်မရှည်ခြင်းက ရယ်စရာကောင်းသည်။ ကျွန်တော့်အသိတစ်ဦး မှာ သူ့ဇနီးထံ အီးမေးလ်ပို့ပြီး ဇနီး၏ပြန်စာကို သူမစောင့်နိုင်ဘဲ ဖုန်းခေါ်လိုက်သည်။
တစ်ခါတစ်ရံ ဆုတောင်းခြင်းအဖြေကို ချက်ချင်းမရသည့်အတွက် ဘုရားသခင် အဖြေ မပေးတော့ဟု ခံစားရသည်။ အများအားဖြင့် ကျွန်ုပ်တို့၏သဘောထားက ဆာလံဆရာကဲ့သို့ ဖြစ်နေတတ်သည်။ “အို ထာဝရဘုရား၊ အလျင် အမြန် နားထောင်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ” (ဆာ ၁၄၃း၇)။
သို့သော် ကိုယ်တော်ကို စောင့်စား ခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ကြီးထွားလာအောင် ပြောင်းလဲပေးနိုင်သည်။ ဒါဝိဒ်သည် ဘုရင်ဖြစ်လာရေး နှစ်ပေါင်းများစွာ စောင့်ဆိုင်းရပြီး၊ ရှောလု၏အမျက်တော်ကိုလည်း ရှောင်ရှားရပါသည်။ “ထာဝဘုရားကို မျှော်လင့်လော့။ အားယူ၍ရဲရင့်သော စိတ်နှလုံး ရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့”(ဆာ ၂၇း၁၄)။ အခြားသော ဆာလံတစ်ခုတွင်လည်း “ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ…
မုန်တိုင်းထဲက ဘုရား
မနက်စောစောတွင် လေစတင်တိုက် ခတ်ပြီး မိုးစက်များက ကျောက်ခဲငယ်ပမာ တရစပ် ကျလာသည်။ အပြင်ဖက်သို့ ကြည့်လိုက်ရာ ညှို့ မှိုင်းသော ကောင်းကင်ကြီး၊ လေနှင့်အတူ လှုပ် ရမ်းနေသော သစ်ပင်များတွေ့ရသည်။ လျှပ်စီး ပြက် မိုးကြိုးပစ်၊ မီးက လာလိုက်မလာလိုက်နှင့် ဆိုးရွားသောရာသီဥတုက မည်မျှကြာမည်ကို မမှန်းဆတတ်ပါ။
မုန်တိုင်းစဲသွားသောအခါ နေ့တစ်နေ့ကို ကျမ်းစာဖတ်ခြင်းဖြင့် အစပြုရန် ကျမ်းစာအုပ်ကို ဖွင့်ဖတ်လိုက်သည်။ ယောဘဝတ္ထုမှကိုယ်တော်၏ တန်ခိုးတော်ကို ပြင်းထန်သော မုန်တိုင်း၏ အင်အားနှင့် နှိုင်းယှဉ်သောကျမ်းချက်ကိုဖတ်မိ သည်။ “အံ့ဖွယ်သောအချင်းအရာပါလျက် ဘုရား သခင်သည် အသံတော်နှင့် မိုးချုန်းတော်မူ၏” (၃၇း၅)။ “အလင်းကို လက်တော်နှင့် ကွယ်ကာ၍ တစ်ဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏” (၃၆း၃၂)။ “ဘုရားသခင်သည် အစွမ်း သတ္တိအားဖြင့် .... ထူးဆန်းတော်မူ၏” (၃၇း၂၃) ဟု ယောဘ၏မိတ်ဆွေ ဧလိဟုက မိန့်…
လတ်ဆတ်ကောင်းမွန်သော အစားအစာ
ကျမ်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ဖြစ်စေသော အစားအသောက်များ ဝယ်ရာတွင် ကျွန်တော့်ဇနီး မာတီသည် ဈေးဝယ်စေ့စပ်သူ ဖြစ်သည်။ ထုတ်ပိုးမှု မည်မျှပင်ကောင်းပြီး ဆွဲဆောင်မှုရှိနေပါစေ၊ ပါဝင်သည့်ပစ္စည်း အမယ် ကို စစ်ဆေးကြည့်သည်။ အစားအသောက် တာရှည်ခံရန် ထည့်သော ဓာတုဆေးဝါးများက အာဟာရ မဖြစ်၊ ထိုသို့သော စားသောက်ကုန်များ ဆိုလျှင် အသာချပြီး ကျမ်းမာရေးနှင့်ညီညွတ် သော သဘာဝထွက်ကုန်များကို ထပ်ရှာသည်။
သူဈေးဝယ်ပုံက ဘုရား ကျွန်တော်တို့ အသက်တာကို ရှာဖွေပုံနှင့်တူကြောင်း ကျွန်တော် မကြာခဏ စဉ်းစားမိသည်။ အပြင်ပန်း မည်မျှပင် ဆွဲဆောင်မှုရှိပါစေ၊ အတွင်းရှိအရာက အဓိကဖြစ်သည်။ သုတ္တံဆရာက “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် (သု ၄း၂၃)၊ စိတ်နှလုံးထဲ မည်သည့်အရာ ဝင်ရောက်နေရာယူသည်ကို ဂရုစိုက်ရန် သတိပေးထားသည်။ နှလုံးသား၌ လောဘစိတ်၊ မုန်တီးခြင်း၊ မိမိကိုယ်ကိုသနားခြင်း၊ အမျက်ထွက်ခြင်းနှင့် အခြားဆိုးညစ်မှုများရှိနေပါက…
ချစ်ခြင်းနှင့် သိခြင်း
ဂျွန်နသန် ဆာဖရန် ဖိုရာ၏ဝတ္ထု တစ်ခုတွင် ဇာတ်ကောင်တစ်ဦးက “နယူးယော့ အင်ပါယာစတိတ် အဆောက်အအုံကိုကျွန်တော် သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆောက် အအုံကို ကျွန်တော်ချစ်လို့” ဟုပြောသည်။
ထိုစကားကြောင့် ချစ်ခြင်းနှင့် သိခြင်း ကြား ဆက်စပ်မှုကို စဉ်စားမိသည်။ တစ်စုံတစ်ခုကို သဘောကျပြီဆိုလျှင် ထိုအရာနှင့်ပတ်သက်သမျှ အားလုံးကို သိချင်သည်။ နေရာဒေသတစ်ခုကို နှစ်သက်သွားပါက ထိုဒေသအနှံ့ သွားရောက် လိုသည်။ လူတစ်ဦးကို ချစ်မိပါက သူ့အကြောင်း အသေးစိတ် သိလိုသည်။ သူဘာကြိုက်လဲ၊ သူ ဘယ်လိုအချိန်ဖြုန်းတာလဲ၊ ဘယ်မှာကြီးပြင်းလာ လဲ၊ သူ့မိတ်ဆွေတွေက ဘယ်သူလဲ၊ သူဘာကို ယုံကြည်လဲ စသည်ဖြင့် သိလိုသည်။ သိချင် စိတ်က အတောမသတ်နိုင်။
သို့သော် လူအချို့က မိမိကိုယ်ကို အသိမခံလိုဘဲ၊ အချစ်သာခံလိုသည်။ မိမိအကြောင်းကို အမှန်အတိုင်း သိသွားပါက အချစ်မခံရတော့မှာ စိုးကြသည်။
ဘုရားနှင့်ပတ်သက်၍မူ…
အသစ်တစ်ဖန်
ခရစ္စ ဆင်းမ်ဆန်၏ ဘဝမှာ မုန်းတီးခြင်းများဖြင့် တောက်လောင်နေသည်။ ၎င်း၏သားဦးကို ဆုံးရှုံးလိုက်ရခြင်းကြောင့် သူ့ စိတ်ရှုပ်ထွေးပြီး ဒေါသထွက်သည်။ ထိုဒေါသ ကြောင့် လူမျိုးနွယ်စုများအပေါ်မဲပြီး သူ့ခန္ဓာကိုယ် ပေါ်၌ မုန်းတီးခြင်းပုံရိပ် ဆေးမင်ကြောင်များ ထိုး ထားသည်။
မုန်းတီးမှုများလွှမ်းနေသည့် သူ့ပုံစံကို သားငယ်က လုပ်ပြရာ၊ သူ့ကိုယ်သူ ပြုပြင် ပြောင်းလဲရန်လိုပြီဟု ဆင်းမ်ဆန် သိလိုက်သည်။ ရဲရင့်ခြင်းအကြောင်း ခရစ်ယာန်ရုပ်ရှင်တစ်ကား ကို သူကြည့်ခဲ့ရပြီးနောက် ဘုရားကျောင်းသို့ စတင်တက်ရောက်သည်။ တစ်လခန့်အကြာတွင် ခရစ်တော်နောက်လိုက်အဖြစ် ဗတ္တိဇံခံယူခဲ့သည်။ လူသစ်ဖြစ်လာပြီး မုန်းတီးမှုများကို နောက်ချန်ထားခဲ့ကြောင်း လက္ခဏာအဖြစ် ငွေကုန်ခံ၊ အနာခံကာ ဆေးမင်ကြောင်များကို ပြန်ဖျက်သည်။
ဤကဲ့သို့သောနက်နဲသည့် ပြောင်းလဲမှုအကြောင်း တမန်တော်ရှင်ပေါလုက ကောင်းကောင်းနားလည်သည်။ ယေရှုကို သူမုန်းပြီး၊ ယေရှုနောက်လိုက်များကို နှိပ်စက် ညှဉ်းပန်းသည် (တ ၂၂း၎-၅၊ ၁ ကော ၁၅း၉)။ သို့သော်…
ခရစ်တော်၌ ဘဝကို စတေးခြင်းနှင့် ဘဝကို ရှာဖွေတွေ့ရှိခြင်း
၁၉၉၇ ခုနှစ်တွင် မာသာထရီဇာ ကွယ်လွန်သွားရာ၊ သူက နှိမ့်ချစွာ ခရစ်တော်နှင့် လိုအပ်မှု များပြားသူများအတွက် အစေခံခဲ့ခြင်းကို လူအများအံ့သြခဲ့သည်။ Missionaries of Charity ပေးကမ်းစွန့်ကြဲခြင်း သာသနာလုပ်ငန်းအားဖြင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ချို့တဲ့ ဆင်းရဲသူများ၊ လူမမာများ၊ မိဘမဲ့များနှင့် သေလုမျောပါးဖြစ်နေသူများကို နှစ်ပေါင်း (၅၀) ခန့် သူအစေခံခဲ့သည်။
သူမကို တွေ့ဆုံမေးမြန်းပြီးနောက် ဗြိတိသျှ ဂျာနယ်လစ် မဲလ်ခမ်း မာဂျာရစ် က အောက်ပါအတိုင်း ရေးသားခဲ့သည်။ “ယနေ့တွင် မိမိ၏ဖြစ်တည်မှုအကြောင်းကို များစွာပြောဆိုနေကြသည်။ မိမိ၏ဖြစ်တည်မှုကို ရှာတွေ့နိုင်သည့် အရာပမာ ရှာဖွေကြသည်။ တွေ့ခဲ့သည့်တိုင် ၎င်းကို မပျောက်ပျက်အောင် ထိန်းသိမ်းတန်ဖိုးထားကြသည်။ စင်စစ် မိမိ၏ဖြစ်တည်မှုဟူသည် သုံးလေ ကြွယ်ဝလာလေဖြစ်သည်။ မာသာထရီဇာက သူ့ကိုယ်ကို စတေးခံသည်၊ လုံးပါးပါးစေသည်။ ဤသို့ဖြင့် သူ၏ဖြစ်တည်မှု ထွက်ပေါ် လာသည်။ သူ့လောက်…