သင်တန်းစခန်း
နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့နယ်မြေရှိ လူငယ်များက စိတ်ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့်အဖွဲ့မှဦးစီးသည့် “ကောင်းမွန်သူဖြစ်ပါ” ဆိုသည့် သင်တန်းကိုတက်ရောက် စခန်းဝင် ကြသည်။ ၂၀၁၂ ခုနှစ်က သင်တန်းတက်သည့် ကျောင်းသားပေါင်း ၆၀၀၀ ကျော်သည် “ကောင်းမွန်သူဖြစ်ပါ” ဟူသည့် စာတန်းကို ကျောင်းအားကစားကွင်း၌ သရုပ်ဖော်ကြသည်။ ကျောင်းအုပ်တစ်ဦးက “ကျောင်းသားတွေ အနေနဲ့ ရွယ်တူချင်းတွေကြားထဲမှာ မကြောက်မရွံ့၊ ဝမ်းမနည်း အားမငယ်၊ ကသိကအောက်မဖြစ်ဘဲ ကျောင်းကိုလာပြီး စာသင်ကြဖို့ ကျွန်တော်တို့ လိုလားတယ်။ ကျောင်းသားတွေ တစ်ဦးကို တစ်ဦး ဖျက်လိုဖျက်ဆီးမလုပ်ဘဲ အချင်းချင်းကို စိတ်ဓာတ်မြှင့်တင် ချီးမြှောက်ပေးအောင် ကျွန်တော်တို့အစွမ်းကုန် ကြိုးစားနေပါတယ်” ဟုပြောကြားခဲ့သည်။
ရှင်ပေါလုကရောမမြို့ရှိ အသင်းတော်မှလူများအား ပိုမိုမြင့်မားသော မေတ္တာ စံချိန်ထားရှိစေလိုသည်။ ယုံကြည်ခြင်းအားကြီးခိုင်မာသူနှင့် အားနည်းသူနှစ်ဖက်လုံးက တစ်ဦးနှင့်တစ်ဦးဝေဖန်စီရင်ပြီး မထီမဲ့မြင်ပြုနေကြသည်(ရော၁၄း၁-၁၂)။ အချင်းချင်းကို ဂရုမစိုက်ဘဲ မည်သည့်အစာကို စားသင့်မစားသင့် (း၂-၃)၊ မည်သည့်ပွဲတော်ကို စောင့်ထိန်းသင့်မသင့်(း၅-၆)…
ကောင်းမြတ် ကျက်သရေရှိသောနေ့
မနေ့က ကျွန်တော်အနှစ်သက်ဆုံး အားကစားအသင်းမှာ နောက်ဆုံးဗိုလ်လုပွဲစဉ် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆု အိပ်မက်အဆုံးသတ်သွား သည်။ ယနေ့ အလုပ်သွားရန် ကားပေါ်တက်စဉ် ရာသီဥတုအေးပြီး ထိုင်းမှိုင်းနေသည်။ ကျွန်တော် အကြိုက်ဆုံးအသင်း ရှုံးသွားခြင်းက အရေးကြီး သောကိစ္စ မဟုတ်ငြားလည်း ဝမ်းနည်းဖွယ် တနင်္လာနေ့ကို ဖြစ်စေခဲ့သည်။
သို့သော် ရေဒီယိုမှလာသည့် သီချင်း တစ်ပုဒ်ကြောင့် ကျွန်တော့်အမြင် ပြောင်းသွား သည်။ အဆိုတော် ကာစ်တင် ကရောင်းစ်၏ “Glorious Day” ကောင်းမြတ်လှသောနေ့ သီချင်း ဖြစ်သည်။ “တစ်နေ့မှာ သခင့်ကို ကရာနီကုန်းပေါ်ဆောင်ယူကာ ကားတိုင်မှာ သတ်ခဲ့တာ” ဘာခွန်အားမှ မဖြစ်ပါ။ “ပြင်းစွာဝေဒနာ ခံစားရသည်၊ စွန့်ပစ်ငြင်းပယ်ခံရသည်။” စာသားများက ဆိုးပါသည်။ သို့သော် ခရစ်တော်၏ ထမြောက်တော်မူခြင်း သတင်းကောင်း နှင့် သေခြင်းကိုအောင်ခြင်းအကြောင်းကို ဆက်၍သီကျူးသည်။
အဆိုးဆုံးနေ့မှ - ယေရုရှလင်တောင်ကြော နေ့ခင်းဖက်အမှောင်ကျချိန်မှ…
လမ်းလွဲသောစိတ်နှလုံး
နွားအုပ်တင်လာသော ထရပ်ကား တစ်စီးမှောက်သဖြင့် အဝေးပြေးလမ်းမတွင် နာရီ ပေါင်းများစွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ သည်။ နွားအုပ်လွတ်သွားပြီး အဝေးပြေးလမ်းမ တစ်လျှောက် ခြေဦးတည့်ရာ လျှောက်ပြေးသည်။ လမ်းလွဲသွားသော နွားအုပ်အကြောင်းသတင်းကို ဖတ်ပြီး မကြာခင်က ကျွန်မလေ့လာခဲ့သော ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၂ မှ ဘုရား သခင်ထံမှ လမ်းလွဲသွားသူများအကြောင်းကို စဉ်းစားမိသည်။
ဣသရေလဘုရင် ယေရောဗောင်မင်းသည် လူများကိုးကွယ်ရန် ရွှေနွားသူငယ်နှစ်ကောင်ကို ပြုလုပ်ခဲ့သည် (၃ ရာ ၁၂း၂၅-၃၂)။ သို့သော် ရွှေနွားကိုကိုးကွယ်ခြင်းက သူမှအစပြုခဲ့ခြင်းမဟုတ်ပါ။ ညှင်းပန်းနှိပ်စက်ခံရသော ကျွန် ဘဝမှ လွတ်မြောက်ပြီး ဘုရား၏တန်ခိုးတော်နှင့်ဘုန်းတော်ကို မြင်တွေ့ခဲ့ရသော်လည်း ဣသရေလလူတို့သည် မိမိစိတ်အလိုနောက်လိုက်ပြီး ဘုရားသခင်ထံမှလမ်းလွဲရန် အခွင့် ပေးခဲ့သည် (ထွက် ၃၂)။ သိနတောင်ပေါ်၌ မောရှေက ထာဝရဘုရားထံတော်မှ ပညတ်များကို လက်ခံယူစဉ် သူ့အစ်ကိုအာရုန်က ဘုရားသခင်၏လူများ ရွှေနွားရုပ်တု ပြုလုပ်ပြီး…
အဘယ်မျှကြာမည်နည်း
“ငုံးကို တောင်ပေါ်မှာ လိုက်၍ရှာ သကဲ့သို့” ရှောလုမင်းသည် ဒါဝိဒ်အား ၉နှစ်တာမျှ လိုက်လံချောင်းမြောင်းခဲ့သည် (၁ ရာ ၂၆း၂၀)။ “အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည် နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း။ ...အကျွန်ုပ်၏ရန်သူ သည် အဘယ်မျှကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း” (ဆာ ၁၃း ၁-၂) ဟု ဒါဝိဒ် ဆုတောင်းခဲ့သည်။
ကြာမြင့်စွာ ဆင်းရဲခံရလျှင် ကျွန်ုပ်တို့ စိတ်အနှောင့်အယှက်ဖြစ်ပြီး အဖြေချက်ချင်း လိုချင်သည်။ ဒုက္ခကို ခဏသာ ခံလိုသည်။ သို့သော် အချို့ကိစ္စများက ဖြေရှင်း၍မရဘဲ ခံနိုင်ရည်ရှိရှိ သည်းခံတုံ့ပြန်ရန်သာ ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့၏ ဒုက္ခပြဿနာများကို ဘုရားသခင်ထံ တင်ပြနိုင်သည်။ ကျွန်ုပ်တို့ ရုန်းကန်နေရချိန်များတွင် ကောင်းကင်ဘုံရှင်အဖက သူနှင့်ညှိနှိုင်းတိုင်ပင်စေလိုသည်။ အခြားသူအားလုံးထက် သူ၏သားသမီးများကို ကိုယ်တော်နားလည်သည်။ ကိုယ်တော်ထံ…
ပြီးပြီလား
ကမ္ဘာပေါ်ရှိ အရာရာတိုင်းသည် တဖြည်းဖြည်းနှင့် အဆုံးသတ်သွားပေရာ၊ ၎င်းက စိတ်ပျက်အားလျော့စရာပါ။ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်ရပြီး ထိုစာအုပ်ကို မပြီးစေချင် သလိုမျိုး၊ စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုကို အနည်းငယ် ပို၍ဆက်ကြည့်ချင်သလိုမျိုး ထို သို့သော စိတ်ပျက်စရာ ခံစားချက်ပါ။
သို့သော် ကောင်းသောအရာဖြစ်စေ၊ ဆိုးသောအရာဖြစ်စေ၊ အရာအားလုံးက အဆုံး သတ် စမြဲပါ။ စင်စစ်ဘဝအဆုံးသတ်ချိန်လည်း ရောက်လာစမြဲဖြစ်ပြီး တစ်ခါတစ်ရံ ထင်ထား သည်ထက် စော၍ ရောက်လာသည်။ ချစ်ခင်ရသူ တစ်ဦး၏ ခေါင်းတလားအနီးတွင် ရပ်လျက်၊ နှလုံးသား နာကျင်ခံစားရလျက်၊ ချစ်ရသူကို မသွားစေချင်၊ နိဂုံး မချုပ်စေချင်ပါ။
သို့သော်မျှော်လင့်ချက်မဲ့သော စိတ်ပျက်မှုများကြားထဲသို့ သခင်ယေရှု
ဝင်ရောက်လာခဲ့ပြီး၊ သူ၏အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မျှော်လင့်ခြင်းကို ကျွန်ုပ်တို့အတွက် ယူဆောင်ခဲ့၍ ကျေးဇူးတင်စရာပါ။ ကိုယ်တော်ကြောင့် “သေခြင်း”သည် ထာဝရအသက်ရှင်ရန် အစဖြစ်ခဲ့ပြီး၊ “ပြီးပြီ” ဟူသည့်စကားကို ဝမ်းမြောက်ခြင်းနှင့်…
အတားအဆီးမဲ့ အချစ်
မကြာသေးမီက ကျွန်ုပ်၏အိမ်နီးချင်း ၏အိမ်ဘက်မှ ငှက်တစ်ကောင်၏ သောကနှင့် အော်မြည်သံကို ကြားလိုက်ရသည်။ငှက်မကြီးက ငှက်ပေါက်စများကို အစာကျွေးရန် ကြိုးစားနေပြီး ငှက်သိုက်ဝတွင် ဖလင်ပြားတစ်ခု ကာနေသည်။ အိမ်နီးချင်းကို ပြောပြီးနောက် ဖလင်ပြားကို သူတို့ဖယ်ရှားလိုက်ပြီး အသိုက်နှင့်ငှက်ပေါက် လေးများကို လုံခြုံရာသို့ ပြောင်းရွှေ့လိုက်သည်။
အချို့ကိစ္စများတွင် မေတ္တာကို တားဆီးသဖြင့် နှလုံးသားကြေကွဲဖွယ်ကောင်းလှ သည်။ ကာလရှည်ကြာစွာ စောင့်စားခဲ့ရသည့် ဣသရေလတို့၏ မေရှိယခရစ်တော်သည် လူမျိုး တော်၏ငြင်းပယ်ခြင်းကိုခံရပြီး သူ့မေတ္တာတော်ကို တားဆီးသည်။ ကြက်မနှင့် ကြက်ကလေးများ၏ ဥပမာအားဖြင့် မေတ္တာကို လက်မခံလိုသူတို့၏ သဘောထားကို ကိုယ်တော်ဖော်ပြခဲ့သည်။ “အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌စုရုံး သကဲ့သို့ သင်၏သားတို့ကိုစုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလို မရှိ”…
COADE ကျောက်
လန်ဒန်မြို့အနှံ့တွင် Coade ကျောက်ရုပ် ထုများနှင့် Coade ကျောက်ဖြင့် ဆောက်လုပ် သည့် အရာဝတ္ထုများရှိသည်။ ၎င်းကို Eleanor Coade ဆိုသူက မိသားစုလုပ်ငန်း အဖြစ် ၁၇၀၀ ပြည့်နှစ်နှောင်းပိုင်းက တီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုဖန်တီးထားသောကျောက်တုံးများက အလွယ်တကူမပျက်စီးနိုင်ဘဲ အချိန်၊ ရာသီဥတု နှင့်လူသားကြောင့်ဖြစ်ရသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ခံနိုင်ရည်ရှိသည်။ ၎င်းသည်စက်မှု တော်လှန်ရေးကာလ၌ အံ့ဖွယ်ရာတစ်ခုဖြစ်ခဲ့ သော်လည်း အဲလ်နော သေပြီး ၁၈၄၀ ပြည့်နှစ် နောက်ပိုင်းတွင် ထုတ်လုပ်မှုကျဆင်းကာ Portland ဘိလပ်မြေက အစားထိုးဝင်လာသည်။ ထိုကဲ့သို့ အစားထိုးခံရသော်လည်း ကြမ်းတမ်းသော လန်ဒန်မြို့ ပတ်ဝန်းကျင် အခြေအနေ ကို နှစ်ပေါင်း ၁၅၀ ကျော် ခံနိုင်ရည်ရှိသော ခိုင်ခံ့သည့် Coade ကြွေ ကျောက်ပြားဖြင့် ဆောက်လုပ်ထားသော အရာဝတ္ထုဒါဇင်ပေါင်းများစွာကို ယနေ့တိုင် တွေ့နိုင်ပါသည်။
တမန်တော်ပေတရုက…
ကလေးဘဝ၏ အိပ်မက်များ
လွန်ခဲ့သောနှစ်များက ငါးတန်း ကျောင်းသားများအား လာမည့်အပတ်တွင် သခင် ယေရှုနှင့် တွေ့ရမည်ဆိုပါက မည်သည့်မေးခွန်း များ မေးမြန်းမည်ကို ပြင်ဆင်ထားကြရန် ပြောခဲ့ သည်။ အရွယ်ရောက်သူ လူငယ်လူကြီးများ အားလည်း ထိုနည်းတူ ပြင်ဆင်ရန် ပြောခဲ့သည်။ မေးခွန်းများ ကွဲပြားခြားနားပုံက အံ့သြစရာပါ။ ကလေးများ၏မေးခွန်းက ချစ်စရာကောင်းပြီး အချို့မေးခွန်းက ဖြေရခက်သည်။“ကောင်းကင်မှာ ဝတ်ရုံတွေဝတ်ပြီး တစ်နေ့လုံး သီချင်းဆိုရမှာ လား”၊ “ကျွန်တော့်ရဲ့ခွေးကို ကောင်းကင်ကို ခေါ်သွားလို့ရလား။” “ဝေလငါးက နောဧသင်္ဘော ရဲ့ အထဲမှာလား၊ အပြင်မှာလား။” “ကျွန်တော့်အဘိုးက ကောင်းကင်မှာ ကိုယ်တော်နဲ့ ဘာလုပ်နေလဲ။” သူတို့၏မေးခွန်း အားလုံးနီးပါးက ကောင်းကင်နိုင်ငံတည်ရှိကြောင်းနှင့် ဘုရားသခင်သည် သဘာဝကို ကျော်လွန်၍ လုပ်ဆောင်နိုင်ကြောင်းကို သံသယမရှိပေ။
သို့သော်လည်း အရွယ်ရောက်သူတို့၏ မေးခွန်းများက လုံးဝကွဲပြားခြားနား သည်။ “ဘာကြောင့် ကောင်းတဲ့လူတွေက အဖြစ်ဆိုးကြုံရတာလဲ။” “ကျွန်တော့်ရဲ့ ဆုတောင်းကို…
အစေ့နှင့်မြေ
ဖရုံသီးစိုက်ပျိုးရန် သင်ဝါသနာပါ ပါက Atlantic Giant စိုက်ပျိုးရေးအဖွဲ့မှ ဆုဆွတ်ခူးသွားသော ဒေးလ် ၏ ဖရုံမျိုးစေ့များ အကြောင်းကို သင်ကြားဖူးကောင်းကြားဖူးမည်။ ကနေဒါ လယ်တောတစ်ခုမှ အဆင့်မြင့်ထားသော ထိုဖရုံမျိုးများသည် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ် Quebec မြို့၌ စိုက်ပျိုးသော ဖရုံသီးတလုံးသည် အလေးချိန် ၁၈၁၈.၅ ပေါင် (၈၂၅ ကီလိုဂရမ်)ဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည်။ ထိုအရွယ်ရှိသည့် ဖရုံသီးဖြင့် အစာသွတ်မုန့် အခု ၁၀၀၀ခန့် ပြုလုပ်နိုင်သည်။ သတင်းထောက်များက ဤမျှကြီးမား သော ဖရုံသီးကို မည်ကဲ့သို့ စိုက်ပျိုးသနည်းဟု မေးမြန်းသောအခါ လယ်သမားများက မြေဆီလွှာကြောင့်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ကြသည်။ ဖရုံမျိုးစေ့များမှာ အမျိုးအစား အထူးကောင်းမွန်သော်လည်း မြေဆီလွှာလည်း ကောင်းရန် လိုအပ်သည်။ သို့မဟုတ်ပါက ဖရုံသီးများကြီးထွားမည် မဟုတ်ပေ။
ဘုရားသခင်၏ စကားတော်များအပေါ် လူတို့၏တုံ့ပြန်ပုံနှင့်…
အတိတ်ကို ရင်ဆိုင်ခြင်း
ထောင်တွင်း မိတ်သဟာယအဖွဲ့ကို တည်ထောင်သူ ချက် ကိုစန် သည် သခင်ယေရှု ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းကိုလူ အများကြားသိစေရေး၊ နားလည်စေရေး နှစ်ပေါင်း ၄၀ ကြာ လုပ်ဆောင်ခဲ့သည်။ ၂၀၁၂ ဧပြီလတွင် သူကွယ်လွန်သွားရာ သတင်းစာတစ်စောင်မှ “နစ်ဆင်အစိုးရ၏ လက်ကိုင်တုတ်၊ ဆိုးညစ် လှည့်စားသူ ချက် ကိုစန် - အသက် ၈၀ တွင် ကွယ်လွန်သည်”ဟု ခေါင်းစဉ်တပ်ပြီး သူ့ အကြောင်း ရေးသားခဲ့သည်။ ကယ်တင်ရှင်ကို မသိကျွမ်းမီဘဝက ဆိုးသွမ်းရက်စက်သော လုပ်ရပ်များပြုခဲ့ခြင်းကို စောင်းပေးရေးသားပြီး အသက်တာ နောက်ပိုင်းတွင် ယုံကြည်ခြင်းအားဖြင့် အလွန်ပြောင်းလဲခဲ့ကြောင်းကို ခွဲခြား၍ မဖော်ပြခြင်းက အံ့သြစရာဖြစ်သည်။
တမန်တော်ပေါလု၏ ပြောင်းလဲခြင်းနှင့် သူ၏ အစောပိုင်းသက်သေခံဟောပြော ခြင်းများကို တပည့်တော်တို့ သံသယဖြစ်ပြီး ကြောက်ရွံ့ခဲ့သည်။ သခင်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို သူဟောပြောသောအခါ လူများက “ဤသူကား၊ ထိုသခင်ကို…