လ - ဇူလိုင် 2014

လောကအတွက်ရေ

ကမ္ဘာကြီး၏ ၇၀%ကို ရေထုကြီးက ဖုံးလွှမ်းထားသော်လည်း ထိုပမာဏ၏ ၁% ကိုသာ လူတို့ သောက်သုံးနိုင်သည်။ သန့်ရှင်းသောရေ ရရှိခြင်း၌ ဘဝအသက်တို့တည်မှီနေ၍ ရေအရင်း အမြစ် ထိန်းသိမ်းရေး၊ သန့်ရှင်းသောရေ ရရှိရေးက ကမ္ဘာ့ဒေသ အများအပြား၌ အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်သည်။
အပြစ်၌ပျောက်ဆုံးသူ အမျိုးသမီး တစ်ဦးအား အသက်ကိုပေးသောရေ ပေးသနားရန် သခင်ယေရှုသည် သမားရိုးကျမဟုတ်သော နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သည်။ လူရိုသေ ရှင်ရိုသေ ရဗ္ဗိဆရာများအနေဖြင့် လုံးဝခြေချမည် မဟုတ်သော ရှမာရိမြို့သို့ သူတမင် သွားကာ၊ ထိုအမျိုးသမီးအား “သက်စမ်းရေ” အကြောင်း ပြောပြသည်။ " ငါပေးသောရေကို သောက်သောသူမူကား ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေ ဖြစ်လိမ့်မည်" (ယော ၄း၁၄)။
ထိုအသက်စမ်းရေသည် သခင်ယေရှုကိုယ်တိုင်ပင်ဖြစ်သည်။ သူ့ကို လက်ခံသူသည် ထာဝရအသက်ကိုရသည်…

မထင်ရှားသောအရပ်မှ မပေါ်လွင်သောလုပ်ရပ်များ

တစ်ခါတစ်ရံ၌ မထင်ရှားသည့်နေရာ၊ နောက်တန်းများမှ  မပေါ်လွင်သောလုပ်ရပ်များဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီသူများနှင့် ကျွန်တော် ဆုံမိတတ် သည်။ ထိုသူတို့သည် အထီးကျန်ခံစားရလျက် ၎င်း တို့၏လုပ်ဆောင်မှုများသည် မထင်ရှား အရာမဝင် ဟု အားငယ်စိတ်ဝင်ကာ စိတ်ဓာတ်ကျနေတတ် ကြသည်။ ၎င်းတို့စကားကို ကြားရသည့်အခါ ဆရာကြီး စီ အက်စ် လူးဝစ် ရေးသားသည့် "Out of the Silent Planet' မှ ကောင်းကင်တမန်တစ်ပါး အကြောင်းကို ပြန်ပြောင်း သတိရမိသည်။ ၎င်းက ''ငါ့လူတွေမှာ ပမာဏနဲ့ အရေအတွက်အကြောင်း ဘယ်တော့မှ မပြောဖို့ ဥပဒေသရှိတယ်။ အဲဒီတော့ ဘာမဟုတ်တဲ့ ပမွှားအရာကို မင်းလေးစားရမယ်။ တကယ်ကြီးမြတ်တဲ့အရာကို မျက်ကွယ် ပြုရမယ်'' ဟုပြောသည်။
တစ်ခါတစ်ရံ ခေတ်ယဉ်ကျေးမှုတွင် ပိုကြီးလေ ပိုကောင်းလေဟု ပြောတတ် ကြပြီး ပမာဏဆိုသည့်ပေတံဖြင့် အောင်မြင်မှုကို တိုင်းတာကြသည်။…

လုပ်ဇာတ်ကြီးလား စွန့်စားခန်းလား၊

ကျွန်တော့်အဘိုးက ပုံပြောကောင်းသူ ဖြစ်ပြီး ကျွန်တော်က ပုံပြင်ကြိုက်သူဖြစ်သည်။ ဘိုးဘိုး၌ ပုံပြင်နှစ်မျိုးနှစ်စားရှိသည်။ တစ်မျိုးက အမှန်တရား အငွေ့အသက် နည်းနည်းပါသော လိမ်ဆင်ထားသော လုပ်ဇာတ်ဖြစ်ပြီး၊ တစ်ခါ ပြောတိုင်း တစ်မျိုးပြောင်းသည့်ပုံပြင်ဖြစ်သည်။ `စွန့်စားခန်း´ ပုံပြင်ဆိုလျှင် ဖြစ်ရပ်မှန်ဖြစ်ပြီး၊ နောက်တစ်ခါပြောလည်း အကြောင်းအရာများ မပြောင်းလဲပါ။  တစ်နေ့တွင် အဘိုးက မည်သို့မှ ယုံနိုင်ဖွယ်မရှိသော ပုံပြင်တစ်ပုဒ်ကို ပြောပြသည်။ `လုပ်ဇာတ်ကြီးပါ အဘိုးရာ၊ ´ ဟု ကျွန်တော်ပြောရာ အဘိုးက `မဟုတ်ဘူး၊ ဒါက တကယ့်အဖြစ်မှန်ပဲ´ ဟု ပြန်ပြောသည်။ နောက်တစ်ခါ ထိုအကြောင်းကို ပြောရာ၌ အကြောင်းအရာများ ပြောင်းလဲမှုမရှိ သော်လည်း မဖြစ်နိုင်ခြင်းကြောင့် ကျွန်တော်မယုံနိုင်ခဲ့ပါ။
သို့နှင့် တစ်နေ့တွင် ရေဒီယိုအစီအစဉ်တစ်ခုကို နားထောင်ရင်းမှ အစီအစဉ် တင်ဆက်သူပြောသည့်အကြောင်းက အဘိုး၏ပုံပြင်မှန်ကန်ကြောင်း အတည်ပြုပေးလိုက် သည်။ ကျွန်တော့်အဘိုး၏လုပ်ဇာတ်ကြီးသည် တစ်ခဏချင်းတွင်းပင် အမှန်တကယ် စွန့်စားခန်းကြီး…

သက်ရှိတံတားများ

အိန္ဒိယနိုင်ငံ ချယ်ရာပန်ဂျိ ပြည်နယ်ရှိ လူများသည် သူတို့ဒေသတွင် မြစ်ချောင်းများကို ထူးခြားသော နည်းတစ်နည်းဖြင့် ဖြတ်ကူးကြသည်။ ၎င်းတို့က တံတားများကို ရာဘာပင်၏အမြစ်များ မှမွေးမြူဆောက်လုပ်ကြသည်။ ဤ အသက်ရှိသော တံတားများသည် တောင့်တင်းခိုင်မာရန်အတွက် ၁၀နှစ်၊ ၁၅နှစ်ကြာ အချိန်ယူရသည်။ သို့သော် ထို တံတားများ စိုက်ထူပြီးစီးသွားသောအခါ  အလွန် ခိုင်မာပြီး နှစ်ရာနှင့်ချီပြီး တာရှည်ခံသည်။
သမ္မာကျမ်းတွင်လည်း ဘုရားကို ယုံကြည် အားကိုးသောသူများကို `ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာအမြစ်ဖြာသောသူ´ (ယေ ၁၇း၈) နှင့် နှိုင်းယှဉ်ထားသည်။ အမြစ်များက အလွန်တရာ အာဟာရပြည့်ဝနေသောကြောင့် မြင့်တက်နေသောအပူရှိန်ဒဏ်ကို ခံနိုင်ရည် ရှိသည်။ မိုးခေါင်သောကာလ၌လည်း စိုးရိမ်စရာမရှိဘဲ အစဉ်အမြဲ အသီးကို သီးတတ်ပါ သည်။
အမြစ်ကောင်းစွာတွယ်နေသောအပင်ကဲ့သို့ ဘုရားသခင်အပေါ်၌ မှီခိုနေသော သူများသည် အဆိုးဆုံးသော အခြေအနေများကို မမှုဘဲ တည်ငြိမ်သည်၊ အားပြည့်…

ကြည့်ကောင်းတယ်

တစ်နေ့က ကားထဲ၌ ကျွန်မ၏နေကာ မျက်မှန်ကို စမ်းတပ်ကြည့်ပြီး ကျွန်မသမီးက
`ဒါနေကာမျက်မှန်မဟုတ်ဘူး၊ ဖက်ရှင်အလှတပ် မျက်မှန်ပဲ၊ အင်းသမီးမှန်းကြည့်လိုက်မယ်။ အမေနဲ့ လိုက်လို့ဝယ်ခဲ့တာမဟုတ်လား´ ဟု ကျွန်မကို နောက်လိုက်သည်။
ကျွန်မဝန်ခံပါသည်။ သမီးက ကျွန်မ အကြောင်းကို သိသည်။ ဤမျက်မှန်က ယူဗွီ နှင့် နေရောင်ခြည် ကာကွယ်ပေးမပေး ကျွန်မ မစဉ်းစား ခဲ့ပါ။ ကျွန်မနှင့်လိုက်ဖက်၍ ကြည့်ကောင်းသော ကြောင့် ကြိုက်ပြီး ဝယ်တပ်ခဲ့ခြင်းဖြစ်သည်။
ကျွန်မတို့အများစုက လူ့အမြင်၌ ကြည့်ကောင်းပုံပေါ်ချင်ကြသည်။ ရုန်းကန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သွေးဆောင်ခြင်း၊ နှလုံးသား နာကျင်ရခြင်းများ မကြုံရဘိသို့ အားလုံး အသားကျ အဆင်ပြေနေသည့်ပုံ ပေါ်လွင်စေချင်ကြသည်။
သို့သော် ဝိညာဉ်ရေး အသက်တာခရီးတွင် အပြင်ပန်း အပြစ်ကင်းစင်အောင် ထိန်းသိမ်းခြင်းက မိမိသာမက ခရီးသွားဖော်ချင်းတို့အတွက်ပါ အကျိုးမဖြစ်ပါ။ သို့သော် ခရစ်တော်၏ခန္ဓာ၌ မိမိဘဝကို အခြားသူများနှင့်ဝေမျှခြင်းက မိမိအတွက်ရော၊…

ချည်နှောင်ခြင်းခံနေရသလား

ဘိုသီးယက်စ်သည် ၁၆ရာစုနှစ်က အီတလီတော်ဝင် တရားရုံး၌ အထူးကျွမ်းကျင်သော နိုင်ငံရေးသမားအဖြစ် အမှုထမ်းခဲ့သည်။ သို့သော် အကြောင်းမလှစွာဖြင့် ဘုရင့်အမျက်တော်ရှပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် စွပ်စွဲခံရပြီး အကျဉ်းချခံ ခဲ့ရသည်။ သေဒဏ်ချမှတ်မည့်အချိန်ကို စောင့်ဆိုင်း နေရချိန်တွင် သူ၏ဆင်ခြင်ယူဆချက်၊ သုံးသပ်ချက် များကိုရေးရန် စာရေးကရိယာများကို တောင်းခံခဲ့ သည်။ နောက်ပိုင်းတွင် သူ၏ရေးသားချက်များမှာ နှစ်သိမ့် သက်သာခြင်းကိုပေးသည့် ဂန္တဝင် ဝိညာဉ်ရေးရာ စာပေများဖြစ်လာသည်။
ထောင်ထဲ၌ရှိနေစဉ် ဘိုသီးယက်စ်သည် မျှော်လင့်ချက်ကင်းမဲ့သောဘဝကို ဆင်ခြင်စဉ် ခရစ်တော်၌ရှိသော သူ၏ယုံကြည်ခြင်းက သူ့အမြင်ကို အသက်သွင်းပေးခဲ့သည်။ `စိတ်ပျက်စရာကိုတွေးရင် စိတ်ပျက်ရတာကလွဲလို့  စိတ်ပျက်စရာဆိုတာ မရှိခဲ့ပါဘူး။ အခြားတစ်နည်းနဲ့ပြောရမယ်ဆိုရင် ကျေနပ်ရောင့်ရဲနိုင်တဲ့သူဆိုရင် ပျော်ရွှင်နိုင်ပါတယ်´ ဟု သူဆိုခဲ့သည်။ ပြောင်းလဲသောအခြေအနေများအပေါ် မိမိရှုမြင်ပုံနှင့် ကျေနပ်ရောင့်ရဲမှု ရှိခြင်းသည် မိမိ၏ကိုယ်ပိုင်ခံယူ ရွေးချယ်မှုဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။
တမန်တော်ရှင်ပေါလုက အခြေအနေများအပေါ် ကျွန်ုပ်တို့ရှုမြင်သည့်အမြင် သည် ထိုအခြေအနေထက်ပို၍ အရေးကြီးကြောင်း…

စစ်မှန်သောသစ္စာ

ခန့်မှန်းချက်တစ်ခုအရ ကမ္ဘာတစ်ဝန်း၌ လေယာဉ်ဖြင့် မကြာခဏပုံမှန်ခရီးသွားသူများ စီးနင်းခဲ့သော မိုင်ပေါင်းမှာ သန်းပေါင်း ၁၄  သန်းမျှမကရှိကြောင်း တွေ့ရသည်။ ၁၉၈၀ ခုနှစ် ဝန်းကျင်မှစ၍  ခရီးသည်တစ်ဦးချင်းစီ စီးနင်းသည့် မိုင်ပေါင်းကို စုပေါင်းပြီး ၎င်းတို့ လေကြောင်းလိုင်းကို တစ်စိုက်မတ်မတ် အားပေး ခဲ့သည့် သစ္စာရှိမှုအတွက် ကုမ္ပဏီမှဆုချီးမြှင့်သည့် အစီအစဉ်များကို စတင်ခဲ့ကြသည်။ လေယာဉ် အခမဲ့စီးခွင့်၊ ပစ္စည်းလက်ဆောင်ရခြင်း၊ ဝန်ဆောင်မှု အခမဲ့ရခြင်း စသည် အကျိုးကျေးဇူးများ ခံစား ရသည်။ ထို့ကြောင့် နောက်ပိုင်းတွင် လူတို့သည် ၎င်းတို့ခရီးသွားရန် အစီအစဉ်ဆွဲလျှင် ရရှိမည့် ခံစားခွင့်နှင့် အထူးနှုန်းထားများကိုပါ တွက်ချက်စဉ်းစားလာကြတော့သည်။
တမန်တော်ရှင်ပေါလုသည်လည်း ပထမရာစုနှစ်က တက်ကြွထက်သန်စွာ မကြာခဏပုံမှန် ခရီးထွက်သူဖြစ်သည်။ သို့သော် သူက ခရီးသွားမိုင်များ စုမိရန် မဟုတ်ပါ။ သူ့ရည်ရွယ်ချက်မှာ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခြင်းအားဖြင့် ခွင့်လွှတ်ခြင်းနှင့် ထာဝရအသက်ရမည်ဟူသည့် သတင်းကောင်းကို…

တောင်ထိပ်ပေါ်မှ စပါးသီးနှံ

ကျွန်တော့်တစ်သက် အမေရိကန် နိုင်ငံရှိ တောင်ထိပ်ပေါင်းများစွာသို့ တက်ရောက် ခဲ့ဖူးသောကြောင့် တောင်ထိပ်၌ အပင်မပေါက်ဘဲ ပြောင်ချောသောကျောက်စိုင်နှင့် သစ်ကပ်မှော်ပင် များသာ ရှိကြောင်း ကျွန်တော် သက်သေထူနိုင် သည်။ ထိုနေရာ၌ သာမန်အားဖြင့် စပါးသီးနှံများစွာ ရှာတွေ့မည်မဟုတ်ပါ။
သို့သော် ဆာလံ ၇၂ ကို ရေးခဲ့သည့် ရှောလမုန်မင်းက ဘုရင်တစ်ပါးအနေဖြင့်သူမင်းလုပ် သည့်ကာလတွင် ထူးခြားသော  လက္ခဏာအဖြစ် ဘုရားသခင်ထံမှ ''တောင်ထိပ်ပေါ်မှ များစွာသော စပါးသီးနှံ" ကို တောင်းခဲ့သည်။ ၎င်းအချက်က သာမန်မဟုတ်ဟုဆိုလျှင် ရှောလမုန်မင်းကြီး ဘာကို ဆိုလိုသနည်း။ ဘာမှမျှော်လင့်စရာမရှိသည့် မြေ၌ပင်လျှင် ဘုရား၏တန်ခိုးတော်သည် အကျိုးအမြတ်ဖြစ်စေနိုင်ကြောင်းပြောခြင်းလား။
ဘုရား၏နိုင်ငံတော်အတွက် အနည်းငယ်သာပေးစွမ်းနိုင်သည့် အငယ်ဆုံးသူ တစ်ယောက်ဟု သင့်ကိုယ်သင် ထင်ချင်ထင်မည်။ အားယူ၍ရဲရင့်ပါ။ ဘုရားသခင် သည် သင့်အားဖြင့် များစွာသောအကျိုးကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် ယုံကြည်ခြင်း၏ ဆန်းကြယ်မှုများထဲမှ တစ်ခုဖြစ်သည်။…

အဆိပ်ဆူး၏ ပုံဆောင်ချက်

လွန်ခဲ့သော နှစ်(၅၀)ခန့်က ကျွန်တော့် ကို ပျားအုပ်လိုက်တုပ်သဖြင့် သူငယ်ချင်း`ဂျေး အယ်လီယော့´ ၏ အိမ်ရှေ့ တံခါးမှ ဖြတ်ပြေးဝင်ခဲ့သည်။ ထိုစဉ်က ဂျေး၏ အထိတ်တလန့်မျက်နှာကို ယနေ့တိုင် မြင်ယောင် ဆဲပါ။ သူ့အိမ်နောက်တံခါးမှ ထွက်ပြေးခဲ့၍ပျားများ လိုက်မလာတော့ပါ။ သို့သော် ဂျေး၏ အိမ်ထဲ၌ ပျားများကိုချန်ထားသကဲ့သို့ ဖြစ်သွားပြီး ခဏ အကြာတွင် ဂျေးလည်း အနောက်တံခါးမှပြေး ထွက်လာသည်။ ကျွန်တော်ခေါ်လာသည့်ပျားများ က သူ့ကိုလိုက်တုပ်လေပြီ။
ကျွန်တော်က ဆယ်ချက်ကျော်မျှ ပျားတုပ်ခံရပြီး ဘာမှမဖြစ်၊ အဆိပ်အနည်းငယ်သာ တက်သည်။ ဂျေးမှာမူ တစ်ချက်နှစ်ချက်မျှသာ အတုပ်ခံရသော်လည်း ဓာတ်မတည့်မှုကြောင့်  မျက်လုံးနှင့်လည်ချောင်းတို့ ရောင်ရမ်းလာသည်။ ကျွန်တော့်ကြောင့် သူငယ်ချင်းမှာ ပြင်းထန်သော နာကျင်မှုဝေဒနာ ခံစားခဲ့ရသည်။
၎င်းသည် ကျွန်ုပ်တို့ အချင်းချင်း ပေါင်းသင်းဆက်ဆံရေး၏ ပြယုဂ်ဖြစ်သည်။ မိမိ၏အပြုအမူသည် သခင်ခရစ်တော်ကဲ့သို့ မဟုတ်သောအခါ တစ်ပါးသူကို နာကျင်…

“ညှာတာမှုမဲ့”

ကျွန်မ၏ကားလေးကို `ညှာတာမှုမဲ့´ ဟု နာမည်ပြောင်ပေးထားသည်။  တနင်္ဂနွေနေ့မနက် ဆိုလျှင် ၎င်း၏ညှာတာမှုမဲ့ပုံက အဆိုးဆုံးဖြစ်သည်။ ဘုရားကျောင်းအတွက် လိုအပ်မည့်ပစ္စည်းများကို ကျွန်မကားပေါ်တင်ပြီး ကားထဲဝင်ထိုင်ကာ တံခါး ပိတ်လိုက်သည်။ ဂျေး က ကားကို ဂိုဒေါင်ထဲမှ နောက်ဆုတ်ထွက်လိုက်သည်။ ထိုင်ခုံပေါ်နေရာ ကျသည်နှင့် ထိုင်ခုံခါးပတ်က သတိပေးသံ စတင် ထွက်ပေါ်လာတော့သည်။ ထိုအချိန်တွင် ကျွန်မက `ကျေးဇူးပြု၍ ခဏလေးစောင့်ပါ´ ဟုပြောမိသည်။ သို့သော် ကျွန်မခါးပတ်မပတ်မချင်း ဆက်တိုက် မြည်နေသံက `မညှာတာနိုင်ဘူး´ ဆိုသည့် သဘောဖြစ်မည်ပင်။
လောက၌ ညှာတာမှုကရုဏာမဲ့နေမည် ဆိုလျှင် ဘဝအသက်တာများ မည်သို့ဖြစ်မည်ကို စိတ်ကသိကအောက်ဖြစ်ရသည့် အသေးအမွားကိစ္စလေးက သတိပေးနေသည်။ ကျွန်မတို့ အယောက်စီတိုင်းကို လက်လွတ်စပယ်ပြုမူပြောဆိုမှုများအတွက် ဖြေရှင်းရန် ချက်ချင်း ဆင့်ခေါ်ခံရမည်ဖြစ်သည်။ နောင်တရရန်၊ အကျင့်ပြင်ရန်၊ အချိန်ရတော့မည် မဟုတ်ပါ။ ကျွန်မတို့အတွက် ခွင့်လွှတ်ခြင်းမရှိ၊ သနားခြင်းမရှိ၊ မျှော်လင့်စရာလည်း မရှိတော့ပါ။…