လ - ဩဂုတ် 2014

အားဖြစ်စေသော စံနမူနာ

လွန်ခဲ့သော ၁၈ ရာစုနှစ် နှောင်းပိုင်းက ဥရောပနိုင်ငံသား သင်းအုပ်ဆရာများသည် မက်စဲချူးစက် ပြည်နယ်၌ ဆရာကြီး ဒီ အယ် မူးဒီ ၏ သမ္မာကျမ်းစာညီလာခံသို့ တတ်ရောက်ခဲ့ကြ သည်။ ဥရောပသားတို့၏ ထုံးစံအရ ၎င်းတို့အိပ်ယာ မဝင်မီ ၎င်းတို့၏ဖိနပ်များကို အခန်းအပြင်သို့ထုတ် ထားပြီး ဟိုတယ်ဝန်ထမ်းများက  သန့်စင်ပေးရန် ဖြစ်သည်။ ထိုအခြင်းအရာကို ဆရာကြီးတွေ့ပြီး ထိုထုံးစံကိုသိသောကြောင့် အခြားသူများကို ပြော ပြသည်။ သို့သော် မည်သူမျှမတုံ့ပြန်ဘဲ  ငြိမ်နေကြ သည်။ သို့နှင့် ဆရာကြီးက ဖိနပ်များကို  သူ့အခန်းသို့ ယူသွားပြီး သန့်စင်ပေးခဲ့သည်။ သူ့အခန်းသို့ မမျှော်လင့်ဘဲ သူငယ်ချင်းတစ်ဦးက ရောက်လာ သဖြင့် ဖြစ်ကြောင်းကုန်စင်သိလိုက်ရသည်။ ထို အကြောင်းက သတင်းပျံ့သွား၍ နောက်ညများတွင် အလှည့်ကျ ဖိနပ်တိုက်ကြတော့သည်။
ဆရာကြီး မူးဒီ ၏ နှိမ့်ချခြင်းပုံစံနှင့် ခေါင်းဆောင်မှုသည် အခြားသူများအတွက်…

ရိုးစင်းမှု၏ တန်ခိုး

အမေရိကန်နိုင်ငံ ပြည်တွင်း အကောက်ခွန်ဌာန၏ ဝင်ငွေခွန် ဥပဒေစည်းမျဉ်း များကို မဆိုစလောက် လူအချို့သာ   လေ့လာကြ သည်။ ထိုသို့ဖြစ်ရသည့် အကြောင်းပြချက်ကောင်း ရှိသည်။ `ဖိုးဘီးစ်´မဂ္ဂဇင်းမှ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်တွင် အခွန်စည်းမျဉ်းဥပဒေပါ စာလုံးရေ လေးသန်းကျော်မျှပင် ရှိသည်။ အခွန် ဥပဒေများက ရှုပ်ထွေးလွန်းခြင်းကြောင့်  ကျွမ်းကျင်သူများပင် အခက်ကြုံရသည်။ ရှုပ်ထွေးမှုက ဝန်ထုပ်ဝန်ပိုး သဖွယ် ဖြစ်နေတော့သည်။
ရှေးဣသရေလ ဘာသာရေး ခေါင်းဆောင်များသည်လည်း ဘုရားသခင်နှင့် မိတ်သဟာယ ပြုရာတွင်လည်း အလားတူပင် ဖြစ်ခဲ့ ကြသည်။ ၎င်းတို့က ပညတ်သတ်မှတ်ချက်များဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန်အရေးကို ရှုပ်ထွေးအောင်လုပ်ခဲ့ကြသည်။ မောရှေ၏ ပညတ္တိကျမ်းကို ကျွမ်းကျင်သူပင် ၎င်းပညတ်ချက်တို့ကို နားလည်အောင် ကြိုးစားခဲ့ရသည်။ ဘာသာရေးဆရာ အကြီးအကဲတစ်ဦးက ကိုယ်တော်အား အဘယ်မည်သောပညတ်သည် အမြတ်ဆုံးဖြစ်သနည်းဟု မေးလျှောက်ရာ သခင်ယေရှုက`သင်၏ဘုရားသခင်ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်၊ရှိသမျှ၊…

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း

`ပျော်ရွှင်နေဆဲမှာ အချိန်မြန်စွာ ကုန်လွန်သွားတာ´  ဆိုသော လက်သုံးစကား၌  အကြောင်းပြချက်ခိုင်လုံမှု မရှိပါ။ သို့သော် အတွေ့ အကြုံများ အရ ထိုအယူအဆက မှန်နေသယောင်။         ဘဝ၏သာယာပျော်ရွှင်ချိန်များက ရေရှည်မခံ။ တိုတောင်းလွန်းသည်။ မိမိလုပ်ချင် သောအလုပ် လုပ်နေရလျှင်၊ မိမိချစ်ရသူနှင့်အတူ ရှိနေရလျှင်၊ အချိန်ကုန်လို့ ကုန်မှန်းပင် မသိပါ။
ထိုအဖြစ်မှန်နှင့် ပတ်သက်၍ကျွန်မ အတွေ့အကြုံက ဗျာဒိတ်ကျမ်းအခန်းကြီး (၄) မှ မြင်ကွင်းကို အမြင်သစ်ဖြင့် နားလည်စေခဲ့သည်။ ဘုရားသခင်၏ပလ္လင်တော်အနီး၌  အသက်ရှင်သည့် သတ္တဝါလေးပါးသည် သန့်ရှင်း ဟူသည့်စကားဖြင့် ဘုရားသခင်ကို ထပ်ခါတလဲလဲချီးမွမ်းရာ  ယခင်က `တော်တော်ပျင်းစရာ´ ဟု ကျွန်မတွေးခဲ့မိသည်။
ယခုတော့ ထိုသို့မတွေးတော့ပါ။ ထိုသတ္တဝါလေးပါး၏မြောက်မြားစွာသော မျက်လုံးများနှင့် မျက်မြင်တွေ့ရသည့်မြင်ကွင်း၊ ဘုရားသခင်၏ပလ္လင်တော်ဝန်းကျင်၌ ရှိနေရသည့် ၎င်းတို့၏အနေအထားမှအမြင်တို့ကို ဆင်ခြင်မိသည်။ အစဉ်လမ်းလွဲသည့် မြေကြီးသားများအတွက် ချစ်ခြင်းမေတ္တာနှင့်ဉာဏ်တော်ဖြင့် ကြံစည်ပြုပေးသည့်အမှုကို ၎င်းတို့မျက်မြင်တွေ့ရ၍…

လမ်းခရီးတော်ကို ရှာခြင်း

အင်္ဂလိပ်ရေလက်ကြားကို ဖြတ်လျက် မြေအောက်လိုဏ်ဂူဖောက်လုပ်ရန် နပိုလီယံ၏ အင်ဂျင်နီယာ အဲလ်ဘတ် မာသီယူက(၁၈၀၂)ခုနှစ် တွင် ပထမဦးဆုံးအဆိုပြုခဲ့ပြီးနောက် နှစ်ပေါင်း (၂၀၀) နီးပါးအကြာ ၁၉၉၄ ခုနှစ်၊ မေလ(၆) ရက်တွင် ၎င်းလိုဏ်ဂူကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ အင်္ဂလန်နှင့်ပြင်သစ် နှစ်နိုင်ငံကို ဆက်သွယ်ရန်   ဖောက်ထားသော ယခုအခါ (၃၁)မိုင် ရှည်လျား သည့်  အဆိုပါလိုဏ်ဂူ၌လူထောင်ပေါင်း များစွာ သည် ကားများ၊ ကုန်တင်ယာဉ်များ၊ မြေအောက် ရထားတို့ဖြင့် နေ့စဉ်ကူးလူးသွားလာလျက်ရှိသည်။ ထိုအံ့ဖွယ်လမ်းသစ် ဖောက်လုပ်မပြီးစီးမီက  ရာစုနှစ်များစွာ သင်္ဘောဖြင့်သာ ခရီးသွား ခဲ့ရသည်။
ဘုရားသခင်သည်လည်း သူ့လူမျိုးတော်အတွက် မမျှော်လင့်သော အံ့ဖွယ် လမ်းသစ်တစ်ခုကို ပြင်ဆင်ပေးခဲ့သည် (ထွ ၁၄း၁၀-၂၂)။ ဣသရေလလူတို့မှာ ဖာရော ဘုရင်၏စစ်တပ်လက်ချက်နှင့်သေမလား၊ ပင်လယ်၌ နစ်မြုပ်သေမလား။ ဘေး အန္တရာယ်နှစ်ခုကြား သေမှာ သေချာနေ၍ အလွန်ထိတ်လန့်တုန်လှုပ်ကာ ဆောက်တည်ရာ မရဖြစ်နေကြသည်။…

ဖြောင့်မတ်သောလက်မ

အာဖရိက ရိုးရာပုံပြင်တစ်ပုဒ်တွင် လက်ဖဝါးတစ်ဖက်၌ လက်လေးချောင်းနှင့်လက်မ တစ်ချောင်းတို့သည် အတူတကွနေထိုင်ကြပြီး ၎င်းတို့သည် ခွဲမရသောမိတ်ဆွေများဖြစ်သည်။ တစ်နေ့တွင်   ရွှေလက်စွပ်တစ်ကွင်း ကျနေရာ လက်စွပ်ခိုးရန် ပူးပေါင်းကြံစည်ကြ၏။ လက်မက ၎င်းသည် မမှန်သောလုပ်ရပ်ဖြစ်၍ သူတို့ကို တားသော်လည်း ကျန်လက်လေးချောင်းက လက်မသည် သူ့ကိုယ်သူ ဖြောင့်မတ်သည်ဟု ထင်ကာ သတ္တိကြောင်သူ ဟုဆို၍ မိတ်ဆွေအဖြစ်မှ ရပ်စဲခဲ့သည်။ သူတို့၏မကောင်းမှုနှင့် မပတ်သက် လိုသော လက်မက မမှုပါ။ ထို့ကြောင့် လက်ဖဝါးတစ်ဖက်စီ၌ လက်မသည် ယနေ့တိုင် အခြားလက်ချောင်းများမှခွာ၍ တသီးတခြားတည်ရှိသည်ဟု ဒဏ္ဍာရီက ဆိုသည်။
တစ်ခါတစ်ရံ မကောင်းမှုဒုစရိုက်များ ဝန်းရံလျက်ရှိသောနေရာတွင် အသက်ရှင် နေထိုင်ရစဉ် မိမိတစ်ဦးတည်းသာ သီးခြားရပ်တည်နေသည်ဟု ခံစားရနိုင်ကြောင်း ဤပုံပြင်က သတိပေး၏။  နောဧလက်ထက်၌ ကမ္ဘာမြေသည် ဘုရားသခင်၏ ရှေ့တော်၌ ပုပ်စပ်လျက် အဓမ္မအမှုနှင့်ပြည့်ဝကာ လူတို့သည် ဘုရားသခင်အား ပြစ်မှား၍ စိတ်နှလုံး…

ပေါင်းရခက်သူများ

`God in the Dock´ စာအုပ်တွင် စာရေးဆရာကြီး စီ အက်စ် လူးဝစ် က ကျွန်တော် တို့၏ ပေါင်းသင်း ဆက်ဆံရေးတွင် ကြုံတွေ့ရသော ပေါင်းရခက်သည့် လူများအကြောင်း ရေးသားထား သည်။ တစ်ကိုယ်ကောင်းစိတ်၊ ဒေါသစိတ်၊ မနာလို ဝန်တိုစိတ်နှင့် နားလည်ရခက်သောစိတ်ထားများ ကြောင့် ပေါင်းသင်းဆက်ဆံရေး၌ အဟန့်အတား ဖြစ်စေသည်။ `ဒီလို ပေါင်းသင်းရခက်တဲ့လူတွေနဲ့ မပတ်သက်၊ မဆက်ဆံရရင် ဘဝက ပိုအဆင်ပြေ မှာ´ ဟုရံဖန်ရံခါ ကျွန်တော်တို့ တွေးမိသည်။
ထိုမှတစ်ဖန် ၎င်းစိတ်ပျက်စရာ များသည် ဘုရားက ကျွန်တော်တို့ကို နေ့စဉ် သည်းခံရသည့် အရာများဖြစ်ကြောင်း ဆရာက  ပြန်ထောက်ပြသည်။ `ခင်ဗျားတို့လည်း ဒီလို လူစားမျိုးတွေပါပဲ။ ခင်ဗျားတို့ဆီမှာလည်း ဒီလို ဆိုးတဲ့အပြစ်တွေ၊ အားနည်းချက်တွေ ရှိနေတာပဲ။ အခြားသူတွေရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေက ခင်ဗျားတို့ကြောင့် …

တစ်စုံတစ်ယောက် သီချင်းဆိုနေလား

ကမ္ဘာမြေပြင်အထက် မိုင်(၂၀၀) အကွာရှိ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ  အာကာသစခန်း စီမံကွပ်ကဲသူ ကနေဒါ လူမျိုး  အာကာသယာဉ်မှူး ခရစ်ဟတ်ဖီးသည် မြေပြင်ရှိ စတူဒီယိုခန်းတွင် ကျောင်းသူကျောင်းသားတစ်စု တို့နှင့်အတူ သီချင်းဆိုခဲ့သည်။ ဟတ်ဖီးနှင့် အက်ဒ် ရောဘတ်ဆန် တို့ပူးတွဲ ရေးသားသည့် `Is Somebody Singing´ သီချင်းကို အတူဆိုကြခြင်းပါ။
`ဤအထက်မိုးမြင့်မှပင် နယ်စည်းများ မခြားနိုင်´ ဟူသည့် သီချင်းစာသားကို ကျွန်မသတိပြု မိသည်။ နိုင်ငံလိုက်၊ လူမျိုးလိုက်၊ အတွေးအခေါ် လိုက်၍ တစ်ဦးနှင့်တစ်ဦးကြား ခွဲခြားကာ စည်း ဘောင်ခတ်ကြလည်း ဘုရားသခင်က  ထိုကွဲပြားမှု ကို မကြည့်မမြင်ကြောင်း ထိုသီချင်းက သတိပေး သည်။ ဘုရားသခင်အတွက် အရေးကြီးသော အချက်မှာ ကိုယ်တော်ကိုချစ်ရန်နှင့် အချင်းချင်း မေတ္တာထားရန်သာဖြစ်သည် (မာ ၁၂း၃၀-၃၁)။
ကိုယ်တော်သည် ချစ်သောအဘကဲ့သို့ မိသားစု တစ်လုံးတစ်စည်းတည်း ဖြစ်ရေးကို…

ကျိုးပဲ့သော်လည်း လှပေ၏

မကြာမီက သမီးသည် သူစုဆောင်း ထားသော ပင်လယ်အလှဖန်ထည်ပစ္စည်းလေး များကို ကျွန်မအားပြခဲ့သည်။ အရောင်သွေး စုံလင်ပြီး လှပသောထိုပစ္စည်းလေးများကို ပင်လယ် ကမ်းခြေမှ ကောက်ယူစုဆောင်းထားခြင်း ဖြစ်သည်။   ဖန်အိုး၊ ဖန်ပုလင်းကွဲ အပိုင်းအစများမှာ  အမျိုးအစားပေါင်း စုံလင်လှသည်။ ထိုပစ္စည်းများ သည် ယခင်က အသုံးဝင်ခဲ့မည်ဖြစ်သော်လည်း နောက်ပိုင်း အသုံးမလိုတော့၍ စွန့်ပစ်ခံရသော ကြောင့် ကျိုးပဲ့ပျက်စီးသွားခြင်းဖြစ်မည်။
ထိုဖန်ထည် အကျိုးအပဲ့များကို  ပင်လယ်တွင်း စွန့်ပစ်သော် ၎င်းတို့၏ခရီးစဉ် အစပြုခြင်းသာဖြစ်၏။ ၎င်းတို့သည် ကြမ်းတမ်းသော ရေစီးကြောင်းများနှင့် ဒီရေလှိုင်းလုံးများကြောင့် အရှိန်နှင့်မျောပါစဉ် သဲနှင့်လှိုင်းလုံးများ၏ ရိုက်ခတ်တိုက်စားမှုတို့ကြောင့် နောက်ဆုံးတွင် ၎င်းတို့၏အချွန်အထက်များက ညီညာချောမွတ်လုံးဝန်း လှပသောပစ္စည်းလေးများဖြစ်လာ သည်။ ပင်လယ်ရတနာကဲ့သို့ အသွင်သစ်၊ ပုံစံသစ်ဖြင့် လှပနေသော ထိုဖန်ထည်ပစ္စည်းများ ကို ပစ္စည်းစုဆောင်းသူများနှင့်လက်မှုပညာရှင်များက အမြတ်တနိုးတန်ဖိုးထားကြသည်။
ထိုကဲ့သို့ပင် ကျိုးပဲ့ကြေမွနေသော ဘဝအသက်တာတစ်ခုသည် ဘုရားသခင်၏ မေတ္တာနှင့်ကရုဏာအားဖြင့် တို့ထိခံရပါက…

ချည်နှောင်မှုမှ လွတ်မြောက်ခြင်း

ကုန်းနေသတ္တဝါများတွင် ဆင်သည် အကြီးဆုံးနှင့်အားအကြီးဆုံးဖြစ်သည်။ သို့ရာတွင် ဆင်တစ်ကောင် ယဉ်ပါးအောင် ထိန်းချုပ်ရန် ခိုင်ခံ့သော ကြိုးတစ်ချောင်းသာလိုသည်။ မည်သို့ နည်းဟူမူကား ဆင်ပေါက်လေးအရွယ်၌ ၎င်းကို သစ်ပင်ကြီးတစ်ပင်တွင် ကြိုးဖြင့် ခိုင်ခိုင်ချည်ထား ရမည်။  ၎င်းသည် လွတ်မြောက်ရန် သီတင်းပတ် ပေါင်းများစွာ အကြိမ်ကြိမ် ကြိုးစားရုန်းကန်မည်။  သို့သော် မရ။  နောက်ဆုံး မလွတ်နိုင်မှန်းသိ၍  ဆင်ကလေး တဖြည်းဖြည်း လက်လျှော့သွားမည်။
ထိုဆင်ပေါက်လေး   အရွယ်ရောက်လာ သောအခါ ထိုချည်နှောင်မှုမှ လွတ်အောင် မကြိုးစား တော့ပါ။  ကြိုးစားကြည့်စဉ် အဟန့်အတားကြောင့် လက်လျော့လိုက်ခြင်းဖြစ်သည်။ သူသည်တုပ်နှောင် ခံရဆဲ၊ ထိုအခြေအနေမှ လွတ်အောင် မဖောက်ထွက်နိုင်၊ မရုန်းနိုင်ဟု ထင်မှတ်နေဆဲပါ။
စာတန်သည်လည်း  ကျွန်ုပ်တို့ကို အပြစ်တရားအောက်၌ ဆက်လက် ဖမ်းချုပ် ထားရန်  အလားတူ လှည့်စားနိုင်သည်။ `ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်း မကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည်…